လက်ပ်တော့မှာလည်း အင်တာနက်ကွန်နက်ရှင်မျှသုံးဖို့အတွက် Wi-Fi လွှင့်နိုင်တယ်ဆိုတာ သင်သိပါသလား။တစ်ချို့အခြေအနေတွေမှာ (ဥပမာ- ရုံးက အင်တာနက်လိုင်းချိတ်ထားတဲ့ ကိုယ့်လက်ပ်တော့ကနေ Wi-Fi ပြန်လွှင့်ပြီး၊ ဖုန်းနဲ့ ပြန်ချိတ်ချင်တာမျိုးမှာ) ဒါလေးက တော်တော်အသုံးဝင်ပါတယ်။တစ်ခုသိထားရမှာက ၊Windows 7,8,10 လက်ပ်တော့တွေမှာ သက်သက်ဆော့ဖ်ဝဲမလိုဘဲ Windows feature ကနေ Wi-Fi တန်းလွှင့်နိုင်ပေမယ့်၊ ဒီနေရာမှာတော့ third party ဆော့ဖ်ဝဲအကူအညီနဲ့ Wi-Fi လွှင့်ပုံကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ Windows 8 တို့ 10 တို့ဆို command line တွေ နည်းနည်းရိုက်ထည့်နေရသလို၊ Windows 8 မှာဆိုလည်း တဆင့်ဝင်လုပ်နေရတာကြောင့် ကွန်ပြူတာအကြောင်း သိပ်နားမလည်သေးသူတွေအတွက် အဆင်မပြေနိုင်ပါဘူး။ကဲဒါဆို command line တွေ ရိုက်ထည့်နေစရာမလိုဘဲ၊ လက်ပ်တော့ကနေ Wi-Fi ဘယ်လိုလွှင့်မလဲ။ သုံးရ အလွယ်ကူဆုံးနဲ့ အခမဲ့ရယူနိုင်မယ့် Virtual Router ဆော့ဖ်ဝဲရှိပါတယ်။
(၁) ပထမဦးဆုံး Virtual Router ဆော့ဖ်ဝဲကို သူ့ရဲ့ ၀က်ဘ်ဆိုဒ်ကနေ အခမဲ့ Download လုပ်ပါ။
(၂) ဒေါင်းလုဒ် လုပ်ပြီးပါက စက်ထဲ install လုပ်ပေးပါ။
(၃) Virtual Router ဆော့ဖ်ဝဲ တက်လာလို့ရှိရင်၊ သင့် လက်ပ်တော့ကနေ Wi-Fi စလွှင့်နိုင်ပါပြီ။ အရင်ဆုံး ကိုယ်လွှင့်မယ့် Wi-Fi နာမည်ကို SSID ဆိုတဲ့နေရာဘေးမှာ ရိုက်ထည့်ပေးပါ။
(၃) Virtual Router ဆော့ဖ်ဝဲ တက်လာလို့ရှိရင်၊ သင့် လက်ပ်တော့ကနေ Wi-Fi စလွှင့်နိုင်ပါပြီ။ အရင်ဆုံး ကိုယ်လွှင့်မယ့် Wi-Fi နာမည်ကို SSID ဆိုတဲ့နေရာဘေးမှာ ရိုက်ထည့်ပေးပါ။

(၄) SSID box အောက်မှာတော့၊ Password ရိုက်ထည့်ပေးရမယ့် textbox လေး ရှိပါတယ်။ ကိုယ် မှတ်မိရ လွယ်ကူပြီး၊ တခြားသူခန့်မှန်းဖို့ခက်ခဲတဲ့ password ကို သုံးပါ။
(၅) Share Connection ဆိုတဲ့ box မှာတော့၊ ‘None’ အစား ‘WiFi’ ကို ရွေးလိုက်ပါ။
(၅) Share Connection ဆိုတဲ့ box မှာတော့၊ ‘None’ အစား ‘WiFi’ ကို ရွေးလိုက်ပါ။

(၆) ဒါတွေအကုန်လုံးပြီးသွားရင် အောက်က ‘Start Virtual Router’ ဆိုတာလေး နှိပ်လိုက်တာနဲ့၊ Wi-Fi လွှင့်တာ အောင်မြင်သွားပါပြီ။
(၇) အောက်က Peers Connected ဆိုတဲ့ ဘောက်စ်မှာတော့ ကိုယ့် Wi-Fi နက်ဝေါ့ခ်ကို ချိတ်ထားတဲ့ စက်တွေ အကုန်ပေါ်နေမှာဖြစ်ပါတယ်။ ပိတ်ချင်တယ်ဆိုရင်တော့ Stop Virtual Router ဆိုတာကို ကလစ်လိုက်တာနဲ့ Wi-Fi ပိတ်သွားမှာဖြစ်ပါတယ်။

တခြား third-party ဆော့ဖ်ဝဲတွေ မသုံးချင်ဘဲ၊ Windows ကနေပဲ Wi-Fi နက်ဝေါ့ခ်လွှင့်ချင်တဲ့လူတွေအတွက် command prompt ကနေ commands တွေ ရိုက်ထည့်ပြီး၊ Wi-Fi လွှင့်နည်းကို ဆက်လက်ဖော်ပြပေးသွားပါမယ်။
Ref: Tech Radar
Ref: Tech Radar
Credit - digitaltimes.com.mm
ညီလတ်ထွန်း(နည်းပညာ)
No comments: