သင့်ရဲ့ ကွန်ပျူတာက Web Browser မှာ History တွေ Delete လုပ်သလိုမျိုး Android ပစ္စည်းတွေမှာ သင်ဝင်ရောက်ခဲ့တဲ့ Website တွေရဲ့ History တွေကို Clear လုပ်လို့ရပါတယ်။ တကယ်လို့ သင့်အနေနဲ့ သင်ဝင်ရောက်ခဲ့တဲ့ Website တွေကို တခြားတစ်ယောက်ယောက်က Browser ဝင်ကြည့်ရင်းတွေ့မှာ စိုးရင်တော့ သင့်အနေနဲ့ History တွေကို Clean လုပ်ဖို့တော့ လိုတာပေါ့။ ဒီအတွက် ကျွန်တော့်အနေနဲ့ အသုံးအများဆုံး Android Browser တွေဖြစ်တဲ့ ဖုန်းမှာ Default အနေနဲ့ပါတဲ့ Browser, Chrome Browser နဲ့ Mozilla Firefox Browser သုံးခုရဲ့ Clear History လုပ်ပုံကိုဖော်ပြပေးမှာဖြစ်ပါတယ်။
၁) Default Browser ကို History ရှင်းနည်း
အရင်ဆုံး သင့် Android စမတ်ဖုန်းမှာ Default အနေနဲ့ ပါတဲ့ Browser ကိုအရင်ပြပါမယ်။ အရင်ဆုံး Browser ထဲကို ဝင်လိုက်ပါ။ ပြီးရင် ညာဘက်အပေါ်ထောင့်မှာရှိတဲ့ Menu ကီးကိုနှိပ်လိုက်ပါ။ (Menu ကီးတည်နေရာ ဖုန်းတစ်မျိုးနှင့်တစ်မျိုးမတူနိုင်)

ပြီးရင် Setting ထဲကိုဝင်လိုက်ပါ။

သင့်အနေနဲ့ အထဲက Menu တွေမှာ Privacy ဆိုတဲ့ ကီးကိုတွေ့ရမှာဖြစ်ပါတယ်။ အထဲကိုထပ်ဝင်လိုက်ပါ။

နောက်ဆုံးအနေနဲ့ “Clear History” ဒါမှမဟုတ် “Delete personal data” ဆိုပြီးတွေ့ရမှာဖြစ်ပါတယ်။ တချို့ဖုန်းတွေကလည်း Setting ထဲဝင်လိုက်တာနဲ့ “Clear Data” ထဲကိုဝင်ပြီး Clear History ဆိုတာကို ကလစ်လုပ်လိုက်ရင်ရပါတယ်။ တစ်မျိုးနဲ့တစ်မျိုးတော့ နည်းနည်းကွဲပါတယ်။

၂) Google Chrome Browser ကို History ရှင်းနည်
ခုနကလိုပါပဲ Chrome Browser ထဲကိုအရင်ဝင်ပြီး ညာဘက်ထောင့်မှာရှိတဲ့ Menu ကီးကိုနှိပ်လိုက်ပါ။
ခုနကလိုပါပဲ Chrome Browser ထဲကိုအရင်ဝင်ပြီး ညာဘက်ထောင့်မှာရှိတဲ့ Menu ကီးကိုနှိပ်လိုက်ပါ။

ပြီးရင် Setting ထဲကိုပဲ ပြန်ဝင်ရမှာပါ။

Privacy ထဲကို ထပ်ဝင်ပြီး အောက်ဆုံးမှာရှိတဲ့ Clear Browsing Data ကိုနှိပ်လိုက်ပါ။

သင့်ကို Clear လုပ်မယ့် အရာတွေကို Choice လုပ်စေမှာပါ။ ကိစ္စမရှိပါဘူး။ Clear ကိုသာနှိပ်လိုက်ရင် ရပါပြီ။

၃) Mozilla Firefox တွင် History ရှင်းနည်းFirefox ကိုအရင်ဖွင့်လိုက်ပါ။ ပြီးရင် Menu ထဲက Setting ကိုဝင်လိုက်ရမှာပါ။

ပြီးရင် Privacy ထဲကို ထပ်ဝင်ရမှာပါ။

ပြီးရင် Clear Private Data လုပ်လိုက်ရင်ရပါပြီ။

Ref: WikiHow
Writer:Blue Lion( digitaltimes )
အဆင်ပြေပါစေ
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com
No comments: