သင့်ရဲ့ ကွန်ပျူတာကို တဖြည်းဖြည်းမပျက်စီးရအောင် သတိပြုရမဲ့အချက် ( 13 ) ချက် - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

သင့်ရဲ့ ကွန်ပျူတာကို တဖြည်းဖြည်းမပျက်စီးရအောင် သတိပြုရမဲ့အချက် ( 13 ) ချက်

[Unicode ဖြင့်ဖတ်ရန်] Laptop တစ်ခုဟာ ယနေ့ခေတ်မှာ လုပ်ငန်းတွေအတွက် လူသုံးများတဲ့ အရာဝတ္ထုတစ်ခုဖြစ်နေပါပြီ။ ကျွန်မတို့နေ့တိုင်း အများဆုံးအသုံးပြုနေတဲ့အရာဖြစ်သလို အသေးအဖွဲလေးတွေကို ဂရုမစိုက်နိုင်ခဲ့ရင် စက်ကိရိယာတွေထိခိုက်ပြီး တကယ်ပျက်စီးစေနိုင်ပါတယ်။

1.laptop ကိုအိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးဝေးထားပါ။
သင့်ရဲ့အချစ်တော်ကြောင်လေးက သင့်ရဲ့လက်တော့ပေါ်ထိုင်နေရင် လာကူညီချင်လို့ဆိုပြီး သင့်ကို ပျော်ရွှင်မှုပေးနိုင်ခဲ့မှာပါ။ ဒါပေမဲ့ဒီအပြုအမူကိုတော့ ကျွန်မတို့အားမပေးပါဘူး။ ကြောင်တွေရဲ့ ကိုယ်နွေးမှူအပူချိန်ဟာ အလုပ်လုပ်တဲ့ကိရိယာတွေပေါ်သက်ရောက်သွားစေပြီး သူတို့ရဲ့အမွှေးတွေကလည်း ဖွဲ့စည်းထားတဲ့စနစ်တွေထဲထိ ရောက်နိုင်ပါတယ်။ စက်ရဲ့ရှိသင့်တဲ့အပူချိန်ထက်လွန်ကဲမှူဖြစ်စေပြီး စက်ရဲ့လုပ်ဆောင်မှုတွေကို ထိခိုက်စေတာကြောင့် ကြောင်တွေ လက်တော့ပေါ်တက်တာကို ခွင့်မပြုသင့်ပါဘူးနော်။
ဒါ့အပြင် ကွန်ပျူတာအရှေ့မှာ အစာမစားသင့်ပါဘူး။ အစားအစာအမှူန်အစတွေက ကီးဘုတ်ထဲကျသွားတဲ့အခါ ပိုးဟပ် ပုရွက်ဆိတ်ကဲ့သို့သော မနှစ်မြို့ဖွယ် အကောင်တွေကိုရောက်လာစေပါတယ်။

2. laptop ကိုဂရုတစိုက် ရွှေ့ပါ။
လက်တော့စ်အောက်ခံ အပြားလေး သင့်မှာမရှိရင် လက်တော့စ်ကိုရွေ့ရင် ဂရုစိုက်ဖို့လိုအပ်ပါပြီ။ ကွန်ပျူတာသုံး စက်ကိရိယာဓာတ်ပြားဟာ အရမ်းလှူပ်သွားရင် ပျက်စီးနိုင်ပြီး အလွယ်တကူကျိုးပြတ်တတ်တာကြောင့် သင့်ရဲ့အချက်အလက်တွေအားလုံးဆုံးရှံူးရသည်အထိ ဖြစ်စေမှာပါ။

3. လျှပ်စစ်နန်းကြိုးတွေကို သင့်တင့်လျှောက်ပတ်စွာ လိပ်ပါ။
သင်က လျှပ်စစ်နန်းကြိုးတွေကို နန်းကြိုးတွေ ရာဘာတွေနဲ့ပြုလုပ်ထားတာမို့ ဘာမှမဖြစ်ပါဘူးလို့ထင်မှာပါ။ ဒါပေမဲ့ အမှန်ကတော့ ဒါတွေက ပိန်လိမ်သွားခြင်းတွေ ပုံပျက်အောင်တွန့်လိမ် သွားတာတွေဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ရဲ့လက်တော့စ်တွေကို ရွှေ့ချင်ရင် ကြိုးတွေကို သေသေချာချာကျစ်လျစ်အောင်လုပ်ရပါမယ်။
ဒါတွေကို ဘက်ပဲ့နေတဲ့ ထောင့်တွေ ချွန်ထက်တဲ့ အစွန်အဖျားတွေမှာ မထားသင့်ပါဘူး။ ကြိုးတွေကို ဖာထေးတဲ့အခါမှာလည်း အရမ်းအားစိုက်လို့မရပါဘူး။ ဒါက လျှပ်စစ်ပလက်ခေါင်းကိုအားနည်းစေပြီး မလိုလားအပ်တဲ့ပြဿနာတွေဖြစ်စေနိုင်ပါတယ်။

4.laptop ကိုပလက်ပေါက်တန်းလန်းနဲ့မထားပါနဲ့
နည်းပညာတွေအရ သင်က လက်တော့စ်ကို အလွန်အကျွံအားသွင်းလို့မရပါဘူး။ နောက်ဆုံးပေါ် ဘတ်ထရီတွေဟာ လစ်တီယံ အိုင်းရွန်းတွေနဲ့ပြုလုပ်ထားတာကြောင့်ဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ဘတ်ထရီထိန်းသိမ်းရေးကိရိယာက အလွန်အမင်းအားသွင်းတဲ့အခါ အန္တရာယ်ဖြစ်နိုင်ပါတယ်။ အလွန်အမင်းအားသွင်းတဲ့အခါ ဘတ်ထရီကအရမ်းပူလာမှာပါ။


5. ဖြေးညင်းစွာ ပိတ်ပြီး ဖြေးညင်းစွာဖွင့်ပါ။
သင်က လက်တော့စ် တစ်ခုလုံးမှာ ကျိုးလွယ်တဲ့အပိုင်းကို ကိုင်ထားရင်တော့ သင်ဟာလက်တော့စ်တစ်ခုကို မရွေးတတ်သေးပါဘူး။ သင်က ထောင့်စွန်းကနေ ကိုင်ထားရင်တော့ ကိုင်ထားတဲ့နေရာမှာဖိအားဖြစ်ပေါ်ကာ ရုတ်တရက်ကွေးသွားတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် အလယ်နားက ကိုင်ပြီး ဖြည်းဖြည်းချင်းအဖွင့် အပိတ်ပြုလုပ်ရပါမယ်။

6.လက်တော့စ်အအေးခံအဖုံးအကာ ကိုဝယ်ပါ။
laptop ကို ဆက်သွယ်ရေးတွေမှာအထောက်ပံ့ဖြစ်စေဖို့ တီထွင်ခဲ့ပြီး နောက်ဆုံးမှာ ကျွန်မတို့အချိန်အများစုကို လွှမ်းမိုးလာပါတယ်။ ဒါပေမယ့် ဒါက သင့်ရဲ့အချက်အလက်တွေကို ထိန်းသိမ်းဖို့အကောင်းဆုံးနေရာမဟုတ်သေးပါဘူး။ တခြားအဖုံးအကာတွေ ကလေဝင်လေထွက်ပြွန်တွေကို ပိတ်စေနိုင်တာကြောင့် ဘတ်ထရီအပူလွန်ခြင်းကိုဖြစ်စေမှာပါ။ အကောင်းဆုံးကတော့ အအေးခံအဖုံးအကာကိုအသုံးပြုခြင်းပဲဖြစ်ပါတယ်။

7. laptop ကိုသံလိုက်ဓါတ်တွေနဲ့ဝေးရာမှာထားပါ။
ဒီလိုစက်တွေမှာ အချက်အလက်တွေကိုသိမ်းဆည်းဖို့ သံလိုက်ဓာတ်တွေပါဝင်ပါတယ်။သင်က လက်တော့စ်ကို သံလိုက်ဓာတ်အားပြင်းတဲ့အရာနားမှာ သွားထားရင်တော့ သံလိုက်ဓာတ်ပျက်ပြားမှူဖြစ်ကာ သင့်ရဲ့အချက်လက်တွေကို ဆုံးရှံူးစေမှာပါ။ ဒါကြောင့် သံလိုက်ဓာတ်အားကောင်းတဲ့အရာတွေနားမှာ စက်ကိရိယာတွေကိုမထားသင့်ပါဘူး။

8. အားသွင်းကြိုးကိုဖြည်းဖြည်းဖြုတ်ပါ။
သင်က အလောတကြီးဖြစ်နေရင်တောင် ဂရုပြုပါ။ အလျင်စလိုပြုမူတာမျိုး ဒေါသအလျောက်ပြုမူတာမျိုးတွေက ပလက်ပေါက်ကိုထိခိုက်စေနိုင်ပြီး အားသွင်းရာမှာ ပြဿနာများဖြစ်တတ်ပါတယ်။

9. လက်တော့စ် ကာဗာကိုအသုံးပြုပါ။
laptop cover သို့မဟုတ် အိတ်တစ်ခုဟာ ချွန်ထက်တဲ့အနားတွေမပါပဲ နူးညံ့ရပါမယ်။ တကယ်လို့ သင်က ကျောပိုးအိတ်ထဲကိုထိုးသိပ်ပြီး သယ်ရင်တော့ လက်တော့စ်ရဲ့အတွင်းဘက် စက်ကိရိယာတွေကို အလွယ်တကူထိခိုက်စေနိုင်ပါတယ်။

10.မျက်နှာပြင်ကို ဂရုစိုက်ပြီးသန့်ရှင်းပေးပါ။
မျက်နှာပြင်မှန်ကိုသန့်ရှင်းဖို့ ရေတွေ အဝတ်တွေမသုံးရဘူးဆိုတာ ကျွန်မတို့အားလုံးသိထားကြမှာပါ။ နူးညံ့တဲ့အမျှင်လေးတွေပါတဲ့အရာ သို့မဟုတ် လက်တော့စ်ဆေးကိရိယာကို အသုံးပြုရမှာပါ။ မျက်နှာပြင်မှန်က ပါးလွှာတာကြောင့် အရမ်းကြီးဖိပြီးမပွတ်သင့်ပါဘူး။

11. laptop ကိုအချိန်မှန်ပိတ်ပေးပါ။
laptop ကိုအသုံးမပြုသေးရင် ဖွင့်ပြီးမထားပါနဲ့။ အဆက်မပြတ်အသုံးပြုခြင်းက အအေးခံစနစ်နဲ့ အသုံးပြုမှူနှူန်းကို ထိခိုက်စေနိုင်ပါတယ်။ သင်က တစ်နေ့ကိုအကြိမ်များစွာအသုံးပြုမယ်ဆိုရင် အလိုအလျောက်ပိတ်တဲ့စနစ်ကို အသုံးပြုပါ။

12. အရည်တွေကို laptopရဲ့အဝေးမှာထားပါ။
သင်ကlaptopသုံးရင်းနဲ့ ကော်ဖီ သို့မဟုတ် အချိုရည်တွေသောက်တတ်ပါသလား? laptopတွေနဲ့အရည်တွေကို အတူတူရောမထားသင့်တာကျွန်မတို့အကုန်လုံးသိပြီးကြမှာပါ။ဒါပေမဲ့ ပူတဲ့ဖျော်ရည်က မဖိတ်ရင်တောင် အန္တရာယ်ရှိစေပါတယ်။ ပူတဲ့ခွက်တွေကို လက်တော့စ်ဖုံးပေါ်မှာ မထားပါနဲ့ ။ဒါက မျက်နှာပြင်ကြားခံဝတ္ထုကို ထိခိုက်စေနိုင်ပါတယ်။

13. ကွန်ပျူတာစက်ပိုင်းဆိုင်ရာပစ္စည်းများ စစ်ဆေးဖို့ အထူးကျွမ်းကျင်သူတွေကို မေးမြန်းပါ။
laptopတွေဟာ မည်သို့ပင်ထိန်းသိမ်းရလွယ်သောကိရိယာဖြစ်စေကာမူ ဆော့ဝဲပြဿနာများရှိလာရင် ကိုယ်တိုင်မဖြေရှင်းသင့်ပါဘူး။ ကျွမ်းကျင်သူတွေကိုမေးမြန်းသင့်ပါတယ်။ USB ကိရိယာက သင့်ရဲ့စက်ပိုင်းဆိုင်ရာကိရိယာတွေကို စစ်ဆေးတဲ့ အခွင့်အရေးတွေရှိတာကြောင့် မဝယ်သင့်ပါဘူး။ သူတို့မှာ များစွာသောအတိုးအလျော့လုပ်နိုင်တဲ့အရာတွေ ပါရှိတာကြောင့် လပ်တော့စ်ကို ပလက်ထိုးလိုက်တဲ့အခါ ချက်ချင်းအားတွေကို အသုံးပြုမှူနှူန်းဆီပြန်ရောက်သွားပြီး ပျက်စီးစေမှာပါ။
Writer -Min Thu (Daily Hot News )

=======================================
သင့္ရဲ့ ကြန္ပ်ဴတာကို တျဖည္းျဖည္းမပ်က္စီးရေအာင္ သတိျပဳရမဲ့အခ်က္ ( 13 ) ခ်က္
[Zawgyi ျဖင့္ဖတ္ရန္] Laptop တစ္ခုဟာ ယေန႔ေခတ္မွာ လုပ္ငန္းေတြအတြက္ လူသုံးမ်ားတဲ့ အရာဝတၳဳတစ္ခုျဖစ္ေနပါၿပီ။ ကၽြန္မတို႔ေန႔တိုင္း အမ်ားဆုံးအသုံးျပဳေနတဲ့အရာျဖစ္သလို အေသးအဖြဲေလးေတြကို ဂ႐ုမစိုက္နိုင္ခဲ့ရင္ စက္ကိရိယာေတြထိခိုက္ၿပီး တကယ္ပ်က္စီးေစနိုင္ပါတယ္။

1.laptop ကိုအိမ္ေမြးတိရိစၧာန္ေတြနဲ႔ ေဝးေဝးထားပါ။
သင့္ရဲ့အခ်စ္ေတာ္ေၾကာင္ေလးက သင့္ရဲ့လက္ေတာ့ေပၚထိုင္ေနရင္ လာကူညီခ်င္လို႔ဆိုၿပီး သင့္ကို ေပ်ာ္ရႊင္မွုေပးနိုင္ခဲ့မွာပါ။ ဒါေပမဲ့ဒီအျပဳအမူကိုေတာ့ ကၽြန္မတို႔အားမေပးပါဘူး။ ေၾကာင္ေတြရဲ့ ကိုယ္ေႏြးမွူအပူခ်ိန္ဟာ အလုပ္လုပ္တဲ့ကိရိယာေတြေပၚသက္ေရာက္သြားေစၿပီး သူတို႔ရဲ့အေမႊးေတြကလည္း ဖြဲ႕စည္းထားတဲ့စနစ္ေတြထဲထိ ေရာက္နိုင္ပါတယ္။ စက္ရဲ့ရွိသင့္တဲ့အပူခ်ိန္ထက္လြန္ကဲမွူျဖစ္ေစၿပီး စက္ရဲ့လုပ္ေဆာင္မွုေတြကို ထိခိုက္ေစတာေၾကာင့္ ေၾကာင္ေတြ လက္ေတာ့ေပၚတက္တာကို ခြင့္မျပဳသင့္ပါဘူးေနာ္။
ဒါ့အျပင္ ကြန္ပ်ဴတာအေရွ႕မွာ အစာမစားသင့္ပါဘူး။ အစားအစာအမွူန္အစေတြက ကီးဘုတ္ထဲက်သြားတဲ့အခါ ပိုးဟပ္ ပုရြက္ဆိတ္ကဲ့သို႔ေသာ မႏွစ္ၿမိဳ႕ဖြယ္ အေကာင္ေတြကိုေရာက္လာေစပါတယ္။
2. laptop ကိုဂ႐ုတစိုက္ ေရႊ႕ပါ။
လက္ေတာ့စ္ေအာက္ခံ အျပားေလး သင့္မွာမရွိရင္ လက္ေတာ့စ္ကိုေရြ႕ရင္ ဂ႐ုစိုက္ဖို႔လိုအပ္ပါၿပီ။ ကြန္ပ်ဴတာသုံး စက္ကိရိယာဓာတ္ျပားဟာ အရမ္းလွူပ္သြားရင္ ပ်က္စီးနိုင္ၿပီး အလြယ္တကူက်ိဳးျပတ္တတ္တာေၾကာင့္ သင့္ရဲ့အခ်က္အလက္ေတြအားလုံးဆုံးရွံူးရသည္အထိ ျဖစ္ေစမွာပါ။

3. လၽွပ္စစ္နန္းႀကိဳးေတြကို သင့္တင့္ေလၽွာက္ပတ္စြာ လိပ္ပါ။
သင္က လၽွပ္စစ္နန္းႀကိဳးေတြကို နန္းႀကိဳးေတြ ရာဘာေတြနဲ႔ျပဳလုပ္ထားတာမို႔ ဘာမွမျဖစ္ပါဘူးလို႔ထင္မွာပါ။ ဒါေပမဲ့ အမွန္ကေတာ့ ဒါေတြက ပိန္လိမ္သြားျခင္းေတြ ပုံပ်က္ေအာင္တြန႔္လိမ္ သြားတာေတြျဖစ္နိုင္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ကၽြန္မတို႔ရဲ့လက္ေတာ့စ္ေတြကို ေရႊ႕ခ်င္ရင္ ႀကိဳးေတြကို ေသေသခ်ာခ်ာက်စ္လ်စ္ေအာင္လုပ္ရပါမယ္။
ဒါေတြကို ဘက္ပဲ့ေနတဲ့ ေထာင့္ေတြ ခၽြန္ထက္တဲ့ အစြန္အဖ်ားေတြမွာ မထားသင့္ပါဘူး။ ႀကိဳးေတြကို ဖာေထးတဲ့အခါမွာလည္း အရမ္းအားစိုက္လို႔မရပါဘူး။ ဒါက လၽွပ္စစ္ပလက္ေခါင္းကိုအားနည္းေစၿပီး မလိုလားအပ္တဲ့ျပႆနာေတြျဖစ္ေစနိုင္ပါတယ္။
4.laptop ကိုပလက္ေပါက္တန္းလန္းနဲ႔မထားပါနဲ႔
နည္းပညာေတြအရ သင္က လက္ေတာ့စ္ကို အလြန္အကၽြံအားသြင္းလို႔မရပါဘူး။ ေနာက္ဆုံးေပၚ ဘတ္ထရီေတြဟာ လစ္တီယံ အိုင္းရြန္းေတြနဲ႔ျပဳလုပ္ထားတာေၾကာင့္ျဖစ္ပါတယ္။ဘယ္လိုပဲျဖစ္ျဖစ္ ဘတ္ထရီထိန္းသိမ္းေရးကိရိယာက အလြန္အမင္းအားသြင္းတဲ့အခါ အႏၲရာယ္ျဖစ္နိုင္ပါတယ္။ အလြန္အမင္းအားသြင္းတဲ့အခါ ဘတ္ထရီကအရမ္းပူလာမွာပါ။

5. ေျဖးညင္းစြာ ပိတ္ၿပီး ေျဖးညင္းစြာဖြင့္ပါ။
သင္က လက္ေတာ့စ္ တစ္ခုလုံးမွာ က်ိဳးလြယ္တဲ့အပိုင္းကို ကိုင္ထားရင္ေတာ့ သင္ဟာလက္ေတာ့စ္တစ္ခုကို မေရြးတတ္ေသးပါဘူး။ သင္က ေထာင့္စြန္းကေန ကိုင္ထားရင္ေတာ့ ကိုင္ထားတဲ့ေနရာမွာဖိအားျဖစ္ေပၚကာ ႐ုတ္တရက္ေကြးသြားတာမ်ိဳးျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ အလယ္နားက ကိုင္ၿပီး ျဖည္းျဖည္းခ်င္းအဖြင့္ အပိတ္ျပဳလုပ္ရပါမယ္။

6.လက္ေတာ့စ္အေအးခံအဖုံးအကာ ကိုဝယ္ပါ။
laptop ကို ဆက္သြယ္ေရးေတြမွာအေထာက္ပံ့ျဖစ္ေစဖို႔ တီထြင္ခဲ့ၿပီး ေနာက္ဆုံးမွာ ကၽြန္မတို႔အခ်ိန္အမ်ားစုကို လႊမ္းမိုးလာပါတယ္။ ဒါေပမယ့္ ဒါက သင့္ရဲ့အခ်က္အလက္ေတြကို ထိန္းသိမ္းဖို႔အေကာင္းဆုံးေနရာမဟုတ္ေသးပါဘူး။ တျခားအဖုံးအကာေတြ ကေလဝင္ေလထြက္ႁပြန္ေတြကို ပိတ္ေစနိုင္တာေၾကာင့္ ဘတ္ထရီအပူလြန္ျခင္းကိုျဖစ္ေစမွာပါ။ အေကာင္းဆုံးကေတာ့ အေအးခံအဖုံးအကာကိုအသုံးျပဳျခင္းပဲျဖစ္ပါတယ္။
7. laptop ကိုသံလိုက္ဓါတ္ေတြနဲ႔ေဝးရာမွာထားပါ။
ဒီလိုစက္ေတြမွာ အခ်က္အလက္ေတြကိုသိမ္းဆည္းဖို႔ သံလိုက္ဓာတ္ေတြပါဝင္ပါတယ္။သင္က လက္ေတာ့စ္ကို သံလိုက္ဓာတ္အားျပင္းတဲ့အရာနားမွာ သြားထားရင္ေတာ့ သံလိုက္ဓာတ္ပ်က္ျပားမွူျဖစ္ကာ သင့္ရဲ့အခ်က္လက္ေတြကို ဆုံးရွံူးေစမွာပါ။ ဒါေၾကာင့္ သံလိုက္ဓာတ္အားေကာင္းတဲ့အရာေတြနားမွာ စက္ကိရိယာေတြကိုမထားသင့္ပါဘူး။

8. အားသြင္းႀကိဳးကိုျဖည္းျဖည္းျဖဳတ္ပါ။
သင္က အေလာတႀကီးျဖစ္ေနရင္ေတာင္ ဂ႐ုျပဳပါ။ အလ်င္စလိုျပဳမူတာမ်ိဳး ေဒါသအေလ်ာက္ျပဳမူတာမ်ိဳးေတြက ပလက္ေပါက္ကိုထိခိုက္ေစနိုင္ၿပီး အားသြင္းရာမွာ ျပႆနာမ်ားျဖစ္တတ္ပါတယ္။

9. လက္ေတာ့စ္ ကာဗာကိုအသုံးျပဳပါ။
laptop cover သို႔မဟုတ္ အိတ္တစ္ခုဟာ ခၽြန္ထက္တဲ့အနားေတြမပါပဲ ႏူးညံ့ရပါမယ္။ တကယ္လို႔ သင္က ေက်ာပိုးအိတ္ထဲကိုထိုးသိပ္ၿပီး သယ္ရင္ေတာ့ လက္ေတာ့စ္ရဲ့အတြင္းဘက္ စက္ကိရိယာေတြကို အလြယ္တကူထိခိုက္ေစနိုင္ပါတယ္။

10.မ်က္ႏွာျပင္ကို ဂ႐ုစိုက္ၿပီးသန႔္ရွင္းေပးပါ။
မ်က္ႏွာျပင္မွန္ကိုသန႔္ရွင္းဖို႔ ေရေတြ အဝတ္ေတြမသုံးရဘူးဆိုတာ ကၽြန္မတို႔အားလုံးသိထားၾကမွာပါ။ ႏူးညံ့တဲ့အမၽွင္ေလးေတြပါတဲ့အရာ သို႔မဟုတ္ လက္ေတာ့စ္ေဆးကိရိယာကို အသုံးျပဳရမွာပါ။ မ်က္ႏွာျပင္မွန္က ပါးလႊာတာေၾကာင့္ အရမ္းႀကီးဖိၿပီးမပြတ္သင့္ပါဘူး။
11. laptop ကိုအခ်ိန္မွန္ပိတ္ေပးပါ။
laptop ကိုအသုံးမျပဳေသးရင္ ဖြင့္ၿပီးမထားပါနဲ႔။ အဆက္မျပတ္အသုံးျပဳျခင္းက အေအးခံစနစ္နဲ႔ အသုံးျပဳမွူႏွူန္းကို ထိခိုက္ေစနိုင္ပါတယ္။ သင္က တစ္ေန႔ကိုအႀကိမ္မ်ားစြာအသုံးျပဳမယ္ဆိုရင္ အလိုအေလ်ာက္ပိတ္တဲ့စနစ္ကို အသုံးျပဳပါ။

12. အရည္ေတြကို laptopရဲ့အေဝးမွာထားပါ။
သင္ကlaptopသုံးရင္းနဲ႔ ေကာ္ဖီ သို႔မဟုတ္ အခ်ိဳရည္ေတြေသာက္တတ္ပါသလား? laptopေတြနဲ႔အရည္ေတြကို အတူတူေရာမထားသင့္တာကၽြန္မတို႔အကုန္လုံးသိၿပီးၾကမွာပါ။ဒါေပမဲ့ ပူတဲ့ေဖ်ာ္ရည္က မဖိတ္ရင္ေတာင္ အႏၲရာယ္ရွိေစပါတယ္။ ပူတဲ့ခြက္ေတြကို လက္ေတာ့စ္ဖုံးေပၚမွာ မထားပါနဲ႔ ။ဒါက မ်က္ႏွာျပင္ၾကားခံဝတၳဳကို ထိခိုက္ေစနိုင္ပါတယ္။

13. ကြန္ပ်ဴတာစက္ပိုင္းဆိုင္ရာပစၥည္းမ်ား စစ္ေဆးဖို႔ အထူးကၽြမ္းက်င္သူေတြကို ေမးျမန္းပါ။
laptopေတြဟာ မည္သို႔ပင္ထိန္းသိမ္းရလြယ္ေသာကိရိယာျဖစ္ေစကာမူ ေဆာ့ဝဲျပႆနာမ်ားရွိလာရင္ ကိုယ္တိုင္မေျဖရွင္းသင့္ပါဘူး။ ကၽြမ္းက်င္သူေတြကိုေမးျမန္းသင့္ပါတယ္။ USB ကိရိယာက သင့္ရဲ့စက္ပိုင္းဆိုင္ရာကိရိယာေတြကို စစ္ေဆးတဲ့ အခြင့္အေရးေတြရွိတာေၾကာင့္ မဝယ္သင့္ပါဘူး။ သူတို႔မွာ မ်ားစြာေသာအတိုးအေလ်ာ့လုပ္နိုင္တဲ့အရာေတြ ပါရွိတာေၾကာင့္ လပ္ေတာ့စ္ကို ပလက္ထိုးလိုက္တဲ့အခါ ခ်က္ခ်င္းအားေတြကို အသုံးျပဳမွူႏွူန္းဆီျပန္ေရာက္သြားၿပီး ပ်က္စီးေစမွာပါ။
Writer -Min Thu (Daily Hot News )



အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

သင့်ရဲ့ ကွန်ပျူတာကို တဖြည်းဖြည်းမပျက်စီးရအောင် သတိပြုရမဲ့အချက် ( 13 ) ချက် Reviewed by ညီလတ္ထြန္း(နည္းပညာ) on 6:21 PM Rating: 5 [Unicode ဖြင့်ဖတ်ရန်] Laptop တစ်ခုဟာ ယနေ့ခေတ်မှာ လုပ်ငန်းတွေအတွက် လူသုံးများတဲ့ အရာဝတ္ထုတစ်ခုဖြစ်နေပါပြီ။ ကျွန်မတို့နေ့တိုင်း အများဆု...

No comments: