သင့္ဖုန္းရဲ႕ Lock Screen ကို လံုျခံဳေအာင္ ျပဳလုပ္နည္း - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

သင့္ဖုန္းရဲ႕ Lock Screen ကို လံုျခံဳေအာင္ ျပဳလုပ္နည္း

[ZawGyi] ၿဖင္႔ဖတ္ရန္ သင့္ဖုန္းမွာ အျခားလူမ်ား မျမင္ေစခ်င္တဲ့ သတင္းအခ်က္အလက္မ်ားရွိရင္ အေကာင္းဆံုးက Lock Screen နဲ႔ ကာကြယ္ထားျခင္းျဖစ္ပါတယ္။ ဒီေန႔ေခတ္မွာ Apps မ်ားကိုေတာင္ Lock လုပ္ထားႏိုင္တဲ့ စြမ္းေဆာင္ခ်က္ကို ဖုန္းမ်ားမွာ ထည့္သြင္းေပးထားၾကပါတယ္။ သင့္ဖုန္းမွာ အဲဒီ စြမ္းေဆာင္ခ်က္ မပါရင္ေတာင္ Vault လို Apps မ်ားကို သံုးႏုိင္ပါတယ္။

ဒါေပမယ့္ Phone Lock Screen ကို ဟက္ရတာ လြယ္ကူပါတယ္။ အလြန္ႀကိဳးစားေနစရာေတာင္ မလိုပါဘူး။ သင့္လက္ေခ်ာင္း လႈပ္ရွားမႈကို ခိုးေလ့လာေနရံုျဖင့္ သိႏုိ္င္ပါတယ္။ သင္ Unlock လုပ္ေနခ်ိန္မွာ ကင္မရာျဖင့္ ခိုးရိုက္ထားႏိုင္ပါတယ္။ Lock Screen Pattern မ်ားဟာလည္း အခ်ိန္အနည္းငယ္အတြင္းမွာ ေက်ာ္ျဖတ္ႏိုင္ၾကပါတယ္။ လူအမ်ားစုက Passcode မ်ားကို သူတို႔ရဲ႕ ေမြးေန႔မ်ား၊ သူတို႔ ကေလးရဲ႕ ေမြးေန႔မ်ားကို ေပးထားတတ္ၾကတဲ့အတြက္ မွန္းဆရ လြယ္ကူပါတယ္။

Lancaster တကၠသိုလ္၊ Bath တကၠသိုလ္နဲ႔ China’s Northwest တကၠသိုလ္တို႔မွ သုေတသန ပညာရွင္မ်ားက Lock Screen ကို လြယ္ကူစြာ ဟက္ႏိုင္တယ္ဆိုတာကို ေလ့လာေတြ႕ရွိခဲ့ၾကပါတယ္။ သူတို႔ဟာ ၅ ႀကိမ္ထဲနဲ႔ Lock Screen Patterns ေပါင္း ၁၂၀ ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီး ၉၅ ရာခုိင္ႏႈန္း ေအာင္ျမင္ခဲ့ပါတယ္။ သူတို႔က စမတ္ဖုန္း ကင္မရာနဲ႔ ကြန္ျပဴတာ ေဆာ့၀ဲကို အသံုးျပဳ၍ Patterns မ်ားကို တြက္ခ်က္တာ ျဖစ္ပါတယ္။ သူတို႔ဟာ အရႈပ္ေထြးဆံုး Patterns မ်ားကိုေတာင္ အလြယ္တကူ ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။

ကံေကာင္းတာက Phone Lock Screen or Passcode ကို ဟက္လို႔ မရေအာင္ ကာကြယ္လို႔ ရတဲ့ နည္းလမ္း ရွိပါတယ္။ အဲဒါကေတာ့ Phone ကို Unlock လုပ္ခ်ိန္မွာ ကင္မရာ အပါအ၀င္ ဖုန္းစကရင္တစ္ခုလံုးကို အျခားလူေတြ မျမင္ေအာင္ လက္ျဖင့္ အုပ္ထားတာ ျဖစ္ပါတယ္။ သင့္ရဲ႕ ဖုန္းကိုလည္း သင့္ထံမွာ ရွိေနေအာင္ အၿမဲ ဂရုစိုက္သင့္ပါတယ္။

သင့္ဖုန္း အခိုးခံရရင္လည္း အေ၀းကေန လံုျခံဳေအာင္ ျပဳလုပ္ႏိုင္ပါတယ္။ Android Device Manager သို႔မဟုတ္ Find My iPhone တို႔ကို အသံုးျပဳ၍ Lock ျပဳလုပ္ႏုိင္ပါတယ္။ ေဒတာမ်ားကိုေတာင္ ဖ်က္ဆီးႏိုင္ပါတယ္။ ဒါေပမယ့္ သင့္ဖုန္းမွာ Android Device Manager ကို အရင္ဆံုး Set Up လုပ္ထားဖုိ႔ လိုပါတယ္။

အခိ်ဳ႕ဖုန္းမ်ားမွာ သတ္မွတ္ထားတဲ့ အႀကိမ္အေရအတြက္ ေက်ာ္ၿပီး Passcode မွားထည့္မိရင္ ေဒတာမ်ားကို အလိုအေလွ်ာက္ ဖ်က္ဆီးပစ္တဲ့ စြမ္းရည္ပါပါတယ္။ ဒါေပမယ့္ အဲဒီ စြမ္းေဆာင္ခ်က္ကို Activate မလုပ္ခင္မွာ ေသခ်ာစဥ္းစားပါ။ သင့္ သူငယ္ခ်င္းတစ္ေယာက္က သင့္ဖုန္းကို Unlock လုပ္ဖို႔ ႀကိဳးစားရင္းနဲ႔ သင့္ေဒတာမ်ား ပ်က္ဆီးသြားႏုိင္ပါတယ္။ အဲဒီအတြက္ စမတ္ဖုန္းမ်ားမွ ေဒတာမ်ားကို အၿမဲ Backup လုပ္ထားသင့္ပါတယ္။

သတိေပးခ်င္တာတစ္ခုက ဖုန္းရဲ႕ လက္ေဗြရာ လံုျခံဳေရး စနစ္နဲ႔ မ်က္စိ လံုျခံဳေရး စနစ္မ်ားကိုလည္း ဟက္ႏုိင္တယ္ဆိုတာပါပဲ။ လက္ေဗြရာနဲ႔ မ်က္စိ စစ္ေဆးမႈ မမွန္ကန္ရင္ Passcode ေတာင္းခံမွာ ျဖစ္ပါတယ္။ အထက္မွာ ေဖာ္ျပထားသလိုပဲ Passcode မ်ားဟာ ေက်ာ္ျဖတ္ရ လြယ္ကူၾကပါတယ္။ အဲဒီအတြက္ သင့္ဖုန္းရဲ႕ အဓိက လံုျခံဳေရးဟာ Passcode ျဖစ္တဲ့အတြက္ မွန္းဆရခက္တဲ့ Passcode မ်ားကို သတ္မွတ္ထားသင့္ပါတယ္။

ref : pc advisor
==========================================================

သင့်ဖုန်းရဲ့ Lock Screen ကို လုံခြုံအောင် ပြုလုပ်နည်း
[Unicode]ဖြင့်ဖတ်ရန်  သင့်ဖုန်းမှာ အခြားလူများ မမြင်စေချင်တဲ့ သတင်းအချက်အလက်များရှိရင် အကောင်းဆုံးက Lock Screen နဲ့ ကာကွယ်ထားခြင်းဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ Apps များကိုတောင် Lock လုပ်ထားနိုင်တဲ့ စွမ်းဆောင်ချက်ကို ဖုန်းများမှာ ထည့်သွင်းပေးထားကြပါတယ်။ သင့်ဖုန်းမှာ အဲဒီ စွမ်းဆောင်ချက် မပါရင်တောင် Vault လို Apps များကို သုံးနိုင်ပါတယ်။

ဒါပေမယ့် Phone Lock Screen ကို ဟက်ရတာ လွယ်ကူပါတယ်။ အလွန်ကြိုးစားနေစရာတောင် မလိုပါဘူး။ သင့်လက်ချောင်း လှုပ်ရှားမှုကို ခိုးလေ့လာနေရုံဖြင့် သိနို်င်ပါတယ်။ သင် Unlock လုပ်နေချိန်မှာ ကင်မရာဖြင့် ခိုးရိုက်ထားနိုင်ပါတယ်။ Lock Screen Pattern များဟာလည်း အချိန်အနည်းငယ်အတွင်းမှာ ကျော်ဖြတ်နိုင်ကြပါတယ်။ လူအများစုက Passcode များကို သူတို့ရဲ့ မွေးနေ့များ၊ သူတို့ ကလေးရဲ့ မွေးနေ့များကို ပေးထားတတ်ကြတဲ့အတွက် မှန်းဆရ လွယ်ကူပါတယ်။

Lancaster တက္ကသိုလ်၊ Bath တက္ကသိုလ်နဲ့ China’s Northwest တက္ကသိုလ်တို့မှ သုတေသန ပညာရှင်များက Lock Screen ကို လွယ်ကူစွာ ဟက်နိုင်တယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။ သူတို့ဟာ ၅ ကြိမ်ထဲနဲ့ Lock Screen Patterns ပေါင်း ၁၂၀ ကို ကျော်ဖြတ်နိုင်ခဲ့ပြီး ၉၅ ရာခိုင်နှုန်း အောင်မြင်ခဲ့ပါတယ်။ သူတို့က စမတ်ဖုန်း ကင်မရာနဲ့ ကွန်ပြူတာ ဆော့ဝဲကို အသုံးပြု၍ Patterns များကို တွက်ချက်တာ ဖြစ်ပါတယ်။ သူတို့ဟာ အရှုပ်ထွေးဆုံး Patterns များကိုတောင် အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ကံကောင်းတာက Phone Lock Screen or Passcode ကို ဟက်လို့ မရအောင် ကာကွယ်လို့ ရတဲ့ နည်းလမ်း ရှိပါတယ်။ အဲဒါကတော့ Phone ကို Unlock လုပ်ချိန်မှာ ကင်မရာ အပါအဝင် ဖုန်းစကရင်တစ်ခုလုံးကို အခြားလူတွေ မမြင်အောင် လက်ဖြင့် အုပ်ထားတာ ဖြစ်ပါတယ်။ သင့်ရဲ့ ဖုန်းကိုလည်း သင့်ထံမှာ ရှိနေအောင် အမြဲ ဂရုစိုက်သင့်ပါတယ်။

သင့်ဖုန်း အခိုးခံရရင်လည်း အဝေးကနေ လုံခြုံအောင် ပြုလုပ်နိုင်ပါတယ်။ Android Device Manager သို့မဟုတ် Find My iPhone တို့ကို အသုံးပြု၍ Lock ပြုလုပ်နိုင်ပါတယ်။ ဒေတာများကိုတောင် ဖျက်ဆီးနိုင်ပါတယ်။ ဒါပေမယ့် သင့်ဖုန်းမှာ Android Device Manager ကို အရင်ဆုံး Set Up လုပ်ထားဖို့ လိုပါတယ်။

အချို့ဖုန်းများမှာ သတ်မှတ်ထားတဲ့ အကြိမ်အရေအတွက် ကျော်ပြီး Passcode မှားထည့်မိရင် ဒေတာများကို အလိုအလျှောက် ဖျက်ဆီးပစ်တဲ့ စွမ်းရည်ပါပါတယ်။ ဒါပေမယ့် အဲဒီ စွမ်းဆောင်ချက်ကို Activate မလုပ်ခင်မှာ သေချာစဉ်းစားပါ။ သင့် သူငယ်ချင်းတစ်ယောက်က သင့်ဖုန်းကို Unlock လုပ်ဖို့ ကြိုးစားရင်းနဲ့ သင့်ဒေတာများ ပျက်ဆီးသွားနိုင်ပါတယ်။ အဲဒီအတွက် စမတ်ဖုန်းများမှ ဒေတာများကို အမြဲ Backup လုပ်ထားသင့်ပါတယ်။

သတိပေးချင်တာတစ်ခုက ဖုန်းရဲ့ လက်ဗွေရာ လုံခြံုရေး စနစ်နဲ့ မျက်စိ လုံခြံုရေး စနစ်များကိုလည်း ဟက်နိုင်တယ်ဆိုတာပါပဲ။ လက်ဗွေရာနဲ့ မျက်စိ စစ်ဆေးမှု မမှန်ကန်ရင် Passcode တောင်းခံမှာ ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြထားသလိုပဲ Passcode များဟာ ကျော်ဖြတ်ရ လွယ်ကူကြပါတယ်။ အဲဒီအတွက် သင့်ဖုန်းရဲ့ အဓိက လုံခြံုရေးဟာ Passcode ဖြစ်တဲ့အတွက် မှန်းဆရခက်တဲ့ Passcode များကို သတ်မှတ်ထားသင့်ပါတယ်။

ref : pc advisor



အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

သင့္ဖုန္းရဲ႕ Lock Screen ကို လံုျခံဳေအာင္ ျပဳလုပ္နည္း Reviewed by ညီလတ္ထြန္း(နည္းပညာ) on 6:02 PM Rating: 5 [ZawGyi] ၿဖင္႔ဖတ္ရန္ သင့္ဖုန္းမွာ အျခားလူမ်ား မျမင္ေစခ်င္တဲ့ သတင္းအခ်က္အလက္မ်ားရွိရင္ အေကာင္းဆံုးက Lock Screen နဲ႔ ကာကြယ္ထားျခင္းျဖစ္ပါတယ...

No comments: