အင်တာနက် ၏ အလုပ်လုပ်ပုံ (How does the Internet work?) - ညီလတ်ထွန်း(နည်းပညာ)
728x90 AdSpace
Trending
အင်တာနက် ၏ အလုပ်လုပ်ပုံ (How does the Internet work?)
[ZawGyi] ဖြင့်ဖတ်ရန် အင်တာနက်သည်၊
သင့်အတွက်
Data center မှသည်
ထိုနောက်ဂြိုလ်တုမှ
အင်တာနာ မှတဆင့် ပေးပို့ပါတယ်။
သင်၏ဖုန်းသည်
ဖန်ကြိုးမျှင်အား
IP address ပါ။
သင့်ပါတ်ဝန်းကျင်မှ
ဆက်သွယ်ရေးကရိယာ
(Computer/Tablet/Phone)
တစ်ခုစီတိုင်းတွင်
ရ်ျ သတ်မှတ်ပေးလေ့ရှိပါတယ်။
ဥပမာ - 123.456.78.90
အိုင်ပီလိပ်စာများ
စသည့်တို့ကြောင့်
IP Address များအား
အင်တာနက်ပေါ်တွင်
ကို ရှာဖွေတဲ့အခါ
၏အကူအညီကြောင့်ပါဘဲ။
DNS Server ဆိုသည်မှာ
မိမိ၏ဖုန်းကိုသုံးရ်ျ
“Google” ပေါ်တွင်
“Google” မှ DNS Server
၃။ ထိုအခါ Data Centre မှ
Fibre optic cable
တလျှောက်အကွာအဝေး၊
တောင်တန်း၊ပင်လယ်များဖြတ်ရ်ျ၊
သယ်ဆောင်လာသော၊
အတွင်းရောက်သောအခါ၊
*(အကယ်ရ်ျ မိုဘိုင်းဖုန်းအသုံးပြုပါက၊
ရောက်ရှိလာပါတယ်)
အင်တာနက်သည်၊
၎င်းနှင့်ပါတ်သက်သော၊ ပြသနာများအား
================================================
အင်တာနက် ၏ အလုပ်လုပ်ပုံ (How does the Internet work?) 
[Unicode]ဖြင့်ဖတ်ရန် အင်တာနက်သည်၊
သင့်အတွက်
မည်ကဲ့သို့အလုပ်လုပ်ပေးနေကြသနည်း?...
ဟုဆိုရာတွင်၊ သတင်း/မှတ်တမ်း/အချက်အလက်
များသိုမှီးထာသော Data Centre နေရာများ
မှသည်သင်၏မိုဘိုင်းဖုန်း/ကွန်ပျူတာဆီသိ ု့
မည်သို့ရောက်ရှိလာသည်နှင့်စကြရအောင်။
Data center မှသည်
ဂြိုလ်တုဆီသို့အင်တာနာ မှတဆင့်
အချက်အလက် များကိုပထမပေးပို့ပါတယ်။
ထိုနောက်ဂြိုလ်တုမှ
သင်၏မိုဘိုင်းဖုန်း ထံသို့ နီးစပ်ရာ
အင်တာနာ မှှတဆင့် ပေးပို့ပါတယ်။
အီကွေတာမျဉ်းမှအမြင့်မိုင်(၂၂,၀၀၀)ပေါ်တွင်ရှိသော
ဂြိုလ်တု မှတဆင့် ပေးပို့နေရခြင်း
မှာလည်း သိပ်ကောင်းလှသော ကိစ္စမဟုတ်တော့ပါဘူး။
မိုင်ပေါင်း(၄၀၀၀၀) ကျော်ခရီးရှည်ကြီးက အချက်အလက်ပေးပို့ရာ
တွင် နှေးကွေးစေတာကြောင့်ပါဘဲ။
ထိုကြောင် ့ ဖန်ကြိုးမျှင်များ
(Optical fibre cable / Fibre optic cable)
ကို သတင်းအချက်အလက်များ
ပေးပို့ရန် လမ်းမကြီးများ
အဖြစ်အသုံးပြုလာကြပါတယ်။
သင်၏ဖုန်းသည်
အင်တာနက်ဖြင့် ချိတ်ဆက်ထား ပြီးနောက်
သင့်ထံသို့ သတင်းအချက်အလက်များ
(ဓါတ်ပုံ/ဗွီဒီယို/မက်ဆေ ့)
ဖန်ကြိုးမျှင်အား
မည်သို့ ဖြတ်သန်း ရောက်ရှိလာကြပါသလ ဲ?
ပထမဆုံး သဘောပေါက်နားလည်ရမည်မှာ
Internet Protocol address ဟုခေါ်သော
IP address ပါ။
သင့်ပါတ်ဝန်းကျင်မ ှ
အင်တာနက်ဖြင့်ဆက်သွယ်လိုက်သည ် ့
ဆက်သွယ်ရေးကရိယာ
(Computer/Tablet/Phone)
တစ်ခုစီတိုင်းတွင်
အိုင်ပီလိပ်စာ တစ်ခုစီရှိပါတယ်။
ဥပမာ - အိမ်တိုင်းတွင် စာပို့ရန် တကျသော အိမ်လိပ်စာ ရှိသကဲ့သို့ပါ။
သင့်အား အင်တာနက်ဆားဗစ်ပေးနေသော
Internet service provider (ISP) မှ
အိုင်ပီလိပ်စာအား သတ်မှတ်ပေးပါတယ်။
IPA တွင် The Network ဖက်အပိုင်း နှင့်
The Host ဖက်အပိုင်း နှစ်ခုပေါင်း
ရျ် သတ်မှတ်ပေးလေ့ရှိပါတယ်။
ဥပမာ - 123.456.78.90
သင်လိုအပ်သော အချက်အလက်များ
တည်ရှိရာ နေရာများတွင်လည်း သူတို့ကိုယ်ပိုင်
အိုင်ပီလိပ်စာ များ ရှိကြပါတယ်။
အိုင်ပီလိပ်စာများ
ဂဏန်းအရေအတွက်တွေများခြင်း၊
မှတ်သားရန်လွယ်ကူစေလိုခြင်း၊
စသည့်တို့ကြောင့်
IP Address များအား
Website အမည်များ (Domain Name) တပ်ပေးလိုက်ပါတယ်။
ဥပမာ - 208.65.135.238 = youtube.com
66.22.149.25 = facebook.com
အင်တာနက်ပေါ်တွင်
မိမိလိုအပ်သော အကြောင်းကိစ္စ/အမည်များ
ကို ရှာဖွေတဲ့အခါ
အနီးစပ်ဆုံးသို့ ရောက်ရှိသွားရတာကတော့
DNS - (Domain Name System) Server
၏အကူအညီကြောင့်ပါဘဲ။
DNS Server ဆိုသည်မှာ
(Domain names, Network names, Internet hosts)
အမည်များအားစုစည်းပေးထားသည့် မှတ်စုစာအုပ်မျိုးပါဘဲ။
(လူအမည်နှင့်တယ်လီဖုန်းနံပါတ်တွေစုပြီး၊ဖေါ်ပြပေးထားသော၊
Yellow Pages/Telephone Book တို့လိုပုံစံမျိုးပေါ့)
မိမိ၏ဖုန်းကိုသုံးရျ်
အချက်အလက်ရှာဖွေရေးအင်ဂျင်ကြီး
“Google” ပေါ်တွင်
“Youtube” အကြောင်ရှာပြီဆိုပါစို.
၁။ ဝက်ဆိုက်အမည် “youtube” အားရိုက်ထဲ့ခြင်းကြောင့်
“Google” မှ DNS Server
သို့ အိုင်ပီလိပ်စာ လှမ်းတောင်းယူပါတယ်။
၂။ Google မှအိုင်ပီလိပ်စာ ရပြီးနောက်၊
သတင်း/မှတ်တမ်း/အချက်အလက်
များသိုမှီးထာသောData Centre သို့လှမ်းပို့ပါတယ်။
၃။ ထိုအခါ Data Centre မှ
Digital Format (Light Pulses) အသွင်ဖြင့်၊
Fibre optic cable
တလျှောက်အကွာအဝေး၊
မိုင်ပေါင်းများစွာအတွင်း၊
တောင်တန်း၊ပင်လယ်များဖြတ်ရျ်၊
လိုအပ်သောသူများထံသို့ အရောက်ပို့ပေးပါတယ်။
*(အဆိုပါ Fibre optic cable များတပ်ဆင်ခြင်း၊
ပြုပြင်မွန်းမံခြင်း ကိစ္စများအား၊
ကမ္ဘာတစ်လွှားတွင်AT&T, Orange, Verizon, Google
စသည့်လုပ်ငန်းရှင်ကြီးများကလုပ်ကိုင်ကြပါတယ်)
၄။ ဖန်ကြိုးမျှင်များတလျှောက်အလင်းအသွင်ဖြင့်၊
သယ်ဆောင်လာသော၊
သတင်းအချက်အလက်များအား၊
သင့်အိမ်ရှိ Inter Router
အတွင်းရောက်သောအခ ါ၊
Light Signal မှ Electrical Signal
သို့ပြောင်းယူပြီးနောက်၊
ကွန်ပျူတာသို့ပို့လိုက်ပါတော့တယ်။
*(အကယ်ရျ် မိုဘိုင်းဖုန်းအသုံးပြုပ ါက၊
ဖန်ကြိုးမျှင်များသယ်ဆောင်လာသော၊
သတင်းအချက်အလက်များအား၊
တယ်လီဖုန်းတာဝါတိုင်သို့ ပေးပို့ပြီးနောက်၊
ထိုမှတဆင့် လျှပ်စစ်သံလိုက်လှိုင်းများ၊
(Electromagnetic waves)
အသွင်ဖြင့်၊ သင်၏လက်ကိုင်ဖုန်းအတွင်းသို့၊
ရောက်ရှိလာပါတယ်)
အင်တာနက်သည်၊
ကမ္ဘာသုံးကိစ္စကြီးဖြစ်လာရပြီမို့၊
၄င်းနှင့်ပါတ်သက်သော၊ ပြသနာများအား
ICANN - The Internet Corporation for Assigned Names and Numbers (USA) မှကိုင်တွယ်ဖြေရှင်းပါတယ်။ #ဗဟုသုတကမ္ဘာအဖွဲ့
အားလုံးကိုခင်မင်လျှက်
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com
အင်တာနက် ၏ အလုပ်လုပ်ပုံ (How does the Internet work?) Reviewed by ညီလတ်ထွန်း(နည်းပညာ) on 4:30 AM Rating: 5 [ZawGyi] ဖြင့်ဖတ်ရန် အင်တာနက်သည်၊ သင့်အတွက် မည်ကဲ့သို့အလုပ်လုပ်ပေးနေကြသနည်း?... ဟုဆိုရာတွင်၊ သတင်း/မှတ်တမ်း/အချက်အ...
No comments: