Hazard ဆိုတဲ့ အန္တရာယ် သတိပေးခလုတ် ၏ ဆောင်ရန် နှင့် ရှောင်ရန် လွဲမှားချက်များ - ညီလတ်ထွန်း(နည်းပညာ)
728x90 AdSpace
Trending
Zawgyiဖြင့်ဖတ်ရန် ဆောင်ရန် ……..
ရှောင်ရန်……………
#Thet Win HtooDaily
=============================================
 Hazard ဆိုတဲ့ အန္တရာယ် သတိပေးခလုတ် ၏ ဆောင်ရန် နှင့် ရှောင်ရန် လွဲမှားချက်များ
Unicodeဖြင့်ဖတ်ရန် ဆောင်ရန် ……..
ကားတိုင်းမှာ ဘယ်ကွေ့မယ် ညာကွေ့မယ် ဆိုတဲ့ အချက်ပြခလုပ်ပဲ ပါပါတယ်။ ရှေ့ တည့်တည့်သွားမယ်ဆိုတဲ့ စုံ အချက်ပြမီးတတ်မထားပါ။ လူတွေ အမှတ်မှား အမှားမှတ်နေကြတဲ့ တြိဂံ အနီခလုပ်ဟာ HAZARD ဆိုတဲ့ အန္တရာယ် သတိပေးခလုပ်သာ ဖြစ်ပါတယ်။
အကူအညီလိုရင်ပြထားနိုင်ပါတယ် ။ ကားဘီးပေါက်လို့ ကားပျက်လို့ ရှိရင် နောက်က အရှိန်နဲ့လာနေတဲ့ကားကို အဝေးထဲက မြင်သာအောင် သုံး ပါတယ် ။ ရာသီဥတု မကောင်းလို့ မြင်ကွင်းမကောင်းတဲ့အခါ ဘေးဖြစ်နိုင်လို့ အရေးပေါ်ဖွင့်သုံးနိုင်ပါတယ်။
ရှောင်ရန်……………
စုံမီးဟာ အရှေ့တည့်တည့်သွားမယ် ဆိုတဲ့ အချက်ပြ စနစ်လုံးဝ မဟုတ်ပါ။ ဒါကြောင့်မို့ အလွယ်တကူ မသုံးမိအောင် လက်နဲ့ဝေးတဲ့ ဒက်ရှ်ဘုတ်မှာ တတ်ပေးထားတာကို သဘောပေါက်ကြဘို့ ကောင်းပါတယ်။
ခု နယ်မြို့ တိုင်းမှာ ကား ဆိုင်ကယ်အားလုံးနီးပါး သုံးနေပါတယ်။ သင့်ကား / ဆိုင်ကယ် က မီးတစ်လုံးကျွမ်းနေခဲ့ရင် နောက်ကား ရှေ့ကားကဘေးတစ်ဖက်ကွေ့မယ် ထင်ပီး နားလည်မှု လွဲနိုင်ပါတယ်။
ဒါအပြင် လမ်းစုံမှာ သင့်ဘယ်ဘက်ကကားက သင့်ကား ဘယ်ဘက်ပဲမြင်ရတဲ့အတွက် ဘယ်ကွေ့မယ်ထင်ပါမယ် – ဒါပြသာနာမရှိပေမယ့် သင့်ညာဘက်က လာနေတဲ့ ကားက သင် ညာကွေ့မယ်မြင်လို့ အရှိန်လျော့ပဲ တည့်တည့်သွားရင် ဝင်ကြုံးကုန်ပါမယ်။
သင်ကိုယ်တိုင်နိုင်ငံတကာ အဆင့်ဝင်ချင်လျှင် အယူအဆမှားများကို စွန့်လွှတ်ပေးရပါမယ်။ ခုကစလို့ အမှန်ကို ပြင်ဆင်လိုက်ပါ။ သူများမိုးခါးရေသောက်တာ လိုက်မသောက်ပါနဲ့။
#Thet Win HtooDaily
အားလုံးကိုခင်မင်လျှက်
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com
No comments: