ကားဒက်ဘုတ်ပေါ်မှာ ဘုရားဆင်းတု၊ အရုပ်၊ ရေမွှေးပုလင်း ဘာတခုမှ မတင်ပါနဲ့ - ညီလတ်ထွန်း(နည်းပညာ)
728x90 AdSpace
Trending
ကားဒက်ဘုတ်ပေါ်မှာ ဘုရားဆင်းတု၊ အရုပ်၊ ရေမွှေးပုလင်း ဘာတခုမှ မတင်ပါနဲ့
Zawgyi ဖြင့်ဖတ်ရန် ကားဒက်ဘုတ်ပေါ်မှာ ဘုရားဆင်းတု၊ အရုပ်၊ ရေမွှေးပုလင်း ဘာတခုမှ မတင်ပါနဲ့
ကား ဒက်ဘုတ် (Dashboard) ပေါ်မှာ အရုပ်တွေတင်တာ ၊ ဘုရားဆင်းတုတော်တွေ တင်ကိုးကွယ်တာ ၊ အမွှေးနံ. ပုလင်းတွေ တင်တာ ၊ ဖုန်းတင်တဲ့ စင်တွေတင်တာ ၊ ပန်းအိုးလေးတွေတင်တာ ၊ ဖန်စ်ီပစ္စည်းအလှအပတွေ ဆင်တာ ၊ အပေါ်ကနေ အခြားအစွပ် အအုပ်တွေအုပ်တာ တွေ တော်တော်လေးတွေ.လာရပါတယ် ၊ ဟိုးတလောလေးကဆို နတ်ရုပ်တွေ ပန်းတွေ ၊ ဘုရားဆင်းတုတော်တွေ ကို ကားဒက်ဘုတ်အပြည့် တင်ပြီး ကိုးကွယ်ထားတာတွေများလာပါတယ်
ကား ဒက်ဘုတ် (Dashboard) ပေါ်မှာ ပစ္စည်းတွေ လုံးဝ(လုံးဝ)ကိုတင်မထားသင့်ပါဘူး ၊ ကား ဒက်ဘုတ် (Dashboard) ပေါ်မှာ ပစ္စည်းတွေတင်တယ်ဆိုတာ အရမ်းအန္တရာယ်များပါတယ်။
Airbag System ဘယ်လို အလုပ်လုပ်သလဲ ?
Airbag System တခုဘယ်လိုအလုပ်လုပ်သလဲဆိုရင် အပေါ်မှာ ပြောခဲ့တဲ့ ပစ္စည်း အစိတ်အပိုင်းတွေ အကုန် စုပေါင်းအ လုပ်လုပ်ပါတယ် ၊ ပထမဆုံး Crash Sensor က ယာဉ်တိုက်မှုဖြစ်တဲ့အခါ တိုက်မှုဖြစ်သွားတဲ့ အရှိန်နဲ.ပြင်းထန်မှုတွေကို တွက်ဆပြီး Airbag Control Unit ကို သတင်းပို.ပါတယ် ၊ အဲ့ကနေမှတဆင့် Airbag အတွင်းပိုင်းက Chemical ပစ္စည်းတွေကို Reaction တခု သက်ရောက်စေပြီး လေအိတ်တွေကို ဖောင်းကားပွင့်ထွက်စေပါတယ် ။
ပုံမှန်အားဖြင့် Crash Sensor တွေကို Mass-Type Sensor နဲ. Roller -Type Sensor တွေကို အသုံးများကြပြီး ကားရဲ. အရှေ.ဘန်ဘာတန်းနဲ. ကားအင်ဂျင်တွေရဲ. ကြားထဲမှာတပ်ဆင်ထားလေ့ရှိပါတယ်။ ဒီလောက်ဆိုရင် ကား Airbag System တခု ဘယ်လို အလုပ်လုပ်သလဲဆိုတာ အကြမ်းမျဉ်နားလည်သွားမယ်ထင်ပါတယ် ၊ ဒီလိုနားလည်သွားမယ်ဆိုရင် ကားဒက်ဘုတ်ပေါ်မှာ ဘာကြောင့် ပစ္စည်းတွေ မတင်သင့်လဲဆိုတာ အလိုလိုနားလည်သွားလောက်ပါပြီ။
ကားလေအိတ်တွေ ပွင့်ထွက်လာတယ်ဆိုတာ အများထင်သလို လေအိတ်ထဲ လေတွေအေးအေးဆေးဆေးဝင်လာတာမျိုး မဟုတ်ပါဘူး ၊ အန္တရာယ် ဖြစ်တဲ့ အချိန် အကာအကွယ်ရဖို.အတွက် လေအိတ်ရဲ.အတွင်းပိုင်းမှာ အရမ်းကို လျှင်မြန်တဲ့ အရှိန်နဲ.ဓာတုဗေဒပေါက်ကွဲမှုတွေဖြစ်စဉ်တွေဖြစ်ပြီး လေအိတ်ဖောင်းကားပွင့်ထွက်လာတာမို. ၊ကားဒက်ဘုတ်ပေါ်မှာ တင်ထားတဲ့ပစ္စည်းတွေဟာ လေအိတ်နဲ.အတူလွင့်စင်ထွက်ပြီး ကားအတွင်းပိုင်းမှာရှိတဲ့ လူတွေကို အသက်အန္တရာယ်ထိခိုက်သည်အထိ အန္တရာယ်ပေးနိုင်ပါတယ်။
နောက်တချက် အထူးသတိပေးမှုအနေနဲ. ပြောချင်တာက ကား Seat Belt ဆိုတဲ့ ထိုင်ခုံခါးပတ်ပါ ၊ ယာဉ်တိုက်မှုဖြစ်စဉ်မှာ အဓိက အကာကွယ်ပေးတာက ထိုင်ခုံခါးပတ်ဖြစ်ပါတယ် ၊ကားမှာပါတဲ့ လေအိတ်မဟုတ်ပါဘူး ၊ ကျနော်အပေါ်မှာလည်း ရှင်းပြထားသလို Airbag System ကို SRS airbag လို.ခေါ်ရတဲ့ အကြောင်းကလည်း အဲ့ဒါပါပဲ ၊ အသက်ကယ် အစီအစဉ် ရဲ. အဓိက တာဝန်ကို ထမ်းဆောင်တာ Airbag မဟုတ်ပါဘူး ၊ ဒီကောင်ကအရံအနေနဲ. တာဝန်ထမ်းဆောင်တာပါ ။
Aung Myo (လေးစားမှုဖြင့် ခရက်ဒစ်)
 ===============================================
ဘုုရားဆင်းတု၊ အရုပ််၊ ရေမွှေးပုလင််း ဘာတခုမှ ကားဒက်ဘုုတ်ပေါ် မတင်ပါနဲဲ့
Unicode ဖြင့်ဖတ်ရန် ကားဒက်ဘုုတ်ပေါ်မှာ ဘုရားဆင်းတု၊ အရုပ်၊ ရေမွှေးပုလင်း ဘာတခုမှ မတင်ပါနဲ့
ကား ဒက်ဘုတ်် (Dashboard) ပေါ်မှာ အရုပ်တွေတင်တာ ၊ ဘုရားဆင်းတုတော်တွေ တင်ကိုးကွယ်တာ ၊ အမွှေးနံ. ပုလင်းတွေ တင်တာ ၊ ဖုန်းတင်တဲ့ စင်တွေတင်တာ ၊ ပန်းအိုးလေးတွေတင်တာ ၊ ဖန်စီ်ပစ္စည်းအလှအပတွေ ဆင်တာ ၊ အပေါ်ကနေ အခြားအစွပ် အအုပ်တွေအုပ်တာ တွေ တော်တော်လေးတွေ.လာရပါတယ် ၊ ဟိုးတလောလေးကဆို နတ်ရုပ်တွေ ပန်းတွေ ၊ ဘုရားဆင်းတုတော်တွေ ကို ကားဒက်ဘုတ်အပြည့် တင်ပြီး ကိုးကွယ်ထားတာတွေများလာပါတယ်
ကား ဒက်ဘုတ်် (Dashboard) ပေါ်မှာ ပစ္စည်းတွေ လုံးဝ(လုံးဝ)ကိုတင်မထားသင့်ပါဘူး ၊ ကား ဒက်ဘုတ် (Dashboard) ပေါ်မှာ ပစ္စည်းတွေတင်တယ်ဆိုတာ အရမ်းအန္တရာယ်များပါတယ်။
ဘာကြောင့် ကား ဒက်ဘုတ် (Dashboard) ပေါ်ပစ္စည်းတွေ မတင်သင့်လဲဆိုရင်တော့ ကားမှာပါဝင်တဲဲ့ SRS AirBag (Supplemental Restraint System ) ဆိုတဲ့ အသက်ကယ်လေအိတ်တွေကြောင့်ပါပဲ။ အခုနောက်ပိုင်းပေါ် မော်ဒယ်မြင့် ကားတွေမှာ Airbag (လေအိတ်)တွေက အနည်းဆုံး ၂ လုံးကနေ ၄ လုံး ၆ လုံး ၈ လုံးအစရှိသဖြင့် ပါဝင်ပါတယ် ။ အခုခေတ် ဘယ်ကားမှာမဆို ကားရှေ.မှာ ထိုင်နေတဲ့ Driver နဲ. Passenger အတွက် ကား ဒက်ဘုတ် (Dashboard) ပေါ်မှာ Airbag ၂ ခုတော့ အနည်းဆုံးတပ်ဆင်ထားပါတယ် ။
Airbag System ဘယ်လိို အလုပ်လုပ်သလဲ ?
Airbag System တခုဘယ်လိိုအလုပ်လုပ်သလဲဆိုရင် အပေါ်မှာ ပြောခဲ့တဲ့ ပစ္စည်း အစိတ်အပိုင်းတွေ အကုန် စုပေါင်းအ လုပ်လုပ်ပါတယ် ၊ ပထမဆုံး Crash Sensor က ယာဉ်တိိုက်မှုဖြစ်တဲ့အခါ တိုက်မှုဖြစ်သွားတဲ့ အရှိန်နဲ.ပြင်းထန်မှုတွွေကို တွက်ဆပြီး Airbag Control Unit ကို သတင်းပို.ပါတယ် ၊ အဲ့ကနေမှတဆင့် Airbag အတွင်းပိုင်းက Chemical ပစ္စည်းတွေကို Reaction တခု သက်ရောက်စေပြီး လေအိတ်တွေကို ဖောင်းကားပွင့်ထွက်စေပါတယ် ။
ပုံမှန်အားဖြင့်် Crash Sensor တွေကို Mass-Type Sensor နဲ. Roller -Type Sensor တွေကိို အသုံးများကြပြီး ကားရဲ. အရှေ.ဘန်ဘာတန်းနဲ. ကားအင်ဂျင်တွေရဲ. ကြားထဲမှာတပ်ဆင်ထားလေ့ရှိပါတယ်။ ဒီလောက်ဆိုရင် ကား Airbag System တခု ဘယ်လိို အလုပ်လုပ်သလဲဆိုတာ အကြမ်းမျဉ်နားလည်သွားမယ်ထင်ပါတယ် ၊ ဒီလိုနားလည်သွားမယ်ဆိုရင် ကားဒက်ဘုတ်ပေါ်မှာ ဘာကြောင့် ပစ္စည်းတွေ မတင်သင့်လဲဆိုတာ အလိုလိုနားလည်သွားလောက်ပါပြီ။
ကားလေအိိတ်တွေ ပွင့်ထွက်လာတယ်ဆိုတာ အများထင်သလိို လေအိတ်ထဲ လေတွေအေးအေးဆေးဆေးဝင်လာတာမျိုး မဟုတ်ပါဘူး ၊ အန္တရာယ် ဖြစ်တဲ့ အချိန် အကာအကွယ်ရဖို.အတွက် လေအိတ်ရဲ.အတွင်းပိုင်းမှာ အရမ်းကိို လျှင်မြန်တဲ့ အရှိန်နဲ.ဓာတုဗေဒပေါက်ကွဲမှုတွေဖြစ်စဉ်တွေဖြစ်ပြီး လေအိတ်ဖောင်းကားပွင့်ထွက်လာတာမို. ၊ကားဒက်ဘုတ်ပေါ်မှာ တင်ထားတဲ့ပစ္စည်းတွေဟာ လေအိတ်နဲ.အတူလွင့်စင်ထွက်ပြီး ကားအတွင်းပိုင်းမှာရှိတဲ့ လူတွေကို အသက်အန္တရာယ်ထိခိုက်သည်အထိ အန္တရာယ်ပေးနိုင်ပါတယ်။
ဒီပစ္စည််းတွေက လူတွေကို မထိခိုက်မိဘူးဆိုရင်တောင် လေအိတ်ပွင့်တဲ့ ဖြစ်စဉ်ကို အနှောက်အယှက်ပေးနိုင်တာမို. ယာဉ်တိုက်မှုဖြစ်စဉ်မှာ ကားအတွင်းပိုင်းက လူတွေအတွက် အကာအကွယ်တွေ လျော့နည်းသွားနိုင်ပါတယ် ။ ဒါကြောင့် ကားဒက်ဘုတ်ပေါ်မှာ အမျိုးမျိုးသော ပစ္စည်းတွေတင်အသုံးပြုတာဟာ အလွန်မှားယွင်းပြီး အန္တရာယ်များလှတဲ့ အပြုအမူ တခုပါ ။
နောက်တချက် အထူးသတိပေးမှုအနေနဲ. ပြောချင်တာက ကား Seat Belt ဆိုတဲဲ့ ထိုင်ခုံခါးပတ်ပါ ၊ ယာဉ်တိုက်မှုဖြစ်စဉ်မှာ အဓိက အကာကွယ်ပေးတာက ထိုင်ခုံခါးပတ်ဖြစ်ပါတယ် ၊ကားမှာပါတဲဲ့ လေအိတ်မဟုတ်ပါဘူး ၊ ကျနော်အပေါ်မှာလည်း ရှင်းပြထားသလိို Airbag System ကို SRS airbag လို.ခေါ်ရတဲ့ အကြောင်းကလည်း အဲ့ဒါပါပဲ ၊ အသက်ကယ် အစီအစဉ် ရဲ. အဓိက တာဝန်ကို ထမ်းဆောင်တာ Airbag မဟုတ်ပါဘူး ၊ ဒီကောင်ကအရံအနေနဲ. တာဝန်ထမ်းဆောင်တာပါ ။
ကားထိုင်ခုံ ခါးပတ်မပတ်ဘဲ ၊ ကားတိုက်မှုဖြစ်လိ်ို. လေအိတ်တွေပွင့်တယ်ဆိုရင် ကားရဲ.ရွေ.လျားနေတဲ့ အရှိန်နဲ. လိုက်ပါ နေတဲ့ လူကို ရုတ်တရက် ဖမ်းထိန်းချုပ် ထားမယ့် ခါးပတ်မရှိတဲ့ အတွက် အရှိန်ထိန်းမထားနိုင်ဘဲပြင််းထန်စွာ ပွင့်ထွက် လာတဲ့ လေအိတ်တွေနဲ. စောင့်မိပြီး ဇက်ကျိုးတာ ၊ နံရိုးတွေကျိုးတာတွေ ဖြစ်နိုင်ပါတယ် ။ ကျနော့် အသိမိတ်ဆွေ တယောက် ဆိုရင်လည်း အမြန်လမ်းမှာ ကားမှောက်တာ လေအိတ်တွေပွင့်ပါလျှက် ထိုင်ခုံခါးပတ် မပတ်မိလို. သူ.ကား ယာဉ်မောင်းရော ၊ သူကိုယ်တိုင်ပါ အသက်ဆုံးရှုံးမှုဖြစ်ခဲ့ဖူးပါတယ် ။
ဒါကြောင့်် စာဖတ်သူမိတ်ဆွေတွေအနေနဲ. ကားမောင်းမယ် ၊ ကားစီးမယ််ဆိုရင် ၁ ။ ထိုင်ခုံခါးပတ်ပတ်ကြပါ ။ ၂ ။ ကားဒက်ဘုတ်ပေါ်မှာ ပစ္စည်းတွေတင်တဲ့ အကျင့်ကို စွန်.လွှတ်ကြပါ။ ၃ ။ အရှိန်တင် အလွန်အကျွံ မောင်းနှင်တာမျိုး မလုပ်ဘဲ သတိနဲ.မောင်းနှင်ကြပါ။
Aung Myo (လေးစားမှုဖြင့် ခရက််ဒစ်)
အာလုံးကိုခင်မင်လျှက်
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com
ကားဒက်ဘုတ်ပေါ်မှာ ဘုရားဆင်းတု၊ အရုပ်၊ ရေမွှေးပုလင်း ဘာတခုမှ မတင်ပါနဲ့ Reviewed by ညီလတ်ထွန်း(နည်းပညာ) on 5:55 AM Rating: 5 Zawgyi ဖြင့်ဖတ်ရန် ကားဒက်ဘုတ်ပေါ်မှာ ဘုရားဆင်းတု၊ အရုပ်၊ ရေမွှေးပုလင်း ဘာတခုမှ မတင်ပါနဲ့ ကား ဒက်ဘုတ် (Dashboard) ပေါ်မှာ အရုပ်တွေတင်တာ ၊ ...
No comments: