ကိုယ့္မရွိတုန္း အိမ္ထဲကို တစ္ေယာက္ေယာက္ခိုးၿပီး ဝင္ေရာက္ခဲ့တယ္ဆုုိတာ သိရွိႏုုိင္မယ့္ နည္းလမ္းမ်ား - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

ကိုယ့္မရွိတုန္း အိမ္ထဲကို တစ္ေယာက္ေယာက္ခိုးၿပီး ဝင္ေရာက္ခဲ့တယ္ဆုုိတာ သိရွိႏုုိင္မယ့္ နည္းလမ္းမ်ား

Zawgyi ျဖင့္ဖတ္ရန္ ဒီႏွစ္ထဲမွာ ဂ်ပန္နိုင္ငံမွာ သူမ်ားအိမ္အေပၚထပ္မွာ ၆ လေလာက္ ခိုးဝင္ေနထိုင္ခဲ့သူတစ္ေယာက္ကို ရဲေတြဖမ္းဆီးခဲ့ရဖူးပါတယ္။ အိမ္ပိုင္ရွင္ အသက္ ၉၀ အရြယ္အမ်ိဳးသမီးဟာ ဒီလူအေပၚထပ္မွာေနေနေၾကာင္းလုံးဝမသိခဲ့ပါဘူး။ ဒီလူဟာ သူ႔ရဲ့ဖိနပ္ကိုေတာင္ အိမ္ေရွ႕မွာခၽြတ္ထားပါေသးတယ္။ အိမ္ပိုင္ရွင္အမ်ိဳးသမီးရဲ့ သားေရာက္လာမွ ဒါကိုသတိထားမိၿပီးရဲေတြကိုအေၾကာင္းၾကားကာဖမ္းဆီးခိုင္းခဲ့တာပဲျဖစ္ပါတယ္။ ဒီေတာ့ ကိုယ့္အိမ္ထဲကို ခိုးဝင္ၿပီး ဝင္ေနေရာက္ေနတဲ့သူရွိရင္ဘယ္လိုသိနိုင္ေအာင္ဘယ္လိုလုပ္ရမလဲ ။
၁- အိမ္ေရွ႕တံခါးမွာ အပ္ခ်ည္ႀကိဳးနဲ႔တန္းထားပါ ။
တံခါးဖြင့္လိုက္တာနဲ႔ ဒီအပ္ခ်ည္ႀကိဳးကျပတ္သြားမွာျဖစ္တဲ့အတြက္ တစ္ေယာက္ေယာက္ခိုးဝင္ေနၿပီဆိုရင္ လုံးဝသိသာလြန္းေနမွာပါ ။
Death Note ထဲကလိုမ်ိဳး ပီေကနဲ႔ကပ္ထားခဲ့လည္း ရပါတယ္။
၂- တံခါးေနာက္မွာ ပုတီးေစ့ေတြထည့္ထားတဲ့ခြက္ေလးခ်ထားပါ။
တံခါးကိုတြန္းဖြင့္လိုက္တဲ့အခါ ပုတီးေစ့ေတြအားလုံး ၾကမ္းျပင္ေပၚျပန႔္ၾကဲသြားမွာျဖစ္တဲ့အတြက္ သင္အိမ္ျပန္လာတဲ့အခါ တစ္ေယာက္ေယာက္အိမ္ထဲခိုးေနခဲ့ရင္ သိနိုင္ပါလိမ့္မယ္။

၃- ေျခသုတ္ခုံေအာက္မွာ ကြတ္ကီးတစ္ခုထားထားပါ။
တစ္စုံတစ္ေယာက္က အိမ္ထဲဝင္လာခဲ့ရင္ ေျခသုတ္ခုံကို နင္းမွာပါပဲ ။ဒီေတာ့ သူေတာင္မသိလိုက္ပဲနဲ႔ ေျခသုတ္ခုံေအာက္က ကြတ္ကီးက ေၾကမြသြားပါလိမ့္မယ္။ အိမ္ေရာက္တဲ့အခါ ေျခသုတ္ခုံေအာက္က ကြတ္ကီးေၾကမြေနတာေတြ႕ရရင္ေတာ့ သင့္အိမ္ကိုတစ္ေယာက္ေယာက္ေဖာက္သြားၿပီဆိုတာ သိလိုက္ပါေတာ့ ။

၄- အျပင္မထြက္ခင္ အိမ္မွာရွိတဲ့ အသုံးအေဆာင္ေလးေတြကိုဓါတ္ပုံရိုက္ထားပါ။
တကယ္လို႔ အိမ္ျပန္လာတဲ့အခါ ဓါတ္ပုံရိုက္ထားခဲ့တဲ့ အတိုင္း ရွိမေနဘူးဆိုရင္ေတာ့ သင့္အိမ္ထဲကိုတစ္ေယာက္ေယာက္ခိုးဝင္ေနပါၿပီ။
၅ – အသံဖမ္းစက္တပ္ဆင္ထားပါ။
တကယ္လို႔သင့္ဆီမွာမသုံးတဲ့ဖုန္းအေဟာင္းတစ္လုံးရွိေနခဲ့ရင္ အသံဖမ္းစက္ဖြင့္ၿပီးေတာ့ တစ္ေနရာမွာဖြက္ထားခဲ့ပါ။ အိမ္ထဲကို တစ္ေယာက္ေယာက္ဝင္လာခဲ့ရင္ေတာ့ သင့္ဖုန္းကဖမ္းထားတဲ့ ခိုးဝင္တဲ့သူ ပစၥည္းေတြေရႊ႕ေနတဲ့အသံေတြဖမ္းထားပါလိမ့္မယ္။

၆- တံခါးအေနာက္ဘက္က ၾကမ္းျပင္မွာ ခရမ္းလြန္ေရာင္ျခည္နဲ႔ၾကည့္မွျမင္ရမယ့္ေဆးသုတ္ထားပါ။
တကယ္လို႔တစ္ေယာက္ေယာက္သင့္အိမ္ထဲဝင္လာခဲ့ရင္ေတာ့ေဆးသုတ္ထားတဲ့ေနရာမွာ ေျခရာေတြေတြ႕ရပါလိမ့္မယ္။

၇- ေျခသုတ္ခုံေပၚမွာ ေရတစ္ခြက္တင္ၿပီး တံခါးေနာက္မွာထားထားပါ။
ခိုးဝင္သူက တံခါးကိုတြန္းလိုက္တဲ့အခါမွာ ေရခြက္ကေမွာက္သြားၿပီး ေျခသုတ္ခုံကိုစိုသြားေစပါလိမ့္မယ္။ သင္ျပန္လာတဲ့အခါ ေျခသုတ္ခုံစိုေနရင္ေတာ့ အဖိုးတန္ပစၥည္းေတြကို သြားစစ္ၾကည့္ပါေတာ့ ။
၈- ကေလးေစာင့္ၾကည့္စနစ္တပ္ဆင္ထားပါ။
Hidden ကင္မရာတစ္ခုတပ္ဆင္ဖို႔ဆိုတာ အေတာ္ေလးကုန္က်စရိတ္မ်ားပါတယ္။ ဒါေပမယ့္ ကေလးေစာင့္ၾကည့္စနစ္ေတြကေတာ့ သိပ္ၿပီး ေစ်းမရွိပါဘူး။ဒီေတာ့ သင့္အိမ္ဧည့္ခန္းထဲမွာ ဒီဟာေလးထားထားမယ္ဆိုရင္ တစ္ေယာက္ေယာက္အိမ္ထဲဝင္လာတာနဲ႔ သင့္ဖုန္းကိုလွမ္းအေၾကာင္းၾကားေပးပါလိမ့္မယ္။
Writer – Min Thu ( XYZ News )

 =========================================================

 ကိုယ့်မရှိတုန်း အိမ်ထဲကို တစ်ယောက်ယောက်ခိုးပြီး ဝင်ရောက်ခဲ့တယ်ဆုုိတာ သိရှိနုုိင်မယ့် နည်းလမ်းများ
Unicode ဖြင့်ဖတ်ရန် ဒီနှစ်ထဲမှာ ဂျပန်နိုင်ငံမှာ သူများအိမ်အပေါ်ထပ်မှာ ၆ လလောက် ခိုးဝင်နေထိုင်ခဲ့သူတစ်ယောက်ကို ရဲတွေဖမ်းဆီးခဲ့ရဖူးပါတယ်။ အိမ်ပိုင်ရှင် အသက် ၉၀ အရွယ်အမျိုးသမီးဟာ ဒီလူအပေါ်ထပ်မှာနေနေကြောင်းလုံးဝမသိခဲ့ပါဘူး။ ဒီလူဟာ သူ့ရဲ့ဖိနပ်ကိုတောင် အိမ်ရှေ့မှာချွတ်ထားပါသေးတယ်။ အိမ်ပိုင်ရှင်အမျိုးသမီးရဲ့ သားရောက်လာမှ ဒါကိုသတိထားမိပြီးရဲတွေကိုအကြောင်းကြားကာဖမ်းဆီးခိုင်းခဲ့တာပဲဖြစ်ပါတယ်။ ဒီတော့ ကိုယ့်အိမ်ထဲကို ခိုးဝင်ပြီး ဝင်နေရောက်နေတဲ့သူရှိရင်ဘယ်လိုသိနိုင်အောင်ဘယ်လိုလုပ်ရမလဲ ။

၁- အိမ်ရှေ့တံခါးမှာ အပ်ချည်ကြိုးနဲ့တန်းထားပါ ။
တံခါးဖွင့်လိုက်တာနဲ့ ဒီအပ်ချည်ကြိုးကပြတ်သွားမှာဖြစ်တဲ့အတွက် တစ်ယောက်ယောက်ခိုးဝင်နေပြီဆိုရင် လုံးဝသိသာလွန်းနေမှာပါ ။
Death Note ထဲကလိုမျိုး ပီကေနဲ့ကပ်ထားခဲ့လည်း ရပါတယ်။

၂- တံခါးနောက်မှာ ပုတီးစေ့တွေထည့်ထားတဲ့ခွက်လေးချထားပါ။
တံခါးကိုတွန်းဖွင့်လိုက်တဲ့အခါ ပုတီးစေ့တွေအားလုံး ကြမ်းပြင်ပေါ်ပြန့်ကြဲသွားမှာဖြစ်တဲ့အတွက် သင်အိမ်ပြန်လာတဲ့အခါ တစ်ယောက်ယောက်အိမ်ထဲခိုးနေခဲ့ရင် သိနိုင်ပါလိမ့်မယ်။

၃- ခြေသုတ်ခုံအောက်မှာ ကွတ်ကီးတစ်ခုထားထားပါ။
တစ်စုံတစ်ယောက်က အိမ်ထဲဝင်လာခဲ့ရင် ခြေသုတ်ခုံကို နင်းမှာပါပဲ ။ဒီတော့ သူတောင်မသိလိုက်ပဲနဲ့ ခြေသုတ်ခုံအောက်က ကွတ်ကီးက ကြေမွသွားပါလိမ့်မယ်။ အိမ်ရောက်တဲ့အခါ ခြေသုတ်ခုံအောက်က ကွတ်ကီးကြေမွနေတာတွေ့ရရင်တော့ သင့်အိမ်ကိုတစ်ယောက်ယောက်ဖောက်သွားပြီဆိုတာ သိလိုက်ပါတော့ ။

၄- အပြင်မထွက်ခင် အိမ်မှာရှိတဲ့ အသုံးအဆောင်လေးတွေကိုဓါတ်ပုံရိုက်ထားပါ။
တကယ်လို့ အိမ်ပြန်လာတဲ့အခါ ဓါတ်ပုံရိုက်ထားခဲ့တဲ့ အတိုင်း ရှိမနေဘူးဆိုရင်တော့ သင့်အိမ်ထဲကိုတစ်ယောက်ယောက်ခိုးဝင်နေပါပြီ။
၅ – အသံဖမ်းစက်တပ်ဆင်ထားပါ။
တကယ်လို့သင့်ဆီမှာမသုံးတဲ့ဖုန်းအဟောင်းတစ်လုံးရှိနေခဲ့ရင် အသံဖမ်းစက်ဖွင့်ပြီးတော့ တစ်နေရာမှာဖွက်ထားခဲ့ပါ။ အိမ်ထဲကို တစ်ယောက်ယောက်ဝင်လာခဲ့ရင်တော့ သင့်ဖုန်းကဖမ်းထားတဲ့ ခိုးဝင်တဲ့သူ ပစ္စည်းတွေရွှေ့နေတဲ့အသံတွေဖမ်းထားပါလိမ့်မယ်။

၆- တံခါးအနောက်ဘက်က ကြမ်းပြင်မှာ ခရမ်းလွန်ရောင်ခြည်နဲ့ကြည့်မှမြင်ရမယ့်ဆေးသုတ်ထားပါ။
တကယ်လို့တစ်ယောက်ယောက်သင့်အိမ်ထဲဝင်လာခဲ့ရင်တော့ဆေးသုတ်ထားတဲ့နေရာမှာ ခြေရာတွေတွေ့ရပါလိမ့်မယ်။

၇- ခြေသုတ်ခုံပေါ်မှာ ရေတစ်ခွက်တင်ပြီး တံခါးနောက်မှာထားထားပါ။
ခိုးဝင်သူက တံခါးကိုတွန်းလိုက်တဲ့အခါမှာ ရေခွက်ကမှောက်သွားပြီး ခြေသုတ်ခုံကိုစိုသွားစေပါလိမ့်မယ်။ သင်ပြန်လာတဲ့အခါ ခြေသုတ်ခုံစိုနေရင်တော့ အဖိုးတန်ပစ္စည်းတွေကို သွားစစ်ကြည့်ပါတော့ ။
၈- ကလေးစောင့်ကြည့်စနစ်တပ်ဆင်ထားပါ။
Hidden ကင်မရာတစ်ခုတပ်ဆင်ဖို့ဆိုတာ အတော်လေးကုန်ကျစရိတ်များပါတယ်။ ဒါပေမယ့် ကလေးစောင့်ကြည့်စနစ်တွေကတော့ သိပ်ပြီး စျေးမရှိပါဘူး။ဒီတော့ သင့်အိမ်ဧည့်ခန်းထဲမှာ ဒီဟာလေးထားထားမယ်ဆိုရင် တစ်ယောက်ယောက်အိမ်ထဲဝင်လာတာနဲ့ သင့်ဖုန်းကိုလှမ်းအကြောင်းကြားပေးပါလိမ့်မယ်။
 Writer – Min Thu ( XYZ News )






အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

ကိုယ့္မရွိတုန္း အိမ္ထဲကို တစ္ေယာက္ေယာက္ခိုးၿပီး ဝင္ေရာက္ခဲ့တယ္ဆုုိတာ သိရွိႏုုိင္မယ့္ နည္းလမ္းမ်ား Reviewed by ညီလတ္ထြန္း(နည္းပညာ) on 5:35 AM Rating: 5 Zawgyi ျဖင့္ဖတ္ရန္ ဒီႏွစ္ထဲမွာ ဂ်ပန္နိုင္ငံမွာ သူမ်ားအိမ္အေပၚထပ္မွာ ၆ လေလာက္ ခိုးဝင္ေနထိုင္ခဲ့သူတစ္ေယာက္ကို ရဲေတြဖမ္းဆီးခဲ့ရဖူးပါတယ္။ အိမ...

No comments: