သင့္ကားကုိ ကားသူခိုးေတြရန္က ကင္းေဝးေစမယ့္နည္းလမ္းေလးမ်ား - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

သင့္ကားကုိ ကားသူခိုးေတြရန္က ကင္းေဝးေစမယ့္နည္းလမ္းေလးမ်ား

အခုေနာက္ပုိင္း ကားေတြမ်ားလာတဲ့အမွ် ကားသူခိုးေတြလည္းမ်ားလာပါတယ္။GPS ေျခရာခံစနစ္ေတြ ၊ စတီယာ Lock စနစ္ေတြနဲ႕ အျခား သူခိုးကာကြယ္ေရးစနစ္ေတြရွိေနေပမယ့္လည္း ကားတုိင္းမွာေတာ့ ဒီနည္းစနစ္ေတြတပ္ဆင္ထားျခင္းမရွိပါဘူး။ ဒီေတာ့ ကုိယ့္ကားကုိကုိယ္ သူခိုးရန္က ဘယ္လိုမ်ိဳးကာကြယ္ၾကမလဲ။

၁- ေလကာမွန္ ၊ ဘက္မွန္ နဲ႕ တံခါးေတြမွာ ID နံပတ္ ထည့္သြင္းထားပါ။
ဒီနည္းလမ္းဟာ အကုန္အက် မမ်ားလြန္းတဲ့အျပင္ ခိုးခံလုိက္ရျပီဆုိရင္ ဒီနံပတ္ေတြကို ဖယ္ရွားဖို႕ ခိုးသူက ၾကိဳးစားပါလိမ့္မယ္။ဒါဟာ သူခိုးကုိဖမ္းဆီးႏိုင္ ဖုိ႕အလြယ္ကူဆံုးနည္းလမ္းတစ္ခုျဖစ္တဲ့အျပင္ မမိခဲ့ရင္ေတာင္ မွန္ေတြ တံခါးေတြလဲရမွာျဖစ္တဲ့အတြက္ သူခိုးအတြက္လည္း အက်ိဳးအျမတ္မ်ားစြာနစ္နာပါလိမ့္မယ္။

၂- Baby Monitor
ကေလးေစာင့္ၾကည့္စနစ္တစ္ခု ကားထဲမွာတပ္ဆင္ထားျခင္းကလည္း သူခိုးရန္က ထိထိေရာက္ေရာက္ကာကြယ္ႏုိင္ပါတယ္။
ဘာေၾကာင့္လည္းဆိုေတာ့ ကားထဲမွာ လႈပ္ရွားမႈတစ္ခု ၊ အသံတစ္ခုထြက္လာတာနဲ႕ ပိုင္ရွင္ကုိအခ်က္ေပးမွာျဖစ္တဲ့အတြက္ေၾကာင့္ပါပဲ။
ထုိ႕အျပင္ ကားဟြန္းနဲ႕ခ်ိတ္ဆက္ထားတဲ့ စနစ္တစ္ခုတပ္ဆင္ထားမယ္ဆုိရင္လည္း သူခိုးကိုလန္႕ျဖန္႕ထြက္ေျပးသြားေစႏုိင္ပါတယ္။

၃- ကားထဲမွာ ဖုန္းအေဟာင္းတစ္လံုးထားပါ။
Google ကေထာက္ပံ့ေပးထားတဲ့ Find My Device ဆိုတဲ့ဖန္ရွင္ပါဝင္တဲ့ဖုန္းအေဟာင္းတစ္လံုးကားထဲမွာထားထားပါ။
တကယ္လုိ႕ သင့္ကားအခုိးခံခဲ့ရရင္ေတာင္ ဒီဖုန္းရဲ႕တည္ေနရာကိုရွာတဲ့စနစ္ကတစ္ဆင့္သင့္ကားကိုျပန္ရွာႏုိင္ပါလိမ့္မယ္။

၄- ကားပါကင္ထုိးတဲ့အခါ ကားဘီးကို ေစာင္းထားပါ။
ကားခိုးတဲ့သူဟာ ကားစက္ႏွိဳးျပီး ေနာက္ျပန္ဆုတ္တဲ့အခါ အခက္အခဲေတြ႕ျပီးထြက္မရျဖစ္ပါလိမ့္မယ္။

၅- ကားေသာ့ကုိ အလူမီနီယံျပားနဲ႕ပတ္ထားပါ။
ကားခိုးတဲ့သူေတြဟာ ကားရီမုက ထုတ္လႊတ္ေပးတဲ့ ေရဒီယိုလိႈင္းကိုဖမ္းယူျပီး အဲ့ဒီလိႈင္းကိုတစ္ဆင့္ျပန္လည္ထုတ္လႊင့္ျပီး ကားကုိခိုးယူေလ့ရွိပါတယ္။ ဒီေတာ့ ကိုယ့္ကားရီမုက ေရဒီယိုလိႈင္းကို အေဝးၾကီးကဖမ္းယူလုိ႕မရႏိုင္ေအာင္ အလူမီနီယံျပားနဲ႕ပတ္ထားလုိက္ပါ။

၆- ေနာက္ထပ္ကားသူခိုးေတြရဲ႕နည္းလမ္းကေတာ့ ကားအေနာက္ကေနဝင္တိုက္ျခင္းပါပဲ။
ရုတ္တရက္ကိုယ့္ကားေနာက္ျမွီးကိုဝင္ေဆာင့္လာတဲ့ကားတစ္စီးရွိလာတဲ့အခါ ကားထဲကလံုးဝမထြက္ပါနဲ႕။
ကားထဲမွာပဲ တံခါးေသာ့ပိတ္ေနျပီး ရဲေခၚပါ။ ကားထဲကထြက္ျပီး ေနာက္ကကားကိုျပႆနာသြားရွာေနရင္ေတာ့ အသင့္ေစာင္ေနတဲ့သူက သင့္ကားထဲဝင္ျပီးေမာင္းေျပးသြားပါလိမ့္မယ္။

၇- ေနာက္ဆံုးအခ်က္ကေတာ့ ကုိယ္ကိုယ္တုိင္နေမာ္နမဲ့ႏုိင္တာမ်ိဳးမရွိေစဖို႕ပါပဲ။
ကားေသာ့တန္းလန္း ထားခဲ့တာမ်ိဳး ၊ ညအခ်ိန္မေတာ္ တစ္ေယာက္ထဲ ကားေမာင္းထြက္တာမ်ိဳး မျပဳလုပ္သင့္ပါဘူး။
လမ္းေပၚမွာ ကားတစ္စီးမွမရွိတဲ့အခ်ိန္မ်ိဳးမွာ လမ္းလယ္ေခါင္က တက္ေမာင္းပါ။
မသကၤာသူတစ္ေယာက္ျမင္ကြင္းထဲမွာေတြ႕ခဲ့ရင္ အဲ့ဒီေနရာက အသားကုန္ေမာင္းေျပးပါ။
လူစိမ္းေတြကိုလမ္းၾကံဳမတင္ပါနဲ႕ ။ အေကာင္းဆံုးနည္းလမ္းကေတာ့ သင့္ကားမွာ GPS ေျခရာခံစနစ္တစ္ခုတပ္ထားဖုိ႕ပါပဲ။
ဒီစနစ္ကိုေထာက္ပံ့ေပးထားတဲ့ ကုမၸ႑ီေတြဟာ သင့္ကားကုိ ၂၄ နာရီအတြင္းျပန္ရွာေပးပါလိမ့္မယ္။
Writer- Min Thu (Daily Hot News)

အခုနောက်ပိုင်း ကားတွေများလာတဲ့အမျှ ကားသူခိုးတွေလည်းများလာပါတယ်။GPS ခြေရာခံစနစ်တွေ ၊ စတီယာ Lock စနစ်တွေနဲ့ အခြား သူခိုးကာကွယ်ရေးစနစ်တွေရှိနေပေမယ့်လည်း ကားတိုင်းမှာတော့ ဒီနည်းစနစ်တွေတပ်ဆင်ထားခြင်းမရှိပါဘူး။ ဒီတော့ ကိုယ့်ကားကိုကိုယ် သူခိုးရန်က ဘယ်လိုမျိုးကာကွယ်ကြမလဲ။

၁- လေကာမှန် ၊ ဘက်မှန် နဲ့ တံခါးတွေမှာ ID နံပတ် ထည့်သွင်းထားပါ။
ဒီနည်းလမ်းဟာ အကုန်အကျ မများလွန်းတဲ့အပြင် ခိုးခံလိုက်ရပြီဆိုရင် ဒီနံပတ်တွေကို ဖယ်ရှားဖို့ ခိုးသူက ကြိုးစားပါလိမ့်မယ်။ဒါဟာ သူခိုးကိုဖမ်းဆီးနိုင် ဖို့အလွယ်ကူဆုံးနည်းလမ်းတစ်ခုဖြစ်တဲ့အပြင် မမိခဲ့ရင်တောင် မှန်တွေ တံခါးတွေလဲရမှာဖြစ်တဲ့အတွက် သူခိုးအတွက်လည်း အကျိုးအမြတ်များစွာနစ်နာပါလိမ့်မယ်။

၂- Baby Monitor
ကလေးစောင့်ကြည့်စနစ်တစ်ခု ကားထဲမှာတပ်ဆင်ထားခြင်းကလည်း သူခိုးရန်က ထိထိရောက်ရောက်ကာကွယ်နိုင်ပါတယ်။
ဘာကြောင့်လည်းဆိုတော့ ကားထဲမှာ လှုပ်ရှားမှုတစ်ခု ၊ အသံတစ်ခုထွက်လာတာနဲ့ ပိုင်ရှင်ကိုအချက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ပါပဲ။
ထို့အပြင် ကားဟွန်းနဲ့ချိတ်ဆက်ထားတဲ့ စနစ်တစ်ခုတပ်ဆင်ထားမယ်ဆိုရင်လည်း သူခိုးကိုလန့်ဖြန့်ထွက်ပြေးသွားစေနိုင်ပါတယ်။
၃- ကားထဲမှာ ဖုန်းအဟောင်းတစ်လုံးထားပါ။
Google ကထောက်ပံ့ပေးထားတဲ့ Find My Device ဆိုတဲ့ဖန်ရှင်ပါဝင်တဲ့ဖုန်းအဟောင်းတစ်လုံးကားထဲမှာထားထားပါ။
တကယ်လို့ သင့်ကားအခိုးခံခဲ့ရရင်တောင် ဒီဖုန်းရဲ့တည်နေရာကိုရှာတဲ့စနစ်ကတစ်ဆင့်သင့်ကားကိုပြန်ရှာနိုင်ပါလိမ့်မယ်။
၄- ကားပါကင်ထိုးတဲ့အခါ ကားဘီးကို စောင်းထားပါ။
ကားခိုးတဲ့သူဟာ ကားစက်နှိုးပြီး နောက်ပြန်ဆုတ်တဲ့အခါ အခက်အခဲတွေ့ပြီးထွက်မရဖြစ်ပါလိမ့်မယ်။
၅- ကားသော့ကို အလူမီနီယံပြားနဲ့ပတ်ထားပါ။
ကားခိုးတဲ့သူတွေဟာ ကားရီမုက ထုတ်လွှတ်ပေးတဲ့ ရေဒီယိုလှိုင်းကိုဖမ်းယူပြီး အဲ့ဒီလှိုင်းကိုတစ်ဆင့်ပြန်လည်ထုတ်လွှင့်ပြီး ကားကိုခိုးယူလေ့ရှိပါတယ်။ ဒီတော့ ကိုယ့်ကားရီမုက ရေဒီယိုလှိုင်းကို အဝေးကြီးကဖမ်းယူလို့မရနိုင်အောင် အလူမီနီယံပြားနဲ့ပတ်ထားလိုက်ပါ။
၆- နောက်ထပ်ကားသူခိုးတွေရဲ့နည်းလမ်းကတော့ ကားအနောက်ကနေဝင်တိုက်ခြင်းပါပဲ။
ရုတ်တရက်ကိုယ့်ကားနောက်မြှီးကိုဝင်ဆောင့်လာတဲ့ကားတစ်စီးရှိလာတဲ့အခါ ကားထဲကလုံးဝမထွက်ပါနဲ့။
ကားထဲမှာပဲ တံခါးသော့ပိတ်နေပြီး ရဲခေါ်ပါ။ ကားထဲကထွက်ပြီး နောက်ကကားကိုပြဿနာသွားရှာနေရင်တော့ အသင့်စောင်နေတဲ့သူက သင့်ကားထဲဝင်ပြီးမောင်းပြေးသွားပါလိမ့်မယ်။
၇- နောက်ဆုံးအချက်ကတော့ ကိုယ်ကိုယ်တိုင်နမော်နမဲ့နိုင်တာမျိုးမရှိစေဖို့ပါပဲ။
ကားသော့တန်းလန်း ထားခဲ့တာမျိုး ၊ ညအချိန်မတော် တစ်ယောက်ထဲ ကားမောင်းထွက်တာမျိုး မပြုလုပ်သင့်ပါဘူး။
လမ်းပေါ်မှာ ကားတစ်စီးမှမရှိတဲ့အချိန်မျိုးမှာ လမ်းလယ်ခေါင်က တက်မောင်းပါ။
မသင်္ကာသူတစ်ယောက်မြင်ကွင်းထဲမှာတွေ့ခဲ့ရင် အဲ့ဒီနေရာက အသားကုန်မောင်းပြေးပါ။
လူစိမ်းတွေကိုလမ်းကြုံမတင်ပါနဲ့ ။ အကောင်းဆုံးနည်းလမ်းကတော့ သင့်ကားမှာ GPS ခြေရာခံစနစ်တစ်ခုတပ်ထားဖို့ပါပဲ။
ဒီစနစ်ကိုထောက်ပံ့ပေးထားတဲ့ ကုမ္ပဏ္ဍီတွေဟာ သင့်ကားကို ၂၄ နာရီအတွင်းပြန်ရှာပေးပါလိမ့်မယ်။
Writer- Min Thu (Daily Hot News)


အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

သင့္ကားကုိ ကားသူခိုးေတြရန္က ကင္းေဝးေစမယ့္နည္းလမ္းေလးမ်ား Reviewed by ညီလတ္ထြန္း(နည္းပညာ) on 6:04 AM Rating: 5 အခုေနာက္ပုိင္း ကားေတြမ်ားလာတဲ့အမွ် ကားသူခိုးေတြလည္းမ်ားလာပါတယ္။GPS ေျခရာခံစနစ္ေတြ ၊ စတီယာ Lock စနစ္ေတြနဲ႕ အျခား သူခိုးကာကြယ္ေရးစနစ္ေတြ...

No comments: