Wifi အကြောင်းသိကောင်းစရာ - ညီလတ်ထွန်း(နည်းပညာ)
728x90 AdSpace
Trending
(၁) 3 Com
(၂) Aironet (Cisco)
(၄) Lucent (Agene)
(၅) Nokia နှင့်
Wireless Router
WiFi ၏ အားသာချက်များ
Credit to Writer
=============================================
Wifi အကြောင်းသိကောင်းစရာ
[Unicode]ဖတ်ရန် WiFi ဘာလဲ၊ ဘယ်လဲ ယခုအချိန်တွင် WiFi မှာ အတော်ပင် အသံကျယ် လောင်ကာ ပြည်တွင်း၌ပင် တွင်ကျယ်လာပြီဖြစ်သည် ကို မြင်တွေ့ရသည်။ ထို့ကြောင့် WiFi နှင့် ပတ်သက်သော အချက်အလက်များကို လေ့လာသိရှိစေရန် ရည်သန်၍ WiFi နှင့် ပတ် သက်သည့် အချက်အလက်များ ပါရှိသော ယခုစာစုကို ရေးသားလိုက်ခြင်း ဖြစ်သည်။ WiFi ၏ အရှည်မှာ “Wireless Fidelity” ဖြစ်သည်။
၄င်း၏ မူလ ပိုင်ရှင်မှာWiFi Allance ဖြစ်ကာIEEE 802.11 ၏ Specification များတွင် အခြေခံထားသော WLAN တစ်ခုပင်ဖြစ်သည်။ WiFi ကို Mobile Computing များတွင် အဓိကထား အသုံးပြုကာ Laptop များတွင် Wireless LAN ချိတ်ခြင်း၌ ပို၍ အားသန် ပေသည်။ ယခုအခါတွင် Internet အပါအဝင် VOIP Phone Access များ Gamming Application များ TV | DVD များတွင်ပါ WiFi သုံး၍ ကြိုးအသုံးပြုခြင်းကို လျော့ချလာ နိုင်ပြီ ဖြစ်သည်။ နောက် ဆုံးတွေ့ရှိလာရသော အချက်အလက်များအရ WiFi ကို ကားများတွင်ပါ အသုံးပြုကာ Highway ၌ Mobile Commerce ရရှိနိုင်ရန်အတွက် ဟု ပင် ဆိုနေကြပြီ ဖြစ်သည်။
WiFi သမိုင်းကို လှည့်ကြည့်ခြင်း။
WiFi ၏ မူလပိုင်ရှင်မှာWiFi Allance ဖြစ်ကာWiFi Trade Mark ကို ပိုင်ဆိုင်သော စီး ပွားရေးအဖွဲ့အစည်း တစ်ခုဖြစ်သည်။ WiFi ဆိုသည်မှာ LAN ၏ နည်းပညာနှင့် Meth od များကို IEEE 802.11 ကို ရည်ညွှန်းခြင်းဖြစ် သည်။ WiFi Allance ကို ၁၉၉၉ တုန်းက(WECA) Wireless Ethernet Compatibility Alliance နာမည်ဖြင့် စခဲ့ သည်။ WECA ကို နောက်ပိုင်းတွင် WiFi Alliance ဟု နာမည် ပြောင်းလိုက်ခြင်းဖြစ်သည်။ WECA တွင် ပါ၀င်သူ များမှာ -
(၁) 3 Com
(၂) Aironet (Cisco)
(၃) Harris Semiconductor (Intersil)
(၄) Lucent (Agene)
(၅) Nokia နှင့်
(၆) Symbol Technologies တို့ ဖြစ်ကြသည်။
WiFi Alliance မှာ Austin နှင့် Teras တွင်ရှိသည်။
ကွန်ပျူတာ၊ တယ်လီဖုန်း၊ PDA စသော WiFi ပစ္စည်း များကို ကိုင်ဆောင်အသုံးပြုထား သူများသည် Access Point ရှိပါက Internet ကို ချိတ်ဆက်အသုံးပြုနိုင်မည် ဖြစ်သည်။ Access Point သည် တစ်ခုဖြစ်စေ၊ တစ်ခုထက် ပို၍ ဖြစ်စေ၊ ဖြစ်ပေါ်နေသော Region ကို Hot Spot ဟု ခေါ်သည်။ ၄င်း Hot Spot များလာခြင်းဖြင့် မိုင်ပေါင်း များစွာ ပမာဏထိ WiFi သုံးနိုင်သည်။
WiFi အလုပ်လုပ်ပုံ Wireless Network ရှိသော လေဆိပ်၊ စာကြည့် တိုက်၊ ကော်ဖီ ဆိုင်နှင့် ဟော်တယ်တို့တွင် WiFi ဖြင့် အင်တာနက် အသုံးပြု၍ရရှိမည် ဖြစ်သည်။
Wireless Network သည် ကုန်ကျစရိတ်သက်သာပြီး အလွယ်တကူ Setup လုပ်နိုင် သည်။ Wireless Network များတွင် Radio Wave ကိုသုံးထားကာ Cellphone| Television နှင့် ရေဒီယိုများကဲ့သို့ပင် ဖြစ်သည်။ Wireless Network များ ကို ဆက် သွယ်မှုပြုလုပ်သောအခါ Two Way Radio Communication နှင့် အတော်ပုံသဏ္ဌာန် တူပေသည်။ ကွန်ပျူတာ၏ Wireless Adapter သည် Data များကို Radio Signal အဖြစ်ပြောင်းလဲကာ အင်တာနက်ကို သုံးပြီး Transmit လုပ်နိုင်သည်။
၄င်းကို Wireless Router က လက်ခံရယူကာ Signal ကို Decode ပြန်လုပ်နိုင်သည်။ WiFi ဆက်သွယ်မှုတွင် အသုံးပြုသော Radio Wave သည် Walkie Talkie| Cell phone များတွင် သုံးသော Radio Wave နှင့် အလားသဏ္ဍာန်တူသည်။ ၄င်း Radio Wave များကို Transmit လုပ်နိုင်သလို Receive လည်း လုပ်နိုင်ပေသည်။ ထို့အပြင် Radio Wave များကို ဒီဂျစ်တယ် 1 နှင့် 0 အဖြစ် ပြောင်းလဲနိုင်သလို၊ ဒီဂျစ်တယ် 1 နှင့် 0 များကို Radio Wave အဖြစ်လည်း ပြောင်းလဲပေးနိုင်စွမ်း ရှိသည်။ သို့သော် WiFi Radio သည် Cellphone မှ Radioနှင့် သဏ္ဍာန် တူသော်လည်း ကွဲပြားမှုများရှိ နေသေးသည်။ ၄င်းတို့မှာ-
(၁) WiFi သည် Frequencies 2.4 GHZ (သို့) GHZ ဖြင့် Transmit လုပ်သည်။ ၄င်းသည် Cellphone | Walkie Talkie နှင့် Television တို့တွင်သုံးသော Frequency ထက် ပိုမြင့်ကာ Data ပမာဏများများကို သယ်ယူနိုင်သည်။
(၂) WiFi သည် 802.11 Networking စံကို အသုံး ပြုသည်။
(၃) WiFi သည် 802.11b, 802.11g, 80211a တို့ ဖြင့် Transmit လုပ်နိုင်ကာ၊ Interference ကို လျောချပေး နိုင်ပြီး၊ Wireless connection ကို တစ်ပြိုင်တည်း အသုံးပြု နေသော မတူညီသည့်ပစ္စည်းများအတွက် အဆင်ပြေစေ နိုင်ပါသည်။
WiFi ပစ္စည်းကိရိယာများ WiFi ပစ္စည်းများကို အောက်ပါအတိုင်း လေ့လာသိရှိနိုင် ပါ သည်။
WAP (Wireless Access Point)
Wireless Access Point သည် Wireless Station အုပ်စုများကို ချိတ်ဆက်ထားကာ နီးရာ Wire ဖြင့် ချိတ်ဆက်ထားသော LAN များကို ဆက်သွယ်နိုင်ပါသည်။ မိမိ တွင် ရှိပြီးသား ကွန်ပျူတာအချို့နှင့် ကွန်ယက်တစ်ခု ရှိခဲ့ရင် WAP လုပ်နိုင်မှာ ဖြစ်သည်။ Access Point ဆိုသည်မှာ Ethernet Hub နှင့် ဆင်တူပေသည်။
Wireless Router
Wireless Router Cable Modem (သို့) DSL တို့ဖြင့် ချိတ်ဆက်ကာ WiFi ပစ္စည်း များ ဖြစ်သည့် PDA နှင့် Laptop တို့ဖြင့် ချိတ်ဆက်နိုင်သည်။ Wireless Router သည် Wireless Access Point ဖြစ်ပြီး Ethernet Hub နှင့်် ဆက်သွယ်နိုင်သည်။ ထို့အပြင် Wireless Router သည် IP Packets များကို Wireless Subnet နှင့် အခြားသော Subnet များကြားသို့ ပေးပို့နိုင်ပါသည်။
Wireless Ethernet Bridge
Wireless Ethernet Bridge သည် မတူညီသော Network (၂) ကို အလွယ်တကူ ချိတ်ဆက်ပေးနိုင်မှာ ဖြစ်ပါသည်။
WiFi နှင့် Operation System
Microsoft Window XP သည် WiFi ကို ကောင်းစွာ Support လုပ်ပေးနိုင်စွမ်းရှိ သော် လည်း WAP2 ကိုတော့ Support ကို လုပ်ပေးနိုင်မှု မရှိချေ။
Microsoft Window Vista မှာ XP ထက် WiFi ကိုပို Support လုပ်ပေးကာ Network အလိုအလျောက် ချိတ်ဆက်နိုင်သည်။
Mac OSX သည်လည်း WiFi နှင့် WPA 2 ကိုလည်း Support လုပ်ပေးနိုင်သည်။
Linux သည် WiFi Card အတော်များများကို ထောက်ပံ့မှု ပြုလုပ်ပေးနိုင်ပါသည်။
WiFi ၏ အားသာချက်များ
WiFi ၏ ကောင်းကျိုးကြောင့် LAN များကို ကြိုး မပါပဲ တပ်ဆင်ပေးနိုင်ပါသည်။ ယခုဆို လျှင် WiFi Product များကို စျေးသက်သာ စွာဖြင့် စျေးကွက်တွင် ကျယ်ပြန့်စွာရရှိ နေ ပြီဖြစ်သည်။ WiFi ၏ အားသာချက်ကြောင့် ကျောင်းများ၊ ရုံးများ တွင် အချိန်မရွေး အင်တာနက်သုံးနိုင်ပြီး၊ လူများ အလွယ် တကူ ဆက်သွယ်နိုင်ပြီ ဖြစ်သည်။ WiFi မှာ အပြန့်ကျယ်လာသည်နှင့်အမျှ Public Hot Spots ပေါင်း ၂၅၀၀၀၀ ကျော်ရှိပြီး သန်းနှင့်ချီသော အိမ် သုံး၊ ရုံးသုံး User များ ကမ္ဘာအနှံ့ရှိနေပြီ ဖြစ်သည်။
WiFi ၏ အားနည်းချက်များ
5 GHz နှင့် အလုပ်လုပ်သော 802.11 a မှလွဲ၍ 2.4 GHz အသုံးပြုထားသော WiFi များ သည် တိကျသော Frequency မဟုတ်၍ နေရာအလိုက်အနည်းငယ်ကွဲပြား နေတတ် ကာ၊ တည်ငြိမ်မှုနည်းသည်။ WiFi သည် တခြားသောပစ္စည်းများနှင့်စာလျှင် Power အ သုံးပြုမှုများသောကြောင့် Battery မြန်မြန် ကုန်နိုင်သည်။ Wireless Network Range မှာ အတိုင်းအတာ ကန့် သတ်ချက်ရှိကာ အိမ်အတွင်း ပေ ၁၅၀ (၄၅)မီတာနှင့် အမြင့်ပေ ၃၀၀ (မီတာ ၉၀) ထိသာ သုံးနိုင်မှာ ဖြစ်သည်။
Credit to Writer
အားလုံးကိုခင်မင်လျှက်
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com
Wifi အကြောင်းသိကောင်းစရာ Reviewed by ညီလတ်ထွန်း(နည်းပညာ) on 3:53 AM Rating: 5 [Zawgyi] ဖြင့်ဖတ်ရန် WiFi ဘာလဲ၊ ဘယ်လဲ ယခုအချိန်တွင် WiFi မှာ အတော်ပင် အသံကျယ် လောင်ကာ ပြည်တွင်း၌ပင် တွင်ကျယ်လာပြီဖြစ်သည် ကို မြင်တွေ့ရသည...
No comments: