WiFi လိုင္းကို ေႏွာင့္ေႏွးေစတဲ့ အိမ္သုံးပစၥည္း (8) မ်ိဳး - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

WiFi လိုင္းကို ေႏွာင့္ေႏွးေစတဲ့ အိမ္သုံးပစၥည္း (8) မ်ိဳး

[Zawgyi] ၿဖင္႔ဖတ္ရန္ အင္တာနက္ လိုင္းေကာင္းတဲ့အခါ ေပ်ာ္တဲ့အေပ်ာ္က တျခားအေပ်ာ္ေတြနဲ႔ မတူပါဘူး ။ အင္တာနက္ လိုင္းမေကာင္းရင္လည္း ေတာ္ေတာ္ စိတ္အေႏွာင့္အယွက္ ျဖစ္ပါတယ္ ။ WiFi လိုင္းမေကာင္းတာက တစ္ခါတေလ operator နဲ႔ သက္ဆိုင္သလို တစ္ခါတေလက်ေတာ့လည္း အိမ္သုံး ပစၥည္းေတြနဲ႔ သက္ဆိုင္ေနပါတယ္ ။
1. သတၱဳမ်က္ႏွာျပင္ႏွင့္ သတၱဳႏွင့္ ျပဳလုပ္ထားေသာ ပစၥည္းမ်ား

သတၳဳေတြက လွ်ပ္ကူးပစၥည္း ျဖစ္ၿပီး လွ်ပ္စစ္ဓာတ္ကို စုပ္ယူပါတယ္ ။ WiFi က လွ်ပ္စစ္သံလိုက္လႈိင္းကို ထုတ္လႊတ္တဲ့အတြက္ သတၳဳမ်က္ႏွာျပင္ ဒါမွမဟုတ္ သတၳဳပစၥည္းနဲ႔ျပဳလုပ္ထားတဲ့ ပရိေဘာဂ ပစၥည္းေတြက လွ်ပ္စစ္သံလိုက္ လႈိင္းေတြကို ဟန႔္တားေနမွာပါ ။ အဲဒါေၾကာင့္ WiFi စက္ကို သတၳဳပစၥည္းေတြနဲ႔ ေဝးရာမွာ ထားသင့္ပါတယ္ ။
2. အုတ္နံရံ ၊ ေက်ာက္နံရံ

တခ်ိဳ႕နံရံ အမ်ိဳးအစားေတြက WiFi ကို လိုင္းမေကာင္းေစပါဘူး ။ စက်င္ေက်ာက္ ၊ ဘိလပ္ေျမ ၊ ကြန္ကရစ္ ၊ အဂၤေတနဲ႔ အုတ္ေတြက WiFi လိုင္းကို ျပတ္ေတာင္း ျပတ္ေတာင္းျဖစ္ေစပါတယ္ ။ ႏွစ္ထပ္ အိမ္ေတြမွာဆိုရင္ တစ္ထပ္က လိုင္းမေကာင္းတတ္ပါဘူး ။ အဲဒါေၾကာင့္ WiFi စက္ကို နံရံေတြနဲ႔ ေဝးရာမွာ ထားသင့္ပါတယ္ ။
3. မွန္

မွန္က ပုံရိပ္ေတြကို ထင္ဟပ္ေစသလို WiFi ရဲ႕ လွ်ပ္စစ္ လႈိင္းေတြကိုလည္း ျပန္လည္ ထင္ဟပ္ေစပါတယ္ ။ မွန္က WiFi အတြက္ ဒိုင္းလို ျဖစ္ေနၿပီး အင္တာနက္လိုင္းကို ျပန္လွည့္ သြားေစပါတယ္ ။ မွန္နားမွာ WiFi စက္ကို ထားရင္ အင္တာနက္လိုင္း မၿငိမ္မသက္ျဖစ္ေနမွာပါ ။
4. ေရခဲေသတၱာႏွင့္ အဝတ္ေလွ်ာ္စက္

ေရက ႀကိဳးမဲ့ လႈိင္းေတြဆီက အခ်ိဳ႕ စြမ္းအင္ေတြကို စုပ္ယူတာေၾကာင့္ အင္တာနက္လိုင္းရဲ႕အရည္အေသြးကို ဆိုးဆိုးဝါးဝါး ထိခိုက္ေစပါတယ္ ။
5. ခရစ္စမတ္မီးသီး

အေရာင္စုံတဲ့ ခရစ္စမတ္ မီးသီးေတြက WiFi လိုင္းကို အားနည္းေစပါတယ္ ။ ခရစ္စမတ္မီးသီးေတြမွာ ပါဝင္တဲ့ chip ေတြက WiFi ရဲ႕ လွ်ပ္စစ္လႈိင္းေတြေပၚမွာ သက္ေရာက္မႈ ရွိပါတယ္ ။ ဒီဇင္ဘာလေရာက္ရင္ WiFi စက္ကို ခရစ္စမတ္သစ္ပင္နဲ႔ ေဝးေဝးမွာ ထားသင့္ပါတယ္ ။
6. ကြန္ျပဴတာေမာ္နီတာ

ကြန္ျပဴတေမာ္နီတာက 2.4GHz ကို ထုတ္လႊတ္ၿပီး WiFi ကလည္း 2.4GHz ကို ထုတ္လႊတ္ပါတယ္ ။ စက္ႏွစ္လုံးက တူညီတဲ့ လႈိင္းေတြကို တစ္ၿပိဳင္နက္တည္း ထုတ္လႊတ္တဲ့အခါ data ေတြ ပို႔ဖို႔အတြက္ လွ်ပ္စစ္လႈိင္းအစား ေလလႈိင္းကိုပဲ သုံးပါတယ္ ။ ကြန္ျပဴတာက အင္တာနက္လိုင္းကို လိုအပ္ေပမယ့္ WiFI ကို ကြန္ျပဴတာနဲ႔ အရမ္းနီးေအာင္ မထားသင့္ပါဘူး ။
7. Drone

Droneေတြကလည္း 2.4GHz ကို ထုတ္လႊတ္ပါတယ္ ။ ဒါေပမယ့္ model တစ္ခုနဲ႔တစ္ခုေတာ့ ထုတ္လႊတ္တဲ့ လႈိင္းခ်င္း မတူႏိုင္ပါဘူး ။ အနီးအနားမွာ drone လႊတ္ေနရင္လည္း WiFi လိုင္း ေကာင္းမွာ မဟုတ္ပါဘူး ။
8. Microwave မီးဖို

WiFI စက္က microwave မီးဖိုနားမွာ ရွိရင္ WiFi စက္ကို Microwave မီးဖိုထက္ ျမင့္တဲ့တစ္ေနရာကို ေ႐ႊ႕ထားလိုက္ပါ ။
WiFi လိုင္းေကာင္းဖို႔ဆိုရင္
1. WiFiစက္ကို အထက္က ေဖာ္ျပခဲ့တဲ့ ပစၥည္းေတြနဲ႔ ေဝးမယ့္ တစ္ေနရာမွာ ေျပာင္းထားပါ။
2. စက္ကို အၿမဲ update လုပ္ပါ ။
3. အရည္အေသြးေကာင္းတဲ့ antenna ကိုပဲ အသုံးျပဳပါ ။
4. မွန္းဆရခက္တဲ့ ၊ ခက္ခဲတဲ့ password ကို လုပ္ထားပါ ။
5. WiFi amplifier လို႔ ေခၚတဲ့ WiFi extender ကို သုံးပါ ။
6. WiFi နဲ႔ပတ္သက္လို႔ ေနာက္ဆုံးေပၚ နည္းပညာေတြကို သုံးပါ ။
7. 5GHz ထုတ္လႊတ္တဲ့ WiFi က 2.4GHz ထုတ္လႊတ္တဲ့ WiFi ထက္ အင္တာနက္လိုင္းပိုျမန္ပါတယ္ ။
8. WiFi ကို Reset ခ်ပါ ။

အဲဒါဆိုရင္ေတာ့ အင္တာနက္လိုင္းက အရင္ကထက္ ပိုေကာင္းလာမွာပါ ။
====================================

WiFi လိုင်းကို နှောင့်နှေးစေတဲ့ အိမ်သုံးပစ္စည်း (8) မျိုး

[Unicode]ဖတ်ရန် အင်တာနက် လိုင်းကောင်းတဲ့အခါ ပျော်တဲ့အပျော်က တခြားအပျော်တွေနဲ့ မတူပါဘူး ။ အင်တာနက် လိုင်းမကောင်းရင်လည်း တော်တော် စိတ်အနှောင့်အယှက် ဖြစ်ပါတယ် ။ WiFi လိုင်းမကောင်းတာက တစ်ခါတလေ operator နဲ့ သက်ဆိုင်သလို တစ်ခါတလေကျတော့လည်း အိမ်သုံး ပစ္စည်းတွေနဲ့ သက်ဆိုင်နေပါတယ် ။
1. သတ္တုမျက်နှာပြင်နှင့် သတ္တုနှင့် ပြုလုပ်ထားသော ပစ္စည်းများ
သတ္ထုတွေက လျှပ်ကူးပစ္စည်း ဖြစ်ပြီး လျှပ်စစ်ဓာတ်ကို စုပ်ယူပါတယ် ။ WiFi က လျှပ်စစ်သံလိုက်လှိုင်းကို ထုတ်လွှတ်တဲ့အတွက် သတ္ထုမျက်နှာပြင် ဒါမှမဟုတ် သတ္ထုပစ္စည်းနဲ့ပြုလုပ်ထားတဲ့ ပရိဘောဂ ပစ္စည်းတွေက လျှပ်စစ်သံလိုက် လှိုင်းတွေကို ဟန့်တားနေမှာပါ ။ အဲဒါကြောင့် WiFi စက်ကို သတ္ထုပစ္စည်းတွေနဲ့ ဝေးရာမှာ ထားသင့်ပါတယ် ။
2. အုတ်နံရံ ၊ ကျောက်နံရံ
တချို့နံရံ အမျိုးအစားတွေက WiFi ကို လိုင်းမကောင်းစေပါဘူး ။ စကျင်ကျောက် ၊ ဘိလပ်မြေ ၊ ကွန်ကရစ် ၊ အင်္ဂတေနဲ့ အုတ်တွေက WiFi လိုင်းကို ပြတ်တောင်း ပြတ်တောင်းဖြစ်စေပါတယ် ။ နှစ်ထပ် အိမ်တွေမှာဆိုရင် တစ်ထပ်က လိုင်းမကောင်းတတ်ပါဘူး ။ အဲဒါကြောင့် WiFi စက်ကို နံရံတွေနဲ့ ဝေးရာမှာ ထားသင့်ပါတယ် ။
3. မှန်
မှန်က ပုံရိပ်တွေကို ထင်ဟပ်စေသလို WiFi ရဲ့ လျှပ်စစ် လှိုင်းတွေကိုလည်း ပြန်လည် ထင်ဟပ်စေပါတယ် ။ မှန်က WiFi အတွက် ဒိုင်းလို ဖြစ်နေပြီး အင်တာနက်လိုင်းကို ပြန်လှည့် သွားစေပါတယ် ။ မှန်နားမှာ WiFi စက်ကို ထားရင် အင်တာနက်လိုင်း မငြိမ်မသက်ဖြစ်နေမှာပါ ။
4. ရေခဲသေတ္တာနှင့် အဝတ်လျှော်စက်
ရေက ကြိုးမဲ့ လှိုင်းတွေဆီက အချို့ စွမ်းအင်တွေကို စုပ်ယူတာကြောင့် အင်တာနက်လိုင်းရဲ့အရည်အသွေးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေပါတယ် ။
5. ခရစ်စမတ်မီးသီး
အရောင်စုံတဲ့ ခရစ်စမတ် မီးသီးတွေက WiFi လိုင်းကို အားနည်းစေပါတယ် ။ ခရစ်စမတ်မီးသီးတွေမှာ ပါဝင်တဲ့ chip တွေက WiFi ရဲ့ လျှပ်စစ်လှိုင်းတွေပေါ်မှာ သက်ရောက်မှု ရှိပါတယ် ။ ဒီဇင်ဘာလရောက်ရင် WiFi စက်ကို ခရစ်စမတ်သစ်ပင်နဲ့ ဝေးဝေးမှာ ထားသင့်ပါတယ် ။
6. ကွန်ပြူတာမော်နီတာ
ကွန်ပြူတမော်နီတာက 2.4GHz ကို ထုတ်လွှတ်ပြီး WiFi ကလည်း 2.4GHz ကို ထုတ်လွှတ်ပါတယ် ။ စက်နှစ်လုံးက တူညီတဲ့ လှိုင်းတွေကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်တဲ့အခါ data တွေ ပို့ဖို့အတွက် လျှပ်စစ်လှိုင်းအစား လေလှိုင်းကိုပဲ သုံးပါတယ် ။ ကွန်ပြူတာက အင်တာနက်လိုင်းကို လိုအပ်ပေမယ့် WiFI ကို ကွန်ပြူတာနဲ့ အရမ်းနီးအောင် မထားသင့်ပါဘူး ။
7. Drone
Droneတွေကလည်း 2.4GHz ကို ထုတ်လွှတ်ပါတယ် ။ ဒါပေမယ့် model တစ်ခုနဲ့တစ်ခုတော့ ထုတ်လွှတ်တဲ့ လှိုင်းချင်း မတူနိုင်ပါဘူး ။ အနီးအနားမှာ drone လွှတ်နေရင်လည်း WiFi လိုင်း ကောင်းမှာ မဟုတ်ပါဘူး ။
8. Microwave မီးဖို
WiFI စက်က microwave မီးဖိုနားမှာ ရှိရင် WiFi စက်ကို Microwave မီးဖိုထက် မြင့်တဲ့တစ်နေရာကို ရွှေ့ထားလိုက်ပါ ။
WiFi လိုင်းကောင်းဖို့ဆိုရင်
1. WiFiစက်ကို အထက်က ဖော်ပြခဲ့တဲ့ ပစ္စည်းတွေနဲ့ ဝေးမယ့် တစ်နေရာမှာ ပြောင်းထားပါ။
2. စက်ကို အမြဲ update လုပ်ပါ ။
3. အရည်အသွေးကောင်းတဲ့ antenna ကိုပဲ အသုံးပြုပါ ။
4. မှန်းဆရခက်တဲ့ ၊ ခက်ခဲတဲ့ password ကို လုပ်ထားပါ ။
5. WiFi amplifier လို့ ခေါ်တဲ့ WiFi extender ကို သုံးပါ ။
6. WiFi နဲ့ပတ်သက်လို့ နောက်ဆုံးပေါ် နည်းပညာတွေကို သုံးပါ ။
7. 5GHz ထုတ်လွှတ်တဲ့ WiFi က 2.4GHz ထုတ်လွှတ်တဲ့ WiFi ထက် အင်တာနက်လိုင်းပိုမြန်ပါတယ် ။
8. WiFi ကို Reset ချပါ ။
အဲဒါဆိုရင်တော့ အင်တာနက်လိုင်းက အရင်ကထက် ပိုကောင်းလာမှာပါ ။




အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

WiFi လိုင္းကို ေႏွာင့္ေႏွးေစတဲ့ အိမ္သုံးပစၥည္း (8) မ်ိဳး Reviewed by ညီလတ္ထြန္း(နည္းပညာ) on 7:53 AM Rating: 5 [Zawgyi] ၿဖင္႔ဖတ္ရန္ အင္တာနက္ လိုင္းေကာင္းတဲ့အခါ ေပ်ာ္တဲ့အေပ်ာ္က တျခားအေပ်ာ္ေတြနဲ႔ မတူပါဘူး ။ အင္တာနက္ လိုင္းမေကာင္းရင္လည္း ေတာ္ေတာ္ စိတ...

No comments: