တခါတလေကိုယ့်ဖုန်းကို ကိုယ်တိုင်ကိုယ့်ခတ်ထားတဲ့သော့ဖြစ်ဖြစ်
သူငယ်ချင်းတွေဆေးထိုးတဲ့အနေနဲ့ပြောင်းသွားတာပဲဖြစ်ဖြစ်
ဖွင့်မရတော့တဲ့အဖြစ်ကိုကြုံကြရမှာပါ။
အဲ့ဒီအခါဖုန်းကို Factory reset ချပြီးသော့ပြုတ်အောင်လုပ်လို့ရပေမယ့်
ကိုယ့်ဖုန်းထဲကဒေတာတွေတော့ ဆုံးရှုံးသွားရပါတော့တယ်။
အခုဒီဆော့ဝဲလေးကိုဖုန်းထဲထည့်ထားရုံနဲ့ ကိုယ်သော့မေ့သွားတဲ့အခါကျရင်
အခြားဖုန်းတစ်လုံးကနေ Unlock လို့လှမ်းပို့လိုက်ရုံပါပဲ။
Pattern, Password, Pin, Face lock, Finger print ဘာသော့ဖြစ်ဖြစ်အကုန်ဖြုတ်ပေးပါတယ်။
ဖုန်းကတော့ Root ဖောက်ထားဖို့လိုပါတယ်။
Root access ရမှသာဒီဆော့ဝဲကအလုပ်လုပ်နိုင်မှာပါ။
အောက်ပါလင့်ကနေဒေါင်းယူနိုင်ပါတယ်။

PlayStore မှဒေါင်းယူရန်

အသုံးပြုနည်း
===========
ဆော့ဝဲကိုကိုယ်သုံးမယ့်ဖုန်းမှာ Install လုပ်ပါ။
ပြီးရင်ဖွင့်ပြီး Start ခလုတ်ကိုနှိပ်ပါ။
(သင့်ဖုန်းက Android 6.0 အထက်ဆိုရင် Read SMS Permission ကို Allow ပေးဖို့လိုပါတယ်။)
Root request တောင်းလာရင်တော့ Grant/Allow ပေးလိုက်ပါ။
ပြီးရင်တော့ရပါပြီ အခြားဖုန်းတစ်လုံးကနေ Unlock လို့ပို့ပြီးစမ်းကြည့်နိုင်ပါတယ်။
ဖုန်းကပိတ်သွားပါမယ် ပြန်ပွင့်လာရင်ရှိသမျှသော့တွေအကုန်ပြုတ်ပါပြီ
;)
#UnlockBySMS ရေးသားသူ- Khun Htetz Naing

အဆင်ပြေပါစေ။
ညီတ်ထွန်း(နည်းပညာ)
www.nyilattun.com
ညီတ်ထွန်း(နည်းပညာ)
www.nyilattun.com
No comments: