Google Play Services ရဲ႕ ဘက္ထရီသုံးစြဲမႈကို ဘယ္လို ေလွ်ာ့ခ်မလဲ - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

Google Play Services ရဲ႕ ဘက္ထရီသုံးစြဲမႈကို ဘယ္လို ေလွ်ာ့ခ်မလဲ

[Zawgyi] ၿဖင္႔ဖတ္ရန္ Google Play Servies က Android ဖုန္းထဲမွာရွိသမွ် App ေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြနဲ႔ ဆက္စပ္ေနတာျဖစ္တဲ့အတြက္ ဖုန္းရဲ႕ ပါ၀ါကို မ်ားစြာ အသုံးျပဳရပါတယ္။ သူ႔ရဲ႕ API လုပ္ေဆာင္ခ်က္က အျခားေသာ App ေတြနဲ႔ အခ်င္းခ်င္း ခ်ိတ္ဆက္လုပ္ကိုင္ႏုိင္ေအာင္ အျပင္ GPS ေပၚကေန တည္ေနရာညႊန္ျပမႈအတြက္ အခ်က္အလက္ေပးပို႔တာေတြ ေဖာ္ျပေပးတာေတြကိုပါ လုပ္ေဆာင္ပါတယ္။
အဲလိုလုပ္ေဆာင္တာေတြက ဖုန္းရဲ႕ ဘက္ထရီသုံးစြဲမႈကို မ်ားျပားေစတဲ့အတြက္ ဖုန္းမွာ အလြယ္တကူ ဘက္ထရီအားေလ်ာ့နည္းတာမ်ဳိး ျဖစ္ႏုိင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ WiFi ကြန္ရက္ျဖစ္ေစ၊ မိုဘုိင္းအင္တာနက္ျဖစ္ေစ အသုံးျပဳတုိင္းမွာ တည္ေနရာရွာေဖြမွတ္သားမႈကို လိုအပ္တဲ့ App တုိင္းအတြက္ ဖုန္းကေန ရွာေဖြမွတ္သားမႈမ်ဳိးကို လုပ္ေဆာင္တာေၾကာင့္ ျဖစ္ပါတယ္။ App တစ္ခုစီရဲ႕ ဘက္ထရီ သုံးစြဲမႈပမာဏကို App info ရဲ႕ Battery ဆိုတဲ့ အပုိင္းမွာ ၾကည့္႐ႈႏုိင္ပါတယ္။

ခု Google Play Services ရဲ႕ ဘက္ထရီသုံးစြဲမႈကို ေလွ်ာ့ခ်ႏုိင္ဖို႔ အတြက္ အရင္ဆုံး ဖုန္းရဲ႕ Settings->Apps & notifications->Google Play services->Storage->Clear Cahe ဆိုတာမ်ဳိး အရင္လုပ္ေဆာင္ၾကည့္ပါ။

မိမိအေနနဲ႔ အဲလို လုပ္ေဆာင္မႈက ဖုန္းဘက္ထရီသုံးစြဲမႈပိုင္း မ်ားေနေသးတယ္ ဆိုရင္ေတာ့ “Settings -> Apps & notifications -> Google Play services -> Storage -> Clear Storage -> Clear All Data ကုိ ထပ္မံ လုပ္ေဆာင္ပါ။

ဒါမ်ဳိးလုပ္ေဆာင္ေပးမယ္ ဆိုရင္ေတာ့ Google Play Services ကေန အသုံးျပဳတဲ့ ဘက္ထရီပါ၀ါ သုံးစြဲမႈကို ေလွ်ာ့ခ်ႏုိင္မွာျဖစ္ပါတယ္။
အဲဒီလိုလုပ္ေဆာင္လိုက္ေပမယ့္လည္း မိမိရဲ႕ဖုန္းက ဘက္ထရီ အကုန္ျမန္ေနေသးတယ္ ဆိုရင္ေတာ့ မိမိဖုန္းထဲမွာ ထည့္သြင္းထားတဲ့ အြန္လုိင္းအေျချပဳ App ေတြရဲ႕ ဘက္ထရီသုံးစြဲမႈရာခုိင္ႏႈန္းကို စိစစ္ပါ။
ၿပီးရင္ေတာ့ အဲဒီ App ေတြက Google Account sync လုပ္ထားတာမ်ဳိးေတြ ရွိမရွိကို ထပ္စစ္ေဆးပါ။

စစ္ေဆးၿပီး မလိုအပ္တဲ့ sync လုပ္တာမ်ဳိးေတြကို turn off လုပ္ၿပီး ပိတ္ေပးပါ။

အဲလိုပိတ္လိုက္မယ္ဆိုရင္ေတာ့ Google Play Services သုံးတဲ့ App တုိင္းကို ပိတ္ေပးလိုက္မွာျဖစ္ပါတယ္။
အဲလိုမ်ဳိး လုပ္ေဆာင္တာေတြ အျပင္ သီးျခားအေနနဲ႔ App တစ္ခုခ်င္းစီရဲ႕ Permissions စနစ္ထဲကေနလည္း App အားလုံးကို မဟုတ္ဘဲ မိမိအေနနဲ႔ ပိတ္ခ်င္တဲ့ App တစ္ခုတည္းကိုပဲ ပိတ္ႏုိင္ပါေသးတယ္။
မိမိပိတ္ခ်င္တဲ့ App ရဲ႕ Permissions ကိုၾကည့္ဖုိ႔အတြက္ Settings -> Apps & notifications -> [App name] -> Permissions ဆိုတာကို ရွာႏွိပ္ပါ။

ၿပီးရင္ေတာ့ ေအာက္ကပုံအတုိင္း App အတြက္ ေပးထားတဲ့ Permissions ထဲက မိမိအေနနဲ႔ အသုံးျပဳဖို႔မလိုအပ္တဲ့ စနစ္ေတြကို ပိတ္ေပးထားလိုက္ပါ။

ဒါဆိုရင္ေတာ့ ဖုန္းရဲ႕ ဘက္ထရီ ျမန္ျမန္ကုန္ဆုံးမႈကို ေလ်ာ့နည္းေစမွာျဖစ္ပါတယ္။
-ရဲထြဋ္၀င္း

================================================

Google Play Services ရဲ့ ဘက်ထရီသုံးစွဲမှုကို ဘယ်လို လျှော့ချမလဲ

 [Unicode]ဖတ်ရန် Google Play Servies က Android ဖုန်းထဲမှာရှိသမျှ App တွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ဆက်စပ်နေတာဖြစ်တဲ့အတွက် ဖုန်းရဲ့ ပါ၀ါကို များစွာ အသုံးပြုရပါတယ်။ သူ့ရဲ့ API လုပ်ဆောင်ချက်က အခြားသော App တွေနဲ့ အချင်းချင်း ချိတ်ဆက်လုပ်ကိုင်နိုင်အောင် အပြင် GPS ပေါ်ကနေ တည်နေရာညွှန်ပြမှုအတွက် အချက်အလက်ပေးပို့တာတွေ ဖော်ပြပေးတာတွေကိုပါ လုပ်ဆောင်ပါတယ်။
အဲလိုလုပ်ဆောင်တာတွေက ဖုန်းရဲ့ ဘက်ထရီသုံးစွဲမှုကို များပြားစေတဲ့အတွက် ဖုန်းမှာ အလွယ်တကူ ဘက်ထရီအားလျော့နည်းတာမျိုး ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ WiFi ကွန်ရက်ဖြစ်စေ၊ မိုဘိုင်းအင်တာနက်ဖြစ်စေ အသုံးပြုတိုင်းမှာ တည်နေရာရှာဖွေမှတ်သားမှုကို လိုအပ်တဲ့ App တိုင်းအတွက် ဖုန်းကနေ ရှာဖွေမှတ်သားမှုမျိုးကို လုပ်ဆောင်တာကြောင့် ဖြစ်ပါတယ်။ App တစ်ခုစီရဲ့ ဘက်ထရီ သုံးစွဲမှုပမာဏကို App info ရဲ့ Battery ဆိုတဲ့ အပိုင်းမှာ ကြည့်ရှုနိုင်ပါတယ်။
 
ခု Google Play Services ရဲ့ ဘက်ထရီသုံးစွဲမှုကို လျှော့ချနိုင်ဖို့ အတွက် အရင်ဆုံး ဖုန်းရဲ့ Settings->Apps & notifications->Google Play services->Storage->Clear Cahe ဆိုတာမျိုး အရင်လုပ်ဆောင်ကြည့်ပါ။
မိမိအနေနဲ့ အဲလို လုပ်ဆောင်မှုက ဖုန်းဘက်ထရီသုံးစွဲမှုပိုင်း များနေသေးတယ် ဆိုရင်တော့ “Settings -> Apps & notifications -> Google Play services -> Storage -> Clear Storage -> Clear All Data ကို ထပ်မံ လုပ်ဆောင်ပါ။
 
ဒါမျိုးလုပ်ဆောင်ပေးမယ် ဆိုရင်တော့ Google Play Services ကနေ အသုံးပြုတဲ့ ဘက်ထရီပါ၀ါ သုံးစွဲမှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။
အဲဒီလိုလုပ်ဆောင်လိုက်ပေမယ့်လည်း မိမိရဲ့ဖုန်းက ဘက်ထရီ အကုန်မြန်နေသေးတယ် ဆိုရင်တော့ မိမိဖုန်းထဲမှာ ထည့်သွင်းထားတဲ့ အွန်လိုင်းအခြေပြု App တွေရဲ့ ဘက်ထရီသုံးစွဲမှုရာခိုင်နှုန်းကို စိစစ်ပါ။
ပြီးရင်တော့ အဲဒီ App တွေက Google Account sync လုပ်ထားတာမျိုးတွေ ရှိမရှိကို ထပ်စစ်ဆေးပါ။
 
စစ်ဆေးပြီး မလိုအပ်တဲ့ sync လုပ်တာမျိုးတွေကို turn off လုပ်ပြီး ပိတ်ပေးပါ။

အဲလိုပိတ်လိုက်မယ်ဆိုရင်တော့ Google Play Services သုံးတဲ့ App တိုင်းကို ပိတ်ပေးလိုက်မှာဖြစ်ပါတယ်။
အဲလိုမျိုး လုပ်ဆောင်တာတွေ အပြင် သီးခြားအနေနဲ့ App တစ်ခုချင်းစီရဲ့ Permissions စနစ်ထဲကနေလည်း App အားလုံးကို မဟုတ်ဘဲ မိမိအနေနဲ့ ပိတ်ချင်တဲ့ App တစ်ခုတည်းကိုပဲ ပိတ်နိုင်ပါသေးတယ်။
မိမိပိတ်ချင်တဲ့ App ရဲ့ Permissions ကိုကြည့်ဖို့အတွက် Settings -> Apps & notifications -> [App name] -> Permissions ဆိုတာကို ရှာနှိပ်ပါ။

ပြီးရင်တော့ အောက်ကပုံအတိုင်း App အတွက် ပေးထားတဲ့ Permissions ထဲက မိမိအနေနဲ့ အသုံးပြုဖို့မလိုအပ်တဲ့ စနစ်တွေကို ပိတ်ပေးထားလိုက်ပါ။
 
ဒါဆိုရင်တော့ ဖုန်းရဲ့ ဘက်ထရီ မြန်မြန်ကုန်ဆုံးမှုကို လျော့နည်းစေမှာဖြစ်ပါတယ်။
 -ရဲထွဋ်ဝင်း




အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

Google Play Services ရဲ႕ ဘက္ထရီသုံးစြဲမႈကို ဘယ္လို ေလွ်ာ့ခ်မလဲ Reviewed by ညီလတ္ထြန္း(နည္းပညာ) on 5:54 AM Rating: 5 [Zawgyi] ၿဖင္႔ဖတ္ရန္ Google Play Servies က Android ဖုန္းထဲမွာရွိသမွ် App ေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြနဲ႔ ဆက္စပ္ေနတာျဖစ္တဲ့အတြက္ ဖုန္းရဲ႕ ပါ၀ါ...

No comments: