.𝙙𝙡𝙡 ဖိုင်များအကြောင်း - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

.𝙙𝙡𝙡 ဖိုင်များအကြောင်း

[Zawgyi] ဖြင့်ဖတ်ရန် Window ကွန်ပြူတာအသုံးပြုသူတိုင်း .dll ဖိုင်ကို တွေ့ဖူးကြမှာပါ၊ program တစ်ခု (သို့) window applications တစ်ခုကို Install လုပ်ပြီးတိုင်း အဲ့ဒီ့ program ဖိုင်မှာ .dll ဖိုင်တော့အနည်းဆုံးတစ်ခုပါတာတွေ့ရမှာပါ၊ [လက်တွေ့စမ်းချင်ရင် main drive (C:\Program Files (x86) ထဲရှိ တွေ့တဲ့ program ကိုဖွင့်ကြည့် နိုင်ပါတယ်၊]၊

#𝙆𝙤 𝙏𝙝𝙪𝙮𝙚𝙞𝙣 𝙎𝙤𝙚 (𝙂𝙧𝙚𝙚𝙣 𝙃𝙖𝙘𝙠𝙚𝙧𝙨)


===================================================

DLL ဖိုင်များအကြောင်း
[Unicode]ဖတ်ရန် Window ကွန်ပြူတာအသုံးပြုသူတိုင်း .dll ဖိုင်ကို တွေ့ဖူးကြမှာပါ၊ program တစ်ခု (သို့) window applications တစ်ခုကို Install လုပ်ပြီးတိုင်း အဲ့ဒီ့ program ဖိုင်မှာ .dll ဖိုင်တော့အနည်းဆုံးတစ်ခုပါတာတွေ့ရမှာပါ၊ [လက်တွေ့စမ်းချင်ရင် main drive (C:\Program Files (x86) ထဲရှိ တွေ့တဲ့ program ကိုဖွင့်ကြည့် နိုင်ပါတယ်၊]၊
Window Operating System Platform မှာ အသုံးများတဲ့ .dll ဖိုင်တွေက Dynamic-Link Library ဖိုင်တွေဖြစ်ပြီး Microsoft ကအသုံးပြုတဲ့ Shared Library အမျိုးအစားဖြစ်ပါတယ်၊ (Linux နဲ့ Unix မှာတော့ .os ဖိုင်တွေပေါ့)၊ .dll ဖိုင်တွေက .exe ဖိုင်တွေလိုပါပဲ၊ .dll နဲ့ .exe တို့ အဓိက ကွာခြားချက်ကတော့ exe ဖိုင်တွေက executable ဖိုင်တွေဖြစ်ပြီး Run လို့ရပါတယ်၊ .dll ဖိုင်တွေကတော့ .exe ဖိုင်တွေလို တိုက်ရိုက် Run လို့မရပါဘူး၊
.dell ဖိုင်တွေထဲမှာ Developer တွေ Programmer တွေက အကြိမ်ကြိမ် အသုံးပြုရတဲ့ Classes တွေ၊ Methods တွေပါ၀င်ပါတယ်၊ ဒီလို အကြိမ်ကြိမ် အသုံးများတဲ့ Classes နဲ့ Methods တွေကို .dll ဖိုင်တွေထဲမှာထည့်ထားခြင်းအားဖြင့် .exe ဖိုင်တွေက လိုအပ်တဲ့အခါ ခေါ်သုံးနိုင်ပါတယ်၊ ခေါ်သုံးတဲ့အခါမှာ Classes Name အတိုင်း Object တည်ဆောက်ပြီး လွယ်လွယ်ကူကူခေါ်သုံးလို့ရတယ်၊ Class ကြီးတစ်ခုလုံး အစအဆုံး ပြန်ရေးနေစရာမလိုတော့ဘူး၊ ဒီလိုပဲ Method တွေကိုခေါ်သုံးချင်ရင် Method နာမည်လေးရေးယုံနဲ့ အလွယ်တစ်ကူ ခေါ်သုံးနိုင်တယ်၊ (အချို့တော့ parameters တွေထည့်ပေးရတယ်)၊ ဒီလိုနဲ့ တစ်ခါ ရေးထားရင် လိုအပ်တဲ့အခါတိုင်း ခေါ်သုံးနိုင်အောင် စီစဉ်ထားခြင်းအားဖြင့် အားလုံး ပြန်မရေးရတော့တဲ့ အတွက် Developer တွေ Programmers တွေအတွက် .dll ဖိုင်တွေက အရမ်းကို အသုံးဝင်တဲ့ Libaray ဖိုင်တွေဖြစ်လာပါတယ်၊
.dll ဖိုင်တွေထဲမှာ Export Table ပါတယ်၊ Export Table တွေထဲမှာ လှမ်းခေါ်မယ့် program (exe ဖိုင်က) ကြည့်နိုင်တဲ့ Symbols တွေပါ၀င်တယ်၊ ဒီ Symbols တွေက .dll ဖိုင်ထဲက C calling convention(__stcall) နဲ့ functions တွေပါပဲ၊ Export Table ထဲမှာ .dll ဖိုင်ထဲက functions တွေရဲ့ addresses တွေလဲပါ၀င်ပါသေးတယ်၊ ဒီ address တွေကိုသုံးပြီးတော့ exe ဖိုင် Run တဲ့အခါမှာ ထို exe ဖိုင်က အသုံးပြုထားတဲ့ .dll ဖိုင်အတွင်းက function ကို လှမ်းခေါ်သုံးပါတယ်၊ (ခေါ်သုံးတဲ့အခါ GetProcAddress သုံးပြီးတော့ LoadResource ဖြစ်တဲ့ .dll ထဲက function ကိုခေါ်သုံးမှာပါ၊ အမြဲတော့ဒီလိုမဟုတ်ဘူး၊ .dll ကနေ နောက်ထက် .dll ဖိုင်ကိုခေါ်တာလည်း ရှိတယ်)၊
တစ်ခါတစ်ရံ ခုပဲ Install လုပ်လိုက်တဲ့ Program က .dll ဖိုင်မပါတဲ့အတွက်အလုပ်မလုပ်တာလဲရှိပါတယ်၊ ဒီလိုပဲ လူသုံးများတဲ့ Adobe Photoshop ကို Crack လုပ်တဲ့အခါ amtlib.dll ဖိုင်ကို Trial Version မှာ counting ဆက်မလုပ်ဖို့ ပြင်ထားတာတွေကိုသုံးဖူးမှာပါ၊
Winodw Operating System မှာသုံးတာ .dll library ပဲမဟုတ်ပါဘူး၊ တကယ့်တော့ Libraries နှစ်မျိုးရှိပါတယ်၊ static library နဲ့ dynamic library တို့ဖြစ်ပါတယ်၊ Static Library တွေကို Window OS မှာ .lib နဲ့ သုံးပြီး Dynamic Library တွေကို .dll အနေနဲ့ တွေ့ရပါတယ်၊ ပုံမှန်တော့ static library တွေဖြစ်တဲ့ .lib ဖိုင်တွေကို မတွေ့ရတာများပါတယ်၊ ဒီလိုဖြစ်ရတာက Static Library တွေကို Dynammic Library တွေ နဲ့ exe ဖိုင်တွေထဲကို ထည်းထည့်ထားကြလို့ပါ၊ .lib ဖိုင်တွေကတော့ Stand alone ဖိုင်တွေဖြစ်လို့ အပြင်မှာတွေ့ရတာပါ၊
.dll ဖိုင်တွေကို Window System ဖိုဒါထဲမှာလဲ အများကြီးတွေ့ရမှာပါ၊ သူတို့ထဲက တစ်ခုခုပျက်တာကြောင့် Window မတတ်တော့တဲ့ ပြသနာမျိုးလဲ ဖြစ်စေနိုင်ပါတယ်၊
#𝙆𝙤 𝙏𝙝𝙪𝙮𝙚𝙞𝙣 𝙎𝙤𝙚 (𝙂𝙧𝙚𝙚𝙣 𝙃𝙖𝙘𝙠𝙚𝙧𝙨)






အားလုံးကိုခင်မင်လျှက်
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com

.𝙙𝙡𝙡 ဖိုင်များအကြောင်း Reviewed by ညီလတ်ထွန်း(နည်းပညာ) on 4:35 AM Rating: 5 [Zawgyi] ဖြင့်ဖတ်ရန် Window ကွန်ပြူတာအသုံးပြုသူတိုင်း .dll ဖိုင်ကို တွေ့ဖူးကြမှာပါ၊ program တစ်ခု (သို့) window applications တစ်ခုကို In...

No comments: