အေမရိကန္စစ္တပ္မွာ စတင္အသုံးျပဳေနၿပီျဖစ္တဲ့ ငရဲပန္းဒုံးလက္နက္သစ္ - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

အေမရိကန္စစ္တပ္မွာ စတင္အသုံးျပဳေနၿပီျဖစ္တဲ့ ငရဲပန္းဒုံးလက္နက္သစ္

[Zawgyi] ၿဖင္႔ဖတ္ရန္ “ဒီ ဓားသြားဒုံးက်ည္ဟာ လမ္းမေပၚ ေျပးလႊားေနတဲ့ ရန္သူကို သတ္ျဖတ္ဖို႔ ACME ေကာ္ပိုေရးရွင္းက ဒီဇိုင္းဆြဲ ထုတ္လုပ္မွု တစ္ရပ္ျဖစ္ပုံရပါတယ္။”
အေမရိကန္နဲ႔ CIA တို႔ရဲ့ လက္နက္သိုက္မွာ လက္နက္သစ္တစ္မ်ိဳးကို ပိုင္ဆိုင္ထားပါၿပီ။ ဒါကေတာ့ ဗုံးတစ္္္လုံးေပမယ့္ မေပါက္ကြဲတဲ့ ဗုံးပါ။ ေပါက္ကြဲသတ္ျဖတ္တာအစား ထိမွန္တာနဲ႔ ခၽြန္ျမထက္ရွတဲ့ ဓားသြားေတြ ထြက္လာၿပီး ပစ္မွတ္ထားတဲ့ ရန္သူကို ေဝွ႕ယမ္းပိုင္္းခုတ္ပစ္လို႔ ဇီဝန္ခ်ဳပ္ေစတာ၊ ကိုယ္လက္ျပတ္ရွကုန္တာေတြ ျဖစ္ေစတဲ့ ဗုံးသစ္ပါပဲ။
အေမရိကန္ရဲ့ ဒုံးလက္နက္ေတြမွာ ငရဲပန္းလို႔ ေခၚတဲ့ Hellfire Missile ကို အားတစ္ခုအေနနဲ႔ အဓိကထားပါတယ္။ အခုဗုံးကေတာ့ ငရဲပန္းဒုံးလက္နက္သစ္ျဖစ္ၿပီး R9X Hellfire Missile လို႔ ေခၚေၾကာင္း The Wall Street ဂ်ာနယ္က ၾကာသပေတးေန႔က ေဖာ္ျပပါတယ္။
ဒီ ဓားခုတ္ဗုံးကို ပင္တဂြန္ရယ္၊ CIA ရယ္ဟာ တစ္ႀကိမ္စီ အသုံးခ်ဖူထားၿပီးလို႔ ဆိုပါတယ္။ အရပ္သား အေသအဆုံးကို ေလၽွာ့ခ်နိုင္ေအာင္ တီထြင္ထားတဲ့ လက္နက္သစ္ပါတယ္။
ဒီဒုံးလက္နက္ရဲ့ ထိပ္ဖူးဟာ ေပါက္ကြဲတာမ်ိဳး မဟုတ္ဘဲ သူ႔ကို ပစ္လႊတ္လိုက္တဲ့ လမ္းေၾကာင္းကို ျဖတ္ပ်ံသြားၿပီး ပစ္မွတ္ကို မထိခင္ ဒုံးထိပ္ဖူးကေန ဓားသြားေျခာက္လက္ ထြက္လာလို႔ ပတ္ေဝွ႕ယမ္းပစ္လိုက္တာ ျဖစ္ပါတယ္။
“ေကာင္းကင္အျမင့္တစ္ေနရာကေန ပစ္မွတ္ဆီကို ပစ္လႊတ္လို႔ရတဲ့ ဒုံးလက္နက္ပဲ ျဖစ္ပါတယ္။”လို႔ ဂ်ာနယ္က ေဖာ္ျပပါတယ္။
အေမရိကန္တပ္ဖြဲ႕ေတြရဲ့ ျပည္ပက ဒ႐ုန္းစစ္ဆင္ေရးတစ္ခ်ိဳ႕မွာ ထိမွန္တဲ့ ပစ္မွတ္ေတြဟာ ထူးဆန္းတဲ့ ပ်က္စီးဆုံးရွုံးမွုပုံစံမ်ိဳးေတြ ေတြ႕ရဖူးတာဟာ အခု R9X ငရဲပန္းဒုံးသစ္ကို သုံးၿပီး တိုက္ခိုက္ထားတဲ့ လက္ခ်က္ေတြျဖစ္နိုင္တယ္လို႔ ဆုရသတင္းေထာက္နဲ႔ သုေတသီလည္းျဖစ္တဲ့ နစ္ေဝါတာက မွတ္ခ်က္ျပဳေျပာပါတယ္။
“အယ္ေခးဒါး ဒုတိယေခါင္းေဆာင္ အဘူခါယာအယ္မာစရီရဲ့ ကားကို ဒုံးက်ည္ထိမွန္လို႔ ရခဲ့တဲ့ ဒဏ္ရာဒဏ္ခ်က္ေတြဟာ ေပါက္ကြဲပ်က္စီးတာထက္ ဓားနဲ႔ ခုတ္ပိုင္းထားသလိုမ်ိဳး ျဖစ္ေနတာ ကၽြန္ေတာ္အတြက္ ပေဟဠိ ျဖစ္ခဲ့ဖူးတယ္။ ခုေတာ့ ဒါဟာ ငရဲပန္းဒုုံးလက္နက္သစ္က ဓားသြားေတြေၾကာင့္ျဖစ္မွန္း သိရတယ္။”လို႔ နစ္ေဝါတာက ေရးသားထားပါတယ္။
Rf; RawStory
Writer_ေမာင္သံဆင့္ ( Daily Hot News )
 ============================================

အမေရိကန်စစ်တပ်မှာ စတင်အသုံးပြုနေပြီဖြစ်တဲ့ ငရဲပန်းဒုံးလက်နက်သစ်
[Unicode]ဖတ်ရန်  “ဒီ ဓားသွားဒုံးကျည်ဟာ လမ်းမပေါ် ပြေးလွှားနေတဲ့ ရန်သူကို သတ်ဖြတ်ဖို့ ACME ကော်ပိုရေးရှင်းက ဒီဇိုင်းဆွဲ ထုတ်လုပ်မှု တစ်ရပ်ဖြစ်ပုံရပါတယ်။”
အမေရိကန်နဲ့ CIA တို့ရဲ့ လက်နက်သိုက်မှာ လက်နက်သစ်တစ်မျိုးကို ပိုင်ဆိုင်ထားပါပြီ။ ဒါကတော့ ဗုံးတစ်််လုံးပေမယ့် မပေါက်ကွဲတဲ့ ဗုံးပါ။ ပေါက်ကွဲသတ်ဖြတ်တာအစား ထိမှန်တာနဲ့ ချွန်မြထက်ရှတဲ့ ဓားသွားတွေ ထွက်လာပြီး ပစ်မှတ်ထားတဲ့ ရန်သူကို ဝှေ့ယမ်းပိုင််းခုတ်ပစ်လို့ ဇီဝန်ချုပ်စေတာ၊ ကိုယ်လက်ပြတ်ရှကုန်တာတွေ ဖြစ်စေတဲ့ ဗုံးသစ်ပါပဲ။
အမေရိကန်ရဲ့ ဒုံးလက်နက်တွေမှာ ငရဲပန်းလို့ ခေါ်တဲ့ Hellfire Missile ကို အားတစ်ခုအနေနဲ့ အဓိကထားပါတယ်။ အခုဗုံးကတော့ ငရဲပန်းဒုံးလက်နက်သစ်ဖြစ်ပြီး R9X Hellfire Missile လို့ ခေါ်ကြောင်း The Wall Street ဂျာနယ်က ကြာသပတေးနေ့က ဖော်ပြပါတယ်။

ဒီ ဓားခုတ်ဗုံးကို ပင်တဂွန်ရယ်၊ CIA ရယ်ဟာ တစ်ကြိမ်စီ အသုံးချဖူထားပြီးလို့ ဆိုပါတယ်။ အရပ်သား အသေအဆုံးကို လျှော့ချနိုင်အောင် တီထွင်ထားတဲ့ လက်နက်သစ်ပါတယ်။
ဒီဒုံးလက်နက်ရဲ့ ထိပ်ဖူးဟာ ပေါက်ကွဲတာမျိုး မဟုတ်ဘဲ သူ့ကို ပစ်လွှတ်လိုက်တဲ့ လမ်းကြောင်းကို ဖြတ်ပျံသွားပြီး ပစ်မှတ်ကို မထိခင် ဒုံးထိပ်ဖူးကနေ ဓားသွားခြောက်လက် ထွက်လာလို့ ပတ်ဝှေ့ယမ်းပစ်လိုက်တာ ဖြစ်ပါတယ်။
“ကောင်းကင်အမြင့်တစ်နေရာကနေ ပစ်မှတ်ဆီကို ပစ်လွှတ်လို့ရတဲ့ ဒုံးလက်နက်ပဲ ဖြစ်ပါတယ်။”လို့ ဂျာနယ်က ဖော်ပြပါတယ်။
အမေရိကန်တပ်ဖွဲ့တွေရဲ့ ပြည်ပက ဒရုန်းစစ်ဆင်ရေးတစ်ချို့မှာ ထိမှန်တဲ့ ပစ်မှတ်တွေဟာ ထူးဆန်းတဲ့ ပျက်စီးဆုံးရှုံးမှုပုံစံမျိုးတွေ တွေ့ရဖူးတာဟာ အခု R9X ငရဲပန်းဒုံးသစ်ကို သုံးပြီး တိုက်ခိုက်ထားတဲ့ လက်ချက်တွေဖြစ်နိုင်တယ်လို့ ဆုရသတင်းထောက်နဲ့ သုတေသီလည်းဖြစ်တဲ့ နစ်ဝေါတာက မှတ်ချက်ပြုပြောပါတယ်။

“အယ်ခေးဒါး ဒုတိယခေါင်းဆောင် အဘူခါယာအယ်မာစရီရဲ့ ကားကို ဒုံးကျည်ထိမှန်လို့ ရခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ ပေါက်ကွဲပျက်စီးတာထက် ဓားနဲ့ ခုတ်ပိုင်းထားသလိုမျိုး ဖြစ်နေတာ ကျွန်တော်အတွက် ပဟေဠိ ဖြစ်ခဲ့ဖူးတယ်။ ခုတော့ ဒါဟာ ငရဲပန်းဒုုံးလက်နက်သစ်က ဓားသွားတွေကြောင့်ဖြစ်မှန်း သိရတယ်။”လို့ နစ်ဝေါတာက ရေးသားထားပါတယ်။
Rf; RawStory
Writer_မောင်သံဆင့် ( Daily Hot News )






အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

အေမရိကန္စစ္တပ္မွာ စတင္အသုံးျပဳေနၿပီျဖစ္တဲ့ ငရဲပန္းဒုံးလက္နက္သစ္ Reviewed by ညီလတ္ထြန္း(နည္းပညာ) on 12:47 AM Rating: 5 [Zawgyi] ၿဖင္႔ဖတ္ရန္ “ဒီ ဓားသြားဒုံးက်ည္ဟာ လမ္းမေပၚ ေျပးလႊားေနတဲ့ ရန္သူကို သတ္ျဖတ္ဖို႔ ACME ေကာ္ပိုေရးရွင္းက ဒီဇိုင္းဆြဲ ထုတ္လုပ္မွု တစ္ရ...

No comments: