ကေလးငယ္ေလးေတြ ဖုန္းသုံးရင္ ျဖစ္လာမယ့္ ဆိုးက်ိဳးမ်ား - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

ကေလးငယ္ေလးေတြ ဖုန္းသုံးရင္ ျဖစ္လာမယ့္ ဆိုးက်ိဳးမ်ား

[Zawgyi] ၿဖင္႔ဖတ္ရန္ နည္းပညာေတြ တိုးတက္လာတာနဲ႔အမွ် မိဘေတြက ကေလးေတြအတြက္ smartphone ေတြရဲ႕ ေကာင္းက်ိဳးနဲ႔ ဆိုးက်ိဳးေတြကို စဥ္းစား လာၾကပါတယ္ ။ အခ်ိဳ႕ ကေလးေတြမွာဆိုရင္ ဂိမ္းေဆာ့ဖို႔ ကိုယ္ပိုင္ smartphone ေတြ ရွိေနၾကပါၿပီ ။ တစ္ဖက္ကေန ၾကည့္ရင္ smaetphone ေတြက သတင္းအသစ္ေတြ ၊ ဆက္သြယ္မႈ အသစ္ေတြနဲ႔ စိတ္ဝင္စားစရာေကာင္းပါတယ္ ။ ေနာက္တစ္ဖက္ကေန ၾကည့္ရင္ေတာ့ smartphone ေတြ လူေတြကို ျပင္ပကမာၻနဲ႔ အလွမ္း ေဝးသြားေစပါတယ္ ။

Smartphone သုံးတာဟာ သာမန္ဆိုရင္ ဘာမွမျဖစ္ေပမယ့္ စြဲလမ္းလာရင္ေတာ့ မူးယစ္ေဆးလိုပဲ ျဖတ္ရခက္ပါတယ္ ။ ၿပီးေတာ့ ကေလးေတြက ဂိမ္းေတြကိုလည္း စြဲလာၾကပါတယ္ ။ ကေလးေတြက ဖုန္းေရွ႕မွာပဲ အခ်ိန္ျဖဳန္းေလ ၊ ကေလးေတြအတြက္ ဆိုးက်ိဳးမ်ားေလပါပဲ ။ ေလ့လာမႈေတြအရ အသက္ 8 ႏွစ္ကေန 18 ႏွစ္ ၾကားရွိတဲ့ ကေလးေတြက တစ္ေန႔ကို ပ်မ္းမွ် 7 နာရီခြဲၾကာ ဖုန္းသုံးပါတယ္ ။

2 ႏွစ္ 3 ႏွစ္ အ႐ြယ္ကစလို႔ အိမ္အျပင္ ထြက္မကစားဘဲ ဖုန္းပဲကိုင္ေနရင္ အသက္ 7 ႏွစ္ေရာက္တဲ့အခါ လူေတြနဲ႔ေတြ႕ ဆက္ဆံဖို႔ ေၾကာက္႐ြံ႕လာတတ္ပါတယ္ ။ အျပင္ မထြက္ခ်င္ေတာ့ဘဲ ဖုန္းေရွ႕ ၊ ကြန္ျပဴတာေရွ႕မွာပဲ အခ်ိန္ ကုန္တတ္ပါတယ္ ။ ကေလးငယ္ငယ္ေလးေတြ ဖုန္းသုံးရင္ ျဖစ္လာမယ့္ ဆိုးက်ိဳးေတြကို စိတ္ပညာရွင္ေတြက ေျပာျပထားပါတယ္ ။

၁။ မိဘနဲ႔ ရင္းရင္းႏွီးႏွီး မရွိေတာ့ဘဲ အာ႐ုံစိုက္မႈ ၊ သိျမင္မႈေတြ နည္းပါးလာတတ္ပါတယ္ ။ ၿပီးေတာ့ သင္ယူမႈေတြမွာ ခက္ခဲ လာတတ္ပါတယ္ ။
၂။ စကားေျပာဆိုမႈ စြမ္းရည္ေတြ ေႏွာင့္ေႏွးသြားတတ္ပါတယ္ ။
၃။ လႈပ္ရွားမႈေတြ နည္းၿပီး ႐ုပ္ပိုင္းဆိုင္ရာ ၊ ဦးေႏွာက္ပိုင္းဆိုင္ရာ တိုးတက္မႈေတြ ေႏွးေကြးသြားတတ္ပါတယ္ ။
၄။ အိပ္ခ်ိန္မွာ မအိပ္လို႔ အိပ္ခ်ိန္ေတြ မွားလာတတ္ပါတယ္ ။

၅။ ေက်ာင္းလုပ္ငန္းေတြမွာ မပါဝင္တတ္ေတာ့ပါဘူး ။
၆။ ေဒါသ ႀကီးလာတတ္ပါတယ္ ။
၇။ စိတ္ဓာတ္က်ျခင္း ၊ စိတ္မလိုက်ျခင္း စတဲ့ စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြ တျဖည္းျဖည္းျဖစ္လာႏိုင္ပါတယ္ ။
၈။ ဖုန္း မသုံးခိုင္းေတာ့ဘဲ ျပန္ယူထားလိုက္ရင္ စိတ္က စဥ့္ကလ်ားေရာဂါ ျဖစ္လာႏိုင္ပါတယ္ ။

သင့္ကေလးက ဒီအခ်က္ေတြထဲကေန အနည္းဆုံး တစ္ခ်က္ ျဖစ္ေနၿပီဆိုရင္ သူ ဖုန္းကို အရမ္း စြဲလမ္းေနပါၿပီ ။ ဒီဂ်စ္တယ္ နည္းပညာႀကီးကိုေတာ့ ရပ္ပစ္လိုက္လို႔ မရႏိုင္ပါဘူး ။ဒါေပမယ့္ ကေလးရဲ႕ က်န္းမာေရးထက္ ဘယ္အရာကမွ ပို အေရးမႀကီးပါဘူး ။

Zombie ( Love အတိုစေလးမ်ား )

====================================================

For Unicode
ကလေးငယ်ငယ်လေးတွေ ဖုန်းသုံးရင် ဖြစ်လာမယ့် ဆိုးကျိုးတွေ

[Unicode]ဖတ်ရန် နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ မိဘတွေက ကလေးတွေအတွက် smartphone တွေရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို စဉ်းစား လာကြပါတယ် ။ အချို့ ကလေးတွေမှာဆိုရင် ဂိမ်းဆော့ဖို့ ကိုယ်ပိုင် smartphone တွေ ရှိနေကြပါပြီ ။ တစ်ဖက်ကနေ ကြည့်ရင် smaetphone တွေက သတင်းအသစ်တွေ ၊ ဆက်သွယ်မှု အသစ်တွေနဲ့ စိတ်ဝင်စားစရာကောင်းပါတယ် ။ နောက်တစ်ဖက်ကနေ ကြည့်ရင်တော့ smartphone တွေ လူတွေကို ပြင်ပကမ္ဘာနဲ့ အလှမ်း ဝေးသွားစေပါတယ် ။

Smartphone သုံးတာဟာ သာမန်ဆိုရင် ဘာမှမဖြစ်ပေမယ့် စွဲလမ်းလာရင်တော့ မူးယစ်ဆေးလိုပဲ ဖြတ်ရခက်ပါတယ် ။ ပြီးတော့ ကလေးတွေက ဂိမ်းတွေကိုလည်း စွဲလာကြပါတယ် ။ ကလေးတွေက ဖုန်းရှေ့မှာပဲ အချိန်ဖြုန်းလေ ၊ ကလေးတွေအတွက် ဆိုးကျိုးများလေပါပဲ ။ လေ့လာမှုတွေအရ အသက် 8 နှစ်ကနေ 18 နှစ် ကြားရှိတဲ့ ကလေးတွေက တစ်နေ့ကို ပျမ်းမျှ 7 နာရီခွဲကြာ ဖုန်းသုံးပါတယ် ။

2 နှစ် 3 နှစ် အရွယ်ကစလို့ အိမ်အပြင် ထွက်မကစားဘဲ ဖုန်းပဲကိုင်နေရင် အသက် 7 နှစ်ရောက်တဲ့အခါ လူတွေနဲ့တွေ့ ဆက်ဆံဖို့ ကြောက်ရွံ့လာတတ်ပါတယ် ။ အပြင် မထွက်ချင်တော့ဘဲ ဖုန်းရှေ့ ၊ ကွန်ပြူတာရှေ့မှာပဲ အချိန် ကုန်တတ်ပါတယ် ။ ကလေးငယ်ငယ်လေးတွေ ဖုန်းသုံးရင် ဖြစ်လာမယ့် ဆိုးကျိုးတွေကို စိတ်ပညာရှင်တွေက ပြောပြထားပါတယ် ။

၁။ မိဘနဲ့ ရင်းရင်းနှီးနှီး မရှိတော့ဘဲ အာရုံစိုက်မှု ၊ သိမြင်မှုတွေ နည်းပါးလာတတ်ပါတယ် ။ ပြီးတော့ သင်ယူမှုတွေမှာ ခက်ခဲ လာတတ်ပါတယ် ။
၂။ စကားပြောဆိုမှု စွမ်းရည်တွေ နှောင့်နှေးသွားတတ်ပါတယ် ။
၃။ လှုပ်ရှားမှုတွေ နည်းပြီး ရုပ်ပိုင်းဆိုင်ရာ ၊ ဦးနှောက်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ နှေးကွေးသွားတတ်ပါတယ် ။
၄။ အိပ်ချိန်မှာ မအိပ်လို့ အိပ်ချိန်တွေ မှားလာတတ်ပါတယ် ။

၅။ ကျောင်းလုပ်ငန်းတွေမှာ မပါဝင်တတ်တော့ပါဘူး ။
၆။ ဒေါသ ကြီးလာတတ်ပါတယ် ။
၇။ စိတ်ဓာတ်ကျခြင်း ၊ စိတ်မလိုကျခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ တဖြည်းဖြည်းဖြစ်လာနိုင်ပါတယ် ။
၈။ ဖုန်း မသုံးခိုင်းတော့ဘဲ ပြန်ယူထားလိုက်ရင် စိတ်က စဉ့်ကလျားရောဂါ ဖြစ်လာနိုင်ပါတယ် ။

သင့်ကလေးက ဒီအချက်တွေထဲကနေ အနည်းဆုံး တစ်ချက် ဖြစ်နေပြီဆိုရင် သူ ဖုန်းကို အရမ်း စွဲလမ်းနေပါပြီ ။ ဒီဂျစ်တယ် နည်းပညာကြီးကိုတော့ ရပ်ပစ်လိုက်လို့ မရနိုင်ပါဘူး ။ဒါပေမယ့် ကလေးရဲ့ ကျန်းမာရေးထက် ဘယ်အရာကမှ ပို အရေးမကြီးပါဘူး ။

Zombie ( Love အတိုစလေးများ )




အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

ကေလးငယ္ေလးေတြ ဖုန္းသုံးရင္ ျဖစ္လာမယ့္ ဆိုးက်ိဳးမ်ား Reviewed by ညီလတ္ထြန္း(နည္းပညာ) on 5:52 AM Rating: 5 [Zawgyi] ၿဖင္႔ဖတ္ရန္ နည္းပညာေတြ တိုးတက္လာတာနဲ႔အမွ် မိဘေတြက ကေလးေတြအတြက္ smartphone ေတြရဲ႕ ေကာင္းက်ိဳးနဲ႔ ဆိုးက်ိဳးေတြကို စဥ္းစား လာၾကပါတ...

No comments: