ဓာတ္ေလွကား ထဲမွာ ႐ုတ္တရက္ပိတ္မိသြားတဲ့အခါ ဘယ္လိုလုပ္ၾကမလဲ - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

ဓာတ္ေလွကား ထဲမွာ ႐ုတ္တရက္ပိတ္မိသြားတဲ့အခါ ဘယ္လိုလုပ္ၾကမလဲ

[Zawgyi] ၿဖင္႔ဖတ္ရန္ ဓာတ္ေလွကား ထဲပိတ္မိတယ္ဆိုတာ ကိုယ္တို႔ႏိုင္ငံ မွာေတာ့ ျဖစ္ေတာင့္ျဖစ္ခဲကိစၥတစ္ခုပါ။ ဒါေပမယ့္ အိမ္နီးခ်င္း တ႐ုတ္၊ ထိုင္း နဲ႔ ကိုရီးယားႏိုင္ငံေတြမွာ ဓာတ္ေလွကားထဲပိတ္မိတဲ့ျဖစ္ရပ္ေတြေန႔စဥ္နဲ႔အမွ်ရွိေနတယ္ဆိုပဲ။ ( လွ်ပ္စစ္မီးမၾကာခဏပ်က္တဲ့ႏိုင္ငံမွာ အဲ့လိုအျဖစ္မ်ိဳးသိပ္မရွိပဲ တိုးတက္တဲ့ႏိုင္ငံႀကီးေတြမွာပဲျဖစ္ေနတာဆိုေတာ့ ကိုယ့္ႏိုင္ငံက elevator ေတြေကာင္းလွခ်ည္လားဟ လို႔ေတာင္ ႀကံဖန္ၿပီး ဂုဏ္ယူမိေသး ….. )
တကယ္ေတာ့ ဓာတ္ေလွကား ထဲပိတ္မိတာဟာ သာမန္လူေတြအတြက္ေတာင္ ေၾကာက္စရာေကာင္းေနေသးတာ၊ အေမွာင္နဲ႔ေလွာင္ပိတ္ခံရတာေၾကာက္တဲ့သူေတြဆိုရင္ ႏွလုံးပါရပ္ၿပီးေသေလာက္တဲ့အထိ ျဖစ္တတ္ပါတယ္။
အဲဒီလိုမ်ား ႀကဳံခဲ့ရင္၊ ပိတ္မိခဲ့ရင္ ဘာေတြလုပ္ရမလဲ၊ ဘယ္လိုေနရမလဲ ဆိုတာ ဗဟုသုတ အေနနဲ႔ မွ်ေဝေပးလိုက္ပါတယ္။
( ၁ ) ေအးေဆးပဲေန



ကိုယ္ကအထဲမွာ၊ ဒါေပမယ့္ ႐ုတ္တရက္အေရးေပၚအေျခအေနတစ္ခုဘြားကနဲႀကဳံလာရၿပီဆိုရင္ အေရးအႀကီးဆုံးအခ်က္က … စိတ္ေအးေအးထားဖို႔ပဲ ..။ ဘာျဖစ္လို႔လဲဆိုေတာ့ ေၾကာက္႐ြံ႕လာ၊ အေၾကာက္လြန္လာတဲ့အခ်ိန္မွာ ကိုယ္တို႔ႏွလုံးထဲကို ေအာက္ဆီဂ်င္ေရာက္ဖို႔ပိုၿပီးခက္ခဲလာတတ္တယ္။ အသက္ရႈရခက္ခဲလာၿပီး သတိလစ္သြားတတ္တယ္။ ဓာတ္ေလွကားေၾကာင့္ မဟုတ္ပဲ ေအာက္ဆီဂ်င္ျပတ္ၿပီး မာလကီးယားတတ္တာကို သတိျပဳပါ။ အဲ့ဒီလိုအေျခအေနနဲ႔ႀကဳံရၿပီဆိုရင္ စိတ္ကိုေအးေအးေလးပဲထားဖို႔လိုတယ္။
( ၂ ) အကူအညီေတာင္း

စိတ္ေအးသြားၿပီဆိုရင္ ကမူးရွဴးထိုးမျဖစ္ေတာ့ဘူး။ ေခါင္းေအးေအးနဲ႔စဥ္းစားတတ္လာမယ္။ အဲဒီအခ်ိန္က်ရင္ တျခားဟာေတြထက္ အကူအညီေတာင္းဖို႔ကို အရင္ဆုံးစဥ္းစားပါ။ ဓာတ္ေလွကားေတြမွာ အေရးေပၚအေျခအေနမွာအသုံးျပဳဖို႔အတြက္ အေရးေပၚအခ်က္ေပးခလုတ္ေတြတပ္ဆင္ထားတတ္တယ္။ တကယ္လို႔မ်ား လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္သြားတာ၊ ခလုတ္ပ်က္ေနတာမ်ိဳးေတြ ဆိုရင္ေတာ့ အထဲကေနအသံက်ယ္က်ယ္နဲ႔ေအာ္ၿပီးအကူအညီေတာင္းတာ၊ တံခါးကိုထုတာ၊ အတတ္ႏိုင္ဆုံးဆူဆူညံညံလုပ္ၿပီး အျပင္ကလူေတြသတိထားမိေအာင္လုပ္ပါ။ ရွက္ေနဖို႔မလိုဘူး။
( ၃ ) အလင္းေရာင္ ရွိဖို႔လို

လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္သြားတဲ့အခါက်ရင္ ဓာတ္ေလွကားထဲမွာပါ အေမွာင္က်သြားတတ္တယ္။ အဲဒီအခါသတိထားရမွာက အလင္းေရာင္ရွိေနဖို႔လိုတယ္ဆိုတာပါပဲ။ အေမွာင္ထုဟာ လူကိုေခ်ာက္ျခားေစသလို၊ ပိုၿပီးလည္းမြန္းက်ပ္သလိုခံစားရေစတယ္။ ကိုယ့္အိတ္ထဲမွာပါတဲ့ ဖုန္း၊ ဓာတ္မီး စတာေတြနဲ႔အလင္းေရာင္ရွိေနဖို႔လိုအပ္ပါတယ္။ တစ္ခုရွိတာက မီးျခစ္ပါရင္ မီးမထြန္းပါနဲ႔။ မီးျခစ္က ထြက္လာတဲ့မီးပြားဟာ ေအာက္ဆီဂ်င္နဲ႔ဓာတ္ျပဳၿပီးမွ မီးေတာက္ျဖစ္တာပါ။ ဆိုလိုတာက မီးမ်ားမ်ားျခစ္ရင္ ေအာက္ဆီဂ်င္ျမန္ျမန္ျပတ္တယ္လို႔ေျပာတာ ..။
( ၄ ) စိတ္ရွည္သည္းခံလမ္းေၾကာင္းမွန္

တကယ္လို႔ အထဲမွာပိတ္မိေနတာကို အျပင္ကသိသြားၿပီ၊ အကူအညီလည္းလာေနၿပီ။ ဒါေပမယ့္ လူေတြရဲ႕စိတ္ကလည္းခက္သား၊ လာေနပါၿပီဆိုမွ ပိုၿပီးေမွ်ာ္တတ္ၾကတယ္။ ကယ္မယ့္သူကို ေမွ်ာ္ရင္းစိတ္ပင္ပန္းလာ၊ အေၾကာက္ပိုလာတဲ့အခါက်ရင္ ပိုၿပီးစိတ္ေတြေခ်ာက္ျခားလာတတ္တယ္။ အဲလိုအခါမ်ိဳးက်ရင္ ကိုယ့္အေနနဲ႔ စိတ္ေအးေအးထား၊ စိတ္ရွည္ရွည္ထားဖို႔လိုပါတယ္။ ဖုန္းေခၚတာ၊ ဂိမ္းေဆာ့တာ၊ chat တာေတြလုပ္ၿပီး စိတ္ေလးကို relax ေပးထားဖို႔လိုတယ္ေနာ္။
( ၅ ) အေၾကာက္လြန္ၿပီး ခလုတ္ေတြေလွ်ာက္မႏွိပ္ဖို႔

အထပ္တစ္ခုခုမွာ ဓာတ္ေလွကားပ်က္သြားတယ္ထား။ တံခါးလည္းမပြင့္ဘူး။ ဒါဆို ဘာလုပ္မလဲ .. ။ ထူပူၿပီးကိုယ္သြားမယ့္ အထပ္ရဲ႕ခလုတ္ကို ထပ္ကာထပ္ကာႏွိပ္ေနတာပိုၿပီးဆိုးသြားႏိုင္တယ္။ အဲဒီအခါမ်ိဳးက်ရင္ ကိုယ္ေရာက္ေနတဲ့အထပ္ရဲ႕ခလုတ္ကို ႏွိပ္ပါ။ အဲ့ဒီလိုမွတံခါးပြင့္မလာရင္ Open Door ဆိုတဲ့ခလုတ္ကိုႏွိပ္ၿပီးစမ္းၾကည့္ပါ။.
( ၆ ) Stop ခလုပ္ကို ႏွိပ္

အေရးေပၚအေျခအေန ( ဥပမာ ) ထိခိုက္ဒဏ္ရာရထားတာမ်ိဳး၊ ေသေရးရွင္ေရးကိစၥေတြျဖစ္လာတာမ်ိဳးဆိုမွ သုံးပါ။ ႏို႔မို႔ဆို တစ္ေနရာတည္းမွာ ဓာတ္ေလွကားက ရပ္ေနပါလိမ့္မယ္။ ဓာတ္ေလွကားတိုင္းမွာ Stop ဆိုတဲ့အနီေရာင္ခလုတ္ေလးတစ္ခုစီပါတတ္ၾကတယ္။ ကိုယ့္အေနနဲ႔ ကယ္မယ့္သူေရာက္လာတာျဖစ္ျဖစ္၊ ကိုယ့္ဟာကိုယ္ ႀကိဳးစားၿပီးထြက္မွာပဲျဖစ္ျဖစ္၊ ဘယ္လိုပဲျဖစ္ျဖစ္ထြက္ဖို႔လိုလာၿပီဆိုရင္ အဲဒီ Stop ခလုတ္အနီေရာင္ေလးကို ႏွိပ္ဖို႔လိုပါတယ္။ ဒါဆို ကိုယ့္အေနနဲ႔လြတ္ေျမာက္ရာလြတ္ေျမာက္ေၾကာင္းေလး ႀကံဖန္လို႔ရတာေပါ့ ..။
အားလုံးပဲ က်ဥ္းထဲက်ပ္ထဲေရာက္တဲ့ဒုကၡမွကင္းေဝးၾကပါေစ …။
Credit : we

=========================================

ဓာတ်လှေကားထဲမှာ ရုတ်တရက်ပိတ်မိသွားတဲ့အခါ ဘယ်လိုလုပ်ကြမလဲ
[Unicode]ဖတ်ရန် ဓာတ်လှေကားထဲပိတ်မိတယ်ဆိုတာ ကိုယ်တို့နိုင်ငံမှာတော့ ဖြစ်တောင့်ဖြစ်ခဲကိစ္စတစ်ခုပါ။ ဒါပေမယ့် အိမ်နီးချင်းတရုတ်၊ ထိုင်း နဲ့ ကိုရီးယားနိုင်ငံတွေမှာ ဓာတ်လှေကားထဲပိတ်မိတဲ့ဖြစ်ရပ်တွေနေ့စဉ်နဲ့အမျှရှိနေတယ်ဆိုပဲ။ ( လျှပ်စစ်မီးမကြာခဏပျက်တဲ့နိုင်ငံမှာ အဲ့လိုအဖြစ်မျိုးသိပ်မရှိပဲ တိုးတက်တဲ့နိုင်ငံကြီးတွေမှာပဲဖြစ်နေတာဆိုတော့ ကိုယ့်နိုင်ငံက elevator တွေကောင်းလှချည်လားဟ လို့တောင် ကြံဖန်ပြီး ဂုဏ်ယူမိသေး ….. )
တကယ်တော့ ဓာတ်လှေကားထဲပိတ်မိတာဟာ သာမန်လူတွေအတွက်တောင် ကြောက်စရာကောင်းနေသေးတာ၊ အမှောင်နဲ့လှောင်ပိတ်ခံရတာကြောက်တဲ့သူတွေဆိုရင် နှလုံးပါရပ်ပြီးသေလောက်တဲ့အထိ ဖြစ်တတ်ပါတယ်။
အဲဒီလိုများ ကြုံခဲ့ရင်၊ ပိတ်မိခဲ့ရင် ဘာတွေလုပ်ရမလဲ၊ ဘယ်လိုနေရမလဲ ဆိုတာ ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်။
( ၁ ) အေးဆေးပဲနေ



ကိုယ်ကအထဲမှာ၊ ဒါပေမယ့် ရုတ်တရက်အရေးပေါ်အခြေအနေတစ်ခုဘွားကနဲကြုံလာရပြီဆိုရင် အရေးအကြီးဆုံးအချက်က … စိတ်အေးအေးထားဖို့ပဲ ..။ ဘာဖြစ်လို့လဲဆိုတော့ ကြောက်ရွံ့လာ၊ အကြောက်လွန်လာတဲ့အချိန်မှာ ကိုယ်တို့နှလုံးထဲကို အောက်ဆီဂျင်ရောက်ဖို့ပိုပြီးခက်ခဲလာတတ်တယ်။ အသက်ရှုရခက်ခဲလာပြီး သတိလစ်သွားတတ်တယ်။ ဓာတ်လှေကားကြောင့် မဟုတ်ပဲ အောက်ဆီဂျင်ပြတ်ပြီး မာလကီးယားတတ်တာကို သတိပြုပါ။ အဲ့ဒီလိုအခြေအနေနဲ့ကြုံရပြီဆိုရင် စိတ်ကိုအေးအေးလေးပဲထားဖို့လိုတယ်။
( ၂ ) အကူအညီတောင်း

စိတ်အေးသွားပြီဆိုရင် ကမူးရှူးထိုးမဖြစ်တော့ဘူး။ ခေါင်းအေးအေးနဲ့စဉ်းစားတတ်လာမယ်။ အဲဒီအချိန်ကျရင် တခြားဟာတွေထက် အကူအညီတောင်းဖို့ကို အရင်ဆုံးစဉ်းစားပါ။ ဓာတ်လှေကားတွေမှာ အရေးပေါ်အခြေအနေမှာအသုံးပြုဖို့အတွက် အရေးပေါ်အချက်ပေးခလုတ်တွေတပ်ဆင်ထားတတ်တယ်။ တကယ်လို့များ လျှပ်စစ်ဓာတ်အားပြတ်တောက်သွားတာ၊ ခလုတ်ပျက်နေတာမျိုးတွေ ဆိုရင်တော့ အထဲကနေအသံကျယ်ကျယ်နဲ့အော်ပြီးအကူအညီတောင်းတာ၊ တံခါးကိုထုတာ၊ အတတ်နိုင်ဆုံးဆူဆူညံညံလုပ်ပြီး အပြင်ကလူတွေသတိထားမိအောင်လုပ်ပါ။ ရှက်နေဖို့မလိုဘူး။
( ၃ ) အလင်းရောင်ရှိဖို့လို

လျှပ်စစ်ဓာတ်အားပြတ်တောက်သွားတဲ့အခါကျရင် ဓာတ်လှေကားထဲမှာပါ အမှောင်ကျသွားတတ်တယ်။ အဲဒီအခါသတိထားရမှာက အလင်းရောင်ရှိနေဖို့လိုတယ်ဆိုတာပါပဲ။ အမှောင်ထုဟာ လူကိုချောက်ခြားစေသလို၊ ပိုပြီးလည်းမွန်းကျပ်သလိုခံစားရစေတယ်။ ကိုယ့်အိတ်ထဲမှာပါတဲ့ ဖုန်း၊ ဓာတ်မီး စတာတွေနဲ့အလင်းရောင်ရှိနေဖို့လိုအပ်ပါတယ်။ တစ်ခုရှိတာက မီးခြစ်ပါရင် မီးမထွန်းပါနဲ့။ မီးခြစ်က ထွက်လာတဲ့မီးပွားဟာ အောက်ဆီဂျင်နဲ့ဓာတ်ပြုပြီးမှ မီးတောက်ဖြစ်တာပါ။ ဆိုလိုတာက မီးများများခြစ်ရင် အောက်ဆီဂျင်မြန်မြန်ပြတ်တယ်လို့ပြောတာ ..။
( ၄ ) စိတ်ရှည်သည်းခံလမ်းကြောင်းမှန်

တကယ်လို့ အထဲမှာပိတ်မိနေတာကို အပြင်ကသိသွားပြီ၊ အကူအညီလည်းလာနေပြီ။ ဒါပေမယ့် လူတွေရဲ့စိတ်ကလည်းခက်သား၊ လာနေပါပြီဆိုမှ ပိုပြီးမျှော်တတ်ကြတယ်။ ကယ်မယ့်သူကို မျှော်ရင်းစိတ်ပင်ပန်းလာ၊ အကြောက်ပိုလာတဲ့အခါကျရင် ပိုပြီးစိတ်တွေချောက်ခြားလာတတ်တယ်။ အဲလိုအခါမျိုးကျရင် ကိုယ့်အနေနဲ့ စိတ်အေးအေးထား၊ စိတ်ရှည်ရှည်ထားဖို့လိုပါတယ်။ ဖုန်းခေါ်တာ၊ ဂိမ်းဆော့တာ၊ chat တာတွေလုပ်ပြီး စိတ်လေးကို relax ပေးထားဖို့လိုတယ်နော်။
( ၅ ) အကြောက်လွန်ပြီး ခလုတ်တွေလျှောက်မနှိပ်ဖို့

အထပ်တစ်ခုခုမှာ ဓာတ်လှေကားပျက်သွားတယ်ထား။ တံခါးလည်းမပွင့်ဘူး။ ဒါဆို ဘာလုပ်မလဲ .. ။ ထူပူပြီးကိုယ်သွားမယ့် အထပ်ရဲ့ခလုတ်ကို ထပ်ကာထပ်ကာနှိပ်နေတာပိုပြီးဆိုးသွားနိုင်တယ်။ အဲဒီအခါမျိုးကျရင် ကိုယ်ရောက်နေတဲ့အထပ်ရဲ့ခလုတ်ကို နှိပ်ပါ။ အဲ့ဒီလိုမှတံခါးပွင့်မလာရင် Open Door ဆိုတဲ့ခလုတ်ကိုနှိပ်ပြီးစမ်းကြည့်ပါ။.
( ၆ ) Stop ခလုပ်ကို နှိပ်

အရေးပေါ်အခြေအနေ ( ဥပမာ ) ထိခိုက်ဒဏ်ရာရထားတာမျိုး၊ သေရေးရှင်ရေးကိစ္စတွေဖြစ်လာတာမျိုးဆိုမှ သုံးပါ။ နို့မို့ဆို တစ်နေရာတည်းမှာ ဓာတ်လှေကားက ရပ်နေပါလိမ့်မယ်။ ဓာတ်လှေကားတိုင်းမှာ Stop ဆိုတဲ့အနီရောင်ခလုတ်လေးတစ်ခုစီပါတတ်ကြတယ်။ ကိုယ့်အနေနဲ့ ကယ်မယ့်သူရောက်လာတာဖြစ်ဖြစ်၊ ကိုယ့်ဟာကိုယ် ကြိုးစားပြီးထွက်မှာပဲဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ်ထွက်ဖို့လိုလာပြီဆိုရင် အဲဒီ Stop ခလုတ်အနီရောင်လေးကို နှိပ်ဖို့လိုပါတယ်။ ဒါဆို ကိုယ့်အနေနဲ့လွတ်မြောက်ရာလွတ်မြောက်ကြောင်းလေး ကြံဖန်လို့ရတာပေါ့ ..။
အားလုံးပဲ ကျဉ်းထဲကျပ်ထဲရောက်တဲ့ဒုက္ခမှကင်းဝေးကြပါစေ …။
Credit : we





အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

ဓာတ္ေလွကား ထဲမွာ ႐ုတ္တရက္ပိတ္မိသြားတဲ့အခါ ဘယ္လိုလုပ္ၾကမလဲ Reviewed by ညီလတ္ထြန္း(နည္းပညာ) on 4:24 AM Rating: 5 [Zawgyi] ၿဖင္႔ဖတ္ရန္ ဓာတ္ေလွကား ထဲပိတ္မိတယ္ဆိုတာ ကိုယ္တို႔ႏိုင္ငံ မွာေတာ့ ျဖစ္ေတာင့္ျဖစ္ခဲကိစၥတစ္ခုပါ။ ဒါေပမယ့္ အိမ္နီးခ်င္း တ႐ုတ္၊ ထိုင...

No comments: