ယာဉ်မောင်းလိုင်စင် ပျောက်သွားခဲ့ရင် ပြန်လျှောက်နည်း ဒီနေ့လျှောက် ဒီနေ့ရတယ် - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

ယာဉ်မောင်းလိုင်စင် ပျောက်သွားခဲ့ရင် ပြန်လျှောက်နည်း ဒီနေ့လျှောက် ဒီနေ့ရတယ်

Zawgyiဖြင့်ဖတ်ရန် ယာဉ်မောင်းလိုင်စင် ပျောက်သွားခဲ့ရင် ဒီလိုပြန်လျှောက်
“စ” စပယ်ယာလိုင်စင် ၅၀၀၀

Unicodeဖြင့်ဖတ်ရန် ယာဉ်မောင်းလိုင်စင် ပျောက်သွားခဲ့ရင် ဒီလိုပြန်လျှောက်
သင်ကိုင်ထားတဲ့ ယာဉ်မောင်းလိုင်စင် ပျောက်ဆုံးသွားတယ်ဆိုရင် ဘာမှစိတ်ပူမနေနဲ့ ဒီလိုလေးပြန်လျှောက် ဒီနေ့လျှောက် ဒီနေ့ပြန်ရတယ်။ မှတ်ပုံတင်မူးရင်ရယ် မိတ္ထူရယ် ယာဉ်ထိန်းထောက်ခံစာရယ်ပဲလိုတာ အဲ့ဒီသုံးမျိုးစုံရင် ကညနမှာပြန်လျှောက် ပြန်ရရော။
အဲ့ တစ်ခုတော့ရှိတယ် ယာဉ်ထိန်းထောက်ခံစာဟာ မိမိရဲ့ ယာဉ်မောင်းလိုင်စင် နံပါတ်ပြောပြနိုင်မှ ထောက်ခံစာရေးလို့ ရမှာမို့ မိမိပျောက်ဆုံးသွားတဲ့ ယာဉ်မောင်းလိုင်စင်ရဲ့ နံပါတ်တော့ မှတ်မိရမယ်နော်။ ရိုက်ထားတဲ့ပုံတွေ ကူးခဲ့ဖူးတဲ့ မိတ္ထူတွေရှိရင် အဲ့ထဲမှာပြန်ကြည့်ပေါ့။
မဟုတ်ဘူး ဘယ်လိုမှကိုမမှတ်မိတော့ဘူး ပြန်ကြည့်စရာလဲ ဘာမှမရှိဘူး ဆိုခဲ့ရင်ဖြင့်လည်း စိတ်မပူပါနဲ့ ဒီလိုလေးလုပ်။
မှတ်ပုံတင်ယူသွားပြီး ကညနမှာ ကျွန်တော့် ယာဉ်မောင်းလိုင်စင်လေး ပျောက်သွားတာ ပြန်လျှောက်ချင်လို့ နံပါတ်မမှတ်မိတော့လို့ နံပါတ်လေး သိချင်လို့ပါခင်ဗျာ လို့ပြောပြီး အကူအညီတောင်း ရှာပေးပါတယ် နံပါတ်ရလာပါလိမ့်မယ်။
ကဲ ဘာအခက်အခဲရှိသေးလဲ အားလုံး OK နော်။ အော် ကုန်ကျစရိတ်လား ပြောပြပေးပါ့မယ်။ ယာဉ်မောင်းလိုင်စင် အလိုက် ပျောက်ဆုံးသွားလို့ ပြန်လျှောက်တဲ့အခါ ဒီလောက်ကုန်ပါတယ်.
“သ” ယာဉ်မောင်းလိုင်စင် ၃၀၀၀
“က-၁” ယာဉ်မောင်းလိုင်စင် ၅၀၀၀
“က” ယာဉ်မောင်းလိုင်စင် ၈၀၀၀
“ခ” ယာဉ်မောင်းလိုင်စင် ၃၀၀၀၀
“ဂ” ယာဉ်မောင်းလိုင်စင် ၃၀၀၀၀
“ဃ” ယာဉ်မောင်းလိုင်စင် ၃၀၀၀၀
“င” ယာဉ်မောင်းလိုင်စင် ၅၀၀၀၀
“ဌ” “ဟ”ယာဉ်မောင်းလိုင်စင် ၁၀၀၀၀
“စ” စပယ်ယာလိုင်စင် ၅၀၀၀
သက်တမ်းလွန်တာတွေ ဘာတွေညာတွေဆိုရင်တော့ သက်တမ်းလွန်ကြေးက သက်သက်ပါနော်။
ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ (2.4.2019)





အားလုံးကိုခင်မင်လျှက်
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com

ယာဉ်မောင်းလိုင်စင် ပျောက်သွားခဲ့ရင် ပြန်လျှောက်နည်း ဒီနေ့လျှောက် ဒီနေ့ရတယ် Reviewed by ညီလတ်ထွန်း(နည်းပညာ) on 6:57 AM Rating: 5 Zawgyiဖြင့်ဖတ်ရန် ယာဉ်မောင်းလိုင်စင် ပျောက်သွားခဲ့ရင် ဒီလိုပြန်လျှောက် သင်ကိုင်ထားတဲ့ ယာဉ်မောင်းလိုင်စင် ပျောက်ဆုံးသွားတယ်ဆိုရင် ဘာမှစိ...

No comments: