လျှပ်စစ်ဘယ်​​လောက်​သုံးရင်​ မီတာ (၁) ယူနစ်​ ကျမလဲ? - ညီလတ်ထွန်း(နည်းပညာ)
728x90 AdSpace
Trending
လျှပ်စစ်ဘယ်​​လောက်​သုံးရင်​ မီတာ (၁) ယူနစ်​ ကျမလဲ?
[Zawgyi] ဖြင့်ဖတ်ရန် မီတာ ၁ ယူနစ်ဆိုတာ…
#မျိုးထက်ကျော်ခိုင်
===================================================
လျှပ်စစ်ဘယ်​​လောက်​သုံးရင်​ မီတာ (၁) ယူနစ်​ ကျမလဲ?
[Unicode]ဖတ်ရန် မီတာ ၁ ယူနစ်ဆိုတာ…
1 KWH ၁ ကီလိုဝပ်နာရီ ဆိုလိုတာက တနာရီအကြာကာလမှာ ၁ ကီလိုဝပ်(1000 ဝပ်) သုံးစွဲလိုက်ရင် ၁ ယူနစ် သတ်မှတ်ပါတယ်။ အလင်းရောင်ရဖို့ မီးသုံးစွဲမှုကို အကြမ်းဖျဉ်း တွက်ကြရအောင်။ ၄ ပေ မီးချောင်း ၁ ချောင်းဟာ ရေဘုယျအားဖြင့် ၄၀ ဝပ်ပါ။ တနာရီကြာဆက်တိုက်ထွန်းထားရင် သုံးစွဲပမာဏ ဝပ် ၄၀ ပေါ့။ ၂၅ နာရီကြာသုံးရင် ဝပ် ၁၀၀၀ ဖြစ်လို့ ၄ မီးချောင်း ၁ ချောင်းကို ၂၅ နာရီကြာသုံးရင် တယူနစ်တက်ပါမယ်။၂ ပေ ချောင်းဆိုရင် နာရီ ၅၀ ကြာသုံးမှ တယူနစ် တက်ပါမယ်။
အရပ်ခေါ် ဒယ်နီ လို့ခေါ်ကြတဲ့ လျှပ်စစ်ဟင်းချက်ဒယ်အိုးသုံးတယ်ဆိုပါစို့။သူ့ဝပ်အားက အပူထိန်းညှိနိူင်တာဖြစ်လို့ ပုံသေမတွက်ဘဲ ပျမ်းမျှယူတွက်ကြရအောင်ပါ။ (ဝပ် ၁၆၀၀ အမြင့်ဆုံးပါ)
အပူချိန်လျှော့သုံးချိန်တွေနဲ့ ဝပ် ၁၀၀၀ ထားတွက်ပါစို့။ တနာရီကြာသုံးရင် တယူနစ်တက်ပါမယ်။ ဟင်းတခွက်ကို ၁၄-၅ နာရီချက်ရတာမျိုး ရှိပါသလား အိမ်ရှင်မတို့ အိမ်ရှင်ထီးတို့။ အိမ်ရှင်ဂန်ဒူးတို့?? :p :p မဖြေပါနဲ့။ တရက်မှာ ဒယ်နီနဲ့ ဟင်းချက်ချိန် ၂ နာရီ ပဲထားပါတော့။ ထမင်းပေါင်းအိုးဆိုတဲ့ Rice Cooker နဲ့ မနက်/ည ၂ခါပြန်ချက်။ ၂ ယူနစ်အပြင်ပိုမတက်ပါ။ဒါ ပိုတွက်ထားတာပါ။ထမင်းတအိုး နာရီဝက်ထက်ပိုမကြာပါဘူး။ ညဖက်နားချိန် TV ကြည့်ပါ။ ၅ နာရီဆက်တိုက်ကြည့်ပါ။ တယူနစ် ဝန်းကျင်တက်ပါမယ်။ သိပ်များတယ်ထင်ရင် TV ကြည့်ချိန်လျှော့ပါ။
#မျိုးထက်ကျော်ခိုင်
အားလုံးကိုခင်မင်လျှက်
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com
လျှပ်စစ်ဘယ်​​လောက်​သုံးရင်​ မီတာ (၁) ယူနစ်​ ကျမလဲ? Reviewed by ညီလတ်ထွန်း(နည်းပညာ) on 5:27 AM Rating: 5 [Zawgyi] ဖြင့်ဖတ်ရန် မီတာ ၁ ယူနစ်ဆိုတာ… 1 KWH ၁ ကီလိုဝပ်နာရီ ဆိုလိုတာက တနာရီအကြာကာလမှာ ၁ ကီလိုဝပ်(1000 ဝပ်) သုံးစွဲလိုက်ရင် ၁ ယူနစ် သတ်မှ...
No comments: