သိပ္ပံပညာရှင်တွေ ခန့် မှန်းထားတဲ့ ကမ္ဘာပျက်မယ့်ရက်စွဲ ( ရ ) ခု - ညီလတ်ထွန်း(နည်းပညာ)
728x90 AdSpace
Trending
[Zawgyi] ဖြင့်ဖတ်ရန် ၇။မတ် ၁၆၊ ၂၈၈၀
၆။၂၁၀၀ ခုနှစ်
၅။၂၀၆၀ ခုနှစ်
၎။ ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၄၀
၃။ဧပရယ် ၁၃၊ ၂၀၃၆
၂။၂၀၃၀ ခုနှစ်
၁။၂၀၂၁ နှစ်
========================================
သိပ္ပံပညာရှင်တွေ ခန် ့မှန်းထားတဲ့ ကမ္ဘာပျက်မယ့်ရက်စွဲ ( ရ ) ခု
[Unicode]ဖတ်ရန် ၇။မတ် ၁၆၊ ၂၈၈၀
ကမ္ဘာကြီးဟာအမျိုးမျိုးသောခြိမ်းခြောက်မှုတွေရှိနေတဲ့ဧရိယာထဲမှာတည်ရှိနေတာဖြစ်ပါတယ်။ အဲ့ထဲကတစ်ခုကတော့ အခုလက်ရှိလာနေတဲ့လမ်းမှာပါ။ အဲ့ဒါကတော့ ၁၉၅၀ အေဒီလို့ နာမည်ပေးထားတဲ့ဂြိုလ်သိမ်ဂြိုလ်မွှားတစ်ခုဖြစ်ပါတယ်။အဆိုပါ ဂြိုလ်သိမ်ဂြိုလ်မွှားဟာဆိုရင် ကမ္ဘာနဲ့ဝင်တိုက်ဖို့အလားအလာအရှိဆုံးအရာဖြစ်ပါတယ်။ အချင်းကီလိုမီတာ ၁.၃ ရှိပီး ၁ စက္ကန့်ကို၁၅ ကီလိုမီတာနှုန်းနဲ့ရွေ့လျားနေတာဖြစ်ပါတယ်။ နာဆာသိပ္ပံပညာရှင်တွေရဲ့လေ့လာမှုတွေအရဆိုရင်ဒီဂြိုလ်သိမ်ဂြိုလ်မွှားကြောင့် အထိခိုက်ဆုံးဖြစ်မယ့်နေရာကတော့ အတ္တလန္တိတ်သမုဒ္ဒရာဖြစ်ပါတယ်။ ၄၄၈၀၀ မက်ဂါတန်ပေါက်ကွဲမှုကြီးဖြစ်ပွားမှာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာဆိုရင် မတ်လ ၁၆ ရက် ၂၈၈၀ ခုနှစ်မှာဖြစ်ပွားမှာဖြစ်ပါတယ်။ အဝေးကြီးလိုသေးတဲ့ရက်စွဲဆိုပေမဲ့ နာဆာအတွက်တော့ အရေးကြီးနေပါတယ်။
၆။၂၁၀၀ ခုနှစ်
တစ်နှစ်ပတ်လုံးမှာ နေ့စဉ် လူပေါင်းထောင်ချီးပီးမွေးဖွားပါတယ်။ လူဦးရေတိုးလာတာနဲ့အမျှ ကမ္ဘာကြီးရဲ့သယံဇာတတွေလဲကုန်ခမ်းလို့လာနေပါတယ်။ “Sustainability”ဆိုတဲ့မဂ္ဂဇင်းထဲကလေ့လာချက်တစ်ခုမှာဆိုရင် ကမ္ဘာ့သယံဇာတရင်းမြစ်တွေဟာ နောင် ၈၃ နှစ်အတွင်းမှာ ကုန်ဆုံးသွားမယ်လို့ဆိုပါတယ်။ ဒီလိုဆိုရင်တော့ လူသားတွေရဲ့ဘဝအဆုံးသတ်သွားမှာဖြစ်ပါတယ်။
၅။၂၀၆၀ ခုနှစ်
လူတွေအများကြီးဟာ ကမ္ဘာပျက်မယ့်နေ့နဲ့ပတ်သတ်လို့ ကြိုတင်ခန့်မှန်းဖို့စိန်ခေါ်ကြပါတယ်။ ဒါမဲ့လဲကမ္ဘာ့အတော်ဆုံးရူပဗေဒပညာရှင်အိုင်းဆက်နယူတန် ကတော့ ၂၀၆၀ မှာကမ္ဘာပျက်လိမ့်မယ်လို့ကြိုတင်ခန့်မှန်းခဲ့ပါတယ်။ ပီးခဲ့တဲ့နှစ်အချို့ကမှရှာဖွေတွေ့ရှိခဲ့တဲ့စာထဲမှာအဲ့လိုရေးထားတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
၄။ ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၄၀
စကြဝဠာကြီးမှာ ကမ္ဘာကြီးကိုဖျက်ဆီးပစ်နိုင်တဲ့ဂြိုလ်သိမ်ဂြိုလ်မွှားတွေအများကြီးရှိပါတယ်။ အမြဲလိုလို ကမ္ဘာကြီးဟာခြိမ်းခြောက်ခံနေရပါတယ်။ အခုလဲ ၂၀၄၀ မှာဆိုရင် ၂၀၁၁ ag 5 လို့နာမည်ပေးထားတဲ့ ဂြိုလ်သိမ်ဂြိုလ်မွှားကြောင့်ကမ္ဘာပျက်နိုင်ပါတယ်။
၃။ဧပရယ် ၁၃၊ ၂၀၃၆
ကျွန်တော်တို့စိတ်ပူရမှာက ဗိုင်းရပ်စ် တွေဘာတွေကိုမဟုတ်ပဲ ဂြိုလ်သိမ်ဂြိုလ်မွှားတွေကိုပဲအဓိကစိတ်ပူရမှာပါ။ ဂြိုလ်သိမ်ဂြိုလ်မွှားတွေဟာ ကမ္ဘာကိုဖျက်ဆီးနိုင်တဲ့အစွမ်းရှိပါတယ်။ သူတို့ ဒိုင်နိုဆောတွေကိုတောင် ဖျက်ဆီးပစ်ပီးပီဖြစ်ပါတယ်။ အခုတစ်ခါကတော့ လူသားတွေအလှည့်ကျလို့လာပါပီ။ ကမ္ဘာအတွက်အန္တရာယ်များတဲ့အရာ အခု ၈၀၀ ထဲမှာတစ်ခုဖြစ်တဲ့ အပိုဖစ်စ် ဂြိုလ်သိမ်ဂြိုလ်မွှားဟာဆိုရင် အချင်းမီတာ ၄၀၀ ရှိပီးကမ္ဘာကြီးဆီကို အန္တရာယ်ကြီးကြီးနဲ့ရွေ့လျားလျက်ရှိပါတယ်။ ၂၀၃၆ မှာဖြစ်မယ်လို့ခန့်မှန်းထားတာမို့ အားလုံးပဲသတိကြီးကြီးနဲ့နေသင့်ပါတယ်။
၂။၂၀၃၀ ခုနှစ်
ယနေ့ခေတ်ရဲ့ ပတ်ဝန်းကျင်ဖောက်ပြန်မှုတွေကြားထဲမှာ ကမ္ဘာအတွက်အကြီးဆုံးသော သဘာဝကပ်ဘေးကြီးကို ၂၀၃၀ ခုနှစ်မှာကြုံတွေ့ရမယ်လို့ဆိုပါတယ်။ ကြံုတွေ့တဲ့အခါမှာလဲ လူသား ၂၀% သာအသက်ရှင်ကျန်ရစ်မယ်လို့လဲခန့်မှန်းထားကြပါသေးတယ်။
သိပ္ပံပညာရှင် ဂျိန်းလဖ်လော့ခ် ရဲ့အဆိုအရဆိုရင် အချမ်းသာဆုံးသူတွေကပဲ လျှပ်စစ်နဲ့လေကိုအသုံးပြုနိုင်မှာပါတဲ့။
၁။၂၀၂၁ နှစ်
ဂြိုလ်သိမ်ဂြိုလ်မွှားတွေ၊ သဘာဝကပ်ဘေးတွေကို ခဏအသာထားလိုက်ပါအုံး။ကမ္ဘာပျက်မယ့်ရက်နဲ့ပတ်သတ်ပီး အခြားသီအိုရီလဲရှိပါသေးတယ်။ ရှေးပညာရှင်တစ်ဦးရဲ့အဆိုအရဆိုရင် ကပ်ဘေးအမျိုးမျိုးဖြစ်တဲ့ ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း စတာတွေအများဆုံးဖြစ်လာတဲ့အခါမှာ ကမ္ဘာပျက်မယ်လို့ဆိုပါတယ်။ အဲ့ခန့်မှန်းထားတဲ့နှစ်က ၂၀၂၁ ပါ။ တစ်ချို့ပညာရှင်တွေကလဲ ခရစ်တော်ဒုတိယအကြိမ်ပြန်လာမယ့်နှစ်လို့လဲဆိုကြပါတယ်။ ပီးတော့ ၂၀၂၁ ခုနှစ်မှာ အဆိုးဆုံးတွေလာမှာမို့လို့ ကြိုတင်ပြင်ဆင်ထားပါလို့လဲဆိုထားပါသေးတယ်။
Writer -Min Thu (Daily Hot News )
အားလုံးကိုခင်မင်လျှက်
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com
No comments: