“အဲကြန္​းလည္​းဖြင္​့ခ်င္​တယ္​ မီတာခလည္​း သက္​သာခ်င္​သူ မ်ားအတြက္​” - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

“အဲကြန္​းလည္​းဖြင္​့ခ်င္​တယ္​ မီတာခလည္​း သက္​သာခ်င္​သူ မ်ားအတြက္​”

[Zawgyi] ၿဖင္႔ဖတ္ရန္ အဲကြန္​းလည္​းဖြင္​့ခ်င္​တယ္​ မီတာခလည္​း သက္​သာခ်င္​သူ မ်ားအတြက္​
အဲကြန္း Remote Control ကေနအပူခ်ိန္ကိုအနိမ့္ဆုံးျဖစ္တဲ့၁၆သို႕မဟုတ္၁၈ဒီဂရီေလာက္ထားလိုက္ရင္၂၅ဒီဂရီမွာထားတာထက္ ပိုေအးတဲ့ေလေတြထြက္လာမယ္၊အခန္းလည္းျမန္ျမန္ပိုေအးမယ္လို႕လူအမ်ားစုကထင္ၾကပါတယ္။အမွန္ကလုံးဝမဟုတ္ပါဘူး။
အဲကြန္းကထြက္လာတဲ့ ေလဟာကိုယ္ထားထားတဲ့အပူခ်ိန္နဲ႕မဆိုင္ဘဲတစ္သမတ္တည္းပါ။ဒါဟာအဲကြန္းတစ္ခုဘယ္လိုအလုပ္လုပ္လဲ မသိလို႕ျဖစ္ပါတယ္။
လူအမ်ားနားလည္ေအာင္ Technical Terms ေတြကို ေရွာင္ျပီးအလြယ္ပဲ ေျပာလိုက္ပါေတာ့မယ္။ဒီေခတ္မွာအသုံးအမ်ားဆုံးျဖစ္တဲ့ Split Type Air Conditioner ေတြမွာ Indoor Unit နဲ႕ Outdoor Unitရယ္ႏွစ္ပိုင္းပါ၀င္ပါတယ္။
အဓိကအေန႔ Indoor Unitမွာ Evaporator နဲ႕ Outdoor Unit မွာ Compressor နဲ႕ Condenser ေတြပါဝင္ပါတယ္။

Evaporatorဟာ​ေလထုထဲက​ေရေငြ႕ေတြကိုဖယ္ရွားဖို႕ျဖစ္ျပီး Compressor ႏွင့္ Condenser ေတြကေလထဲကအပူေတြကိုဖယ္ရွားျပီး ေလကို​ေအးျမသြားေအာင္လုပ္ေပးဖို႕ျဖစ္ပါတယ္။
အဲကြန္းရဲ႕ Indoor Unit ဟာအခန္းတြင္းက
ေလကိုစုပ္ယူလိုက္ပါတယ္။အဲဒီေလထဲမွာပါလာတဲ့ ေရေငြ႕ေတြကိုEvaporatorလို႕ေခၚတဲ့ကိရိယာနဲ႕ဖယ္ရွားျပီးအဲကြန္းကေရေတြတေတာက္ေတာက္က်တာဟာအဲဒီလိုဖယ္ရွားခံရတဲ့အခန္းတြင္း​ေလထုထဲက ေရေငြ႕ေတြပါပဲ) ေျခာက္ေသြ႕သြားတဲ့ ေလကို Compressor နဲ႕ Condenser ေတြကို ျဖတ္သန္ေစၿပီး​ေအးျမေျခာက္ေသြ႕တဲ့​ေလကိုပန္မႈတ္သြင္းလိုက္ပါတယ္။
ဥပမာအျပင္မွာ၃၅ဒီဂရီရွိေနခ်ိန္အခန္းတြင္းမွာအဲကြန္းကို၂၅ဒီဂရီဆက္တင္လုပ္ထားမယ္ ဆိုရင္၂၅ဒီဂရီကိုမေရာက္မခ်င္းအဲကြန္းဟာအခန္းတြင္းမွာရွိတဲ့​ေလထုကိုစုပ္ယူလိုက္၊ ေလထဲက​ေရေငြ႕နဲ႕အပူကိုဖယ္ရွားျပီး ေအးျမတဲ့ ေလကိုအခန္းတြင္းကိုျပန္မႈတ္သြင္းလိုက္နဲ႕အခန္းတြင္းကအပူခ်ိန္ကိုတျဖည္းျဖည္းက်ဆင္းလာေစျပီး ေအးျမလာေစပါတယ္။
ဒီနည္းနဲ႕အခန္းတြင္းအပူခ်ိန္က်ဆင္းလာတာဟာသုံးစြဲသူသတ္မွတ္ထားတဲ့အပူခ်ိန္ကို ေရာက္ျပီဆိုတာကိုအဲကြန္းရဲ႕အာ႐ံုခံစနစ္ကသိလိုက္တာနဲ႕အဲကြန္းကိုခဏေလာက္ရပ္ထားလိုက္ပါတယ္။
စက္ရပ္တာၾကာလာလို႕အခန္းတြင္းအပူခ်ိန္က၂၅ဒီဂရီထက္ ျပန္ျမင့္တက္လာမွအဲကြန္းကအလုပ္ျပန္လုပ္ပါတယ္။ဒီေတာ့အျပင္က၃၅ဒီဂရီအပူခ်ိန္မ်ိဳးကိုကိုယ့္အိမ္တြင္းမွာမခံစားႏိုင္လို႕​ေအးျမလာေအာင္၂၅ဒီဂရီပဲထားသူနဲ႕၁၆ဒီဂရီထားသူဓာတ္အားသုံးစြဲမႈခ်င္းလုံးဝမတူေတာ့ပါဘူး။
အခန္းတြင္းအပူခ်ိန္ကို၁၆ဒီဂရီ၁၈ဒီဂရီအထိခ်ဖို႕ဟာအဲကြန္းတစ္လုံးအတြက္ခက္ခဲပါတယ္။အဆင္ေျပသည့္တိုင္ေအာင္၁၆ဒီဂရီမေရာက္မခ်င္းအဲကြန္းဟာမနားတမ္းအလုပ္လုပ္ရတဲ့အတြက္မီတာအရမ္းစားသလိုစက္အေပၚမွာလည္းဝန္ပိေစျပီးသုံးစြဲႏိုင္တဲ့သက္တမ္းတိုေတာင္းေစ(ပ်က္လြယ္ျခင္းကိုဆိုလို)ပါတယ္။
ၿပီးေတာ့ကိုယ့္အခန္းတြင္းမွာ၁၆တို႔၁၈ဒီဂရီတို႔ျဖစ္ေနဖို႔တကယ္ေရာလိုအပ္ရဲ႕လားလို႔ျပန္ သံုးသပ္သင့္ပါတယ္။
လူ႕အေရျပားဟာအပူခ်ိန္၂၅ဒီဂရီေလာက္ အထိသက္ေသာင့္သက္သာရွိရွိ ေနႏိုင္တာမို႕အဲကြန္းကို၂၅ဒီဂရီမွာဆက္တင္လုပ္ထားျခင္းဟာကိုယ့္အိမ္ခန္းထဲေရခဲတိုက္ဖန္တီးထားျခင္းထက္မီတာခကိုမ်ားစြာသက္သာေစသလို…
ျပင္ပအပူခ်ိန္နဲ႔မ်ားစြာကြာတဲ့အခန္းတြင္းအပူခ်ိန္မွာအသားက်သြားၿပီျဖစ္တဲ့ ေရခဲတိုက္သမားမ်ားထက္ျပင္ပအပူခ်ိန္ကိုပိုျပီးခံႏိုင္ရည္ရွိတဲ့အျပင္အတြင္းအျပင္အပူအေအးကြာျခားလြန္းလို႕အခန္းျပင္ထြက္တာနဲ႔ ေလပူမိၿပီး
ေရွာ့ခ္ျဖစ္ႏိုင္တဲ့အႏၲရာယ္ကေနလည္းအတိုင္းအတာတစ္ခုအထိကင္းေဝးေစႏိုင္ပါတယ္။
ေလတိုက္ႏွုန္းဟာလည္ းFeels-like Temperature ကိုသက္ေရာက္တာေၾကာင့္ပန္ကာလည္ပတ္ႏွုန္းမ်ားရင္ပိုေအးတယ္ထင္ၿပီးတစ္ဆုံးတင္ထားၾကတာမ်ားၾကပါတယ္
ပန္ကာလည္ႏွုန္းျမင့္ေလမီတာစားႏွုန္း ျမင့္ေလမို႕စဖြင့္ဖြင့္ခ်င္း Fan Speedကိုတင္ခ်င္တင္ၿပီးေအးလာတာနဲ႕အနိမ့္ဆုံးမွာျပန္ခ်ထားျခင္းဟာလည္းက်န္းမာေရးအတြက္ေရာမီတာခသက္သာေရးအတြက္ေရာအေထာက္အကူ ျဖစ္ေစပါတယ္။

ခ်မ္းသာတဲ့ဥေရာပႏိုင္ငံေတြ၊ ေျမာက္အေမရိကႏိုင္ငံေတြ၊အာရွကဂ်ပန္တို႔ကိုရီးယားတို႕ ဟာအလြန္ေအးတဲ့ႏိုင္ငံေတြျဖစ္လို႕သူတို႕ႏိုင္ငံသားေတြဟာအပူကိုအရမ္းေၾကာက္ပါတယ္။ဒါေပမဲ့သူတို႕ဆီကဘတ္စ္ကားေတြ၊ ေလယာဥ္ပ်ံေတြ၊ရုံးေတြ ေက်ာင္းေတြမွာ ႏြရာသီမွာေတာင္အဲကြန္းကိုအပူခ်ိန္ ၂၅ဒီဂရီေလာက္မွာပဲခ်ိန္ထားလုပ္ထားပါတယ္။
ရုံးခန္းေတြအိမ္ေတြမွာလည္းအဲကြန္းကို ၁၆ ဒီဂရီအထိအနိမ့္ဆုံးထားျပီး ေတာင္ၾကီးကေလာရာသီဥတုမ်ိဳးကိုဖန္တီးထားၾကပါတယ္။အေမရိကားေရာက္သူငယ္ခ်င္းတစ္ေယာက္ကလွမ္းေျပာပါတယ္။သူတို႕ဆီမွာကပူလို ႕ ေအးလို႕ဆိုျပီး ေတာ္တန္႐ံုအဲကြန္းကိုမသုံးၾကဘဲမီတာခကိုေခြၽတာၾကတယ္တဲ့။
ဖြံ႕ျဖိဳးျပီးႏိုင္ငံေတြကိုအရာရာနတ္ဘုံနတ္နန္းလို႕ထင္ေနေပမဲ့တကယ္ကမဟုတ္ပါဘူး။သူတို႕မွာလည္းသူတို႕ရတဲ့လခနဲ႕လူေနမႈစရိတ္ၾကီးျမင့္ျခင္းဒဏ္ကိုခံႏိုင္ေအာင္စစ္စစ္စီစီ ေခြၽေခြၽတာတာသုံးၾကရတာပါ။အမွန္က လူ႕အေရျပားဟာ ၂၀ နဲ ၂၅ဒီဂရီစင္တီဂရိတ္ ၾကားကအပူခ်ိန္မွာ ေနလို႕ထိုင္လို႕အေကာင္းဆုံးပါ။
ဒီေတာ့ အဲကြန္းကိုဖြင့္တဲ့အခါမွာ၂၅ဒီဂရီမွာအပူခ်ိ န္ကိုထိန္းညွိထားလိုက္ျခင္းဟာမီတာခ အရမ္းသက္သာသြားသလိုက်န္းမာေရးကိုလည္းမထိခိုက္ေစေတာ့ပါဘူး။
အဲကြန္းကို ေတာက္ေလွ်ာက္သုံးျပီးမီတာခကို ဒီထက္ ေလွ်ာ့ခ်ခ်င္ေသးတယ္ဆိုရင္လည္း ရပါေသးတယ္။ဒီေနရာမွာအဲကြန္းရဲ႕လုပ္ေဆာင္ခ်က္ႏွစ္ခုထဲမွာ Compressor နဲ႕ Condenser ေတြဟာ ေလရဲ႕ပကတိအပူခ်ိန္ကိုဖယ္ရွားျပီး ေအးျမေအာင္လုပ္ေပးသလို Evaporator က ေလထုထဲက ေရေငြ႕ကိုဖယ္ရွားၿပီးအခန္းထဲကဘအပူေတြကိုဖယ္ေပးတာပါ.
အခုေခတ္အဲကြန္းေတြမွာ Cool Mode သာမက Dry Modeဆိုတာပါ ပါပါတယ္။
Cool Modeမွာ Evaporator Compressor နဲ႕ Condenser ေတြအားလုံးအလုပ္လုပ္ျပီး အခန္းတြင္းက ေလကိုေအးျမေစပါတယ္။Dry Mode မွာေတာ့ ေလထုထဲကေရေငြ႕ကိုဖယ္ရွားေပးဖို႕Evaporatorသာအလုပ္လုပ္တဲ့အတြက္ ဓာတ္အားသုံးစြဲမႈ ပိုနည္းပါတယ္။
ဒီေတာ့အခုလိုအပူခ်ိန္သိပ္မျမင့္လွေသာ္လည္းပူအိုက္စြတ္စိုထိုင္းမိႈင္းတဲ့မိုးရာသီမွာအဲကြန္းကို Cool Mode နဲ႕မသုံးဘဲ Dry Mode ကို ၂၅ ဒီဂရီေလာက္မွာထားျပီ းFan Speed ကိုလည္း ေလွ်ာ့ျပီးသုံးမယ္ဆိုရင္အခန္းတြင္း ေရေငြ႕ပါဝင္ႏွုန္းကို ေလွ်ာ့ခ်ေပးတဲ့အတြက္အခန္းတြင္းမွာမိႈမတက္ျခင္း​ေရာဂါပိုးမႊားေတြမေပါက္ပြါးႏိုင္ျခင္း
ေရေငြ႕နည္းျပီး ေျခာက္ေသြ႕သြားတဲ့ေလဟာ
လူ႕အေရျပားက​​ေခြၽးေတြကိုအလြယ္တကူအေငြ႕ျပန္ေစလို ႕​ေအးျမမႈကို Cool Mode နဲ႕အေအးခံထားသည့္အလားခံစားရေစျခင္း
၂၅ ဒီဂရီလည္းျဖစ္ျပန္ Dry Mode လည္းျဖစ္ျပန္လို႕မီတာခသက္သာျခင္းစတဲ့အက်ိဳးေတြကိုခံစားရမွာျဖစ္ေၾကာင္း လက္ေတြ ႕ ႏိႈင္းယွဥ္ စမ္းသပ္ႏိုင္ေစဖို႕စိုးလွ်ပ္စစ္မွမွ်ေဝလိုက္ရပါတယ္.
အဲယားကြန္းကို16မွာထားတာရင္လဲဒီေလပဲ 30 မွာထားလဲဒီေလပဲထြက္ပါတယ္ေနာ္.အလုပ္လုပ္ခ်ိန္ပိုၾကာသြားလို႔ပိုေအးတာပါ.အျခားေသာလွ်ပ္စစ္ပစၥည္းေတြကိုလည္းအထာသိျပီးသတိထားအသုံးျပဳရင္လွ်ပ္စစ္ကို ေခြၽတာႏိုင္ပါလိမ့္မယ္။
အေသအခ်ာ ရွင္းျပေပးတဲ့ မူရင္းေရးသားသူ ကိုေရႊယုကို ေက်းဇူးတင္ပါတယ္
Credit Original Upload

================================================
 
Unicode Version

အဲကွန်းလည်းဖွင့်ချင်တယ် မီတာခလည်း သက်သာချင်သူ များအတွက်
 [Unicode]ဖတ်ရန် အဲကွန်း Remote Control ကနေအပူချိန်ကိုအနိမ့်ဆုံးဖြစ်တဲ့၁၆သို့မဟုတ်၁၈ဒီဂရီလောက်ထားလိုက်ရင်၂၅ဒီဂရီမှာထားတာထက် ပိုအေးတဲ့လေတွေထွက်လာမယ်၊အခန်းလည်းမြန်မြန်ပိုအေးမယ်လို့လူအများစုကထင်ကြပါတယ်။အမှန်ကလုံးဝမဟုတ်ပါဘူး။
အဲကွန်းကထွက်လာတဲ့ လေဟာကိုယ်ထားထားတဲ့အပူချိန်နဲ့မဆိုင်ဘဲတစ်သမတ်တည်းပါ။ဒါဟာအဲကွန်းတစ်ခုဘယ်လိုအလုပ်လုပ်လဲ မသိလို့ဖြစ်ပါတယ်။
လူအများနားလည်အောင် Technical Terms တွေကို ရှောင်ပြီးအလွယ်ပဲ ပြောလိုက်ပါတော့မယ်။ဒီခေတ်မှာအသုံးအများဆုံးဖြစ်တဲ့ Split Type Air Conditioner တွေမှာ Indoor Unit နဲ့ Outdoor Unitရယ်နှစ်ပိုင်းပါဝင်ပါတယ်။
အဓိကအနေ့ Indoor Unitမှာ Evaporator နဲ့ Outdoor Unit မှာ Compressor နဲ့ Condenser တွေပါဝင်ပါတယ်။

Evaporatorဟာလေထုထဲကရေငွေ့တွေကိုဖယ်ရှားဖို့ဖြစ်ပြီး Compressor နှင့် Condenser တွေကလေထဲကအပူတွေကိုဖယ်ရှားပြီး လေကိုအေးမြသွားအောင်လုပ်ပေးဖို့ဖြစ်ပါတယ်။
အဲကွန်းရဲ့ Indoor Unit ဟာအခန်းတွင်းက
လေကိုစုပ်ယူလိုက်ပါတယ်။အဲဒီလေထဲမှာပါလာတဲ့ ရေငွေ့တွေကိုEvaporatorလို့ခေါ်တဲ့ကိရိယာနဲ့ဖယ်ရှားပြီးအဲကွန်းကရေတွေတတောက်တောက်ကျတာဟာအဲဒီလိုဖယ်ရှားခံရတဲ့အခန်းတွင်းလေထုထဲက ရေငွေ့တွေပါပဲ) ခြောက်သွေ့သွားတဲ့ လေကို Compressor နဲ့ Condenser တွေကို ဖြတ်သန်စေပြီးအေးမြခြောက်သွေ့တဲ့လေကိုပန်မှုတ်သွင်းလိုက်ပါတယ်။
ဥပမာအပြင်မှာ၃၅ဒီဂရီရှိနေချိန်အခန်းတွင်းမှာအဲကွန်းကို၂၅ဒီဂရီဆက်တင်လုပ်ထားမယ် ဆိုရင်၂၅ဒီဂရီကိုမရောက်မချင်းအဲကွန်းဟာအခန်းတွင်းမှာရှိတဲ့လေထုကိုစုပ်ယူလိုက်၊ လေထဲကရေငွေ့နဲ့အပူကိုဖယ်ရှားပြီး အေးမြတဲ့ လေကိုအခန်းတွင်းကိုပြန်မှုတ်သွင်းလိုက်နဲ့အခန်းတွင်းကအပူချိန်ကိုတဖြည်းဖြည်းကျဆင်းလာစေပြီး အေးမြလာစေပါတယ်။
ဒီနည်းနဲ့အခန်းတွင်းအပူချိန်ကျဆင်းလာတာဟာသုံးစွဲသူသတ်မှတ်ထားတဲ့အပူချိန်ကို ရောက်ပြီဆိုတာကိုအဲကွန်းရဲ့အာရုံခံစနစ်ကသိလိုက်တာနဲ့အဲကွန်းကိုခဏလောက်ရပ်ထားလိုက်ပါတယ်။
စက်ရပ်တာကြာလာလို့အခန်းတွင်းအပူချိန်က၂၅ဒီဂရီထက် ပြန်မြင့်တက်လာမှအဲကွန်းကအလုပ်ပြန်လုပ်ပါတယ်။ဒီတော့အပြင်က၃၅ဒီဂရီအပူချိန်မျိုးကိုကိုယ့်အိမ်တွင်းမှာမခံစားနိုင်လို့အေးမြလာအောင်၂၅ဒီဂရီပဲထားသူနဲ့၁၆ဒီဂရီထားသူဓာတ်အားသုံးစွဲမှုချင်းလုံးဝမတူတော့ပါဘူး။
အခန်းတွင်းအပူချိန်ကို၁၆ဒီဂရီ၁၈ဒီဂရီအထိချဖို့ဟာအဲကွန်းတစ်လုံးအတွက်ခက်ခဲပါတယ်။အဆင်ပြေသည့်တိုင်အောင်၁၆ဒီဂရီမရောက်မချင်းအဲကွန်းဟာမနားတမ်းအလုပ်လုပ်ရတဲ့အတွက်မီတာအရမ်းစားသလိုစက်အပေါ်မှာလည်းဝန်ပိစေပြီးသုံးစွဲနိုင်တဲ့သက်တမ်းတိုတောင်းစေ(ပျက်လွယ်ခြင်းကိုဆိုလို)ပါတယ်။
ပြီးတော့ကိုယ့်အခန်းတွင်းမှာ၁၆တို့၁၈ဒီဂရီတို့ဖြစ်နေဖို့တကယ်ရောလိုအပ်ရဲ့လားလို့ပြန် သုံးသပ်သင့်ပါတယ်။
လူ့အရေပြားဟာအပူချိန်၂၅ဒီဂရီလောက် အထိသက်သောင့်သက်သာရှိရှိ နေနိုင်တာမို့အဲကွန်းကို၂၅ဒီဂရီမှာဆက်တင်လုပ်ထားခြင်းဟာကိုယ့်အိမ်ခန်းထဲရေခဲတိုက်ဖန်တီးထားခြင်းထက်မီတာခကိုများစွာသက်သာစေသလို…
ပြင်ပအပူချိန်နဲ့များစွာကွာတဲ့အခန်းတွင်းအပူချိန်မှာအသားကျသွားပြီဖြစ်တဲ့ ရေခဲတိုက်သမားများထက်ပြင်ပအပူချိန်ကိုပိုပြီးခံနိုင်ရည်ရှိတဲ့အပြင်အတွင်းအပြင်အပူအအေးကွာခြားလွန်းလို့အခန်းပြင်ထွက်တာနဲ့ လေပူမိပြီး
ရှော့ခ်ဖြစ်နိုင်တဲ့အန္တရာယ်ကနေလည်းအတိုင်းအတာတစ်ခုအထိကင်းဝေးစေနိုင်ပါတယ်။
လေတိုက်နှုန်းဟာလည် းFeels-like Temperature ကိုသက်ရောက်တာကြောင့်ပန်ကာလည်ပတ်နှုန်းများရင်ပိုအေးတယ်ထင်ပြီးတစ်ဆုံးတင်ထားကြတာများကြပါတယ်
ပန်ကာလည်နှုန်းမြင့်လေမီတာစားနှုန်း မြင့်လေမို့စဖွင့်ဖွင့်ချင်း Fan Speedကိုတင်ချင်တင်ပြီးအေးလာတာနဲ့အနိမ့်ဆုံးမှာပြန်ချထားခြင်းဟာလည်းကျန်းမာရေးအတွက်ရောမီတာခသက်သာရေးအတွက်ရောအထောက်အကူ ဖြစ်စေပါတယ်။

ချမ်းသာတဲ့ဥရောပနိုင်ငံတွေ၊ မြောက်အမေရိကနိုင်ငံတွေ၊အာရှကဂျပန်တို့ကိုရီးယားတို့ ဟာအလွန်အေးတဲ့နိုင်ငံတွေဖြစ်လို့သူတို့နိုင်ငံသားတွေဟာအပူကိုအရမ်းကြောက်ပါတယ်။ဒါပေမဲ့သူတို့ဆီကဘတ်စ်ကားတွေ၊ လေယာဉ်ပျံတွေ၊ရုံးတွေ ကျောင်းတွေမှာ နွရာသီမှာတောင်အဲကွန်းကိုအပူချိန် ၂၅ဒီဂရီလောက်မှာပဲချိန်ထားလုပ်ထားပါတယ်။
ရုံးခန်းတွေအိမ်တွေမှာလည်းအဲကွန်းကို ၁၆ ဒီဂရီအထိအနိမ့်ဆုံးထားပြီး တောင်ကြီးကလောရာသီဥတုမျိုးကိုဖန်တီးထားကြပါတယ်။အမေရိကားရောက်သူငယ်ချင်းတစ်ယောက်ကလှမ်းပြောပါတယ်။သူတို့ဆီမှာကပူလို့ အေးလို့ဆိုပြီး တော်တန်ရုံအဲကွန်းကိုမသုံးကြဘဲမီတာခကိုချွေတာကြတယ်တဲ့။
ဖွံ့ဖြိုးပြီးနိုင်ငံတွေကိုအရာရာနတ်ဘုံနတ်နန်းလို့ထင်နေပေမဲ့တကယ်ကမဟုတ်ပါဘူး။သူတို့မှာလည်းသူတို့ရတဲ့လခနဲ့လူနေမှုစရိတ်ကြီးမြင့်ခြင်းဒဏ်ကိုခံနိုင်အောင်စစ်စစ်စီစီ ချွေချွေတာတာသုံးကြရတာပါ။အမှန်က လူ့အရေပြားဟာ ၂၀ နဲ ၂၅ဒီဂရီစင်တီဂရိတ် ကြားကအပူချိန်မှာ နေလို့ထိုင်လို့အကောင်းဆုံးပါ။
ဒီတော့ အဲကွန်းကိုဖွင့်တဲ့အခါမှာ၂၅ဒီဂရီမှာအပူချိ န်ကိုထိန်းညှိထားလိုက်ခြင်းဟာမီတာခ အရမ်းသက်သာသွားသလိုကျန်းမာရေးကိုလည်းမထိခိုက်စေတော့ပါဘူး။
အဲကွန်းကို တောက်လျှောက်သုံးပြီးမီတာခကို ဒီထက် လျှော့ချချင်သေးတယ်ဆိုရင်လည်း ရပါသေးတယ်။ဒီနေရာမှာအဲကွန်းရဲ့လုပ်ဆောင်ချက်နှစ်ခုထဲမှာ Compressor နဲ့ Condenser တွေဟာ လေရဲ့ပကတိအပူချိန်ကိုဖယ်ရှားပြီး အေးမြအောင်လုပ်ပေးသလို Evaporator က လေထုထဲက ရေငွေ့ကိုဖယ်ရှားပြီးအခန်းထဲကဘအပူတွေကိုဖယ်ပေးတာပါ.
အခုခေတ်အဲကွန်းတွေမှာ Cool Mode သာမက Dry Modeဆိုတာပါ ပါပါတယ်။
Cool Modeမှာ Evaporator Compressor နဲ့ Condenser တွေအားလုံးအလုပ်လုပ်ပြီး အခန်းတွင်းက လေကိုအေးမြစေပါတယ်။Dry Mode မှာတော့ လေထုထဲကရေငွေ့ကိုဖယ်ရှားပေးဖို့Evaporatorသာအလုပ်လုပ်တဲ့အတွက် ဓာတ်အားသုံးစွဲမှု ပိုနည်းပါတယ်။
ဒီတော့အခုလိုအပူချိန်သိပ်မမြင့်လှသော်လည်းပူအိုက်စွတ်စိုထိုင်းမှိုင်းတဲ့မိုးရာသီမှာအဲကွန်းကို Cool Mode နဲ့မသုံးဘဲ Dry Mode ကို ၂၅ ဒီဂရီလောက်မှာထားပြီ းFan Speed ကိုလည်း လျှော့ပြီးသုံးမယ်ဆိုရင်အခန်းတွင်း ရေငွေ့ပါဝင်နှုန်းကို လျှော့ချပေးတဲ့အတွက်အခန်းတွင်းမှာမှိုမတက်ခြင်းရောဂါပိုးမွှားတွေမပေါက်ပွါးနိုင်ခြင်း
ရေငွေ့နည်းပြီး ခြောက်သွေ့သွားတဲ့လေဟာ
လူ့အရေပြားကချွေးတွေကိုအလွယ်တကူအငွေ့ပြန်စေလို့အေးမြမှုကို Cool Mode နဲ့အအေးခံထားသည့်အလားခံစားရစေခြင်း
၂၅ ဒီဂရီလည်းဖြစ်ပြန် Dry Mode လည်းဖြစ်ပြန်လို့မီတာခသက်သာခြင်းစတဲ့အကျိုးတွေကိုခံစားရမှာဖြစ်ကြောင်း လက်တွေ့ နှိုင်းယှဉ် စမ်းသပ်နိုင်စေဖို့စိုးလျှပ်စစ်မှမျှဝေလိုက်ရပါတယ်.
အဲယားကွန်းကို16မှာထားတာရင်လဲဒီလေပဲ 30 မှာထားလဲဒီလေပဲထွက်ပါတယ်နော်.အလုပ်လုပ်ချိန်ပိုကြာသွားလို့ပိုအေးတာပါ.အခြားသောလျှပ်စစ်ပစ္စည်းတွေကိုလည်းအထာသိပြီးသတိထားအသုံးပြုရင်လျှပ်စစ်ကို ချွေတာနိုင်ပါလိမ့်မယ်။
အသေအချာ ရှင်းပြပေးတဲ့ မူရင်းရေးသားသူ ကိုရွှေယုကို ကျေးဇူးတင်ပါတယ်
Credit Original Upload





အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

“အဲကြန္​းလည္​းဖြင္​့ခ်င္​တယ္​ မီတာခလည္​း သက္​သာခ်င္​သူ မ်ားအတြက္​” Reviewed by ညီလတ္ထြန္း(နည္းပညာ) on 6:55 AM Rating: 5 [Zawgyi] ၿဖင္႔ဖတ္ရန္ အဲကြန္​းလည္​းဖြင္​့ခ်င္​တယ္​ မီတာခလည္​း သက္​သာခ်င္​သူ မ်ားအတြက္​ အဲကြန္း Remote Control ကေနအပူခ်ိန္ကိုအနိမ့္ဆုံးျ...

No comments: