ကား ျပတင္းေပါက္ မွန္မွာေတြ႔ရေလ့ရွိတဲ့အနက္ေရာင္လံုးေလးေတြရဲ႕အဓိပၸါယ္ - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

ကား ျပတင္းေပါက္ မွန္မွာေတြ႔ရေလ့ရွိတဲ့အနက္ေရာင္လံုးေလးေတြရဲ႕အဓိပၸါယ္

Zawgyi ျဖင့္ဖတ္ရန္ဘတ္စ္ကား နဲ႔ ကား ျပတင္းေပါက္မွန္ေတြမွာ အနက္ေရာင္အလံုးေလးေတြကို မွန္အစြန္းနားကစၿပီး အထဲကိုေသးၿပီးဝင္သြားတာေတြ႔ရေလ့ရွိပါတယ္။ ကားမွန္ အစြန္းမွာ အနက္ေရာင္လိုင္းတစ္လိုင္းရွိၿပီး အနက္ေရာင္အလံုးေတြဟာ အျပင္ဘက္ကေန အတြင္းဘက္ဆီကို ႀကီးရာကေန ေသးေသးၿပီးေပ်ာက္သြားၾကတာကိုေတြ႔ရမွာပါ။
အဆိုပါဒီဇိုင္းကို Frit နဲ႔ဖန္တီးထားပါတယ္။ Frit ဟာ ေၾကြပါ၀င္တဲ့သုတ္ေဆးတစ္မ်ိဳးျဖစ္ၿပီး လံုး၀ျပန္ျခစ္ခ်လို႔မရပါဘူး။ Frit ကခရမ္းလြန္ေရာင္ျခည္ေၾကာင့္ မွန္ျပတင္းေပါက္ ကပ္ေစးေတြ ပ်က္စီးလာတာကို အကာကြယ္ေပးပါတယ္။ မွန္ျပတင္းေပါက္ေတြမွာကပ္ေစးက အလြန္အေရးႀကီးတာပါတယ္။ မိုးရြာတဲ့အခါမ်ိဳးမွာဆိုရင္လည္း မွန္ေနရာမေရြ႕ေအာင္ ထိန္းေပးထားႏိုင္ပါတယ္။
ဒါ့အျပင္ Frit ဟာ ျပတင္းေပါက္ မွန္ကပ္ေစးအတြက္ ၾကမ္းရွတဲ့မ်က္ႏွာျပင္လည္းျဖစ္ေစတဲ့အတြက္ ကပ္ေစးကိုၿမဲၿမံေစပါတယ္။ အဆိုပါ Frit နဲ႔ျပဳလုပ္ထားတဲ့ အနက္ေရာင္ လိုင္းေလးက ၾကည့္ရႈသူေတြကိုလည္း မွန္မွာကပ္ထားတဲ့ ေကာ္ေစးေတြကိုမျမင္ရေစပါဘူး။
Frit ရဲ႕အေရာင္ဟာ အနက္ေရာင္ျဖစ္္တဲ့အတြက္ေၾကာင့္ မွန္ရဲ႕က်န္တဲ့ၾကည္လင္တဲ့အပိုင္းေတြထက္အရင္ အပူစုပ္ပါတယ္။ အပူခ်ိန္ျခားနားခ်က္ကလည္း အေရးပါတဲ့အတြက္ေၾကာင့္ ထုတ္လုပ္တဲ့အခါမွာ အပူခ်ိန္ညီမွ်ေအာင္ တစ္ဆင့္ခ်င္းလုပ္ေဆာင္ရပါတယ္။
Frit ကိုအလွအပသေဘာနဲ႔လည္းရည္ရြယ္ၿပီး ဒီဇိုင္းဆြဲထားပါတယ္။ ေအာက္ဖက္အနက္ေရာင္လိုင္းျပားကေန အနက္ေရာင္အလံုးေတြဟာ ၾကီးရာကေန ေသးသြားၿပီး အေပၚဘက္ဆီကို အေရာင္ေဖ်ာ့သြားၾကပါတယ္။ အနက္ေရာင္လိုင္းကေန မွန္အၾကည္ဆီသြားတဲ့အခါမွာ အလံုးေလးေတြကို အေရာင္ေျပးေလးေတြသံုးထားတာေၾကာင့္ အျမင္အားျဖင့္ မ်က္စိပသာဒလည္းျဖစ္ေစတာကုိ The Sun အြန္လိုင္းစာမ်က္ႏွာကေနတဆင့္တင္ျပလိုက္ပါတယ္။
Credit-.shwemom

========================================

 ကား ပြတင်းပေါက် မှန်မှာတွေ့ရလေ့ရှိတဲ့အနက်ရောင်လုံးလေးတွေရဲ့အဓိပ္ပါယ်
Unicode ဖြင့်ဖတ်ရန် ဘတ်စ်ကားနဲ့ ကားပြတင်းပေါက်မှန်တွေမှာ အနက်ရောင်အလုံးလေးတွေကို မှန်အစွန်းနားကစပြီး အထဲကိုသေးပြီးဝင်သွားတာတွေ့ရလေ့ရှိပါတယ်။ ကားမှန်အစွန်းမှာ အနက်ရောင်လိုင်းတစ်လိုင်းရှိပြီး အနက်ရောင်အလုံးတွေဟာ အပြင်ဘက်ကနေ အတွင်းဘက်ဆီကို ကြီးရာကနေ သေးသေးပြီးပျောက်သွားကြတာကိုတွေ့ရမှာပါ။
အဆိုပါဒီဇိုင်းကို Frit နဲ့ဖန်တီးထားပါတယ်။ Frit ဟာ ကြွေပါ၀င်တဲ့သုတ်ဆေးတစ်မျိုးဖြစ်ပြီး လုံးဝပြန်ခြစ်ချလို့မရပါဘူး။ Frit ကခရမ်းလွန်ရောင်ခြည်ကြောင့် မှန်ပြတင်းပေါက်ကပ်စေးတွေ ပျက်စီးလာတာကို အကာကွယ်ပေးပါတယ်။ မှန်ပြတင်းပေါက်တွေမှာကပ်စေးက အလွန်အရေးကြီးတာပါတယ်။ မိုးရွာတဲ့အခါမျိုးမှာဆိုရင်လည်း မှန်နေရာမရွေ့အောင် ထိန်းပေးထားနိုင်ပါတယ်။
ဒါ့အပြင် Frit ဟာပြတင်းပေါက်မှန်ကပ်စေးအတွက် ကြမ်းရှတဲ့မျက်နှာပြင်လည်းဖြစ်စေတဲ့အတွက် ကပ်စေးကိုမြဲမြံစေပါတယ်။ အဆိုပါ Frit နဲ့ပြုလုပ်ထားတဲ့ အနက်ရောင်လိုင်းလေးက ကြည့်ရှုသူတွေကိုလည်း မှန်မှာကပ်ထားတဲ့ ကော်စေးတွေကိုမမြင်ရစေပါဘူး။
Frit ရဲ့အရောင်ဟာ အနက်ရောင်ဖြစ််တဲ့အတွက်ကြောင့် မှန်ရဲ့ကျန်တဲ့ကြည်လင်တဲ့အပိုင်းတွေထက်အရင် အပူစုပ်ပါတယ်။ အပူချိန်ခြားနားချက်ကလည်း အရေးပါတဲ့အတွက်ကြောင့် ထုတ်လုပ်တဲ့အခါမှာ အပူချိန်ညီမျှအောင် တစ်ဆင့်ချင်းလုပ်ဆောင်ရပါတယ်။
Frit ကိုအလှအပသဘောနဲ့လည်းရည်ရွယ်ပြီး ဒီဇိုင်းဆွဲထားပါတယ်။ အောက်ဖက်အနက်ရောင်လိုင်းပြားကနေ အနက်ရောင်အလုံးတွေဟာ ကြီးရာကနေ သေးသွားပြီး အပေါ်ဘက်ဆီကို အရောင်ဖျော့သွားကြပါတယ်။ အနက်ရောင်လိုင်းကနေ မှန်အကြည်ဆီသွားတဲ့အခါမှာ အလုံးလေးတွေကို အရောင်ပြေးလေးတွေသုံးထားတာကြောင့် အမြင်အားဖြင့် မျက်စိပသာဒလည်းဖြစ်စေတာကို The Sun အွန်လိုင်းစာမျက်နှာကနေတဆင့်တင်ပြလိုက်ပါတယ်။
Credit-.shwemom





အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

ကား ျပတင္းေပါက္ မွန္မွာေတြ႔ရေလ့ရွိတဲ့အနက္ေရာင္လံုးေလးေတြရဲ႕အဓိပၸါယ္ Reviewed by ညီလတ္ထြန္း(နည္းပညာ) on 4:13 AM Rating: 5 Zawgyi ျဖင့္ဖတ္ရန္ ဘတ္စ္ကား နဲ႔ ကား ျပတင္းေပါက္မွန္ေတြမွာ အနက္ေရာင္အလံုးေလးေတြကို မွန္အစြန္းနားကစၿပီး အထဲကိုေသးၿပီးဝင္သြားတာေတြ႔ရေလ့ရွိပ...

No comments: