ၿမိဳ႕ျပတိုက္ပြဲေတြမွာ ရန္သူထက္ ႏွာတစ္ဖ်ားအသာရမယ့္ နတ္မ်က္စိနည္းပညာ ၿဗိတိန္ တီထြင္ - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

ၿမိဳ႕ျပတိုက္ပြဲေတြမွာ ရန္သူထက္ ႏွာတစ္ဖ်ားအသာရမယ့္ နတ္မ်က္စိနည္းပညာ ၿဗိတိန္ တီထြင္

[Zawgyi] ၿဖင္႔ဖတ္ရန္ ပုန္းကြယ္ေနတဲ့ ရန္သူေတြကို ေဖာ္ထုတ္သိရွိဖို႔အတြက္ စစ္တလင္းကို စကၠရင္ဖတ္တဲ့ လူလုပ္အသိဉာဏ္နည္းပညာကို ၿဗိတိန္စစ္တပ္က စမ္းသပ္ေအာင္ျမင္ထားၿပီ ျဖစ္ပါတယ္။
SAPIENT လို႔ အမည္ေပးထားတဲ့ ၿဗိတိန္က တီထြင္တဲ့ ဒီနည္းပညာကို ကေနဒါနိုင္ငံက မြန္တာရီယဲလ္မွာ ၿမိဳ႕ျပတိုက္ပြဲတုတစ္ခု ျပဳလုပ္ၿပီး စမ္းသပ္ခဲ့တာ ျဖစ္ပါတယ္။
ၿမိဳ႕ျပတိုက္ပြဲေတြမွာ ပုန္းေအာင္းရန္သူေတြကို အာ႐ုံခံစကၠရင္ဖတ္ၿပီး စစ္သားေတြကို အသိေပးတဲ့ ဒီနည္းပညာကို စမ္းသပ္ရာမွွာေတာ့ ေအာင္ျမင္ထားပါၿပီ။
ရန္သူရဲ့ လွုပ္ရွားမွုေတြကို စီစီတီဗီပုံရိပ္ဖမ္းသလို စစ္သားေတြဆီ အခ်က္အလက္ဖိုင္ေပးပို႔တာျဖစ္ၿပီး လူသားအမွားေတြကို ေလ်ာ့နည္းေစမယ့္ နည္းပညာပဲ ျဖစ္ပါတယ္။
ဒီနည္းပညာစနစ္ကို အျခားစစ္သုံးနည္းပညာေတြျဖစ္တဲ့ စက္႐ုပ္အရိုးပိုစစ္ဝတ္စုံ၊ ညအျမင္စြမ္းပကားနဲ႔ ေထာက္လွမ္းေရးစနစ္ေတြနဲ႔အတူ စမ္းသပ္ခဲ့တာ ျဖစ္ပါတယ္။
“ၿဗိတိန္ရဲ့ နည္းပညာကေတာ့ ၿမိဳ႕တြင္းတိုက္ပြဲေတြမွာ နတ္မ်က္စိလို စစ္သားေတြကို ေထာက္ပံ့ေပးနိုင္တဲ့ နည္းပညာတစ္ရပ္ပဲ ျဖစ္ပါတယ္။”လို႔ ကာကြယ္ေရးဝန္ႀကီး အင္ဒ႐ူးက ေျပာပါတယ္။
“ဒီနည္းပညာက ရန္သူရဲ့ လွုပ္ရွားမွုေတြအတြက္ လမ္းေတြကို စကၠရင္ဖတ္ေပးတာျဖစ္ေတာ့ ကိုယ့္ဖက္က စစ္သားေတြကို လ်င္လ်င္ျမန္ျမန္နဲ႔ လက္ဦး တိုက္စစ္ဆင္နိုင္ေအာင္ ပံ့ပိုးေပးတယ္။ ေထာင့္ကြယ္ေတြမွာ ပုန္းခိုေနတဲ့ ရန္သူေတြရဲ့ သတင္းအခ်က္အလက္ကိုလည္း ေပးပို႔နိုင္တဲ့ နည္းပညာပါ။ ဒီေခတ္မီတဲ့ နည္းပညာေတြမွာ ေဒၚလာသန္းေပါင္းမ်ားစြာ ရင္းႏွီးတာဟာ အနာဂတ္စစ္ပြဲေတြမွာ က်ဳပ္တို႔အတြက္ ႏွာတစ္ဖ်ားအသာစီး ရေစမွာ ျဖစ္တယ္။”လို႔ အင္ဒ႐ူးက ေျပာပါတယ္။
ၿဗိတိန္စစ္တပ္ရဲ့ သုံးပတ္တာ စမ္းသပ္မွုမွာ ၿဗိတိန္၊ ၾသစေၾတးလ်၊ နယူးဇီလန္၊ ကေနဒါနဲ႔ အေမရိကန္နိုင္ငံတို႔ျဖစ္တဲ့ မ်က္လုံးငါးလုံး မဟာမိတ္အဖြဲ႕က စစ္သားေတြ ပါ၀င္ၿပီး ၿမိဳ႕ျပတိုက္ပြဲစမ္းသပ္ေလ့က်င့္မွုေတြကို လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။
ဒီေလ့က်င့္မွုမွာ နိုင္ငံေတြက နည္းပညာေတြကို စမ္းသပ္အသုံးခ်ၾကည့္တာလည္း ျဖစ္ပါတယ္။
Rf; Sky News
Writer_ေမာင္သံဆင့္ ( Daily Hot News )

===================================================

မြို့ပြတိုက်ပွဲတွေမှာ ရန်သူထက် နှာတစ်ဖျားအသာရမယ့် နတ်မျက်စိနည်းပညာ ဗြိတိန် တီထွင်
[Unicode]ဖတ်ရန် ပုန်းကွယ်နေတဲ့ ရန်သူတွေကို ဖော်ထုတ်သိရှိဖို့အတွက် စစ်တလင်းကို စက္ကရင်ဖတ်တဲ့ လူလုပ်အသိဉာဏ်နည်းပညာကို ဗြိတိန်စစ်တပ်က စမ်းသပ်အောင်မြင်ထားပြီ ဖြစ်ပါတယ်။
SAPIENT လို့ အမည်ပေးထားတဲ့ ဗြိတိန်က တီထွင်တဲ့ ဒီနည်းပညာကို ကနေဒါနိုင်ငံက မွန်တာရီယဲလ်မှာ မြို့ပြတိုက်ပွဲတုတစ်ခု ပြုလုပ်ပြီး စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။
မြို့ပြတိုက်ပွဲတွေမှာ ပုန်းအောင်းရန်သူတွေကို အာရုံခံစက္ကရင်ဖတ်ပြီး စစ်သားတွေကို အသိပေးတဲ့ ဒီနည်းပညာကို စမ်းသပ်ရာမှှာတော့ အောင်မြင်ထားပါပြီ။
ရန်သူရဲ့ လှုပ်ရှားမှုတွေကို စီစီတီဗီပုံရိပ်ဖမ်းသလို စစ်သားတွေဆီ အချက်အလက်ဖိုင်ပေးပို့တာဖြစ်ပြီး လူသားအမှားတွေကို လျော့နည်းစေမယ့် နည်းပညာပဲ ဖြစ်ပါတယ်။

ဒီနည်းပညာစနစ်ကို အခြားစစ်သုံးနည်းပညာတွေဖြစ်တဲ့ စက်ရုပ်အရိုးပိုစစ်ဝတ်စုံ၊ ညအမြင်စွမ်းပကားနဲ့ ထောက်လှမ်းရေးစနစ်တွေနဲ့အတူ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။
“ဗြိတိန်ရဲ့ နည်းပညာကတော့ မြို့တွင်းတိုက်ပွဲတွေမှာ နတ်မျက်စိလို စစ်သားတွေကို ထောက်ပံ့ပေးနိုင်တဲ့ နည်းပညာတစ်ရပ်ပဲ ဖြစ်ပါတယ်။”လို့ ကာကွယ်ရေးဝန်ကြီး အင်ဒရူးက ပြောပါတယ်။
“ဒီနည်းပညာက ရန်သူရဲ့ လှုပ်ရှားမှုတွေအတွက် လမ်းတွေကို စက္ကရင်ဖတ်ပေးတာဖြစ်တော့ ကိုယ့်ဖက်က စစ်သားတွေကို လျင်လျင်မြန်မြန်နဲ့ လက်ဦး တိုက်စစ်ဆင်နိုင်အောင် ပံ့ပိုးပေးတယ်။ ထောင့်ကွယ်တွေမှာ ပုန်းခိုနေတဲ့ ရန်သူတွေရဲ့ သတင်းအချက်အလက်ကိုလည်း ပေးပို့နိုင်တဲ့ နည်းပညာပါ။ ဒီခေတ်မီတဲ့ နည်းပညာတွေမှာ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးတာဟာ အနာဂတ်စစ်ပွဲတွေမှာ ကျုပ်တို့အတွက် နှာတစ်ဖျားအသာစီး ရစေမှာ ဖြစ်တယ်။”လို့ အင်ဒရူးက ပြောပါတယ်။

ဗြိတိန်စစ်တပ်ရဲ့ သုံးပတ်တာ စမ်းသပ်မှုမှာ ဗြိတိန်၊ သြစတြေးလျ၊ နယူးဇီလန်၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံတို့ဖြစ်တဲ့ မျက်လုံးငါးလုံး မဟာမိတ်အဖွဲ့က စစ်သားတွေ ပါ၀င်ပြီး မြို့ပြတိုက်ပွဲစမ်းသပ်လေ့ကျင့်မှုတွေကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဒီလေ့ကျင့်မှုမှာ နိုင်ငံတွေက နည်းပညာတွေကို စမ်းသပ်အသုံးချကြည့်တာလည်း ဖြစ်ပါတယ်။
Rf; Sky News
Writer_မောင်သံဆင့် ( Daily Hot News )




အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

ၿမိဳ႕ျပတိုက္ပြဲေတြမွာ ရန္သူထက္ ႏွာတစ္ဖ်ားအသာရမယ့္ နတ္မ်က္စိနည္းပညာ ၿဗိတိန္ တီထြင္ Reviewed by ညီလတ္ထြန္း(နည္းပညာ) on 12:48 AM Rating: 5 [Zawgyi] ၿဖင္႔ဖတ္ရန္ ပုန္းကြယ္ေနတဲ့ ရန္သူေတြကို ေဖာ္ထုတ္သိရွိဖို႔အတြက္ စစ္တလင္းကို စကၠရင္ဖတ္တဲ့ လူလုပ္အသိဉာဏ္နည္းပညာကို ၿဗိတိန္စစ္တပ္က စမ...

No comments: