လုကြားထဲမှာ စမတ်ဖုန်းသုံးတဲ့အခါ ဆောင်သင့် ရှောင်သင့်တာလေးတွေ... - ညီလတ်ထွန်း(နည်းပညာ)
728x90 AdSpace
Trending
လုကြားထဲမှာ စမတ်ဖုန်းသုံးတဲ့အခါ ဆောင်သင့် ရှောင်သင့်တာလေးတွေ...
[Zawgyi] ဖြင့်ဖတ်ရန် လူကြားသူကြားထဲရောက်လို့ စမတ်ဖုန်းကိုသုံးရတော့မယ်ဆိုရင် သိထားရမယ့်အချက်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
  3. ဖုန်းမကိုင်ပါနဲ့ဆိုပေမယ့် အရေးတကြီး အရေးပေါ်ဖုန်းများ လာခဲ့သည်ရှိသော် “ဖုန်းခဏပြောဦးမယ်နော်” စသဖြင့် ယဉ်ကျေးမှုနဲ့ခွင့်တောင်းပြီး သူများလည်း အနှောင့်အယှက်မဖြစ်ရအောင်ခပ်ဝေးဝေးမှာသွားပြောလိုက်ပါ။
===============================================
[Unicode]ဖတ်ရန် လူကြားသူကြားထဲရောက်လို့ စမတ်ဖုန်းကိုသုံးရတော့မယ်ဆိုရင် သိထားရမယ့်အချက်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
  1.ဖုန်းကို ထမင်းစား စားပွဲပေါ်မတင်ထားသင့်ပါဘူး။ ဒါက ကိုယ်နဲ့အတူတူထမင်းစားနေတဲ့သူအပေါ် ရိုင်းရာကျပါတယ်။2. ချိန်းတဲ့အခါမှာပဲဖြစ်ဖြစ် တခြားသူတွေနဲ့တွေ့ဆုံကြတဲ့အခါမှာပဲဖြစ်ဖြစ် ဖုန်းခေါ်တာ၊ စာပို့တာ၊ စတာတွေမလုပ်တာကောင်းပါတယ်။ သူများပြောတဲ့စကားကို စိတ်ဝင်စားသည်ဖြစ်စေ မဝင်စားသည်ဖြစ်စေ သေချာနားထောင်ပေးဖို့က ယဉ်ကျေးမှုပါ။3. ဖုန်းမကိုင်ပါနဲ့ဆိုပေမယ့် အရေးတကြီး အရေးပေါ်ဖုနး်များ လာခဲ့သည်ရှိသော် “ဖုန်းခဏပြောဦးမယ်နော်” စသဖြင့် ယဉ်ကျေးမှုနဲ့ခွင့်တောင်းပြီး သူများလည်း အနှောင့်အယှက်မဖြစ်ရအောင ်ခပ်ဝေးဝေးမှာသွားပြောလိုက်ပါ။4. တခြားသူရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို လေးစားပါ။ ကိုယ်တစ်ယောက်ထဲရှိနေချိန်မှာ ဘယ်လိုပြောပြောကိစ္စမရှိပေမယ့် သူများတွေရှိတဲ့အချိန်မှာတော့ စပီကာဖွင့်ပြောတာက အရမး်အနှောင့်အယှက်ဖြစ်ပါတယ်။5. အစည်းအဝေးမှာဖြစ်ဖြစ် တစ်ယောက်ယောက်က presentation ပေးနေတာပဲဖြစ်ဖြစ် အဖွဲ့လိုက်ဆွေးနွေးနေကြတဲ့အချိန်မှာ ဖုန်းပိတ်ရင်ပိတ် ဒါမှမဟုတ် silence mode ပြောင်းထားပေးပါ။6. အများပြည်သူစီးယာဉ်တွေ ဥပမာ ရထား၊ ဘတ်စ်ကားတွေ၊ ဧည့်ဆောင်တွေနဲ့ တန်းစီနေကြတဲ့အချိန်မျိုးမှာ ဖုန်းနဲ့စကားအကျယ်ကြီးပြောခြင်းကို ရှောင်သင့်ပါတယ်။7. တစ်ယောက်ယောက်နဲ့ စကားပြောတဲ့အခါမျိုးမှာ သူပြောတာကို စိတ်ဝင်စားမှုပေးမှ အပြန်အလှန်ဆက်သွယ်မှုရပါမယ်။ အဲ့လိုအချိန်တွေမှာ ဖုန်းသုံးနေတာ သူများပြောတာကိုနားမထောင်တာ မယဉ်ကျေးရာကျပါတယ်။
ဒီတော့ သူများအမြင်မှာ “ယဉ်ကျေးမှုမရှိလိုက်တာ သူများကိုအားမနာဘူး” အဲလိုအမြင်မခံကြရအောင် ဒီအချက်ကလေးတွေကို လိုက်နာရင် ပိုကောင်းမှာပါ။
#digitaltimes
အားလုံးကိုခင်မင်လျှက်
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com
လုကြားထဲမှာ စမတ်ဖုန်းသုံးတဲ့အခါ ဆောင်သင့် ရှောင်သင့်တာလေးတွေ... Reviewed by ညီလတ်ထွန်း(နည်းပညာ) on 3:09 AM Rating: 5 [Zawgyi] ဖြင့်ဖတ်ရန် လူကြားသူကြားထဲရောက်လို့ စမတ်ဖုန်းကိုသုံးရတော့မယ်ဆိုရင် သိထားရမယ့်အချက်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဖုန်းကို ထမ...
No comments: