သင္ဖုန္း အသုံးမ်ားေနၿပီဆို ဒီစာေလးဖတ္ၾကည့္လိုက္ပါေနာ္….. - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

သင္ဖုန္း အသုံးမ်ားေနၿပီဆို ဒီစာေလးဖတ္ၾကည့္လိုက္ပါေနာ္…..

[Zawgyi] ၿဖင္႔ဖတ္ရန္ ယေန႔ေခတ္တြင္ လူတိုင္းနီးပါး ဖုန္း အသုံးျပဳႏိုင္ၾကပါတယ္။ ထို႔ေၾကာင့္ ေကာင္းက်ိဳးမ်ားလည္း ရွိသလို ဆိုးက်ိဳးမ်ားစြာလည္း ရွိပါတယ္။ လူတိုင္းနီးပါး အသုံးျပဳမ်ားတာေၾကာင့္

ေကာင္းက်ိဳးမ်ားကို သိႏွင့္ၿပီး ျဖစ္မွာမယ္လို႔ ယုံၾကည္ပါတယ္။ ယခုအခါ သတိျပဳ ဆင္ျခင္ႏိုင္ရန္အတြက္ ဖုန္း အသုံးမ်ားျခင္း၏ ဆိုးက်ိဳးမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

၁) ေငြေၾကး အကုန္အက် မ်ားျခင္း
သိပ္ကို ႐ိုးရွင္းလြန္းတဲ့ အခ်က္တစ္ခုပါ။ ဖုန္းေဘလ္အတြက္ပဲျဖစ္ျဖစ္၊ Handset အတြက္ပဲျဖစ္ျဖစ္ ေငြေၾကးအကုန္အက် မ်ားလြန္းပါတယ္။ အထူးသျဖင့္ ဖုန္းေဘလ္အတြက္ဆိုရင္

အခုေခတ္လူငယ္ ေတာ္ေတာ္မ်ားမ်ားက မႏွေျမာဘဲ အသုံးျပဳေနၾကပါတယ္။ အကန႔္အသတ္တစ္ခုထားၿပီး အသုံးျပဳမယ္ဆိုရင္ သင့္အတြက္ ပိုထြက္လာတဲ့ ဒီေငြေၾကာင့္ တျခားအက်ိဳးရွိတာ သုံးႏိုင္မွာပါ။

၂) လုပ္ငန္းခြင္ ကို ထိခိုက္ေစျခင္း
တစ္ခ်ိဳ႕အလုပ္ေတြမွာဆို လုပ္ငန္းခ်ိန္အတြင္း ဖုန္းမသုံးရဆိုတဲ့ စည္းကမ္းေတြေတာင္ ထုတ္ျပန္လာတာကို ေတြ႕ရမွာပါ။ လုပ္ငန္းခြင္မွာ ဖုန္းသုံးျခင္းက သင့္ကို အထက္လူႀကီးက အထင္ေသးေစၿပီး သင့္ရဲ႕ လုပ္ငန္းကိုလည္း ထိခိုက္ေစပါတယ္။

၃) က်န္းမာေရး ထိခိုက္ေစျခင္း
အရင္တုန္းကဆို ဂိမ္းေဆာ့ရင္ေတာင္ တီဗီ၊ ကြန္ပ်ဴတာ စသည္ျဖင့္ ေဆာ့ၾကေပမဲ့ ယေန႔ေခတ္မွာေတာ့ ဖုန္းကေတာ့ “All in one” ပါပဲ။ ဒါ့ေၾကာင့္ ဖုန္းအသုံးမ်ားလြန္းရင္ ညအိပ္မေပ်ာ္ျခင္း၊ ေခါင္းကိုက္ျခင္း၊

မ်က္႐ိုးကိုက္ျခင္း၊ အာ႐ုံေၾကာထိခိုက္ျခင္း ႏွင့္ အျခားေဝဒနာမ်ားလည္း ခံစားရႏိုင္ပါတယ္။ သင္သာ ဒီလိုေဝဒနာေတြ ခံစားေနရၿပီဆို ဖုန္းအသုံးျပဳျခင္းကို ေလွ်ာ့ပစ္ဖို႔ တိုက္တြန္းခ်င္ပါတယ္။

၄) လူမႈဆက္ဆံေရး ညံ့ဖ်င္းလာျခင္း
ကိုယ္တိုင္လည္း ျဖစ္ဖူးမွာပါ။ သူငယ္ခ်င္းေတြ နဲ႔ ေတြ႕တဲ့အခ်ိန္၊ မိတ္ဆုံ စားပြဲအခ်ိန္၊ မိသားစုနဲ႔ အတူေနတဲ့အခ်ိန္၊ meeting စသည္ျဖင့္ အေရးႀကီးတဲ့ လူမႈဆက္ဆံေရးေတြမွာ ဖုန္းသုံးေနတာေၾကာင့္

ပတ္ဝန္းက်င္ကေတာင္ ကိုယ့္ကို ဖုန္းသုံးတာ ရပ္ဖို႔ သတိေပးလာရၿပီဆိုရင္ေတာ့ သင္ တကယ့္ကို ဆင္ျခင္သင့္ပါၿပီ။ တန္ဖိုးရွိတဲ့ မိတ္ေဆြ၊ သူငယ္ခ်င္း၊ မိသားစုေတြနဲ႔ ဖုန္းအသုံးျပဳျခင္းကို မလဲလိုက္ပါနဲ႔။

၅) အခ်ိန္ကုန္ဆုံးေစျခင္း
ဖုန္းထဲကို အာ႐ုံေရာက္ေနတာေၾကာင့္ သင့္ရဲ႕ တန္ဖိုးရွိတဲ့ အခ်ိန္ေတြကို လြယ္ကူစြာ ကုန္ဆုံးေစပါတယ္။ ဖုန္း အသုံးျပဳျခင္းကိုသာ ေလွ်ာ့ခ်လိုက္မယ္ဆို သင့္ရဲ႕ အခ်ိန္ေတြမွာ အျခားေသာ အက်ိဳးမ်ားတဲ့ ဘာသာရပ္ေတြ၊ ဗဟုသုတေတြကို ေလ့လာႏိုင္မွာပါ။

၆) အထီးက်န္မႈ ခံစားရေစျခင္း
ကိုယ္က ဖုန္းအသုံးျပဳေနတာေၾကာင့္ ပတ္ဝန္းက်င္ျဖစ္ျဖစ္၊ မိသားစုကျဖစ္ျဖစ္ ကိုယ့္ကို စကားမေျပာတာမ်ိဳး၊ အျပင္သြားလာဖို႔ မေခၚတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ ဒီလိုနဲ႔ပဲ သင္နဲ႔ ဖုန္းက သက္သက္၊ ပတ္ဝန္းက်င္က သက္သက္ ျဖစ္လာၿပီး သင္ အထီးက်န္မႈကို ခံစားရလာႏိုင္ပါတယ္။

၇) အတုယူ မွားေစျခင္း
အခုေခတ္ လူမႈကြန္ယက္ေပၚမွာ နာမည္ႀကီးခ်င္ၾကတာေၾကာင့္ လုပ္သင့္တာ / မလုပ္သင့္တာကို မစဥ္းစားေတာ့ပဲ အတုယူ မွားလာၾကပါတယ္။ အားမက်သင့္တဲ့သူကို အားက်မိတာေၾကာင့္

ေနာက္ဆုံးေတာ့ ထိခိုက္တာ ကိုယ္ပဲ ျဖစ္ပါလိမ့္မယ္။ လူႀကီးေတြဆုံးမမႈကို မွန္ကန္တယ္ မထင္ေတာ့ဘဲ လူမႈကြန္ယက္က ျဖစ္ပ်က္မႈကို အမွန္ထင္လာရင္ သင္ မွားေနၿပီလို႔ ေတြးသင့္ပါတယ္။

၈) ယဥ္ေက်းမႈကို ထိခိုက္ေစျခင္း
အခုေခတ္ လူမႈကြန္ယက္ေပၚမွာ သုံးေနတဲ့ စကားလုံး အသုံးအႏႈန္းေတြ၊ အျပဳအမူေတြေၾကာင့္ ျမန္မာ့ ယဥ္ေက်းမႈကို ထိခိုက္ေစပါတယ္။ မိန္းကေလးေတြရဲ႕

အိေျႏၵ၊ သိကၡာကိုလည္း ထိခိုက္ႏိုင္တာေၾကာင့္ တခ်ိဳ႕ စကား အသုံးအႏႈန္းေတြကိုလည္း ဆင္ျခင္သင့္ပါတယ္။ အားလုံးပဲ စိတ္ခ်မ္းသာ ကိုယ္က်န္းမာၿပီး သာယာေပ်ာ္႐ႊင္ႏိုင္ၾကပါေစ။



===============================================================


သင်ဖုန်း အသုံးများနေပြီဆို ဒီစာလေးဖတ်ကြည့်လိုက်ပါနော်…..
[Unicode]ဖတ်ရန် ယနေ့ခေတ်တွင် လူတိုင်းနီးပါး ဖုန်း အသုံးပြုနိုင်ကြပါတယ်။ ထို့ကြောင့် ကောင်းကျိုးများလည်း ရှိသလို ဆိုးကျိုးများစွာလည်း ရှိပါတယ်။ လူတိုင်းနီးပါး အသုံးပြုများတာကြောင့်

ကောင်းကျိုးများကို သိနှင့်ပြီး ဖြစ်မှာမယ်လို့ ယုံကြည်ပါတယ်။ ယခုအခါ သတိပြု ဆင်ခြင်နိုင်ရန်အတွက် ဖုန်း အသုံးများခြင်း၏ ဆိုးကျိုးများကို ဖော်ပြပေးလိုက်ပါတယ်။

၁) ငွေကြေး အကုန်အကျ များခြင်း
သိပ်ကို ရိုးရှင်းလွန်းတဲ့ အချက်တစ်ခုပါ။ ဖုန်းဘေလ်အတွက်ပဲဖြစ်ဖြစ်၊ Handset အတွက်ပဲဖြစ်ဖြစ် ငွေကြေးအကုန်အကျ များလွန်းပါတယ်။ အထူးသဖြင့် ဖုန်းဘေလ်အတွက်ဆိုရင်
အခုခေတ်လူငယ် တော်တော်များများက မနှမြောဘဲ အသုံးပြုနေကြပါတယ်။ အကန့်အသတ်တစ်ခုထားပြီး အသုံးပြုမယ်ဆိုရင် သင့်အတွက် ပိုထွက်လာတဲ့ ဒီငွေကြောင့် တခြားအကျိုးရှိတာ သုံးနိုင်မှာပါ။

၂) လုပ်ငန်းခွင် ကို ထိခိုက်စေခြင်း
တစ်ချို့အလုပ်တွေမှာဆို လုပ်ငန်းချိန်အတွင်း ဖုန်းမသုံးရဆိုတဲ့ စည်းကမ်းတွေတောင် ထုတ်ပြန်လာတာကို တွေ့ရမှာပါ။ လုပ်ငန်းခွင်မှာ ဖုန်းသုံးခြင်းက သင့်ကို အထက်လူကြီးက အထင်သေးစေပြီး သင့်ရဲ့ လုပ်ငန်းကိုလည်း ထိခိုက်စေပါတယ်။
၃) ကျန်းမာရေး ထိခိုက်စေခြင်း
အရင်တုန်းကဆို ဂိမ်းဆော့ရင်တောင် တီဗီ၊ ကွန်ပျူတာ စသည်ဖြင့် ဆော့ကြပေမဲ့ ယနေ့ခေတ်မှာတော့ ဖုန်းကတော့ “All in one” ပါပဲ။ ဒါ့ကြောင့် ဖုန်းအသုံးများလွန်းရင် ညအိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊
မျက်ရိုးကိုက်ခြင်း၊ အာရုံကြောထိခိုက်ခြင်း နှင့် အခြားဝေဒနာများလည်း ခံစားရနိုင်ပါတယ်။ သင်သာ ဒီလိုဝေဒနာတွေ ခံစားနေရပြီဆို ဖုန်းအသုံးပြုခြင်းကို လျှော့ပစ်ဖို့ တိုက်တွန်းချင်ပါတယ်။

၄) လူမှုဆက်ဆံရေး ညံ့ဖျင်းလာခြင်း
ကိုယ်တိုင်လည်း ဖြစ်ဖူးမှာပါ။ သူငယ်ချင်းတွေ နဲ့ တွေ့တဲ့အချိန်၊ မိတ်ဆုံ စားပွဲအချိန်၊ မိသားစုနဲ့ အတူနေတဲ့အချိန်၊ meeting စသည်ဖြင့် အရေးကြီးတဲ့ လူမှုဆက်ဆံရေးတွေမှာ ဖုန်းသုံးနေတာကြောင့်
ပတ်ဝန်းကျင်ကတောင် ကိုယ့်ကို ဖုန်းသုံးတာ ရပ်ဖို့ သတိပေးလာရပြီဆိုရင်တော့ သင် တကယ့်ကို ဆင်ခြင်သင့်ပါပြီ။ တန်ဖိုးရှိတဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုတွေနဲ့ ဖုန်းအသုံးပြုခြင်းကို မလဲလိုက်ပါနဲ့။

၅) အချိန်ကုန်ဆုံးစေခြင်း
ဖုန်းထဲကို အာရုံရောက်နေတာကြောင့် သင့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို လွယ်ကူစွာ ကုန်ဆုံးစေပါတယ်။ ဖုန်း အသုံးပြုခြင်းကိုသာ လျှော့ချလိုက်မယ်ဆို သင့်ရဲ့ အချိန်တွေမှာ အခြားသော အကျိုးများတဲ့ ဘာသာရပ်တွေ၊ ဗဟုသုတတွေကို လေ့လာနိုင်မှာပါ။
၆) အထီးကျန်မှု ခံစားရစေခြင်း
ကိုယ်က ဖုန်းအသုံးပြုနေတာကြောင့် ပတ်ဝန်းကျင်ဖြစ်ဖြစ်၊ မိသားစုကဖြစ်ဖြစ် ကိုယ့်ကို စကားမပြောတာမျိုး၊ အပြင်သွားလာဖို့ မခေါ်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့ပဲ သင်နဲ့ ဖုန်းက သက်သက်၊ ပတ်ဝန်းကျင်က သက်သက် ဖြစ်လာပြီး သင် အထီးကျန်မှုကို ခံစားရလာနိုင်ပါတယ်။
၇) အတုယူ မှားစေခြင်း
အခုခေတ် လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးချင်ကြတာကြောင့် လုပ်သင့်တာ / မလုပ်သင့်တာကို မစဉ်းစားတော့ပဲ အတုယူ မှားလာကြပါတယ်။ အားမကျသင့်တဲ့သူကို အားကျမိတာကြောင့်
နောက်ဆုံးတော့ ထိခိုက်တာ ကိုယ်ပဲ ဖြစ်ပါလိမ့်မယ်။ လူကြီးတွေဆုံးမမှုကို မှန်ကန်တယ် မထင်တော့ဘဲ လူမှုကွန်ယက်က ဖြစ်ပျက်မှုကို အမှန်ထင်လာရင် သင် မှားနေပြီလို့ တွေးသင့်ပါတယ်။

၈) ယဉ်ကျေးမှုကို ထိခိုက်စေခြင်း
အခုခေတ် လူမှုကွန်ယက်ပေါ်မှာ သုံးနေတဲ့ စကားလုံး အသုံးအနှုန်းတွေ၊ အပြုအမူတွေကြောင့် မြန်မာ့ ယဉ်ကျေးမှုကို ထိခိုက်စေပါတယ်။ မိန်းကလေးတွေရဲ့
အိန္ဒြေ၊ သိက္ခာကိုလည်း ထိခိုက်နိုင်တာကြောင့် တချို့ စကား အသုံးအနှုန်းတွေကိုလည်း ဆင်ခြင်သင့်ပါတယ်။ အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး သာယာပျော်ရွှင်နိုင်ကြပါစေ။



အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

သင္ဖုန္း အသုံးမ်ားေနၿပီဆို ဒီစာေလးဖတ္ၾကည့္လိုက္ပါေနာ္….. Reviewed by ညီလတ္ထြန္း(နည္းပညာ) on 6:04 AM Rating: 5 [Zawgyi] ၿဖင္႔ဖတ္ရန္ ယေန႔ေခတ္တြင္ လူတိုင္းနီးပါး ဖုန္း အသုံးျပဳႏိုင္ၾကပါတယ္။ ထို႔ေၾကာင့္ ေကာင္းက်ိဳးမ်ားလည္း ရွိသလို ဆိုးက်ိဳးမ်ားစြာလ...

No comments: