အႏၱရာယ္ ကင္းေအာင္ ဖုန္းကို ဘယ္လို အားသြင္းမလဲ ? - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

အႏၱရာယ္ ကင္းေအာင္ ဖုန္းကို ဘယ္လို အားသြင္းမလဲ ?

[Zawgyi] ၿဖင္႔ဖတ္ရန္ အခုေျပာမွာေတာ့ ဒီေန႔ေခတ္ တြင္က်ယ္ အသံုးမ်ားတဲ့ စမတ္ဖုန္းေတြကို အားသြင္းတဲ့ အခါမွာ ေပါက္ကြဲမႈလုိ မေတာ္တဆေတြ မျဖစ္ရေအာင္ အေကာင္းဆံုးနဲ႔ အႏ ၱရာယ္ အကင္းဆံုး ပံုစံ အားသြင္းႏိုင္မယ့္ အခ်က္ေတြ ျဖစ္ပါတယ္။ စမတ္ဖုန္းေတြတင္ မဟုတ္ပဲ Tabletေတြ အတြက္လည္း အခုပံုစံ အတိုင္း အသံုးျပဳ အားသြင္းႏုိ္င္မွာ ျဖစ္ပါတယ္။
(၁) ေစ်းခ်ိဳတဲ့ အားသြင္းေခါင္းေတြကို မသံုးပါနဲ႔ – ေစ်းကြက္ထဲမွာ က်ပ္ေထာင္ဂဏန္းေလာက္နဲ႔ ရႏိုင္ေနတဲ့ အားသြင္းေခါင္းေတြ ရွိပါတယ္။ စိတ္မခ်ရပါဘူး။ သိန္းေက်ာ္တန္ ဖုန္းတလံုး အတြက္ေရာ မေတာ္တဆမႈ ျဖစ္ခဲ့ရင္ မိမိ ကိုယ္တိုင္ အတြက္ေရာ ေစ်းခ်ိဳၿပီး အရည္အေသြး မေကာင္းတဲ့ အားသြင္းေခါင္း ျပႆနာ အျဖစ္ အခံပါနဲ႔။ အရည္အေသြး အားနည္းတဲ့ အားသြင္းေခါင္းေတြဟာ မေတာ္တဆ ေပါက္ကြဲမႈ ျဖစ္ႏႈန္း မ်ားပါတယ္။ ကိုယ္တိုင္ မေရြးခ်ယ္တတ္ရင္ ကၽြမ္းက်င္ဆုိင္မွာ မိမိဖုန္းကို ျပသၿပီး သင့္ေလ်ာ္မယ့္ အားသြင္းေခါင္းကို ညႊန္ၾကားခ်က္ အတုိင္း ၀ယ္ယူ အသံုးျပဳပါ။
(၂) ဘက္စံုသံုး အားသြင္းေခါင္းသံုးမယ္ဆိုရင္ စိတ္ခ်ရတဲ့ ေခါင္းကို သံုးပါ – ဒီေန႔ေခတ္ လူတစ္ေယာက္မွာ အနည္းဆံုး စမတ္ဖုန္း ၁လံုးကေန တခ်ိဳ႕ဆိုရင္ ဖုုန္း၂ လံုး၊ ဒါမွမဟုတ္ဖုန္းေရာ တက္ဘလက္ေရာ ရွိတတ္၊ သံုးတတ္ၾကပါတယ္။ အဲဒီမွာ ဖုန္းတစ္လံုးခ်င္းစီ၊ စက္တခုခ်င္းစီ အတြက္ အားသြင္းႀကိဳး တစ္ခုစီ သံုးရပါတယ္။ အဲဒီမွာ တခ်ိဳ႕က ဘက္စံုသံုး အားသြင္းေပါင္းကို သီးသန္႔ ၀ယ္လုိက္တယ္၊ အဆိုပါ အားသြင္းေခါင္းနဲ႔ပဲ ဖုန္းေရာ တက္ဘလက္ေရာ အားလံုးကို စုၿပီး အားသြင္း အသံုးျပဳေလ့ရွိပါတယ္။ အဲဒီမွာ အဆိုပါ ဘက္စံုသံုး အားသြင္းေခါင္းက ပံုမွန္ စက္တလံုးသြင္း အားသြင္းေခါင္းထက္ကိုပဲ အလုပ္ပို လုပ္လာရပါတယ္။ ဒီ့အတြက္ ဘက္စံုသံုး အားသြင္းေခါင္းသံုးသူေတြက အထက္မွာ ေျပာခဲ့တဲ့ ေစ်းခ်ိဳတဲ့ အားသြင္းေခါင္းမ်ိဳးေတြ အျပင္ စိတ္မခ်ရတဲ့ အမွတ္တံဆိပ္ေတြရဲ႕ အားသြင္းေခါင္းေတြကိုပင္ မသံုးတာ အေကာင္းဆံုးပါ။ အရည္အေသြးျမင့္ ဘက္စံုသံုး အားသြင္းေခါင္းကို သံုးပါ။
(၃) မူလကုမဏီထုတ္ အားသြင္းေခါင္းက စိတ္အခ်ရဆံုးပါ – အခ်ိဳ႕ေသာ စမတ္ဖုန္း၊ တက္ဘလက္ထုတ္ ကုမဏီေတြက ကုမဏီထုတ္ ေမာ္ဒယ္ေတြ အတြက္ ေနာက္ထပ္ အပို အားသြင္းေခါင္းေတြကိုပါ ထုတ္လုပ္ေရာင္းခ်တတ္သလို တခ်ိဳ႕ကလည္း ဘယ္လို အားသြင္းေခါင္းကို အစားထိုး သံုးႏု္ိင္တယ္လုိ႔ လမ္းညႊန္ထားတာ ေတြ႔ရပါတယ္။ ဒီလို လမ္းညႊန္ထားတဲ့ အားသြင္းေခါင္း ဒါမွမဟုတ္ မူလ ကုမဏီထုတ္ အားသြင္းေခါင္းကို အသံုးျပဳတာ အေကာင္းဆံုးပါ။
(၄) ဖုုန္းအားသြင္းခ်ိန္မွာ ဖုန္းကို ဖံုးအုပ္ထားမႈ မရွိပါေစနဲ႔ – ကၽြန္ေတာ္တို႔ တခါတေလမွာ ဖုန္းအားသြင္းရင္း မီးေလာင္တာေတြ၊ ေပါက္ကြဲတဲ့ သတင္းေတြ ၾကားဖူးၾကပါတယ္။ အားသြင္းေခါင္း ေကာင္းတာ သံုးတဲ့ အျပင္ အားသြင္းေနခ်ိန္မွာ ဖုန္းအေပၚမွာ ဘာနဲ႔မွ ဖံုးအုပ္ထားမိတာမ်ိဳး မျဖစ္ပါေစနဲ႔။ ဖုန္းအားသြင္းခ်ိ္န္မွာ ဖုန္းကေန အပူလိႈင္းထြက္ရွိ္ၿပီး အဆိုပါ ဖံုးအုပ္မိထားေစတဲ့ အေနအထားက ဖုန္းကို အပူခ်ိန္တက္ ပိုျမန္ေစပါတယ္။ ေပါက္ကြဲ မီးေလာင္မႈ ျဖစ္ေစဖို႔ ရာခိုင္ႏႈန္း မ်ားေစပါတယ္။ အားသြင္းခ်ိန္ ဖုန္းကို ျပင္ပေလနဲ႔ ထိေတြ႔ေနပါေစ၊ အပူပ်ံ႕ႏွံ႔မႈ ေကာင္းေစၿပီး အပူခ်ိန္တက္ေႏွးေစ၊ ေအးျမေနေစပါတယ္။
(၅) ညလံုးေပါက္ အားသြင္းအိပ္ျခင္းမ်ိဴး မလုပ္ပါနဲ႔ – အားသြင္းေခါင္း မေကာင္းတာေတြေၾကာင့္ ညလံုးေပါက္ ဖုန္းအားသြင္းၿပီး အိပ္တတ္သူေတြမွာ ဖုန္းအားသြင္းရင္း မီးေလာက္မႈ ပိုျဖစ္ေစႏုိင္ပါတယ္။ ဖုန္းက ဘက္ထရီ အားျပည့္သြားသည့္တိုင္ေအာင္ အားသြင္းေခါင္းက အားဆက္စီးေနေစၿပီး ဘက္ထရီ အပူခ်ိန္ တက္လာသလို မီးေလာင္မႈ ျဖစ္လာေစႏုိင္ပါတယ္။ ညလံုးေပါက္ ဖုန္းအားသြင္းအိပ္တဲ့ အက်င့္ မလုပ္ပါနဲ႔။
(၆) အားသြင္းေခါင္းမွာ ျပစ္ခ်က္ရွိသလား စစ္ေဆး အသံုးျပဳပါ – အားသြင္းႀကိဳးစ ေပါက္ေန၊ ဖြာထြက္ေနတာေတြ ရွိသလား၊ ေခါင္းေတြက မိလုိက္ မမိလုိက္ ျဖစ္ေနသလား၊ အားသြင္းေခါင္းမွာေရာ အက္ေနတာေတြ၊ ခိုက္မိထားတာေတြ ရွိလား စစ္ေဆးပါ။ ထိခို္က္မႈ ရွိထားတဲ့ အားနည္းခ်က္နဲ႔ အားသြင္းေခါင္းက မီးေလာင္မႈ ျဖစ္ေစဖုိ႔ အေျခအေန မ်ားေစပါတယ္။ တခါတရံ လွ်ပ္ကူးလို႔ ဓါတ္လိုက္တာမ်ိဳးေတြလည္း ျဖစ္ေစႏုိင္ပါတယ္။
(၇) အထိုင္ အားသြင္းေပါက္တစ္ခုတည္းမွာ ျပံဳၿပီး အားမသြင္းပါနဲ႔ – အားသြင္းစရာ ပင္မ လွ်ပ္စစ္ေပါက္ နည္းေနတဲ့ ေနရာေတြမွာ ၿပံဳၿပီး ရွိတဲ့ အားသြင္းေပါက္မွာတင္ စံုၿပီး အားသြင္းတတ္ၾကတာ ေတြ႔ဖူးပါတယ္။ အဆိုပါ အထိုင္ တစ္ခုတည္းကေန ဖုန္း၊ တက္ဘလက္ အမ်ားအျပားစုၿပီး အားမသြင္းပါနဲ႔။ လွ်ပ္စစ္ အထုိင္ခံု တခံုဟာ အမ်ားဆံုး 13 ampsအထိပဲ သံုးသင့္ပါတယ္။ အဆိုပါႏႈန္းထက္ ပိုမသံုးပါနဲ႔။
www.saga.co.uk/magazine
 Ko Thuya(digitaltimes.com.mm)
===================================================

အန္တရာယ် ကင်းအောင် ဖုန်းကို ဘယ်လို အားသွင်းမလဲ ? 
 [Unicode]ဖတ်ရန် အခုပြောမှာတော့ ဒီနေ့ခေတ် တွင်ကျယ် အသုံးများတဲ့ စမတ်ဖုန်းတွေကို အားသွင်းတဲ့ အခါမှာ ပေါက်ကွဲမှုလို မတော်တဆတွေ မဖြစ်ရအောင် အကောင်းဆုံးနဲ့ အန ္တရာယ် အကင်းဆုံး ပုံစံ အားသွင်းနိုင်မယ့် အချက်တွေ ဖြစ်ပါတယ်။ စမတ်ဖုန်းတွေတင် မဟုတ်ပဲ Tabletတွေ အတွက်လည်း အခုပုံစံ အတိုင်း အသုံးပြု အားသွင်းနိုင်မှာ ဖြစ်ပါတယ်။
(၁) ဈေးချိုတဲ့ အားသွင်းခေါင်းတွေကို မသုံးပါနဲ့ – ဈေးကွက်ထဲမှာ ကျပ်ထောင်ဂဏန်းလောက်နဲ့ ရနိုင်နေတဲ့ အားသွင်းခေါင်းတွေ ရှိပါတယ်။ စိတ်မချရပါဘူး။ သိန်းကျော်တန် ဖုန်းတလုံး အတွက်ရော မတော်တဆမှု ဖြစ်ခဲ့ရင် မိမိ ကိုယ်တိုင် အတွက်ရော ဈေးချိုပြီး အရည်အသွေး မကောင်းတဲ့ အားသွင်းခေါင်း ပြဿနာ အဖြစ် အခံပါနဲ့။ အရည်အသွေး အားနည်းတဲ့ အားသွင်းခေါင်းတွေဟာ မတော်တဆ ပေါက်ကွဲမှု ဖြစ်နှုန်း များပါတယ်။ ကိုယ်တိုင် မရွေးချယ်တတ်ရင် ကျွမ်းကျင်ဆိုင်မှာ မိမိဖုန်းကို ပြသပြီး သင့်လျော်မယ့် အားသွင်းခေါင်းကို ညွှန်ကြားချက် အတိုင်း ဝယ်ယူ အသုံးပြုပါ။
(၂) ဘက်စုံသုံး အားသွင်းခေါင်းသုံးမယ်ဆိုရင် စိတ်ချရတဲ့ ခေါင်းကို သုံးပါ – ဒီနေ့ခေတ် လူတစ်ယောက်မှာ အနည်းဆုံး စမတ်ဖုန်း ၁လုံးကနေ တချို့ဆိုရင် ဖုန်း၂ လုံး၊ ဒါမှမဟုတ်ဖုန်းရော တက်ဘလက်ရော ရှိတတ်၊ သုံးတတ်ကြပါတယ်။ အဲဒီမှာ ဖုန်းတစ်လုံးချင်းစီ၊ စက်တခုချင်းစီ အတွက် အားသွင်းကြိုး တစ်ခုစီ သုံးရပါတယ်။ အဲဒီမှာ တချို့က ဘက်စုံသုံး အားသွင်းပေါင်းကို သီးသန့် ဝယ်လိုက်တယ်၊ အဆိုပါ အားသွင်းခေါင်းနဲ့ပဲ ဖုန်းရော တက်ဘလက်ရော အားလုံးကို စုပြီး အားသွင်း အသုံးပြုလေ့ရှိပါတယ်။ အဲဒီမှာ အဆိုပါ ဘက်စုံသုံး အားသွင်းခေါင်းက ပုံမှန် စက်တလုံးသွင်း အားသွင်းခေါင်းထက်ကိုပဲ အလုပ်ပို လုပ်လာရပါတယ်။ ဒီ့အတွက် ဘက်စုံသုံး အားသွင်းခေါင်းသုံးသူတွေက အထက်မှာ ပြောခဲ့တဲ့ ဈေးချိုတဲ့ အားသွင်းခေါင်းမျိုးတွေ အပြင် စိတ်မချရတဲ့ အမှတ်တံဆိပ်တွေရဲ့ အားသွင်းခေါင်းတွေကိုပင် မသုံးတာ အကောင်းဆုံးပါ။ အရည်အသွေးမြင့် ဘက်စုံသုံး အားသွင်းခေါင်းကို သုံးပါ။
(၃) မူလကုမဏီထုတ် အားသွင်းခေါင်းက စိတ်အချရဆုံးပါ – အချို့သော စမတ်ဖုန်း၊ တက်ဘလက်ထုတ် ကုမဏီတွေက ကုမဏီထုတ် မော်ဒယ်တွေ အတွက် နောက်ထပ် အပို အားသွင်းခေါင်းတွေကိုပါ ထုတ်လုပ်ရောင်းချတတ်သလို တချို့ကလည်း ဘယ်လို အားသွင်းခေါင်းကို အစားထိုး သုံးနိုင်တယ်လို့ လမ်းညွှန်ထားတာ တွေ့ရပါတယ်။ ဒီလို လမ်းညွှန်ထားတဲ့ အားသွင်းခေါင်း ဒါမှမဟုတ် မူလ ကုမဏီထုတ် အားသွင်းခေါင်းကို အသုံးပြုတာ အကောင်းဆုံးပါ။
(၄) ဖုန်းအားသွင်းချိန်မှာ ဖုန်းကို ဖုံးအုပ်ထားမှု မရှိပါစေနဲ့ – ကျွန်တော်တို့ တခါတလေမှာ ဖုန်းအားသွင်းရင်း မီးလောင်တာတွေ၊ ပေါက်ကွဲတဲ့ သတင်းတွေ ကြားဖူးကြပါတယ်။ အားသွင်းခေါင်း ကောင်းတာ သုံးတဲ့ အပြင် အားသွင်းနေချိန်မှာ ဖုန်းအပေါ်မှာ ဘာနဲ့မှ ဖုံးအုပ်ထားမိတာမျိုး မဖြစ်ပါစေနဲ့။ ဖုန်းအားသွင်းချိန်မှာ ဖုန်းကနေ အပူလှိုင်းထွက်ရှိပြီး အဆိုပါ ဖုံးအုပ်မိထားစေတဲ့ အနေအထားက ဖုန်းကို အပူချိန်တက် ပိုမြန်စေပါတယ်။ ပေါက်ကွဲ မီးလောင်မှု ဖြစ်စေဖို့ ရာခိုင်နှုန်း များစေပါတယ်။ အားသွင်းချိန် ဖုန်းကို ပြင်ပလေနဲ့ ထိတွေ့နေပါစေ၊ အပူပျံ့နှံ့မှု ကောင်းစေပြီး အပူချိန်တက်နှေးစေ၊ အေးမြနေစေပါတယ်။
(၅) ညလုံးပေါက် အားသွင်းအိပ်ခြင်းမျိူး မလုပ်ပါနဲ့ – အားသွင်းခေါင်း မကောင်းတာတွေကြောင့် ညလုံးပေါက် ဖုန်းအားသွင်းပြီး အိပ်တတ်သူတွေမှာ ဖုန်းအားသွင်းရင်း မီးလောက်မှု ပိုဖြစ်စေနိုင်ပါတယ်။ ဖုန်းက ဘက်ထရီ အားပြည့်သွားသည့်တိုင်အောင် အားသွင်းခေါင်းက အားဆက်စီးနေစေပြီး ဘက်ထရီ အပူချိန် တက်လာသလို မီးလောင်မှု ဖြစ်လာစေနိုင်ပါတယ်။ ညလုံးပေါက် ဖုန်းအားသွင်းအိပ်တဲ့ အကျင့် မလုပ်ပါနဲ့။
(၆) အားသွင်းခေါင်းမှာ ပြစ်ချက်ရှိသလား စစ်ဆေး အသုံးပြုပါ – အားသွင်းကြိုးစ ပေါက်နေ၊ ဖွာထွက်နေတာတွေ ရှိသလား၊ ခေါင်းတွေက မိလိုက် မမိလိုက် ဖြစ်နေသလား၊ အားသွင်းခေါင်းမှာရော အက်နေတာတွေ၊ ခိုက်မိထားတာတွေ ရှိလား စစ်ဆေးပါ။ ထိခိုက်မှု ရှိထားတဲ့ အားနည်းချက်နဲ့ အားသွင်းခေါင်းက မီးလောင်မှု ဖြစ်စေဖို့ အခြေအနေ များစေပါတယ်။ တခါတရံ လျှပ်ကူးလို့ ဓါတ်လိုက်တာမျိုးတွေလည်း ဖြစ်စေနိုင်ပါတယ်။
(၇) အထိုင် အားသွင်းပေါက်တစ်ခုတည်းမှာ ပြုံပြီး အားမသွင်းပါနဲ့ – အားသွင်းစရာ ပင်မ လျှပ်စစ်ပေါက် နည်းနေတဲ့ နေရာတွေမှာ ပြုံပြီး ရှိတဲ့ အားသွင်းပေါက်မှာတင် စုံပြီး အားသွင်းတတ်ကြတာ တွေ့ဖူးပါတယ်။ အဆိုပါ အထိုင် တစ်ခုတည်းကနေ ဖုန်း၊ တက်ဘလက် အများအပြားစုပြီး အားမသွင်းပါနဲ့။ လျှပ်စစ် အထိုင်ခုံ တခုံဟာ အများဆုံး 13 ampsအထိပဲ သုံးသင့်ပါတယ်။ အဆိုပါနှုန်းထက် ပိုမသုံးပါနဲ့။
www.saga.co.uk/magazine
 Ko Thuya(digitaltimes.com.mm)




အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ
www.nyilattun.com

အႏၱရာယ္ ကင္းေအာင္ ဖုန္းကို ဘယ္လို အားသြင္းမလဲ ? Reviewed by ညီလတ္ထြန္း(နည္းပညာ) on 7:03 AM Rating: 5 [Zawgyi] ၿဖင္႔ဖတ္ရန္ အခုေျပာမွာေတာ့ ဒီေန႔ေခတ္ တြင္က်ယ္ အသံုးမ်ားတဲ့ စမတ္ဖုန္းေတြကို အားသြင္းတဲ့ အခါမွာ ေပါက္ကြဲမႈလုိ မေတာ္တဆေတြ မျဖစ္ရေအ...

No comments: