ကမၻာႀကီးကို ေျပာင္းလဲေစခဲ့ေသာ အဓိက တီထြင္မႈႀကီးမ်ား - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

ကမၻာႀကီးကို ေျပာင္းလဲေစခဲ့ေသာ အဓိက တီထြင္မႈႀကီးမ်ား

[Zawgyi] ၿဖင္႔ဖတ္ရန္ လူသားေတြနဲ့ လူ႔သမိုင္းေၾကာင္းကို အဆင့္တစ္ခု အထိျမွင့္တင္ေျပာင္းလဲေပးႏိုင္တဲ့ တီထြင္မႈေတြ မၾကာခဏဆုိသလိုပဲ ထြက္ေပၚလာခဲ့ပါတယ္။ လူသားေတြရဲ႔ သမိုင္းေၾကာင္းထဲ အေရးပါဆံုးတီထြင္မူ အခု (၃၀)ထဲမွ သမိုင္းဦးကာလ တီထြင္မူကေန Worle Wide Web အထိ ေဖာ္ျပေပးထားပါတယ္။
(၁) ရြက္သေဘၤာ (ေရွးေခတ္ မက္ဆိုပိုေတးမီးယား၊ ဘီစီ ၆၀၀၀)

လူ႕သမိုင္းအေစာပိုင္းက ကုန္သြယ္မူနဲ႔ သယ္ယူပို႔ေဆာင္ေရး ေခတ္တစ္ခု မျဖစ္တည္လာခင္မွာ ေရွးေခတ္ မက္ဆုိပိုေတးမီးယားအူးဗိတ္ယဥ္ေက်းမႈက ရြက္သေဘၤာေတြကို ကနဦး အသံုးျပဳခဲ့ပါတယ္။ အဲဒီယဥ္ေက်းမူဟာ တိုက္ဂရစ္နဲ့ ယူဖေရးတီးျမစ္ေပါင္းဆံုရာေနရာမွာ အေျခစိုက္ခဲ့ပါတယ္။ အူဗိတ္ယဥ္ေက်းမူဟာ ယခုကာလ အီရတ္ႏိုင္ငံတည္ရွိရာမွာ ျဖစ္ထြန္းေပၚေပါက္ခဲ့ပါတယ္။
(၂)ဘီး (အမည္မသိ၊ ဘီစီ ၄၀၀၀ ႏွင့္ ၃၅၀၀)

ရြက္သေဘၤာေတြလိုပဲ ဘီးေတြဟာလည္း လူေတြရဲ႔ ကုန္ပစၥည္းနဲ့ ျခံေမြးတိရစာၦန္သယ္ယူမူပံုစံကို ေတာ္လွန္ေျပာင္းလဲခဲ့ပါတယ္။ ဘယ္အခ်ိန္၊ ဘယ္ေနရာမွာ ဘီးကိုတီထြင္ခဲ့သလဲဆိုတာ ပညာရွင္ေတြ တိတိက်က်မသိၾကပါဘူး။ ေၾကးေခတ္ မက္ဆိုပိုေတးမီးယား ဒါမွမဟုတ္ ယူေရးရွား ကာလေတြမွာ တီထြင္ခဲ့ဖြယ္ရွိတယ္လို့ ခန့္မွန္းထားၾကပါတယ္။
(၃)သံ( ေရွးေခတ္ အီဂ်စ္၊ ဘီစီ ၃၄၀၀)

ေရွးေခတ္ အီဂ်စ္ျပည္သားေတြဟာ အေဆာက္အဦးတည္ေဆာက္မႈနဲ့ လက္သမားအတတ္ပညာ အေျခခံထဲက တစ္ခုကိုတီထြင္ခဲ့ၾကပါတယ္။ အဲဒါကေသးငယ္ေပမဲ့ အစြမ္းထက္တဲ့သံပါ။ ေထာင္စုႏွစ္ သံုးခုေလာက္အၾကာမွာ ေရာမသားေတြက အိမ္ရိုက္သံ ေတြကို ပံုသြင္းျပီး အေျမာက္အျမားထုတ္လုပ္ခဲ့ပါတယ္။
(၄)ဆပ္ျပာ (ေရွးေခတ္ မက္ဆိုပိုေတးမီးယား၊ ဘီစီ ၂၈၀၀)

လူသားေတြရဲ႕ တစ္ကိုယ္ရည္သန့္ရွင္းေရးဟာ လူ႔အဖြဲ႕အစည္းတိုးတက္ေရး စည္ပင္ဖြ႕ံျဖိဳးေအာင္ အေထာက္အပံ႔ေပးႏိုင္ခဲ့ပါတယ္။ပထမဆံုး မိုးလံု ေလလံု သန္႔စင္ခန္းကို ဘီစီ ၃၀၀၀ အတြင္း စေကာ့တလန္ေျမာက္ဘက္က စကာရာဘေရမွာတီထြင္ခဲ့ပါတယ္။ ထိုအခ်ိန္ေလာက္မွာဘဲ ေရွးေခတ္ မက္ဆိုပိုေတးမီးယားကာလ အတြင္း ပထမဆံုးသန့္စင္ဆပ္ျပာေတြကို တိရစာၦန္အဆီနဲ့ သစ္သားကိုမီးရႈိ႔ရာက ရလာတဲ့ ျပာနဲ့ ဖန္တီးခဲ့ပါတယ္။
(၅)ေပသီး တြက္ခံု (ေရွးေခတ္ မက္ဆိုပိုေတးမီးယား၊ ဘီစီ ၂၇၀၀)

လွ်ပ္စစ္ ဂဏန္းေပါင္းစက္နဲ႔ ကြန္ပ်ဴတာေတြ မထြက္ေပၚမီက ေပၚေပါက္ခဲ့တဲ့ ေပသီးတြက္ခံုကို ဘီစီ ၂၇၀၀ ေလာက္က ေရွးေခတ္ မက္ဆိုပိုေတးမီးယားမွာ အသံုးျပဳခဲ့ၾကပါတယ္။ ဆူမာရီယန္ယဥ္ေက်းမႈရဲ႔ ကိန္းဂဏန္းစနစ္ကို အေျချပဳျပီးတြက္ခ်က္မႈေတြ ျပဳလုပ္တဲ့အခါမွာ ေပသီးတြက္ခံုကို အသံုးျပဳခဲ့ၾကပါတယ္။ ဒီထုတ္ကုန္ဟာ ေရွးေခတ္ကမၻာရဲ႔ ကုန္သြယ္ေရးနဲ႕ ေငြေၾကးစနစ္ေတြ အတြက္အေရးအပါဆံုး ကိရိယာတစ္ခုျဖစ္ခဲ့ပါတယ္။
(၆) သံလိုက္အိမ္ေျမွင္ (တရုတ္၊ ဘီစီ ၂၀၆)

အခုတီထြင္မႈဟာေရေၾကာင္းလမ္းညႊန္သြားလာမႈကို ေျပာင္းလဲခဲ့ျပီး နယ္ေျမသစ္စူးစမ္းရွာေဖြမႈေခတ္ကို သယ္ေဆာင္လာခဲ့ပါတယ္။ဒါအျပင္ ကမၻာကုန္သြယ္ေရးကို အၾကီးအက်ယ္တိုးခ်ဲ႔ႏိုင္ေအာင္အေထာက္အပံ႔ေပးခဲ့ပါတယ္။ သံလိုက္အိမ္ေျမွာင္ကို ဘီစီ ၂၀၆ အတြင္း တရုတ္ႏိုင္ငံမွာ လူ႔ကံၾကမၼာကို ေဟာၾကားရာမွာ အသံုးျပဳခဲ့ပါတယ္။ ေအဒီ ၁၁ ရာစုမွာဘဲ လမ္းညႊန္ ကိရိယာအျဖစ္ အသံုးျပဳခဲ့တာပါ။
(၇) စကၠဴ (တရုတ္၊ ဘီစီ ၁၀၅)

စကၠဴတီထြင္မႈဟာ အေရးပါတယ္။ လူ႔ယဥ္ေက်းမႈမွာ စကၠဴကိုအသံုးျပဳျပီး အသိပညာေတြ ေ၀မွ်တာနဲ႕မွတ္တမ္းမွတ္ရာ သိမ္းဆည္းတာေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ ေရွးေခတ္အီဂ်စ္သားေတြက က်ဴပင္ကေန စကၠဴကို ျပဳလုပ္ခဲ့ပါတယ္။ ဘီစီ ၄ ရာစုမွာ ေပ်ာ့ဖတ္ေတြနဲ့ စက ၠဴအစစ္ ကိုျပဳလုပ္ခဲ့ပါတယ္။စကၠဴကိုတရုတ္ ႏိုင္ငံ ဟန္မင္းဆက္ ခံုရံုးအရာရွိ ခိုင္လြန္က တီထြင္ခ့ဲပါတယ္။
(၈)ယမ္းမႈန္႔ (တရုတ္၊ ေအဒီ ၁၄၃)

အေရးပါတဲ့ ေပါက္ကြဲေရးပစၥည္းျဖစ္တဲ့ ယမ္းမႈန္႕ဟာရာစုႏွစ္ေပါင္းမ်ားစြာ အတြင္း တရုတ္ႏိုင္ငံမွာ အဆင့္ဆင့္ ေျပာင္းလဲတိုးတက္ခဲ့ပါတယ္။ ေအဒီ ၁၄၂ မွာေတာ့ အဂၢိရိတ္ထိုးသူ ေ၀ပိုယန္ရဲ့ ေတာက္က်မး္စာမွာ ယမ္းမႈန့္ကို ပထမဆံုး ေဖာ္ျပထားပါတယ္။ ယခုုတီထြင္မႈဟာ ကမၻာ့သမိုင္းအေပၚ အၾကီးအက်ယ္ေျပာင္းလဲခဲ့ျပီး လူသားေတြ စစ္ျပဳတဲ႔ပံုစံကိုလည္းေျပာင္းလဲခဲ့ပါတယ္။ ေခတ္သစ္လက္နက္ ေတြမွာ ယမ္းမႈန္႔ဟာအေျခခံ အျဖစ္ ပါ၀င္ေနတုန္းပါဘဲ။
(၉) စက္နာရီ (တရုတ္၊ ေအဒီ ၇၂၅)

တရုတ္ႏိုင္ငံက ထြက္ရွိလာတဲ့ အေရးၾကီးဆံုး တီထြင္မႈက စက္နာရီပါ။ ကမၻာ့ပထမဆံုး စက္နာရီကို ( ၈)ရာစုမွာ စစ္တပ္အင္ဂ်င္နီယာ က်န္လင္ဇန္နဲ႕ သခ်ၤာပညာရွင္ ရီရွန္တို႔က တီထြင္ခဲ့ပါတယ္။အခ်ိန္ကိုတိက်စြာ ေျပာလာႏိုင္တာနဲ႔ လူ႕သမိုင္း အလ်င္အျမန္တိုးတက္လာခဲ့ပါတယ္။ နာရီေၾကာင့္ ပင္လယ္ခ၇ီးသြားလာမႈနဲ႔ စုိက္ပ်ိဳးေရးေတြကို ျပဳလုပ္ရာမွာ ပိုမိုလြယ္ကူလာပါတယ္။
(၁၀) ပံုႏိွပ္စက္ (ေရာမအင္ပါယာ၊ ေအဒီ ၁၄၄၀)

ဂ်ိဳဟန္နက္စ္ ဂူတင္ဘတ္ရဲ႔ ဖန္တီးမႈေၾကာင့္ လူေတြဆီကို အသိပညာျဖန္႔ေ၀ႏိုင္ခဲ့ပါတယ္။ အခ်က္အလက္ေတြ အျပန္အလွန္ေ၀မွ်တဲ့ ေခတ္တစ္ခုကိုလည္း အစပ်ိဳးႏိုင္ခဲ့တယ္။လူ႔အထက္တန္းလႊာေတြကသာ ထိန္းသိမ္းခဲ့တဲ့ သတင္းအခ်က္အလက္ကို လူမ်ားစြာကိုျဖန္႔ေ၀ႏိုင္ဖို႔ ပံုႏွိပ္စက္က ကူညီခဲ့ပါတယ္။
(၁၁)သာမိုမီတာ (ဗင္းနစ္ျပည္၊ ၁၆၁၂)

ေခတ္ေဆးကုသမႈ၊ သိပၸံနည္းက် သုေတသနလုပ္ငန္းနဲ႔ ကုန္ေခ်ာထုတ္လုပ္ေရးတို႔ဟာ အပူခ်ိန္ကို တိက်စြာတိုင္းတာဖို႔ဆိုတဲ႔ ႏိႈးေဆာ္ခ်က္နဲ႔ ေပၚထြက္လာပါတယ္။ ပထမဆံုး သာမိုစကုပ္ကို နကၡတၱေဗဒပညာရွင္ ဂယ္လီလီယိုဂယ္လီေလက အပူခ်ိန္အေျပာင္းအလဲကို ျပသႏိုင္ဖို႔ ၁၅၉၂ခုႏွစ္ မွာတီထြင္ခဲ့ပါတယ္။ ပထမဆံုး သာမိုမီတာအသစ္ကို သာမိုစကုပ္အတိုင္းအတာနဲ႔ ဗင္းနစ္ျပည္သားသမားေတာ္ ဆန္တိုရီယို က ၁၆၁၂ခုႏွစ္မွာ တီထြင္ခဲ့တာပါ။
(၁၂) ေခတ္သစ္ေရေႏြးေငြ႔ အင္ဂ်င္ (အဂၤလန္၊ ၁၆၉၈ခုနွစ္)

စက္မႈေတာ္လွန္ေရးမွာ အေရးပါတဲ႔အခန္းက႑ကပါ၀င္ခဲ႔တဲ႔ ကမၻာပထမဆံုး စီးပြားျဖစ္ ေရေႏြးေငြ႔သံုးအင္ဂ်င္ကို ၁၆၉၈ ခုႏွစ္မွာ အဂၤလိပ္လူမ်ိဳး အင္ဂ်င္နီယာ ေသာမတ္ေဆဗာရီက တီထြင္ခဲ့ပါတယ္။ အဲဒီတီထြင္မႈကို မိုင္းတြင္းေတြမွာ ေရစုပ္ထုတ္တာနဲ႔ သီးႏွံၾကိတ္ခြဲစက္ေတြမွာ အသံုးျပဳခဲ့ပါတယ္။
(၁၃)ေရခဲေသတၱာ (စေကာ့တလန္၊ ၁၇၅၅ ခုႏွစ္)

အစားအေသာက္သမိုင္းမွာ အေရးပါဆံုး တီထြင္မႈတစ္ခုက ေရခဲေသတၱာပါ။ ပထမဆံုး လူလုပ္ေရခဲေသတၱာကို စေကာ့တလန္လူမ်ိဳး ဆရာ၀န္ ၀ီလီယံေကာလန္က ၁၇၅၀ႏွစ္လယ္ပိုင္းမွာ တီထြင္ခဲ့ပါတယ္။ ဒါေပမယ့္ ၁၉၁၃ ခုႏွစ္က်မွ ပထမဆံုးစီးပြားျဖစ္ ေရခဲေသတၱာကို ေရာင္းခ်ခဲ့ၾကပါတယ္။
(၁၄)ကြန္ပ်ဴတာ (အဂၤလန္၊ ၁၉ ရာစု အေစာပိုင္း)

၁၉ ရာစုအေစာပိုင္းမွာ စက္ပစၥည္းနဲ႔ တြက္ခ်က္မႈ ျပဳလုပ္ေပးႏုိင္တဲ့ ထုတ္ကုန္ေတြျဖစ္တဲ့ Difference နဲ႔ Analytical အင္ဂ်င္ေတြကို ကြန္ပ်ဴတာရဲ႔ ဖခင္ၾကီးအျဖစ္ တင္စားခံခဲ႔ရတဲ႔ အဂၤလိပ္ သခ်ၤာပညာ ခ်ားလ္ဘာေဘ့ခ်္ ကတီထြင္ေပးခဲ့ပါတယ္။
(၁၅) လွ်ပ္စစ္ေၾကးနန္း (အဂၤလန္၊ ၁၈၁၆ ခုႏွစ္)

အဂၤလိပ္သိပၸံပညာရွင္ ဖရန္စစ္ေရာ္နယ္စ္ဟာ ၁၈၁၆ ခုႏွစ္မွာ ပထမဆံုးလွ်ပ္စစ္နဲ႔ သက္ဆိုင္တဲ႔ ဆက္သြယ္ေရးပံုစံ တစ္မ်ိဳးတီထြင္ခဲ႕ပါတယ္။ အဲဒီအခ်ိန္မွာ အေမရိကန္ႏိုင္ငံသား ဆင္ျမဴရယ္ေမာ့စ္က ၁၈၃၇ ခုႏွစ္မွာ ပထမဆံုးစီးပြားျဖစ္အသံုးျပဳႏုိင္တဲ့ ေၾကးနန္းစနစ္ကို ဖန္တီးခဲ့တာေၾကာင့္ ရပ္ေ၀းဆက္သြယ္မႈပံုစံ ကို ေတာ္လွန္ေျပာင္းလဲခဲ႔ပါတယ္။
(၁၆) ဓာတ္ပံု (ျပင္သစ္၊ ၁၈၁၆ ခုႏွစ္)

ျပင္သစ္တီထြင္ ပညာရွင္ နီစီေဖာ္နီစီက DIY ကင္မရာတစ္လံုးနဲ႔ silver chloride ေလာင္းထားတဲ့ စာရြက္ကိုအသံုးျပဳျပီး ပထမဆံုးဓာတ္ပံုကို ၁၈၁၆ ခုႏွစ္မွာ တီထြင္ခဲ့ပါတယ္။ ၁၉ ရာစုရဲ့ အထင္ကရ တီထြင္မႈတစ္ခုျဖစ္တဲ့ ဓာတ္ပံုဟာ လူသားေတြရဲ႔ အႏုပညာဖန္တီးမႈ၊ ဆက္သြယ္မႈ၊ သင္ယူမႈနဲ့ျဖစ္ရပ္မွတ္တမ္းတင္တဲ့နည္းလမ္းကို အၾကီးအက်ယ္ေျပာင္းလဲေစခဲ့ပါတယ္။
(၁၇) ေခတ္သစ္ ေမ့ေဆး (အေမရိကန္၊ ၁၈၄၂)

ေခတ္သစ္ခြဲစိတ္မႈ လုပ္ငန္းစဥ္ေတြက ေမ႔ေဆးမရွိဘဲနဲ႔ ျပဳလုပ္ဖို႔ မျဖစ္ႏိုင္ပါဘူး။ႏွစ္ေထာင္ေပါင္း မ်ားစြာအတြင္း သဘာ၀ေမ႔ေဆးအျဖစ္ အရက္နဲ႔ ဘိန္းေတြကို သံုးစြဲခဲ႔ၾကပါတယ္။ ခြဲစိတ္ဆရာ၀န္ ခေရာဖို႔ဒ္ေလာင္းက ၁၈၄၂ ခုႏွစ္မွာ လူနာရဲ႔ေမးရိုးကို ခြဲဖို႔အတြက္ ပထမဆံုးအၾကိမ္အျဖစ္၊ အီသာဓာတ္ေငြ႕ကို အသံုးျပဳခဲ့ပါတယ္။
(၁၈) ေခတ္သစ္ေရနံသန့္စင္မႈ (စေကာ့တလန္၊ ၁၈၄၈ခုႏွစ္)

ေမာ္ေတာ္ယာဥ္ကေန ပလတ္စတစ္အထိ အရာအားလံုးဟာ ေရနံကို ျပန္လည္သန္႔စင္ရာက ရလာတာပါ။ အဲဒီလုပ္ငန္းစဥ္ကို စေကာ့လူမ်ိဳး ဓာတုေဗဒ ပညာရွင္ ဂ်ိမ္းယန္းက တိုးတက္ေအာင္ျပဳလုပ္ခဲ႔ပါတယ္။ သူက ၁၈၄၈ ခုႏွစ္မွာ ဘသာ၀ဆီကေန ေရနံဆီထုတ္ႏိုင္မယ့္ နည္းလမ္းကို ရွာေဖြေတြ႔ရွိခဲ့ပါတယ္။
(၁၉)ေလာင္စာသံုး အင္ဂ်င္ (ျပင္သစ္၊ ၁၈၅၉ခုႏွစ္)

ဘယ္လ္ဂ်ီယမ္ဖြား ပဲရစ္ျမိဳ႔ေန အင္ဂ်င္နီယာ ဂ်င္ဂ်ိဳးဆက္အီတိုင္နီလီႏႊာက ကမၻာ့ပထမဆံုး ေလာင္စာသံုးအင္ဂ်င္ကိုတီထြင္ခဲ့ပါတယ္။ ေလာင္စာသံုး အင္ဂ်င္ကို ေျမနဲ႔ ေရေပၚသြားလာေနတဲ႔ ယာဥ္အားလံုးနီးပါးမွာ အသံုးျပဳေနၾကပါျပီ။
(၂၀) တယ္လီဖုန္း (အေမရိကန္ / ကေနဒါ၊ ၁၈၇၉ ခုႏွစ္)

တယ္လီဖုန္းဟာ ကမာၻကိုေျပာင္းလဲေစခဲ့တဲ႔ တီထြင္မႈတစ္ခုပါ။ တယ္လီဖုန္းကို လူအမ်ိဳးမ်ိဳးက ႏွစ္ေပါင္းမ်ားစြာ တိုးတက္ေအာင္လုပ္ေဆာင္ခဲ့ပါတယ္။၁၈၇၉ ခုႏွစ္မွာေတာ့ အမွန္တကယ္ အသံုးျပဳႏိုင္တဲ႔ တယ္လီဖုန္းကို စေကာ့တလန္ဖြား တီထြင္မႈပညာရွင္ အဲလက္ဇန္ဒါး ဂေရဟမ္ဘဲလ္က တီထြင္ခဲ့ပါတယ္။
(၂၁) မီးသီး (အေမရိကန္၊ ၁၈၇၉ ခုႏွစ္)

အဂၤလိပ္ သိပၸံပညာရွင္ ၀ါရန္ဒီလာရူအပါအ၀င္ တီထြင္သူမ်ားစြာဟာ ရာစုႏွစ္ အတြင္း အေျခခံ မီးသီးအမ်ိဳးမ်ိဳးကိုတီထြင္ခဲ့ၾကပါတယ္။ ဒါေပမယ့္ အမွန္တကယ္ အသံုးျပဳႏိုင္တဲ႔ မီးသီးကို ၁၈၇၉ ခုႏွစ္မွာ ေသာမတ္အက္ဒီဆင္က ေစ်းကြက္မွာ ေရာင္းခ်ဖို႔အတြက္ မူပိုင္ခြင့္တင္ႏိုင္ခဲ့ပါတယ္။
(၂၂)ကား (ဂ်ာမနီ၊ ၁၈၈၆ခုႏွစ္)

ဂ်ာမန္ အင္ဂ်င္နီယာ ကားလ္ဘန္႔ဇ္ဟ ၁၈၈၆ ခုႏွစ္မွာ ပထမဆံုးကား Benz Patent- Motorwagen တီထြင္သူ အျဖစ္ ဂုဏ္ျပဳမွတ္တမ္းတင္ခံ ခဲ႔ရပါတယ္။
(၂၃) ေရဒီယို (အီတလီ၊ ၁၈၉၅ ခုႏွစ္)

စြန္႔ဦး တီထြင္မႈ ျပဳလုပ္သူေတာ္ေတာ္မ်ားမ်ားဟာ ရွည္လ်ားတဲ႔ အကြာအေ၀း အထိ ထုတ္လႊင့္ႏိုင္တဲ့ ေရဒီယိုတီထြင္မႈမွာ ပါ၀င္ခဲ႔ၾကပါတယ္။ အီတလီလူမ်ိဳးတီထြင္သူ ဂူလီယဲမိုမာကိုနီက ၁၈၉၅ ခုႏွစ္မွာ ေအာင္ျမင္စြာ အသံုးျပဳႏိုင္တဲ့ ေရဒီယိုကိရိယာ နဲ႔ ၾကိဳးမဲ႔ေၾကးနန္း စနစ္ကို တီထြင္ခဲ့ပါတယ္။
(၂၄) ေလယာဥ္ (အေမရိကန္ ၊ ၁၉၀၃ ခုႏွစ္)

ေအာ္ဗီလီနဲ့ ၀ီဗာရိုက္ဟာ ကမာၻ႔ပထမဆံုးေလယာဥ္ကို တီထြင္သူေတြအျဖစ္ မွတ္တမ္းတင္ခံရပါတယ္။ သူတို႔ဟာ ၁၉၀၃ ခုႏွစ္မွာ ေလယာဥ္နဲ႕ ေတာင္ကာရိုလိုင္းနားတစ္ေလွ်ာက္ ေလးမိုင္အထိ ပ်ံသန္းခဲ့ၾကပါတယ္။ ေလေၾကာင္းပ်ံသန္းမႈဟာ လူေတြရဲ႔ ခရီးသြားလာမႈ၊ ကုန္ပစၥည္းသယ္ယူမႈနဲ႔ စစ္ပြဲတုိက္ခိုက္မႈ နည္းလမ္းကို ေျပာင္းလဲခဲ႔ၾကပါတယ္။
(၂၅) ေခတ္သစ္ေလေအးေပးစက္ ( အေမရိကန္၊ ၁၉၀၂ ခုႏွစ္)

ပထမဆံုး အသံုးျပဳႏိုင္တဲ႔ ေလေအးေပးစက္ကို ၁၉၀၂ ခုႏွစ္မွာ ၀ဲလစ္ကာရီရာက တီထြင္ခဲ႔ပါတယ္။ လူလုပ္ေလေအးေပးစက္ဟာ ပူေႏြးတဲ့ေနရာေတြမွာ လူေတြ သက္ေတာင့္သက္သာေနႏိုင္ေအာင္ ကူညီႏိုင္ခဲ့ပါတယ္။
(၂၆) ပင္နယ္ဆလင္ (အဂၤလန္၊ ၁၉၂၈ ခုႏွစ္)

စက္တင္ဘာလ ၁၉၈၂ ခုုႏွစ္မွာစေကာ့တလန္လူမ်ိဳး အလက္ဆနး္ဒါးဖလန္းမင္းက လန္ဒန္ျမိဳ႕ စိန္႔ေမရိ ေဆးရံုရဲ႔ ေျမေအာက္ဓာတ္ခြဲခန္းမွာ ပင္နယ္ဆလင္ကိုေတြ႔ရွိခဲ့ပါတယ္။ ဒါဟာ ၂၀ ရာစုရဲ႔ အေရးၾကီးဆံုး ေဆးပညာဆုိင္ရာ တိုးတက္မႈျဖစ္ပါတယ္။ ပိုးသတ္ေဆး ပင္နယ္ဆလင္ကို ေဆးအျဖစ္ ေျပာင္းလဲအသံုးျပဳခဲ့ျပီး လူသားေတြရဲ႔ အသက္ကို ကယ္တင္ႏိုင္ခဲ့ပါတယ္။
(၂၇) ထရန္စစၥတာ ( အေမရိကန္၊ ၁၉၄၇ ခုႏွစ္)

ထရန္စစၥတာဟာ ၂၀ ရာစုရဲ႔ အေရးအၾကီးဆံုး တီထြင္မႈအျဖစ္ သိပၸံပညာရွင္ေတြ က လက္ခံထားၾကပါတယ္။ ေခတ္သစ္ အီလက္ထေရာနစ္ပစၥည္း အမ်ားစုမွာ အဓိကပါ၀င္ေနတဲ႕ ထရန္စစၥတာကို ၁၉၄၇ ခုႏွစ္ အတြင္း AT & T ရဲ႔ Bell ဓာတ္ခြဲခန္းမွာ အင္ဂ်င္နီယာေတြျဖစ္တဲ့ ဂၽြန္ဘာဒင္းနဲ႔ ေ၀ါလ္တာဘရတ္တိန္းတို႔က ဖန္တီးခဲ႕ၾကပါတယ္။
(၂၈) ကိုယ္၀န္တားေဆး (အေမရိကန္၊ ၁၉၅၀ ခုႏွစ္)

၁၉၅၀ အေစာပိုင္းႏွစ္ေတြမွာ အေမရိကန္ ဇီ၀ပညာရွင္ ဂရီေဂၚရီဂြတ္၀င္းဟာ ကိုယ္၀န္တားေဆးကို တိုးတက္ေအာင္ျပဳလုပ္ခဲ့ပါတယ္။ ကိုယ္၀န္တားေဆးလံုးေတြဟာ ၁၉၆၀ နဲ႔ ၇၀ ခုႏွစ္ေတြမွာ အမ်ိဳးသမီးေတြရဲ႔ လြတ္လပ္ခြင့္နဲ႔ လိင္ပိုင္းဆိုင္ရာ ေတာ္လွန္လႈပ္ရွားမႈ စတင္ရာမွာ အေထာက္အပံ့ျဖစ္ခဲ့ပါတယ္။ ေယဘူယ် အားျဖင့္ အမ်ိဳးသမီးေတြရဲ႔ ဘ၀နဲ့ အသိုက္အ၀န္းကို ေတာ္လွန္ေျပာင္းလဲေစခဲ့ပါတယ္။
(၂၉) ဆဲလ္ဖုန္း (အေမရိကန္၊ ၁၉၇၃ ခုႏွစ္)

ပထမဆံုး လက္ကိုင္မိုဘိုင္းဖုန္းကို ဂၽြန္အက္ဖ္မစ္ခ်ယ္နဲ႔ မာတင္ကူးပါးတို႔ ဦးေဆာင္တဲ႔ Motorola အင္ဂ်င္နီယာ အဖြဲ႔က ၁၉၇၃ ခုႏွစ္မွာ တီထြင္ခဲ့ပါတယ္။
(၃၀) WORLD WIDE WEB (ဆြစ္ဇာလန္၊ ၁၉၈၉)

အင္တာနက္ကို ၁၉၆၀ ခုႏွစ္ေႏွာင္းပုိင္း အတြင္း အေမရိကန္မွာ တိုးတက္ေအာင္ ေဆာင္ရြက္ခဲ့ၾကပါတယ္။ ျဗိတိန္ ကြန္ပ်ဴတာသိပၸံပညာရွင္ တင္မ္ဘာနာစ္လီဟာ ၁၉၈၉ ခုႏွစ္မွာ ဆြစ္ဇာလန္အေျခစိုက္ CERN အဖြဲ႔အတြက္ လုပ္ကိုင္ခဲ႔ပါတယ္။ အဲဒီမွာ ကမာၻလံုးဆိုင္ရာကြန္ရက္ကေန သတင္းအခ်က္အလက္ ျဖန္႔ခ်ိဖို႔အတြက္ ပထမဆံုးစနစ္ကို တီထြင္ခဲ့ပါတယ္။ သူရဲ႔ ဖန္တီးမႈကို World Wide Web လို႔အမည္ေပးခဲ့ပါတယ္။Source; thutazone

======================================================

ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့သော အဓိက တီထွင်မှုကြီးများ

[Unicode]ဖတ်ရန် လူသားတွေနဲ့ လူ့သမိုင်းကြောင်းကို အဆင့်တစ်ခု အထိမြှင့်တင်ပြောင်းလဲပေးနိုင်တဲ့ တီထွင်မှုတွေ မကြာခဏဆိုသလိုပဲ ထွက်ပေါ်လာခဲ့ပါတယ်။ လူသားတွေရဲ့ သမိုင်းကြောင်းထဲ အရေးပါဆုံးတီထွင်မူ အခု (၃၀)ထဲမှ သမိုင်းဦးကာလ တီထွင်မူကနေ Worle Wide Web အထိ ဖော်ပြပေးထားပါတယ်။
(၁) ရွက်သင်္ဘော (ရှေးခေတ် မက်ဆိုပိုတေးမီးယား၊ ဘီစီ ၆၀၀၀)လူ့သမိုင်းအစောပိုင်းက ကုန်သွယ်မူနဲ့ သယ်ယူပို့ဆောင်ရေး ခေတ်တစ်ခု မဖြစ်တည်လာခင်မှာ ရှေးခေတ် မက်ဆိုပိုတေးမီးယားအူးဗိတ်ယဉ်ကျေးမှုက ရွက်သင်္ဘောတွေကို ကနဦး အသုံးပြုခဲ့ပါတယ်။ အဲဒီယဉ်ကျေးမူဟာ တိုက်ဂရစ်နဲ့ ယူဖရေးတီးမြစ်ပေါင်းဆုံရာနေရာမှာ အခြေစိုက်ခဲ့ပါတယ်။ အူဗိတ်ယဉ်ကျေးမူဟာ ယခုကာလ အီရတ်နိုင်ငံတည်ရှိရာမှာ ဖြစ်ထွန်းပေါ်ပေါက်ခဲ့ပါတယ်။
(၂)ဘီး (အမည်မသိ၊ ဘီစီ ၄၀၀၀ နှင့် ၃၅၀၀)ရွက်သင်္ဘောတွေလိုပဲ ဘီးတွေဟာလည်း လူတွေရဲ့ ကုန်ပစ္စည်းနဲ့ ခြံမွေးတိရစ္ဆာန်သယ်ယူမူပုံစံကို တော်လှန်ပြောင်းလဲခဲ့ပါတယ်။ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘီးကိုတီထွင်ခဲ့သလဲဆိုတာ ပညာရှင်တွေ တိတိကျကျမသိကြပါဘူး။ ကြေးခေတ် မက်ဆိုပိုတေးမီးယား ဒါမှမဟုတ် ယူရေးရှား ကာလတွေမှာ တီထွင်ခဲ့ဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။
(၃)သံ( ရှေးခေတ် အီဂျစ်၊ ဘီစီ ၃၄၀၀)ရှေးခေတ် အီဂျစ်ပြည်သားတွေဟာ အဆောက်အဦးတည်ဆောက်မှုနဲ့ လက်သမားအတတ်ပညာ အခြေခံထဲက တစ်ခုကိုတီထွင်ခဲ့ကြပါတယ်။ အဲဒါကသေးငယ်ပေမဲ့ အစွမ်းထက်တဲ့သံပါ။ ထောင်စုနှစ် သုံးခုလောက်အကြာမှာ ရောမသားတွေက အိမ်ရိုက်သံ တွေကို ပုံသွင်းပြီး အမြောက်အမြားထုတ်လုပ်ခဲ့ပါတယ်။
(၄)ဆပ်ပြာ (ရှေးခေတ် မက်ဆိုပိုတေးမီးယား၊ ဘီစီ ၂၈၀၀)လူသားတွေရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးဟာ လူ့အဖွဲ့အစည်းတိုးတက်ရေး စည်ပင်ဖွ့ံဖြိုးအောင် အထောက်အပံ့ပေးနိုင်ခဲ့ပါတယ်။ပထမဆုံး မိုးလုံ လေလုံ သန့်စင်ခန်းကို ဘီစီ ၃၀၀၀ အတွင်း စကော့တလန်မြောက်ဘက်က စကာရာဘရေမှာတီထွင်ခဲ့ပါတယ်။ ထိုအချိန်လောက်မှာဘဲ ရှေးခေတ် မက်ဆိုပိုတေးမီးယားကာလ အတွင်း ပထမဆုံးသန့်စင်ဆပ်ပြာတွေကို တိရစ္ဆာန်အဆီနဲ့ သစ်သားကိုမီးရှို့ရာက ရလာတဲ့ ပြာနဲ့ ဖန်တီးခဲ့ပါတယ်။
(၅)ပေသီး တွက်ခုံ (ရှေးခေတ် မက်ဆိုပိုတေးမီးယား၊ ဘီစီ ၂၇၀၀)လျှပ်စစ် ဂဏန်းပေါင်းစက်နဲ့ ကွန်ပျူတာတွေ မထွက်ပေါ်မီက ပေါ်ပေါက်ခဲ့တဲ့ ပေသီးတွက်ခုံကို ဘီစီ ၂၇၀၀ လောက်က ရှေးခေတ် မက်ဆိုပိုတေးမီးယားမှာ အသုံးပြုခဲ့ကြပါတယ်။ ဆူမာရီယန်ယဉ်ကျေးမှုရဲ့ ကိန်းဂဏန်းစနစ်ကို အခြေပြုပြီးတွက်ချက်မှုတွေ ပြုလုပ်တဲ့အခါမှာ ပေသီးတွက်ခုံကို အသုံးပြုခဲ့ကြပါတယ်။ ဒီထုတ်ကုန်ဟာ ရှေးခေတ်ကမ္ဘာရဲ့ ကုန်သွယ်ရေးနဲ့ ငွေကြေးစနစ်တွေ အတွက်အရေးအပါဆုံး ကိရိယာတစ်ခုဖြစ်ခဲ့ပါတယ်။
(၆) သံလိုက်အိမ်မြှေင် (တရုတ်၊ ဘီစီ ၂၀၆)အခုတီထွင်မှုဟာရေကြောင်းလမ်းညွှန်သွားလာမှုကို ပြောင်းလဲခဲ့ပြီး နယ်မြေသစ်စူးစမ်းရှာဖွေမှုခေတ်ကို သယ်ဆောင်လာခဲ့ပါတယ်။ဒါအပြင် ကမ္ဘာကုန်သွယ်ရေးကို အကြီးအကျယ်တိုးချဲ့နိုင်အောင်အထောက်အပံ့ပေးခဲ့ပါတယ်။ သံလိုက်အိမ်မြှောင်ကို ဘီစီ ၂၀၆ အတွင်း တရုတ်နိုင်ငံမှာ လူ့ကံကြမ္မာကို ဟောကြားရာမှာ အသုံးပြုခဲ့ပါတယ်။ အေဒီ ၁၁ ရာစုမှာဘဲ လမ်းညွှန် ကိရိယာအဖြစ် အသုံးပြုခဲ့တာပါ။
(၇) စက္ကူ (တရုတ်၊ ဘီစီ ၁၀၅)စက္ကူတီထွင်မှုဟာ အရေးပါတယ်။ လူ့ယဉ်ကျေးမှုမှာ စက္ကူကိုအသုံးပြုပြီး အသိပညာတွေ ဝေမျှတာနဲ့မှတ်တမ်းမှတ်ရာ သိမ်းဆည်းတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ ရှေးခေတ်အီဂျစ်သားတွေက ကျူပင်ကနေ စက္ကူကို ပြုလုပ်ခဲ့ပါတယ်။ ဘီစီ ၄ ရာစုမှာ ပျော့ဖတ်တွေနဲ့ စက ္ကူအစစ် ကိုပြုလုပ်ခဲ့ပါတယ်။စက္ကူကိုတရုတ် နိုင်ငံ ဟန်မင်းဆက် ခုံရုံးအရာရှိ ခိုင်လွန်က တီထွင်ခဲ့ပါတယ်။
(၈)ယမ်းမှုန့် (တရုတ်၊ အေဒီ ၁၄၃)အရေးပါတဲ့ ပေါက်ကွဲရေးပစ္စည်းဖြစ်တဲ့ ယမ်းမှုန့်ဟာရာစုနှစ်ပေါင်းများစွာ အတွင်း တရုတ်နိုင်ငံမှာ အဆင့်ဆင့် ပြောင်းလဲတိုးတက်ခဲ့ပါတယ်။ အေဒီ ၁၄၂ မှာတော့ အဂ္ဂိရိတ်ထိုးသူ ဝေပိုယန်ရဲ့ တောက်ကျမး်စာမှာ ယမ်းမှုန့်ကို ပထမဆုံး ဖော်ပြထားပါတယ်။ ယခုုတီထွင်မှုဟာ ကမ္ဘာ့သမိုင်းအပေါ် အကြီးအကျယ်ပြောင်းလဲခဲ့ပြီး လူသားတွေ စစ်ပြုတဲ့ပုံစံကိုလည်းပြောင်းလဲခဲ့ပါတယ်။ ခေတ်သစ်လက်နက် တွေမှာ ယမ်းမှုန့်ဟာအခြေခံ အဖြစ် ပါ၀င်နေတုန်းပါဘဲ။
(၉) စက်နာရီ (တရုတ်၊ အေဒီ ရ၂၅)တရုတ်နိုင်ငံက ထွက်ရှိလာတဲ့ အရေးကြီးဆုံး တီထွင်မှုက စက်နာရီပါ။ ကမ္ဘာ့ပထမဆုံး စက်နာရီကို ( ၈)ရာစုမှာ စစ်တပ်အင်ဂျင်နီယာ ကျန်လင်ဇန်နဲ့ သချင်္ာပညာရှင် ရီရှန်တို့က တီထွင်ခဲ့ပါတယ်။အချိန်ကိုတိကျစွာ ပြောလာနိုင်တာနဲ့ လူ့သမိုင်း အလျင်အမြန်တိုးတက်လာခဲ့ပါတယ်။ နာရီကြောင့် ပင်လယ်ခရီးသွားလာမှုနဲ့ စိုက်ပျိုးရေးတွေကို ပြုလုပ်ရာမှာ ပိုမိုလွယ်ကူလာပါတယ်။
(၁၀) ပုံနှိပ်စက် (ရောမအင်ပါယာ၊ အေဒီ ၁၄၄၀)ဂျိုဟန်နက်စ် ဂူတင်ဘတ်ရဲ့ ဖန်တီးမှုကြောင့် လူတွေဆီကို အသိပညာဖြန့်ဝေနိုင်ခဲ့ပါတယ်။ အချက်အလက်တွေ အပြန်အလှန်ဝေမျှတဲ့ ခေတ်တစ်ခုကိုလည်း အစပျိုးနိုင်ခဲ့တယ်။လူ့အထက်တန်းလွှာတွေကသာ ထိန်းသိမ်းခဲ့တဲ့ သတင်းအချက်အလက်ကို လူများစွာကိုဖြန့်ဝေနိုင်ဖို့ ပုံနှိပ်စက်က ကူညီခဲ့ပါတယ်။
(၁၁)သာမိုမီတာ (ဗင်းနစ်ပြည်၊ ၁၆၁၂)ခေတ်ဆေးကုသမှု၊ သိပ္ပံနည်းကျ သုတေသနလုပ်ငန်းနဲ့ ကုန်ချောထုတ်လုပ်ရေးတို့ဟာ အပူချိန်ကို တိကျစွာတိုင်းတာဖို့ဆိုတဲ့ နှိုးဆော်ချက်နဲ့ ပေါ်ထွက်လာပါတယ်။ ပထမဆုံး သာမိုစကုပ်ကို နက္ခတ္တဗေဒပညာရှင် ဂယ်လီလီယိုဂယ်လီလေက အပူချိန်အပြောင်းအလဲကို ပြသနိုင်ဖို့ ၁၅၉၂ခုနှစ် မှာတီထွင်ခဲ့ပါတယ်။ ပထမဆုံး သာမိုမီတာအသစ်ကို သာမိုစကုပ်အတိုင်းအတာနဲ့ ဗင်းနစ်ပြည်သားသမားတော် ဆန်တိုရီယို က ၁၆၁၂ခုနှစ်မှာ တီထွင်ခဲ့တာပါ။
(၁၂) ခေတ်သစ်ရေနွေးငွေ့ အင်ဂျင် (အင်္ဂလန်၊ ၁၆၉၈ခုနှစ်)စက်မှုတော်လှန်ရေးမှာ အရေးပါတဲ့အခန်းကဏ္ဍကပါ၀င်ခဲ့တဲ့ ကမ္ဘာပထမဆုံး စီးပွားဖြစ် ရေနွေးငွေ့သုံးအင်ဂျင်ကို ၁၆၉၈ ခုနှစ်မှာ အင်္ဂလိပ်လူမျိုး အင်ဂျင်နီယာ သောမတ်ဆေဗာရီက တီထွင်ခဲ့ပါတယ်။ အဲဒီတီထွင်မှုကို မိုင်းတွင်းတွေမှာ ရေစုပ်ထုတ်တာနဲ့ သီးနှံကြိတ်ခွဲစက်တွေမှာ အသုံးပြုခဲ့ပါတယ်။
(၁၃)ရေခဲသေတ္တာ (စကော့တလန်၊ ၁၇၅၅ ခုနှစ်)အစားအသောက်သမိုင်းမှာ အရေးပါဆုံး တီထွင်မှုတစ်ခုက ရေခဲသေတ္တာပါ။ ပထမဆုံး လူလုပ်ရေခဲသေတ္တာကို စကော့တလန်လူမျိုး ဆရာဝန် ၀ီလီယံကောလန်က ၁၇၅၀နှစ်လယ်ပိုင်းမှာ တီထွင်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၁၃ ခုနှစ်ကျမှ ပထမဆုံးစီးပွားဖြစ် ရေခဲသေတ္တာကို ရောင်းချခဲ့ကြပါတယ်။
(၁၄)ကွန်ပျူတာ (အင်္ဂလန်၊ ၁၉ ရာစု အစောပိုင်း)၁၉ ရာစုအစောပိုင်းမှာ စက်ပစ္စည်းနဲ့ တွက်ချက်မှု ပြုလုပ်ပေးနိုင်တဲ့ ထုတ်ကုန်တွေဖြစ်တဲ့ Difference နဲ့ Analytical အင်ဂျင်တွေကို ကွန်ပျူတာရဲ့ ဖခင်ကြီးအဖြစ် တင်စားခံခဲ့ရတဲ့ အင်္ဂလိပ် သချင်္ာပညာ ချားလ်ဘာဘေ့ချ် ကတီထွင်ပေးခဲ့ပါတယ်။
(၁၅) လျှပ်စစ်ကြေးနန်း (အင်္ဂလန်၊ ၁၈၁၆ ခုနှစ်)အင်္ဂလိပ်သိပ္ပံပညာရှင် ဖရန်စစ်ရော်နယ်စ်ဟာ ၁၈၁၆ ခုနှစ်မှာ ပထမဆုံးလျှပ်စစ်နဲ့ သက်ဆိုင်တဲ့ ဆက်သွယ်ရေးပုံစံ တစ်မျိုးတီထွင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အမေရိကန်နိုင်ငံသား ဆင်မြူရယ်မော့စ်က ၁၈၃၇ ခုနှစ်မှာ ပထမဆုံးစီးပွားဖြစ်အသုံးပြုနိုင်တဲ့ ကြေးနန်းစနစ်ကို ဖန်တီးခဲ့တာကြောင့် ရပ်ဝေးဆက်သွယ်မှုပုံစံ ကို တော်လှန်ပြောင်းလဲခဲ့ပါတယ်။
(၁၆) ဓာတ်ပုံ (ပြင်သစ်၊ ၁၈၁၆ ခုနှစ်)ပြင်သစ်တီထွင် ပညာရှင် နီစီဖော်နီစီက DIY ကင်မရာတစ်လုံးနဲ့ silver chloride လောင်းထားတဲ့ စာရွက်ကိုအသုံးပြုပြီး ပထမဆုံးဓာတ်ပုံကို ၁၈၁၆ ခုနှစ်မှာ တီထွင်ခဲ့ပါတယ်။ ၁၉ ရာစုရဲ့ အထင်ကရ တီထွင်မှုတစ်ခုဖြစ်တဲ့ ဓာတ်ပုံဟာ လူသားတွေရဲ့ အနုပညာဖန်တီးမှု၊ ဆက်သွယ်မှု၊ သင်ယူမှုနဲ့ဖြစ်ရပ်မှတ်တမ်းတင်တဲ့နည်းလမ်းကို အကြီးအကျယ်ပြောင်းလဲစေခဲ့ပါတယ်။
(၁၇) ခေတ်သစ် မေ့ဆေး (အမေရိကန်၊ ၁၈၄၂)ခေတ်သစ်ခွဲစိတ်မှု လုပ်ငန်းစဉ်တွေက မေ့ဆေးမရှိဘဲနဲ့ ပြုလုပ်ဖို့ မဖြစ်နိုင်ပါဘူး။နှစ်ထောင်ပေါင်း များစွာအတွင်း သဘာဝမေ့ဆေးအဖြစ် အရက်နဲ့ ဘိန်းတွေကို သုံးစွဲခဲ့ကြပါတယ်။ ခွဲစိတ်ဆရာဝန် ခရောဖို့ဒ်လောင်းက ၁၈၄၂ ခုနှစ်မှာ လူနာရဲ့မေးရိုးကို ခွဲဖို့အတွက် ပထမဆုံးအကြိမ်အဖြစ်၊ အီသာဓာတ်ငွေ့ကို အသုံးပြုခဲ့ပါတယ်။
(၁၈) ခေတ်သစ်ရေနံသန့်စင်မှု (စကော့တလန်၊ ၁၈၄၈ခုနှစ်)မော်တော်ယာဉ်ကနေ ပလတ်စတစ်အထိ အရာအားလုံးဟာ ရေနံကို ပြန်လည်သန့်စင်ရာက ရလာတာပါ။ အဲဒီလုပ်ငန်းစဉ်ကို စကော့လူမျိုး ဓာတုဗေဒ ပညာရှင် ဂျိမ်းယန်းက တိုးတက်အောင်ပြုလုပ်ခဲ့ပါတယ်။ သူက ၁၈၄၈ ခုနှစ်မှာ ဘသာဝဆီကနေ ရေနံဆီထုတ်နိုင်မယ့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
(၁၉)လောင်စာသုံး အင်ဂျင် (ပြင်သစ်၊ ၁၈၅၉ခုနှစ်)ဘယ်လ်ဂျီယမ်ဖွား ပဲရစ်မြို့နေ အင်ဂျင်နီယာ ဂျင်ဂျိုးဆက်အီတိုင်နီလီနွှာက ကမ္ဘာ့ပထမဆုံး လောင်စာသုံးအင်ဂျင်ကိုတီထွင်ခဲ့ပါတယ်။ လောင်စာသုံး အင်ဂျင်ကို မြေနဲ့ ရေပေါ်သွားလာနေတဲ့ ယာဉ်အားလုံးနီးပါးမှာ အသုံးပြုနေကြပါပြီ။
(၂၀) တယ်လီဖုန်း (အမေရိကန် / ကနေဒါ၊ ၁၈၇၉ ခုနှစ်)တယ်လီဖုန်းဟာ ကမ္ဘာကိုပြောင်းလဲစေခဲ့တဲ့ တီထွင်မှုတစ်ခုပါ။ တယ်လီဖုန်းကို လူအမျိုးမျိုးက နှစ်ပေါင်းများစွာ တိုးတက်အောင်လုပ်ဆောင်ခဲ့ပါတယ်။၁၈၇၉ ခုနှစ်မှာတော့ အမှန်တကယ် အသုံးပြုနိုင်တဲ့ တယ်လီဖုန်းကို စကော့တလန်ဖွား တီထွင်မှုပညာရှင် အဲလက်ဇန်ဒါး ဂရေဟမ်ဘဲလ်က တီထွင်ခဲ့ပါတယ်။
(၂၁) မီးသီး (အမေရိကန်၊ ၁၈၇၉ ခုနှစ်)အင်္ဂလိပ် သိပ္ပံပညာရှင် ၀ါရန်ဒီလာရူအပါအဝင် တီထွင်သူများစွာဟာ ရာစုနှစ် အတွင်း အခြေခံ မီးသီးအမျိုးမျိုးကိုတီထွင်ခဲ့ကြပါတယ်။ ဒါပေမယ့် အမှန်တကယ် အသုံးပြုနိုင်တဲ့ မီးသီးကို ၁၈၇၉ ခုနှစ်မှာ သောမတ် အက်ဒီဆင် က စျေးကွက်မှာ ရောင်းချဖို့အတွက် မူပိုင်ခွင့်တင်နိုင်ခဲ့ပါတယ်။
(၂၂)ကား (ဂျာမနီ၊ ၁၈၈၆ခုနှစ်)ဂျာမန် အင်ဂျင်နီယာ ကားလ်ဘန့်ဇ်ဟ ၁၈၈၆ ခုနှစ်မှာ ပထမဆုံးကား Benz Patent- Motorwagen တီထွင်သူ အဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ခံ ခဲ့ရပါတယ်။
(၂၃) ရေဒီယို (အီတလီ၊ ၁၈၉၅ ခုနှစ်)စွန့်ဦး တီထွင်မှု ပြုလုပ်သူတော်တော်များများဟာ ရှည်လျားတဲ့ အကွာအဝေး အထိ ထုတ်လွှင့်နိုင်တဲ့ ရေဒီယိုတီထွင်မှုမှာ ပါ၀င်ခဲ့ကြပါတယ်။ အီတလီလူမျိုးတီထွင်သူ ဂူလီယဲမိုမာကိုနီက ၁၈၉၅ ခုနှစ်မှာ အောင်မြင်စွာ အသုံးပြုနိုင်တဲ့ ရေဒီယိုကိရိယာ နဲ့ ကြိုးမဲ့ကြေးနန်း စနစ်ကို တီထွင်ခဲ့ပါတယ်။
(၂၄) လေယာဉ် (အမေရိကန် ၊ ၁၉၀၃ ခုနှစ်)အော်ဗီလီနဲ့ ၀ီဗာရိုက်ဟာ ကမ္ဘာ့ပထမဆုံးလေယာဉ်ကို တီထွင်သူတွေအဖြစ် မှတ်တမ်းတင်ခံရပါတယ်။ သူတို့ဟာ ၁၉၀၃ ခုနှစ်မှာ လေယာဉ်နဲ့ တောင်ကာရိုလိုင်းနားတစ်လျှောက် လေးမိုင်အထိ ပျံသန်းခဲ့ကြပါတယ်။ လေကြောင်းပျံသန်းမှုဟာ လူတွေရဲ့ ခရီးသွားလာမှု၊ ကုန်ပစ္စည်းသယ်ယူမှုနဲ့ စစ်ပွဲတိုက်ခိုက်မှု နည်းလမ်းကို ပြောင်းလဲခဲ့ကြပါတယ်။
(၂၅) ခေတ်သစ်လေအေးပေးစက် ( အမေရိကန်၊ ၁၉၀၂ ခုနှစ်)ပထမဆုံး အသုံးပြုနိုင်တဲ့ လေအေးပေးစက်ကို ၁၉၀၂ ခုနှစ်မှာ ၀ဲလစ်ကာရီရာက တီထွင်ခဲ့ပါတယ်။ လူလုပ်လေအေးပေးစက်ဟာ ပူနွေးတဲ့နေရာတွေမှာ လူတွေ သက်တောင့် သက်သာနေနိုင်အောင် ကူညီနိုင်ခဲ့ပါတယ်။
(၂၆) ပင်နယ်ဆလင် (အင်္ဂလန်၊ ၁၉၂၈ ခုနှစ်)စက်တင်ဘာလ ၁၉၈၂ ခုုနှစ်မှာစကော့တလန်လူမျိုး အလက်ဆနး်ဒါးဖလန်းမင်းက လန်ဒန်မြို့ စိန့်မေရိ ဆေးရုံရဲ့ မြေအောက်ဓာတ်ခွဲခန်းမှာ ပင်နယ်ဆလင်ကိုတွေ့ရှိခဲ့ပါတယ်။ ဒါဟာ ၂၀ ရာစုရဲ့ အရေးကြီးဆုံး ဆေးပညာဆိုင်ရာ တိုးတက်မှုဖြစ်ပါတယ်။ ပိုးသတ်ဆေး ပင်နယ်ဆလင်ကို ဆေးအဖြစ် ပြောင်းလဲအသုံးပြုခဲ့ပြီး လူသားတွေရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။
(၂၇) ထရန်စစ္စတာ ( အမေရိကန်၊ ၁၉၄၇ ခုနှစ်)ထရန်စစ္စတာဟာ ၂၀ ရာစုရဲ့ အရေးအကြီးဆုံး တီထွင်မှုအဖြစ် သိပ္ပံပညာရှင်တွေ က လက်ခံထားကြပါတယ်။ ခေတ်သစ် အီလက်ထရောနစ်ပစ္စည်း အများစုမှာ အဓိကပါ၀င်နေတဲ့ ထရန်စစ္စတာကို ၁၉၄၇ ခုနှစ် အတွင်း AT & T ရဲ့ Bell ဓာတ်ခွဲခန်းမှာ အင်ဂျင်နီယာတွေဖြစ်တဲ့ ဂျွန်ဘာဒင်းနဲ့ ဝေါလ်တာဘရတ်တိန်းတို့က ဖန်တီးခဲ့ကြပါတယ်။
(၂၈) ကိုယ်ဝန်တားဆေး (အမေရိကန်၊ ၁၉၅၀ ခုနှစ်)၁၉၅၀ အစောပိုင်းနှစ်တွေမှာ အမေရိကန် ဇီဝပညာရှင် ဂရီဂေါ်ရီဂွတ်ဝင်းဟာ ကိုယ်ဝန်တားဆေးကို တိုးတက်အောင်ပြုလုပ်ခဲ့ပါတယ်။ ကိုယ်ဝန်တားဆေးလုံးတွေဟာ ၁၉၆၀ နဲ့ ရ၀ ခုနှစ်တွေမှာ အမျိုးသမီးတွေရဲ့ လွတ်လပ်ခွင့်နဲ့ လိင်ပိုင်းဆိုင်ရာ တော်လှန်လှုပ်ရှားမှု စတင်ရာမှာ အထောက်အပံ့ဖြစ်ခဲ့ပါတယ်။ ယေဘူယျ အားဖြင့် အမျိုးသမီးတွေရဲ့ ဘဝနဲ့ အသိုက်အဝန်းကို တော်လှန်ပြောင်းလဲစေခဲ့ပါတယ်။
(၂၉) ဆဲလ်ဖုန်း (အမေရိကန်၊ ၁၉၇၃ ခုနှစ်)ပထမဆုံး လက်ကိုင်မိုဘိုင်းဖုန်းကို ဂျွန်အက်ဖ်မစ်ချယ်နဲ့ မာတင်ကူးပါးတို့ ဦးဆောင်တဲ့ Motorola အင်ဂျင်နီယာ အဖွဲ့က ၁၉၇၃ ခုနှစ်မှာ တီထွင်ခဲ့ပါတယ်။
(၃၀) WORLD WIDE WEB (ဆွစ်ဇာလန်၊ ၁၉၈၉)အင်တာနက်ကို ၁၉၆၀ ခုနှစ်နှောင်းပိုင်း အတွင်း အမေရိကန်မှာ တိုးတက်အောင် ဆောင်ရွက်ခဲ့ကြပါတယ်။ ဗြိတိန် ကွန်ပျူတာသိပ္ပံပညာရှင် တင်မ်ဘာနာစ်လီဟာ ၁၉၈၉ ခုနှစ်မှာ ဆွစ်ဇာလန်အခြေစိုက် CERN အဖွဲ့အတွက် လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီမှာ ကမ္ဘာလုံးဆိုင်ရာကွန်ရက်ကနေ သတင်းအချက်အလက် ဖြန့်ချိဖို့အတွက် ပထမဆုံးစနစ်ကို တီထွင်ခဲ့ပါတယ်။ သူရဲ့ ဖန်တီးမှုကို World Wide Web လို့အမည်ပေးခဲ့ပါတယ်။
Source; thutazone




အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

ကမၻာႀကီးကို ေျပာင္းလဲေစခဲ့ေသာ အဓိက တီထြင္မႈႀကီးမ်ား Reviewed by ညီလတ္ထြန္း(နည္းပညာ) on 4:33 AM Rating: 5 [Zawgyi] ၿဖင္႔ဖတ္ရန္ လူသားေတြနဲ့ လူ႔သမိုင္းေၾကာင္းကို အဆင့္တစ္ခု အထိျမွင့္တင္ေျပာင္းလဲေပးႏိုင္တဲ့ တီထြင္မႈေတြ မၾကာခဏဆုိသလိုပဲ ထြက္ေ...

No comments: