လက္ပ္ေတာ့ပ္တစ္လံုး ဝယ္ေတာ့မယ္ဆုိရင္ - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

လက္ပ္ေတာ့ပ္တစ္လံုး ဝယ္ေတာ့မယ္ဆုိရင္

[Zawgyi] ၿဖင္႔ဖတ္ရန္ လုပ္ငန္းသံုးအတြက္ျဖစ္ေစ၊ ေဖ်ာ္ေျဖေရးအတြက္ျဖစ္ေစ Laptop ကြန္ပ်ဴ တာတစ္လံုးဝယ္ယူမယ္လုိ႔ ဆံုးျဖတ္ၿပီဆိုရင္ ေသခ်ာစဥ္းစားရမယ့္ ႐ႈ ေထာင့္ေတြ ရွိပါတယ္။ ကိုယ္အသံုးျပဳမယ့္အေၾကာင္းအရာနဲ႔ အကိုက္ ညီဆံုး၊ အသင့္ေတာ္ဆံုး Laptop မ်ိဳးကို မွန္မွန္ကန္ကန္ေရြးခ်ယ္ႏုိင္မွသာ ေငြကုန္ရက်ိဳးနပ္မွာပါ။ အခုေဆာင္းပါးမွာေတာ့ Laptop တစ္လံုးဝယ္ဖို႔ အတြက္ ခ်ိန္ဆတြက္ခ်က္သင့္တဲ့ အေျခခံအခ်က္တခ်ိဳ႕ကို စုစည္းေဖာ္ျပ လုိက္ပါတယ္။
ေရရွည္အတြက္စဥ္းစား
ကို္ယ္အသံုးျပဳမယ့္ Software ေတြက ဗားရွင္းအသစ္ေတြထြက္လာ မယ္ဆိုရင္ လိုက္ၿပီးအဆင့္ျမႇင့္သံုးစြဲမလားဆိုတာကို စဥ္းစားပါ။ ဒါဆိုရင္Hardware ပိုင္းမွာလည္း လုိက္ျမႇင့္ရမွာေတြ ရွိလာႏုိင္ပါတယ္။ ျဖစ္ႏုိင္မယ္ဆိုရင္ လိုအပ္တာထက္ RAM ပမာဏ ပိုမ်ားတာ၊ CPU စြမ္းရည္ပိုျမင့္တာကို ႀကိဳေရြးထားတာမမွားပါဘူး။ ေရရွည္အတြက္ အဆင္ေျပပါ တယ္။ ဒါမွမဟုတ္လည္း RAM တိုးျမႇင့္ႏုိင္မယ့္ Slot အလြတ္ေတြပါတဲ့ Laptop မ်ိဳးကို ဝယ္ထားမယ္ဆိုရင္ ေနာင္တစ္ခ်ိန္မွာ ကိုယ္တိုင္ Upgradeလုပ္ဖုိ႔ ေရြးခ်ယ္ခြင့္ရလာပါလိမ့္မယ္။
ဘက္ထရီသက္တမ္း
Laptop သံုးသူေတြဟာ အမ်ားအားျဖင့္ ပလတ္မထိုးဘဲ ဘက္ထရီ ဓာတ္အားနဲ႔ပဲ အလုပ္လုပ္ေလ့ရွိပါတယ္။ ကိုယ္အလုပ္လုပ္ေနခ်ိန္၊ စာသင္ေနခ်ိန္ (ဒါမွမဟုတ္) Presentation တင္ျပေနခ်ိန္ တစ္ဝက္တစ္ပ်က္နဲ႔ ဘက္ထရီကုန္သြားတာမ်ိဳးျဖစ္လာရင္ တကယ့္ကို စိတ္အေႏွာင့္အယွက္ ျဖစ္ရပါတယ္။ ကိုယ္ေရြးခ်ယ္မယ့္ Laptop နဲ႔ပတ္သက္လုိ႔ ဘက္ထရီဘယ္ေလာက္ေကာင္းေကာင္း သံုးထားသလဲဆိုတာကို စိစစ္ပါ။ ၿပီးေတာ့ဘက္ထရီသက္တမ္းနဲ႔ပတ္သက္လုိ႔ အင္တာနက္မွာ ေရးထားတဲ့ Laptop အလုိက္ သံုးသပ္ခ်က္ေတြကို ဖတ္ၾကည့္ႏုိင္ရင္ ပိုေကာင္းပါလိမ့္မယ္။
အေလးခ်ိန္
Laptop ဆိုတာ သြားေလရာသယ္ယူသြားဖုိ႔ ရည္ရြယ္တည္ေဆာက္ ထားတဲ့ ကြန္ပ်ဴတာပါ။ Laptop ဝယ္တဲ့သူ အမ်ားစုကလည္း အဲဒီလိုသယ္ေဆာင္သြားဖုိ႔ စဥ္းစားထားတာ မ်ားပါတယ္။ ဒီေတာ့ အေလးခ်ိန္ ဟာ ထည့္စဥ္းစားသင့္တဲ့ ၫႊန္းကိန္းတစ္ခု ျဖစ္လာပါတယ္။ ဒီေခတ္မွာ ေတာ့ Laptop ေတြရဲ႕ အေလးခ်ိန္ကိုေလွ်ာ့ခ်ဖုိ႔ ဘက္ေပါင္းစံုက စဥ္းစားၿပီး ဒီဇိုင္းျပင္ဆင္ ထုတ္လုပ္လာပါတယ္။ တစ္ခါတေလ အေလးခ်ိန္ေလွ်ာ့ ဖို႔အတြက္ ဘက္ထရီပိုင္းမွာ ခိုလိုက္တာေတြလည္း ရွိတတ္ျပန္တယ္။ ဒါေၾကာင့္ အေလးခ်ိန္နဲ႔ ဘက္ထရီစြမ္းေဆာင္ရည္ကို ဟန္ခ်က္ညီ မွ်မွ်တတထည့္တြက္ထားၿပီး ကိုယ္တိုင္လည္း ႏုိင္ႏုိင္နင္းနင္းျဖစ္မယ့္ Laptopအမ်ိဳးအစားကို ေရြးခ်ယ္သင့္ပါတယ္။
အပူထုတ္လႊတ္မႈ
Laptop ေတြကို စားပြဲေပၚ တင္သံုးတယ္ဆိုရင္ေတာ့ ျပႆနာသိပ္ မရွိပါဘူး။ ေပါင္ေပၚမွာထားၿပီး သံုးတတ္တဲ့ အက်င့္ရွိရင္ေတာ့ ဒီကိစၥကအေရးႀကီးသြားပါၿပီ။ Laptop ေတြရဲ႕ တည္ေဆာက္ပံုအရ အပူစြန္႔ထုတ္မႈကို ေအာက္ဘက္ကျဖစ္ေစ၊ ေနာက္ဘက္ကျဖစ္ေစ ထည့္သြင္းေပးထားတဲ့ ေလထြက္ေပါက္ေတြက တာဝန္ယူရပါတယ္။ တကယ္လုိ႔ ေအာက္ကေန ေလပူေတြထုတ္ေနတဲ့ Laptop မ်ိဳးကို ေပါင္ေပၚမွာ ေရရွည္တင္သံုးရင္ေတာ့ က်န္းမာေရးအတြက္ ေတာ္ေတာ့္ကို မသင့္ေတာ္ပါဘူး။ ေပါင္ေပၚတင္ၿပီး Laptop သံုးသူေတြက ဒီအခ်က္ကို အေလးထားစဥ္းစားသင့္ပါတယ္။
ဂိမ္းကစားဖုိ႔သီးသန္႔ အဆင္မေျပ
Gaming စီးရီးအျဖစ္ သတ္မွတ္ၿပီး ထုတ္လုပ္တဲ့ Laptop ေတြရွိပါတယ္။ စြမ္းေဆာင္ရည္ျမင့္ ပါဝင္ပစၥည္းေတြ တပ္ဆင္ထားၿပီး အရြယ္အ စားေရာ ေစ်းႏႈန္းပါ အေတာ္ေလးႀကီးတတ္ၾကပါတယ္။ ဒါေပမဲ့ ကိုယ္က ဂိမ္းကစားဖို႔ အဓိကစဥ္းစားၿပီး ကြန္ပ်ဴတာတစ္လံုး ဝယ္မွာဆိုရင္ေတာ့ တတ္ႏုိင္သမွ် Laptop ေတြကို ေရွာင္သင့္ပါတယ္။ Laptop တစ္လံုးဟာဖြဲ႕စည္းပံုကိုက ေနရာအကန္႔အသတ္ အရမ္းမ်ားပါတယ္။ Graphic ပိုင္း ေတာင္းဆိုမႈ ႀကီးမားလြန္းတဲ့ ဂိမ္းေတြကို ကစားတဲ့အခါ စြန္႔ထုတ္လုိက္တဲ့အပူက အတြင္းပိုင္း တျခားပစၥည္းေတြကို ထိခိုက္ေစသလို ေရရွည္မွာ Laptop စြမ္းေဆာင္ရည္ကို သိသိသာသာက်ဆင္းသြားေစပါတယ္။ ဒါ ေၾကာင့္ ျဖစ္ႏုိင္မယ္ဆိုရင္ ဂိမ္းကစားမယ့္ ကြန္ပ်ဴတာအတြက္ ေဒၚလာ၂,၀၀၀ သံုးမယ္လုိ႔ ရည္စူးထားရင္ ေဒၚလာ ၁,၃၀၀ ဖိုးေလာက္ Desktopကြန္ပ်ဴတာဆင္ၿပီး ေဒၚလာ ၇၀၀ တန္ Laptop တစ္လံုးကို အလုပ္အ တြက္ခြဲဝယ္တာ ပိုေကာင္းပါလိမ့္မယ္။
ႀကံ႕ခုိင္မႈကိုထည့္တြက္
Laptop ေတြကို တည္ေဆာက္တဲ့ ကုမၸဏီေတြက အသြင္အျပင္ ဒီဇိုင္းပိုင္းမွာ ေၾကာ့ရွင္းၿပီး ဆြဲေဆာင္မႈအားေကာင္းေအာင္ ဖန္တီးလာ တတ္တာ ဓမၼတာပါပဲ။ ဒါေပမဲ့ တခ်ိဳ႕ Laptop ေတြဟာ လွသေလာက္အၾကမ္းမခံပါဘူး။ ေတာ္႐ံုအျမင့္က မေတာ္တဆျပဳတ္က်႐ံုနဲ႔ မ်က္ရည္ ဝိုင္းသြားေစမယ့္ အႏုစားေလးေတြ ျဖစ္ေနတတ္ပါတယ္။ လွတာမက္ရင္ ညစာငတ္တယ္ဆိုတဲ့ စကားဟာ Laptop ဝယ္တဲ့အပိုင္းမွာလည္း အက်ံဳးဝင္ပါတယ္။ ဒါေၾကာင့္ ဒီဇိုင္းပိုင္းကို စိတ္ႀကိဳက္ေတြ႕ရင္ေတာင္ ႀကံ႕ခုိင္မႈေကာင္း၊ မေကာင္း ေသခ်ာတြက္ခ်က္ပါ။ ဘက္ထရီကိစၥလိုပဲ အင္တာနက္က Review ေတြ လုိက္ဖတ္ပါ။ တခ်ိဳ႕ Laptop အမွတ္တံဆိပ္ေတြဟာ ပံုတံုးႀကီးေတြျဖစ္ေနေပမယ့္ အရမ္းအၾကမ္းပတမ္းခံပါတယ္။ လွလည္း လွ၊ အၾကမ္းလည္းခံတာမ်ိဳးဆိုရင္ေတာ့ အေကာင္းဆံုးေပါ့။
႐ုပ္ထြက္ပိုင္း၊ အသံပိုင္း
Screen မွာ ေဖာ္ျပႏုိင္တဲ့ ပံုရိပ္ေတြဟာ ေတာက္ပမႈေရာ ၾကည္လင္ ျပတ္သားမႈပါ စိတ္ေက်နပ္ေလာက္ေအာင္ ေကာင္းမြန္သလားဆိုတာကို ေသခ်ာ ဆန္းစစ္ပါ။ သီအိုရီ အရေတာ့ Screen တစ္ခုဟာ Resolutionအရည္အေသြးျမင့္ေလ၊ ပံုရိပ္ေဖာ္ႏုိင္စြမ္း ျမင့္မားေလပါပဲ။ ကိုယ္ဝယ္ မယ့္ Laptop ရဲ႕ Screen ဟာ Matte လား၊ Anti-Glare လား၊ Glossyလားဆိုတာကို ေသခ်ာၾကည့္ပါ။ ကိုယ္နဲ႔ ကိုက္တာကိုေရြးပါ။ ေနာက္တစ္ခုကေတာ့ အသံပိုင္းပါ။ တခ်ိဳ႕ Laptop ေတြဟာ တျခားအပိုင္းေတြမွာ စြမ္းေဆာင္ရည္ျမင့္ ပစၥည္းေတြသံုးထားေပမယ့္ အသံထြက္ အေတာ္ေလးတိုးတာ၊ ဝါးတာ၊ မျပတ္သားတာေတြ ျဖစ္တတ္ပါတယ္။ Laptop ရဲ႕ Built-in Speaker ဟာ ကိုယ္လိုခ်င္တဲ့ အတုိင္းအတာထိ အသံက်ယ္မႈ၊ အသံၾကည္မႈမ်ိဳး ေထာက္ပံ့ႏုိင္ရဲ႕လားဆိုတာကို မဝယ္ခင္ အားမနာတမ္းစစ္ေဆးၾကည့္ဖုိ႔ မေမ့ပါနဲ႔။—Ref: Tech Radar

======================================

လက်ပ်တော့ပ်တစ်လုံး ဝယ်တော့မယ်ဆိုရင်
[Unicode]ဖတ်ရန် လုပ်ငန်းသုံးအတွက်ဖြစ်စေ၊ ဖျော်ဖြေရေးအတွက်ဖြစ်စေ Laptop ကွန်ပျူ တာတစ်လုံးဝယ်ယူမယ်လို့ ဆုံးဖြတ်ပြီဆိုရင် သေချာစဉ်းစားရမယ့် ရှု ထောင့်တွေ ရှိပါတယ်။ ကိုယ်အသုံးပြုမယ့်အကြောင်းအရာနဲ့ အကိုက် ညီဆုံး၊ အသင့်တော်ဆုံး Laptop မျိုးကို မှန်မှန်ကန်ကန်ရွေးချယ်နိုင်မှသာ ငွေကုန်ရကျိုးနပ်မှာပါ။ အခုဆောင်းပါးမှာတော့ Laptop တစ်လုံးဝယ်ဖို့ အတွက် ချိန်ဆတွက်ချက်သင့်တဲ့ အခြေခံအချက်တချို့ကို စုစည်းဖော်ပြ လိုက်ပါတယ်

ရေရှည်အတွက်စဉ်းစား
ကို်ယ်အသုံးပြုမယ့် Software တွေက ဗားရှင်းအသစ်တွေထွက်လာ မယ်ဆိုရင် လိုက်ပြီးအဆင့်မြှင့်သုံးစွဲမလားဆိုတာကို စဉ်းစားပါ။ ဒါဆိုရင်Hardware ပိုင်းမှာလည်း လိုက်မြှင့်ရမှာတွေ ရှိလာနိုင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် လိုအပ်တာထက် RAM ပမာဏ ပိုများတာ၊ CPU စွမ်းရည်ပိုမြင့်တာကို ကြိုရွေးထားတာမမှားပါဘူး။ ရေရှည်အတွက် အဆင်ပြေပါ တယ်။ ဒါမှမဟုတ်လည်း RAM တိုးမြှင့်နိုင်မယ့် Slot အလွတ်တွေပါတဲ့ Laptop မျိုးကို ဝယ်ထားမယ်ဆိုရင် နောင်တစ်ချိန်မှာ ကိုယ်တိုင် Upgradeလုပ်ဖို့ ရွေးချယ်ခွင့်ရလာပါလိမ့်မယ်။

ဘက်ထရီသက်တမ်း
Laptop သုံးသူတွေဟာ အများအားဖြင့် ပလတ်မထိုးဘဲ ဘက်ထရီ ဓာတ်အားနဲ့ပဲ အလုပ်လုပ်လေ့ရှိပါတယ်။ ကိုယ်အလုပ်လုပ်နေချိန်၊ စာသင်နေချိန် (ဒါမှမဟုတ်) Presentation တင်ပြနေချိန် တစ်ဝက်တစ်ပျက်နဲ့ ဘက်ထရီကုန်သွားတာမျိုးဖြစ်လာရင် တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ကိုယ်ရွေးချယ်မယ့် Laptop နဲ့ပတ်သက်လို့ ဘက်ထရီဘယ်လောက်ကောင်းကောင်း သုံးထားသလဲဆိုတာကို စိစစ်ပါ။ ပြီးတော့ဘက်ထရီသက်တမ်းနဲ့ပတ်သက်လို့ အင်တာနက်မှာ ရေးထားတဲ့ Laptop အလိုက် သုံးသပ်ချက်တွေကို ဖတ်ကြည့်နိုင်ရင် ပိုကောင်းပါလိမ့်မယ်။

အလေးချိန်
Laptop ဆိုတာ သွားလေရာသယ်ယူသွားဖို့ ရည်ရွယ်တည်ဆောက် ထားတဲ့ ကွန်ပျူတာပါ။ Laptop ဝယ်တဲ့သူ အများစုကလည်း အဲဒီလိုသယ်ဆောင်သွားဖို့ စဉ်းစားထားတာ များပါတယ်။ ဒီတော့ အလေးချိန် ဟာ ထည့်စဉ်းစားသင့်တဲ့ ညွှန်းကိန်းတစ်ခု ဖြစ်လာပါတယ်။ ဒီခေတ်မှာ တော့ Laptop တွေရဲ့ အလေးချိန်ကိုလျှော့ချဖို့ ဘက်ပေါင်းစုံက စဉ်းစားပြီး ဒီဇိုင်းပြင်ဆင် ထုတ်လုပ်လာပါတယ်။ တစ်ခါတလေ အလေးချိန်လျှော့ ဖို့အတွက် ဘက်ထရီပိုင်းမှာ ခိုလိုက်တာတွေလည်း ရှိတတ်ပြန်တယ်။ ဒါကြောင့် အလေးချိန်နဲ့ ဘက်ထရီစွမ်းဆောင်ရည်ကို ဟန်ချက်ညီ မျှမျှတတထည့်တွက်ထားပြီး ကိုယ်တိုင်လည်း နိုင်နိုင်နင်းနင်းဖြစ်မယ့် Laptopအမျိုးအစားကို ရွေးချယ်သင့်ပါတယ်။

အပူထုတ်လွှတ်မှု
Laptop တွေကို စားပွဲပေါ် တင်သုံးတယ်ဆိုရင်တော့ ပြဿနာသိပ် မရှိပါဘူး။ ပေါင်ပေါ်မှာထားပြီး သုံးတတ်တဲ့ အကျင့်ရှိရင်တော့ ဒီကိစ္စကအရေးကြီးသွားပါပြီ။ Laptop တွေရဲ့ တည်ဆောက်ပုံအရ အပူစွန့်ထုတ်မှုကို အောက်ဘက်ကဖြစ်စေ၊ နောက်ဘက်ကဖြစ်စေ ထည့်သွင်းပေးထားတဲ့ လေထွက်ပေါက်တွေက တာဝန်ယူရပါတယ်။ တကယ်လို့ အောက်ကနေ လေပူတွေထုတ်နေတဲ့ Laptop မျိုးကို ပေါင်ပေါ်မှာ ရေရှည်တင်သုံးရင်တော့ ကျန်းမာရေးအတွက် တော်တော့်ကို မသင့်တော်ပါဘူး။ ပေါင်ပေါ်တင်ပြီး Laptop သုံးသူတွေက ဒီအချက်ကို အလေးထားစဉ်းစားသင့်ပါတယ်။

ဂိမ်းကစားဖို့သီးသန့် အဆင်မပြေ
Gaming စီးရီးအဖြစ် သတ်မှတ်ပြီး ထုတ်လုပ်တဲ့ Laptop တွေရှိပါတယ်။ စွမ်းဆောင်ရည်မြင့် ပါဝင်ပစ္စည်းတွေ တပ်ဆင်ထားပြီး အရွယ်အ စားရော စျေးနှုန်းပါ အတော်လေးကြီးတတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ်က ဂိမ်းကစားဖို့ အဓိကစဉ်းစားပြီး ကွန်ပျူတာတစ်လုံး ဝယ်မှာဆိုရင်တော့ တတ်နိုင်သမျှ Laptop တွေကို ရှောင်သင့်ပါတယ်။ Laptop တစ်လုံးဟာဖွဲ့စည်းပုံကိုက နေရာအကန့်အသတ် အရမ်းများပါတယ်။ Graphic ပိုင်း တောင်းဆိုမှု ကြီးမားလွန်းတဲ့ ဂိမ်းတွေကို ကစားတဲ့အခါ စွန့်ထုတ်လိုက်တဲ့အပူက အတွင်းပိုင်း တခြားပစ္စည်းတွေကို ထိခိုက်စေသလို ရေရှည်မှာ Laptop စွမ်းဆောင်ရည်ကို သိသိသာသာကျဆင်းသွားစေပါတယ်။ ဒါ ကြောင့် ဖြစ်နိုင်မယ်ဆိုရင် ဂိမ်းကစားမယ့် ကွန်ပျူတာအတွက် ဒေါ်လာ၂,၀၀၀ သုံးမယ်လို့ ရည်စူးထားရင် ဒေါ်လာ ၁,၃၀၀ ဖိုးလောက် Desktopကွန်ပျူတာဆင်ပြီး ဒေါ်လာ ရ၀၀ တန် Laptop တစ်လုံးကို အလုပ်အ တွက်ခွဲဝယ်တာ ပိုကောင်းပါလိမ့်မယ်။

ကြံ့ခိုင်မှုကိုထည့်တွက်
Laptop တွေကို တည်ဆောက်တဲ့ ကုမ္ပဏီတွေက အသွင်အပြင် ဒီဇိုင်းပိုင်းမှာ ကြော့ရှင်းပြီး ဆွဲဆောင်မှုအားကောင်းအောင် ဖန်တီးလာ တတ်တာ ဓမ္မတာပါပဲ။ ဒါပေမဲ့ တချို့ Laptop တွေဟာ လှသလောက်အကြမ်းမခံပါဘူး။ တော်ရုံအမြင့်က မတော်တဆပြုတ်ကျရုံနဲ့ မျက်ရည် ဝိုင်းသွားစေမယ့် အနုစားလေးတွေ ဖြစ်နေတတ်ပါတယ်။ လှတာမက်ရင် ညစာငတ်တယ်ဆိုတဲ့ စကားဟာ Laptop ဝယ်တဲ့အပိုင်းမှာလည်း အကျုံးဝင်ပါတယ်။ ဒါကြောင့် ဒီဇိုင်းပိုင်းကို စိတ်ကြိုက်တွေ့ရင်တောင် ကြံ့ခိုင်မှုကောင်း၊ မကောင်း သေချာတွက်ချက်ပါ။ ဘက်ထရီကိစ္စလိုပဲ အင်တာနက်က Review တွေ လိုက်ဖတ်ပါ။ တချို့ Laptop အမှတ်တံဆိပ်တွေဟာ ပုံတုံးကြီးတွေဖြစ်နေပေမယ့် အရမ်းအကြမ်းပတမ်းခံပါတယ်။ လှလည်း လှ၊ အကြမ်းလည်းခံတာမျိုးဆိုရင်တော့ အကောင်းဆုံးပေါ့။

ရုပ်ထွက်ပိုင်း၊ အသံပိုင်း
Screen မှာ ဖော်ပြနိုင်တဲ့ ပုံရိပ်တွေဟာ တောက်ပမှုရော ကြည်လင် ပြတ်သားမှုပါ စိတ်ကျေနပ်လောက်အောင် ကောင်းမွန်သလားဆိုတာကို သေချာ ဆန်းစစ်ပါ။ သီအိုရီ အရတော့ Screen တစ်ခုဟာ Resolutionအရည်အသွေးမြင့်လေ၊ ပုံရိပ်ဖော်နိုင်စွမ်း မြင့်မားလေပါပဲ။ ကိုယ်ဝယ် မယ့် Laptop ရဲ့ Screen ဟာ Matte လား၊ Anti-Glare လား၊ Glossyလားဆိုတာကို သေချာကြည့်ပါ။ ကိုယ်နဲ့ ကိုက်တာကိုရွေးပါ။ နောက်တစ်ခုကတော့ အသံပိုင်းပါ။ တချို့ Laptop တွေဟာ တခြားအပိုင်းတွေမှာ စွမ်းဆောင်ရည်မြင့် ပစ္စည်းတွေသုံးထားပေမယ့် အသံထွက် အတော်လေးတိုးတာ၊ ဝါးတာ၊ မပြတ်သားတာတွေ ဖြစ်တတ်ပါတယ်။ Laptop ရဲ့ Built-in Speaker ဟာ ကိုယ်လိုချင်တဲ့ အတိုင်းအတာထိ အသံကျယ်မှု၊ အသံကြည်မှုမျိုး ထောက်ပံ့နိုင်ရဲ့လားဆိုတာကို မဝယ်ခင် အားမနာတမ်းစစ်ဆေးကြည့်ဖို့ မမေ့ပါနဲ့။—Ref: Tech Radar





အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

လက္ပ္ေတာ့ပ္တစ္လံုး ဝယ္ေတာ့မယ္ဆုိရင္ Reviewed by ညီလတ္ထြန္း(နည္းပညာ) on 4:46 AM Rating: 5 [Zawgyi] ၿဖင္႔ဖတ္ရန္ လုပ္ငန္းသံုးအတြက္ျဖစ္ေစ၊ ေဖ်ာ္ေျဖေရးအတြက္ျဖစ္ေစ Laptop ကြန္ပ်ဴ တာတစ္လံုးဝယ္ယူမယ္လုိ႔ ဆံုးျဖတ္ၿပီဆိုရင္ ေသခ်ာစဥ္းစ...

No comments: