တကယ်ရှိနေပြီဖြစ်တဲ့ အနာဂတ်သိပ္ပံလက်နက်များ - ညီလတ်ထွန်း(နည်းပညာ)
728x90 AdSpace
Trending
၎။RailGun
၆။စက်ရုပ်စစ်သားများ
၉။Heat Ray
===================================================
တကယ်ရှိနေပြီဖြစ်တဲ့ အနာဂတ်သိပ္ပံလက်နက်များ
[Unicode]ဖတ်ရန် တကယ်ရှိနေပြီဖြစ်တဲ့ အနာဂတ်သိပ္ပံလက်နက်များ ၁။ဒီဂျစ်တယ်ခြောက်လုံးပြူး
Armatix ဒီဂျစ်တယ်ခြောက်လုံးပြူး ကလဲ ဂျိမ်းစ်ဘွန်းထဲမှာပါတဲ့ သိပ္ပံလက်နက်နဲ့သွားတူနေပါသေးတယ်။ ဒါက လုံခြုံရေးအတွက်ပါထည့်ပီးထုတ်လုပ်ထားတဲ့ အနာဂတ်ပစ္စတိုဖြစ်ပါတယ်။ သူ့မှာဆိုရင် ဒီဂျစ်တယ်လုံခြံုရေးစက်ပစ္စည်းတစ်ခုပါဝင်ပီး လက်ပတ်တစ်ခုနဲ့အလုပ်လုပ်ပါတယ်။ အဆိုပါလက်ပတ်ကိုဝတ်ထားတဲ့သူက သူ့ကိုထိန်းချုပ်နိုင်ပါတယ်။ password ရိုက်ပီးတာနဲ့ လော့ခ်ဖြေတဲ့ signal တစ်ခုကိုပို့ပေးပါတယ်။
၂။Cornershot ရိုင်ဖယ်နဲ့ Grenade ဒုံးကျည်
အာကာသနဲ့ စစ်နည်းပညာရဲ့သက်တမ်းကတော့ရင့်လာလေကောင်းလာလေဆိုပေမဲ့ စစ်သားတွေကတော့ အသက်ကြီးလာလေ မမြင်နိုင်မှုနဲ့ ထောင့်တွေအနီးတစ်ဝိုက်ကိုကျည်တွေပစ်မိခြင်းစတဲ့ပြဿနာတွေကိုရင်ဆိုင်လာရပါတယ်။ ဒါကအခုအချိန်မှာတော့ အထူးသဖြင့် သိသာထင်ရှားနေတဲ့ မော်ဒန်စစ်ပွဲအတွက်အရေးကြီးနေပါတယ်။
၃။Plasma အားစက်ကွင်းများ
သုတေသနပညာရှင်တွေဟာ အမြဲတိုးတက်နေတဲ့လက်နက်နည်းပညာကိုအမှီလိုက်နိုင်အောင်ကြိုးစားလျက်ရှိပါတယ်။ အခုဆိုရင် လေကြောင်းလောကမှာ မူပိုင်ခွင့်တစ်ခုတင်ထားလျက်ရှိပီး ကြီးမားလှတဲ့ဘိုးအင်းတွေကိုခုခံဖို့ရာအတွက် ဒုံးကျည်တို့၊ အိုင်ဒီအီးတို့နဲ့ ပေါက်ကွဲပစ္စည်းတွေဆီက ဖြစ်ပေါ်လာတဲ့ပေါက်ကွဲမှုတွေဆီကနေ စစ်လေယာဉ်တွေရရှိလာမယ့် ထိတ်လန့်ဖွယ်ရာလှိုင်းတွေကိုကာကွယ်ဖို့ရာအတွက် အားစက်ကွင်းလိုဟာမျိုးတစ်ခုကိုတီထွင်ဖို့ကြိုးစားနေကြပါတယ်။
၄။RailGun
RailGun တွေအမှန်တကယ်မပေါ်ပေါက်လာသေးခင် သူဟာ ဗီဒီယိုဂိမ်းတွေနဲ့ Transformers: Revenge of the Fallen စတဲ့ရုပ်ရှင်တွေထဲမှာသာပါဝင်တဲ့ ဒဏ္ဍာရီလာလက်နက်တစ်ခုဖြစ်ပါတယ်။ သူဟာ လျှပ်စစ်သံလိုက်ကိုအသုံးပြုပီး အသံထက် ၅ ဆမြန်တဲ့အရှိန်နှုန်းနဲ့ metal တွေကိုပစ်ခတ်ပါတယ်။ သူတို့ကို အမြှောက်တပ်ရဲ့အနာဂတ်အဖြစ်လဲသတ်မှတ်ထားပါသေးတယ်။
၅။အလိုအလျောက်ချိန်သောရိုင်ဖယ်
ဒီကြောက်စရာကောင်းတဲ့ $၁၇၀၀၀ တန်ဖိုးရှိတဲ့နည်းပညာအပိုင်းအစဟာ TrackingPointXS1 Scope အဖြစ်နာမည်ကြီးပါတယ်။ အထူးသဖြင့် အော်တိုပစ်မှတ်ကိုချိန်တဲ့နည်းပညာကိုထည့်သွင်းထားတဲ့ရိုင်ဖယ်ဖြစ်ပါတယ်။ အဆင့်မြင့်နည်းပညာတွေကိုအသုံးပြုထားပီး သေနတ်ကပစ်မှတ်ကိုချိန်ပီး မပစ်ခင်ပီးပြည့်စုံတဲ့ပစ်ချက်ဖြစ်ဖို့ရာအတွက် လေတိုက်နှုန်းတွေနဲ့
လှုပ်ရှားမှုတွေကို Variable အနေနဲ့ထားပီးသတ်မှတ်ပေးရပါတယ်။
၆။စက်ရုပ်စစ်သားများ
MAARS လို့ခေါ်တဲ့ အဆင့်မြင့်လက်နက်ကိုင်စက်ရုပ်စနစ်ဟာဆိုရင် QinetiQ မြောက်အမေရိကား မှထုတ်လုပ်ထားတဲ့ သေးငယ်တဲ့စက်ရုပ်တင့်ကားဖြစ်ပါတယ်။ အကုန်အပြည့်အစုံတပ်ဆင်ထားတဲ့စနစ်မှာကိုပဲ ပေါင် ၃၆၉ လေးပါတယ်။ အာရုံခံကိရိယာတွေ၊ လက်နက်တွေ၊ ခဲယမ်းတွေနဲ့ ၃-၁၂ နာရီထိတာရှည်ခံတဲ့ဘက်ထရီတွေ နဲ့ တစ်ပတ်လောက်ထိခံမယ့် sleep mode စတာတွေကိုလဲအစုံအလင်ထည့်သွင်းတပ်ဆင်ထားပါသေးတယ်။
၇။AN/SEQ-3 လေဆာလက်နက်စနစ်
၂၀၁၄ ခုနှစ်မှာ ယူအက်စ်ရေတပ်ဟာ ပါရှန်းပင်လယ်အော်ကဂျူတီတစ်ခုအတွက် ပထမဆုံးဒရုန်းဆန့်ကျင်လေဆာကို USS Ponce ပေါ်မှာတပ်ဆင်ခဲ့ပါတယ်။ သူ့ကို AN/SEQ-3 လေဆာလက်နက်စနစ် ဆိုပီးသိထားကြပီးတော့ ပစ်မှတ်တွေမျိုးစုံဖြစ်တဲ့ ဒရုန်းကနေစလို့ သေးငယ်တဲ့တိုက်သင်္ဘောငယ်တွေထိတိုက်ခိုက်တဲ့နေရာမှာအသုံးပြုတာဖြစ်ပါတယ်။ USS Ponce ရဲ့အမိန့်ပေးသူဟာ သူလိုအပ်တယ်လို့ထင်ရင်ထင်သလို ဒီစနစ်ကိုအသုံးပြုလို့ရပါတယ်။
၈။လက်နက်တွေပါဝင်ပီး အသံထက် ၅ ဆပိုမြန်သောလေယာဉ်များ
အနာဂတ်ရဲ့ heat rays တွေအပြင် ဒါကလဲ သင့်ကိုသိပ္ပံရုပ်ရှင်ဇာတ်ကားထဲက တစ်စုံတစ်ခုကိုပြန်အမှတ်ရစေမှာပါ။ X-51A WaveRider လို့ခေါ်တဲ့ scramjet ကိုပါဝါအနေနဲ့အသုံးပြုထားတဲ့လေယာဉ်ကို အမေရိကန်စစ်တပ်မှာအောင်မြင်စွာစမ်းသပ်ခဲ့ပီးဖြစ်ပါတယ်။ စမ်းသပ်နေစဉ်မှာ သူဟာ အသံထက် ၅ ဆပိုမြန်တဲ့အရှိန်တစ်ခုကိုရောက်ရှိသွားပီး မိုင်အရဆိုရင် တစ်နာရီကို ၃၉၁၉ မိုင်ရောက်နိုင်ပါတယ်။ ဒါဆိုရင်တော့ အသံရဲ့အမြန်နှုန်းထက် ၅ ဆတောင်ကျော်နေပီဖြစ်ပါတယ်။
၉။Heat Ray
 ယူအက်စ်စစ်တပ်က ထုတ်လုပ်ထားတာဖြစ်ပီး Active Denial စနစ်လို့ခေါ်ပီး Heat Ray လို့သိထားကြတဲ့ အရာဟာသေစေနိုင်တဲ့လက်နက်မဟုတ်ပဲ ဧရိယာလုံခြုံရေးနဲ့ လူထုအုံကြွမှုတွေကိုထိန်းချုပ်တဲ့နေရာမှာအသုံးပြုတဲ့ တိုက်ရိုက်စွမ်းအင်လက်နက်ဖြစ်ပါတယ်။ သူ့ကိုအတိုကောက် ADS လို့ခေါ်ပီး လူသားအရေပြားအပါအဝင် ပစ်မှတ်ရဲ့မျက်နှာပြင်တွေကိုအပူပေးခြင်းအားဖြင့်အလုပ်လုပ်ပါတယ်။
Writer -Min Thu (Daily Hot News )
အားလုံးကိုခင်မင်လျှက်
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com
No comments: