ကင္မရာ တစ္လုံး၀ယ္ေတာ့မယ္ဆုိရင္... - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

ကင္မရာ တစ္လုံး၀ယ္ေတာ့မယ္ဆုိရင္...

[Zawgyi] ၿဖင္႔ဖတ္ရန္ ကင္မရာ တစ္လုံး၀ယ္ေတာ့မယ္ဆုိရင္ …..
တစ္ကယ္လုိ႕ သင္ဟာဓတ္ပုံရုိက္၀ါသနာပါသူ တစ္ေယာက္ဆုိပါစုိ႕ ။ လက္ထဲမွာလည္းပုိက္ဆံေလးက အသင့္အတင့္ရွိမယ္ ။ သူမ်ားေတြလုိ ကင္မရာေလးကုိင္ျပီး ဓာတ္ပုံေကာင္းေကာင္းေလးကလည္းရုိက္ခ်င္တယ္။ ဘယ္လုိကင္မရာ ၀ယ္ရမလဲ ? ဘယ္လုိမွန္ဘီလူးသုံးရမလဲ? ပုိက္ဆံေကာ ဘယ္ေလာက္သုံးရမလဲ မသိျဖစ္ေနတဲ့ ဓာတ္ဆရာ ေပါက္စေတြ အတြက္ အခရာကေန ဘယ္လုိ လုပ္သင့္လဲ ဆုိတာ အခရာကေန အၾကံျပဳလုိက္ပါတယ္။
ဟုတ္ျပီ ဒီေတာ့ ကုိယ္က ဓာတ္ပုံရုိက္တာလည္း ၀ါသနာပါတယ္။ ဘာကင္မရာ၀ယ္ရမလဲဆုိတာလည္းမသိ Brand လည္းမသိဘူးဆုိရင္ေတာ့ အရင္ဆုံး ကုိယ့္ဘာသာ ေသခ်ာျပန္စဥ္းစားပါ။
(၁) ဘယ္လုိဓာတ္ပုံမ်ဳိးရုိက္ခ်င္တာလဲ ? ျပီးေတာ့ အေပ်ာ္တမ္းရုိက္မွာလား ? ဓာတ္ပုံရုိက္တာကုိ Professional သြားခ်င္တာလား ဆုိတာေသခ်ာစဥ္းစားပါ။
(၂) ကင္မရာ၀ယ္ဖုိ႕အတြက္ ပုိက္ဆံ ဘယ္ေလာက္သုံးမွာလဲ ? ဆုိတာပါပဲ
ကင္မရာေတြကုိ အၾကမ္းဖ်င္း Bridge နဲ႕ DSLR ဆုိျပီး ႏွစ္မ်ဳိး ႏွစ္စားခြဲျခားထားပါတယ္။ Bridge ဆုိတာ ကင္မရာရဲ႕ ေဘာ္ဒီမွာ သင့္ေတာ္တဲ့ မွန္ဘီဘူး (Lens) ကုိ အေသတပ္ဆင္ထားျပီး ေရာင္းတဲ့ ကင္မရာမ်ဳိးကုိ ေခၚပါတယ္။ အေသတပ္ထားတာဆုိေတာ့ DSLR ေတြလုိမ်ဳိး Lens ကုိ အမ်ဳိးမ်ဳိးေျပာင္းတပ္လုိ႕မရေတာ့ဘူးေပါ့။ ဒါေပမယ့္ Bridge ေတြကလည္း DSLR ကင္မရာေလာက္နီးနီး ရုိက္ကူးႏုိင္ျပီး ရုပ္ထြက္လည္းေကာင္းပါတယ္။

DSLR မွာပါတဲ့ Function ေတြျဖစ္တဲ့ Shutter Mode (TV /S) ၊ Aperture Mode ( AV/A) ၊ Manual Mode (M) စတာေတြဟာလည္း Birdge မွာပါ၀င္ပါတယ္။
အားသာခ်က္ကေတာ့ DSLR ကင္မရာလုိ Lens လဲစရာမလုိပဲ Range အစုံရုိက္ကူးႏုိင္ပါတယ္။ DSLR ကင္မရာေတြထက္ ေစ်းႏႈန္းသက္သာပါတယ္။
အဓိက အားနည္းခ်က္ေတြကေတာ့ Sensor Size ေတာ္ေတာ္ေသးျပီး DSLR ေတြေလာက္ ISO မႏုိင္ပါဘူး။ ရုိက္လုိ႕မရတာေတာ့မဟုတ္ဘူးေနာ္ ။
ရုိက္လုိ႕ရတယ္ ဒါေပမယ့္ ရုပ္ထြက္မွာေတာ့ သိသိသာသာကြာသြားပါလိမ့္မယ္။ ဒါေၾကာင့္ ဓာတ္ပုံဆရာေတြဟာ အရည္အေသြးေကာင္းေကာင္းရဖုိ႕အတြက္ DSLR ကုိသာ အသုံးမ်ားၾကပါတယ္။ Digital Single Lens Reflex ကုိ DSLR လုိ႕အတုိေကာက္ ေခၚဆုိတာပါ။ DSLR ကုိအသုံးျပဳမယ္ဆုိရင္ ကုိယ္ရုိက္ခ်င္တဲ့ ပုံစံ အမ်ဳိးအစားတစ္ခုစိအတြက္ Lens ေျပာင္းသုံးရင္ပုိေကာင္းပါတယ္။ ဥပမာ – ပန္းပြင့္ ၊ လိပ္ျပာ ေတြကုိ အနီးကပ္ သဘာ၀ က်က် ဓာတ္ပုံရုိက္မယ္ဆုိရင္ေတာ့ Marco Lens ကုိသုံးသင့္ပါတယ္။ ဒါမွမဟုတ္ ရႈခင္းေတြ နဲ႕ သဘာ၀တရားေနာက္ခံ ေတာင္တန္းလွလွေတြ ရုိက္ခ်င္တယ္ဆုိရင္ေတာ့ Ultra Wide Lens ကုိသုံးလုိ႕ရပါတယ္။
ေမာ္ဒယ္နဲ႕ အလွပုံေတြ ရုိက္ကူးမယ္ဆုိရင္ေတာ့ Tele Lens သုံးသင့္ပါတယ္။ ရုိက္ကူးခ်င္တဲ့ ပုံေပၚမူတည္ျပီး သုံးရမယ့္ Lens ေတြကြဲတတ္ပါတယ္။
ကင္မရာကုိ အခုမွစသုံးမယ့္ သူအမ်ားစုက DSLR ကုိျမင္တုိင္း Pro Camera ထင္ျပီး ရွိန္တတ္ၾကပါတယ္။ တကယ္ေတာ့ DSLR တုိင္းဟာ Pro Camera မဟုတ္ပါဘူး။
DSLR Camera ေတြမွာ Level ေလးခုရွိပါတယ္။ အဲဒါေတြကေတာ့ –
(1) Entry Level
ဒါကေတာ့ Beginner ေလးေတြအတြက္ သုံးရတာအဆင္ေျပေအာင္ ေရာင္းတဲ့ကင္မရာေလးေတြေပါ့။ ဘယ္လုိလည္းဆုိေတာ့ Camera Model ေတြကုိ ရည္ညႊန္းတာျဖစ္ပါတယ္။
ဥပမာ Canon ေမာ္ဒယ္မွာဆုိရင္ – 1100D ၊ 550D ၊ 600D ၊ 650D ၊ 700D
Nikon ကင္မရာ ေမာ္ဒယ္ဆုိရင္ – D60, D3000, D3100, D5000, D5100, D5200 တုိ႕ျဖစ္ပါတယ္။ ဒီကင္မရာေတြဟာ ခုမွစတင္အသုံးျပဳမယ့္ Beginner ေတြအတြက္ပါ။
Entry Level DSLR Body ေတြမွာ Top Panel Display မပါဘူးဆုိတာ သိထားဖုိ႕လုိပါတယ္။
(2) Semi-Pro Level
အေပ်ာ္တမ္း ရုိက္တာကေန ေနာက္တစ္ဆင့္ ပုိျပီး ကုိယ္လုပ္ႏုိင္တာေတြ ခ်ျပခ်င္တဲ့ Level ကေတာ့ ဒီ Level ပါပဲ။ ဒီ Level မွာဆုိရင္ေတာ့ သူနဲ႕ကိုက္တဲ့ ကင္မရာေစ်းေလးေတြက နည္းနည္း ေျမာက္လာပါလိမ့္မယ္။ Semi-Pro Level အတြက္သင့္ေတာ္တဲ့ ကင္မရာ အမ်ဳိးအစားေတြကေတာ့ Canon မွာဆုိ 50D ၊ 60D နဲ႕ Nikon မွာဆုိ D90 ၊ D7000 ၊ D7100 ၊ D7200 ျဖစ္ပါတယ္။
(3) High End Semi-Pro
ဒါကေတာ့ သတင္းေထာက္ေတြ နဲ႕ မွတ္တမ္းတင္ဓာတ္ပုံသမားေတြအတြက္ ပုိအဆင္ေျပပါတယ္။ ေစ်းႏႈန္းကလည္း အရင္ (၂) ဆင့္ထက္ပုိေပးရပါျပီ။
ဒီ Level နဲ႕သင့္ေတာ္တဲ့ ကင္မရာေတြကေတာ့ Canon မွာဆုိရင္ 7D ၊ 6D ၊ &D mark 2 တုိ႕ျဖစ္ပါတယ္။
( တစ္ခ်ဳိ႕ ႏုိင္ငံေတြမွာ Canon 7D ကုိရုပ္ရွင္ ဇာတ္လမ္းရုိက္တဲ့ ကင္မရာအျဖစ္ေတာင္သုံးၾကပါတယ္။)
Nikon ဆုိရင္ေတာ့ D300 ၊ DNikon မွာဆိုရင္ေတာ့ D300, D300s စတာေတြေပါ့ ။
(4) Pro Level
Pro သမားေတြအတြက္ဆုိရင္ေတာ့ 5D Mark II ၊ 5D Mark III ၊ 1DS Series နဲ႕ 1DX တုိ႕ပဲျဖစ္ပါတယ္။
Nikon မွာဆုိရင္ေတာ့ D700 ၊ D800 ၊ D800s ၊ D3s ၊ D3x ၊ D4 တုိ႕ပါပဲ။
Pro Level ကင္မရာနဲ႕ Pro Level မဟုတ္တဲ့ ကင္မရာနဲ႕ ဘာကြာသြားလည္းဆုိေတာ့ Sensor မွာကြာသြားတာပါ။ Pro Level Camera မွာ Full Frame Sensor (35mm) ပါပါတယ္။
ISO မ်ားမ်ားတင္ရုိက္ရင္ သိသိသာသာကြာတာကုိ ျမင္ရမွာပါ။ အထူးသျဖင့္ ISO မ်ားမ်ားတင္ရိုက္တဲ့အခ်ိန္မွာ သိသိသာသာႀကီး ကြာသြားပါတယ္..။ ဓာတ္ပုံရုိက္တာ ၀ါသနာပါတဲ့ ပညာဆုိတာ ပုိက္ဆံအကုန္အက်ခံျပီးမွ လုပ္လုိ႕ရတာမုိ႕လုိ႕ ကင္မရာကို ကုိယ္နဲ႕ အဆင္မေျပတာ၀ယ္မိရင္ ရႈံးပါလိမ့္မယ္။ ေငြေၾကးဆုံးရႈံးတာထက္ အဆင္မေျပေစမွာပါ။ ဒါေၾကာင့္ ၀ယ္တဲ့အခါ ေသခ်ာစဥ္းစားျပီးမွ ၀ယ္တာပုိေကာင္းပါလိမ့္မယ္။ အေရးအၾကီးဆုံးကေတာ့ ကုိယ္သုံးမယ့္ ပုိက္ဆံအေနအထားနဲ႕ ကုိယ္ရုိက္ခ်င္တဲ့ ဓာတ္ပုံ အမ်ဳိးအစားကုိ ခ်ိန္ျပီး ၀ယ္တတ္ဖုိ႕ပဲျဖစ္ပါတယ္ ဗ်ာ။
ဒီလို ဓာတ္​ပံုဒီဇိုင္​းနဲ႔ ပတ္​သက္​တဲ့ ဗဝုသုတ​ေတြကို ဝါသနာပါရင္​ page ကို like follow လုပ္​ပီး​ေလ့လာႏိုင္​ပါတယ္​။ # Jan (Akhayar)

=================================================

 [Unicode]ဖတ်ရန် ကင်မရာ တစ်လုံးဝယ်တော့မယ်ဆိုရင် …..
တစ်ကယ်လို့ သင်ဟာဓတ်ပုံရိုက်ဝါသနာပါသူ တစ်ယောက်ဆိုပါစို့ ။ လက်ထဲမှာလည်းပိုက်ဆံလေးက အသင့်အတင့်ရှိမယ် ။ သူများတွေလို ကင်မရာလေးကိုင်ပြီး ဓာတ်ပုံကောင်းကောင်းလေးကလည်းရိုက်ချင်တယ်။ ဘယ်လိုကင်မရာ ၀ယ်ရမလဲ ? ဘယ်လိုမှန်ဘီလူးသုံးရမလဲ? ပိုက်ဆံကော ဘယ်လောက်သုံးရမလဲ မသိဖြစ်နေတဲ့ ဓာတ်ဆရာ ပေါက်စတွေ အတွက် အခရာကနေ ဘယ်လို လုပ်သင့်လဲ ဆိုတာ အခရာကနေ အကြံပြုလိုက်ပါတယ်။
ဟုတ်ပြီ ဒီတော့ ကိုယ်က ဓာတ်ပုံရိုက်တာလည်း ၀ါသနာပါတယ်။ ဘာကင်မရာဝယ်ရမလဲဆိုတာလည်းမသိ Brand လည်းမသိဘူးဆိုရင်တော့ အရင်ဆုံး ကိုယ့်ဘာသာ သေချာပြန်စဉ်းစားပါ။
(၁) ဘယ်လိုဓာတ်ပုံမျိုးရိုက်ချင်တာလဲ ? ပြီးတော့ အပျော်တမ်းရိုက်မှာလား ? ဓာတ်ပုံရိုက်တာကို Professional သွားချင်တာလား ဆိုတာသေချာစဉ်းစားပါ။
(၂) ကင်မရာဝယ်ဖို့အတွက် ပိုက်ဆံ ဘယ်လောက်သုံးမှာလဲ ? ဆိုတာပါပဲ
ကင်မရာတွေကို အကြမ်းဖျင်း Bridge နဲ့ DSLR ဆိုပြီး နှစ်မျိုး နှစ်စားခွဲခြားထားပါတယ်။ Bridge ဆိုတာ ကင်မရာရဲ့ ဘော်ဒီမှာ သင့်တော်တဲ့ မှန်ဘီဘူး (Lens) ကို အသေတပ်ဆင်ထားပြီး ရောင်းတဲ့ ကင်မရာမျိုးကို ခေါ်ပါတယ်။ အသေတပ်ထားတာဆိုတော့ DSLR တွေလိုမျိုး Lens ကို အမျိုးမျိုးပြောင်းတပ်လို့မရတော့ဘူးပေါ့။ ဒါပေမယ့် Bridge တွေကလည်း DSLR ကင်မရာလောက်နီးနီး ရိုက်ကူးနိုင်ပြီး ရုပ်ထွက်လည်းကောင်းပါတယ်။
DSLR မှာပါတဲ့ Function တွေဖြစ်တဲ့ Shutter Mode (TV /S) ၊ Aperture Mode ( AV/A) ၊ Manual Mode (M) စတာတွေဟာလည်း Birdge မှာပါ၀င်ပါတယ်။
အားသာချက်ကတော့ DSLR ကင်မရာလို Lens လဲစရာမလိုပဲ Range အစုံရိုက်ကူးနိုင်ပါတယ်။ DSLR ကင်မရာတွေထက် စျေးနှုန်းသက်သာပါတယ်။
အဓိက အားနည်းချက်တွေကတော့ Sensor Size တော်တော်သေးပြီး DSLR တွေလောက် ISO မနိုင်ပါဘူး။ ရိုက်လို့မရတာတော့မဟုတ်ဘူးနော် ။
ရိုက်လို့ရတယ် ဒါပေမယ့် ရုပ်ထွက်မှာတော့ သိသိသာသာကွာသွားပါလိမ့်မယ်။ ဒါကြောင့် ဓာတ်ပုံဆရာတွေဟာ အရည်အသွေးကောင်းကောင်းရဖို့အတွက် DSLR ကိုသာ အသုံးများကြပါတယ်။ Digital Single Lens Reflex ကို DSLR လို့အတိုကောက် ခေါ်ဆိုတာပါ။ DSLR ကိုအသုံးပြုမယ်ဆိုရင် ကိုယ်ရိုက်ချင်တဲ့ ပုံစံ အမျိုးအစားတစ်ခုစိအတွက် Lens ပြောင်းသုံးရင်ပိုကောင်းပါတယ်။ ဥပမာ – ပန်းပွင့် ၊ လိပ်ပြာ တွေကို အနီးကပ် သဘာဝ ကျကျ ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ Marco Lens ကိုသုံးသင့်ပါတယ်။ ဒါမှမဟုတ် ရှုခင်းတွေ နဲ့ သဘာဝတရားနောက်ခံ တောင်တန်းလှလှတွေ ရိုက်ချင်တယ်ဆိုရင်တော့ Ultra Wide Lens ကိုသုံးလို့ရပါတယ်။
မော်ဒယ်နဲ့ အလှပုံတွေ ရိုက်ကူးမယ်ဆိုရင်တော့ Tele Lens သုံးသင့်ပါတယ်။ ရိုက်ကူးချင်တဲ့ ပုံပေါ်မူတည်ပြီး သုံးရမယ့် Lens တွေကွဲတတ်ပါတယ်။
ကင်မရာကို အခုမှစသုံးမယ့် သူအများစုက DSLR ကိုမြင်တိုင်း Pro Camera ထင်ပြီး ရှိန်တတ်ကြပါတယ်။ တကယ်တော့ DSLR တိုင်းဟာ Pro Camera မဟုတ်ပါဘူး။
DSLR Camera တွေမှာ Level လေးခုရှိပါတယ်။ အဲဒါတွေကတော့ –
(1) Entry Level
ဒါကတော့ Beginner လေးတွေအတွက် သုံးရတာအဆင်ပြေအောင် ရောင်းတဲ့ကင်မရာလေးတွေပေါ့။ ဘယ်လိုလည်းဆိုတော့ Camera Model တွေကို ရည်ညွှန်းတာဖြစ်ပါတယ်။
ဥပမာ Canon မော်ဒယ်မှာဆိုရင် – 1100D ၊ 550D ၊ 600D ၊ 650D ၊ 700D
Nikon ကင်မရာ မော်ဒယ်ဆိုရင် – D60, D3000, D3100, D5000, D5100, D5200 တို့ဖြစ်ပါတယ်။ ဒီကင်မရာတွေဟာ ခုမှစတင်အသုံးပြုမယ့် Beginner တွေအတွက်ပါ။
Entry Level DSLR Body တွေမှာ Top Panel Display မပါဘူးဆိုတာ သိထားဖို့လိုပါတယ်။
(2) Semi-Pro Level
အပျော်တမ်း ရိုက်တာကနေ နောက်တစ်ဆင့် ပိုပြီး ကိုယ်လုပ်နိုင်တာတွေ ချပြချင်တဲ့ Level ကတော့ ဒီ Level ပါပဲ။ ဒီ Level မှာဆိုရင်တော့ သူနဲ့ကိုက်တဲ့ ကင်မရာစျေးလေးတွေက နည်းနည်း မြောက်လာပါလိမ့်မယ်။ Semi-Pro Level အတွက်သင့်တော်တဲ့ ကင်မရာ အမျိုးအစားတွေကတော့ Canon မှာဆို 50D ၊ 60D နဲ့ Nikon မှာဆို D90 ၊ D7000 ၊ D7100 ၊ D7200 ဖြစ်ပါတယ်။
(3) High End Semi-Pro
ဒါကတော့ သတင်းထောက်တွေ နဲ့ မှတ်တမ်းတင်ဓာတ်ပုံသမားတွေအတွက် ပိုအဆင်ပြေပါတယ်။ စျေးနှုန်းကလည်း အရင် (၂) ဆင့်ထက်ပိုပေးရပါပြီ။
ဒီ Level နဲ့သင့်တော်တဲ့ ကင်မရာတွေကတော့ Canon မှာဆိုရင် 7D ၊ 6D ၊ &D mark 2 တို့ဖြစ်ပါတယ်။
( တစ်ချို့ နိုင်ငံတွေမှာ Canon 7D ကိုရုပ်ရှင် ဇာတ်လမ်းရိုက်တဲ့ ကင်မရာအဖြစ်တောင်သုံးကြပါတယ်။)
Nikon ဆိုရင်တော့ D300 ၊ DNikon မှာဆိုရင်တော့ D300, D300s စတာတွေပေါ့ ။
(4) Pro Level
Pro သမားတွေအတွက်ဆိုရင်တော့ 5D Mark II ၊ 5D Mark III ၊ 1DS Series နဲ့ 1DX တို့ပဲဖြစ်ပါတယ်။
Nikon မှာဆိုရင်တော့ D700 ၊ D800 ၊ D800s ၊ D3s ၊ D3x ၊ D4 တို့ပါပဲ။
Pro Level ကင်မရာနဲ့ Pro Level မဟုတ်တဲ့ ကင်မရာနဲ့ ဘာကွာသွားလည်းဆိုတော့ Sensor မှာကွာသွားတာပါ။ Pro Level Camera မှာ Full Frame Sensor (35mm) ပါပါတယ်။
ISO များများတင်ရိုက်ရင် သိသိသာသာကွာတာကို မြင်ရမှာပါ။ အထူးသဖြင့် ISO များများတင်ရိုက်တဲ့အချိန်မှာ သိသိသာသာကြီး ကွာသွားပါတယ်..။ ဓာတ်ပုံရိုက်တာ ၀ါသနာပါတဲ့ ပညာဆိုတာ ပိုက်ဆံအကုန်အကျခံပြီးမှ လုပ်လို့ရတာမို့လို့ ကင်မရာကို ကိုယ်နဲ့ အဆင်မပြေတာဝယ်မိရင် ရှုံးပါလိမ့်မယ်။ ငွေကြေးဆုံးရှုံးတာထက် အဆင်မပြေစေမှာပါ။ ဒါကြောင့် ၀ယ်တဲ့အခါ သေချာစဉ်းစားပြီးမှ ၀ယ်တာပိုကောင်းပါလိမ့်မယ်။ အရေးအကြီးဆုံးကတော့ ကိုယ်သုံးမယ့် ပိုက်ဆံအနေအထားနဲ့ ကိုယ်ရိုက်ချင်တဲ့ ဓာတ်ပုံ အမျိုးအစားကို ချိန်ပြီး ၀ယ်တတ်ဖို့ပဲဖြစ်ပါတယ် ဗျာ။
ဒီလို ဓာတ်​ပုံဒီဇိုင်​းနဲ့ ပတ်​သက်​တဲ့ ဗဝုသုတ​တွေကို ဝါသနာပါရင်​ page ကို like follow လုပ်​ပီး​လေ့လာနိုင်​ပါတယ်​။ # Jan (Akhayar)






အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

ကင္မရာ တစ္လုံး၀ယ္ေတာ့မယ္ဆုိရင္... Reviewed by ညီလတ္ထြန္း(နည္းပညာ) on 7:13 PM Rating: 5 [Zawgyi] ၿဖင္႔ဖတ္ရန္ ကင္မရာ တစ္လုံး၀ယ္ေတာ့မယ္ဆုိရင္ ….. တစ္ကယ္လုိ႕ သင္ဟာဓတ္ပုံရုိက္၀ါသနာပါသူ တစ္ေယာက္ဆုိပါစုိ႕ ။ လက္ထဲမွာလည္းပုိက္ဆံေ...

No comments: