တကယ်လို့ သင့်ဖုန်း ပါဝါမလာတော့ရင် ဘာလုပ်မလဲ? - ညီလတ်ထွန်း(နည်းပညာ)
728x90 AdSpace
Trending
အားပြန်သွင်းကြည့်ပါ
***************
ဖုန်းက ပါဝါမလာတာလား၊
တကယ်လို့ ဖုန်းကို ပါဝါဖွင့်ကြည့်လိုက်တဲ့အချိန်မှာ Vibrate ဝင်သွားပြီးတော့ Screen မှာ ဘာမှမလင်းလာဘူးဆိုရင်တော့ ဖုန်းက ပျက်တာထက် Display မှာ ပြဿနာရှိနေတာ ဒါမှမဟုတ် ဖုန်း Firmware ကြောင့်ဖြစ်တတ်ပါတယ်။
*************************************
*******************************************
********************************
Logo မှာ ရပ်နေပြီလား?
******************
Credit to Teacher
=======================================
တကယ်လို့ သင့်ဖုန်း ပါဝါမလာတော့ရင် ဘာလုပ်မလဲ?
[Unicode]ဖတ်ရန် စမတ်ဖုန်းတွေကလည်း စက်ပစ္စည်းတစ်ခုပါ။ အဲ့ဒီအတွက် ကိုယ့်ဘက်က တမင်မလုပ်မိရင်တောင်မှ အကြောင်းအမျိုးမျိုးကြောင့် သုံးနေရင်း ပါဝါမလာတော့တာ၊ ဖွင့်လို့မရတော့တာ၊ Android Logo မှာပဲ လည်နေတာတွေ ကြုံတွေ့ရနိုင်ပါတယ်။ အဲ့ဒီအချိန်တွေမှာ ဘယ်လိုပြုလုပ်ရမလဲဆိုတာကို ဖော်ပြသွားပါမယ်။
အားပြန်သွင်းကြည့်ပါ
***************
ညဘက်တစ်ညလုံးဖွင့်ထားမိပြီး နောက်နေ့မှာ ဖုန်းကို ဖွင့်လို့မရတော့ဘူးဆိုရင်တော့ အရင်ဆုံးလုပ်သင့်တာက ဖုန်းက အားပြန်သွင်းကြည့်တာပါ။ ညတုန်းက Battery ကျန်သေးတယ်ဆိုရင်တောင် တခါတလေ ညအိမ်နေတုန်း နောက်ကွယ်က Run နေတဲ့ Application အချို့ကြောင့် Battery ကုမန်ပြီး ပိတ်သွားတာဖြစ်တတ်ပါတယ်။
ဖုန်းက ပါဝါမလာတာလား၊
Screen က ပါဝါမလာတာလားဆိုတာကို စစ်ဆေးပါ
တကယ်လို့ ဖုန်းကို ပါဝါဖွင့်ကြည့်လိုက်တဲ့အချိန််မှာ Vibrate ဝင်သွားပြီးတော့ Screen မှာ ဘာမှမလင်းလာဘူးဆိုရင်တော့ ဖုန်းက ပျက်တာထက် Display မှာ ပြဿနာရှိနေတာ ဒါမှမဟုတ် ဖုန်း Firmware ကြောင့်ဖြစ်တတ်ပါတယ်။
ဖုန်း အောက်ပြုတ်ကျတာ၊ ရေစိုတာ ရှိမရှိစစ်ဆေးပါ
*************************************
ဖုန်းအောက်လွတ်ကျတာ၊ ရေစိုတာတွေက ဖုန်းကို ပါဝါမလာစေတဲ့ အဓိကအချက်တွေပဲဖြစ်ပါတယ်။ အရင်ဆုံး အောက်လွတ်ကျတာ ဒါမှမဟုတ် ရေစိုတာ ရှိနေတယ်ဆိုရင်တော့ ဘာမှဆက်မလုပ်တော့ပဲ Service ကိုပဲ သွားပါ။
တဖြည်းဖြည်းနှေးလာပြီး နောက်ဆုံးဖွင့်လို့မရတော့တာလား??
*******************************************
ဒါကတော့ များသောအားဖြင့် ဖုန်းရဲ့ Software Error ကြောင့် ပိုပြီး အဖြစ်များပါတယ်။ ကိုယ်သွင်းထားတဲ့ Application တွေ၊ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေ အလွန်များပြားနေတာကြောင့် ဖြစ်တတ်ပြီး Firmware ပြန်တင်လိုက်ရင် ပြန်ကောင်းသွားတတ်ပါတယ်။
Battery က ဖောင်းနေတာ ရှိမရှိစစ်ဆေးပါ
********************************
ဖုန်းက ရုတ်တရက် ပါဝါမလာတော့ဘူးဆိုရင်တော့ Battery ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဖုန်းနောက်ကျောကို ခွာလို့ရရင်တော့ အဆင်ပြေပေမယ့် ခွာလို့မရရင်တော့ သက်ဆိုင်ရာ Service မှာ စစ်ဆေးကြည့်ပါ ။
Logo မှာ ရပ်နေပြီလား?
******************
Android ဖုန်းတွေမှာ ဖြစ်တတ်တဲ့အရာတစ်ခုကတော့ Android Logo မှာ ရပ်နေတာဖြစ်ပြီးတော့ ဖုန်းရဲ့ Operating System ကို မတပ်လာတာပဲဖြစ်ပါတယ်။ အဲ့ဒါက များသောအားဖြင့် Firmware ရဲ့ Error တစ်ခုခုကြောင့်ဖြစ်နိုင်ပြီးတော့ Firmware ပြန်ရေးလိုက်ရင် အဆင်ပြေမှာပါ။Credit to Teacher
အားလုံးကိုခင်မင်လျှက်
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com
No comments: