ဝါယာေ႐ွာ့ျဖစ္ရျခင္း အေၾကာင္းအရင္္းနဲ႔ မျဖစ္္ေအာင္ ကာကြယ္နည္း - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

ဝါယာေ႐ွာ့ျဖစ္ရျခင္း အေၾကာင္းအရင္္းနဲ႔ မျဖစ္္ေအာင္ ကာကြယ္နည္း

[Zawgyi] ၿဖင္႔ဖတ္ရန္ ဝါယာေရွာ့ ျဖစ္ျပီဆိုရင္ လူေတြက မီးထေတာက္မယ္၊ မီးပန္းေတြ ထျဖစ္မယ္၊ ျဖဴးစ္ (Fuse) လို ဘရိတ္ကာ (MCB, Over Current Breaker) လို အကာအကြယ္ ျဖစ္ေစမယ့္ ပစၥည္းေတြ မီးကို ျဖတ္ခ်ေပးမယ္လို႔ပဲ ထင္ျမင္တတ္ၾကပါတယ္။ ဝါယာေရွာ့ ျဖစ္ရတဲ့ အေၾကာင္းအရင္းေတြ အမ်ားၾကီးပါ။ အေၾကာင္းအရင္း မတူတဲ့အခါမွာ ျဖစ္ပြားပံုနဲ႔ ခုနင္က အကာအကြယ္ေတြ အလုပ္လုပ္ပံုေတြ မတူညီသလို ျဖစ္လာႏိုင္တဲ့ အႏၱရယ္ေတြလဲ မတူပါဘူး။
ပလပ္ေပါက္ (Socket Outlet) တစ္ခုုမွာ ပလပ္ (Plug) မ်ားစြာ တပ္ဆင္္အသံုးျပဳျခင္း။
ပံုမွန္ အိမ္သံုး Socket Outlet ေတြနဲ႔ Plug ေတြကို တပ္ဆင္ အသံုးျပဳရာမွာ အမ်ားဆံုး ခံႏိုင္ဝန္အား ( ၁၃ အမ္ပီယာ – 13 A; Ampere) ကိုပဲ ခြင့္ျပဳၾကပါတယ္။ BS (British Standard) မွာေတာ့ 2, 5, 15, 30 A အထိ ခြင့္ျပဳသတ္မွတ္ သံုးစြဲတာကို ေတြရပါတယ္။
#REF: CP-05; 553-01, Table 55A (L)
တပ္ဆင္ အသံုးျပဳမယ့္ ပစၥည္းကိရိိယာရဲ႕ ဆြဲမယ့္ဝန္ကို မူတည္ျပီးေတာ့ Socket-Outlet နဲ႔ Plug ေတြကို ပံုေသ တြက္ခ်က္ အသံုးျပဳရပါတယ္။ Extension Cable အသံုးျပဳတာ၊ Extension Socket လို႔ေခၚတဲ့ ပြားသံုးတာေတြကို ခဏတာ အသံုးျပဳဖို႔အတြက္ပဲ ခြင့္ျပဳပါတယ္။ အျမဲတပ္ဆင္ အသံုးျပဳခြင့္ မရွိပါဘူး။ ဒါေပမယ့္ ျမန္မာျပည္မွာ အသံုးျပဳၾကတဲ့ ပံုစံကေတာ့ ပလပ္ေပါက္တစ္ခုေတြ႕ရင္ စုျပံဳထိုးၾကတာပါပဲ။ ဒီကေနျပီးေတာ့ ျပႆနာေတြ ျဖစ္ႏိုင္ပါတယ္။
(၁) ဝန္ပိုအသံုးျပဳျခင္း (Over Current)
ပလပ္ေပါက္တစ္ခုအတြက္ သြယ္တန္းထားတဲ့ ဝါယာၾကိဳး၊ ပလပ္ေပါက္္ရဲ႕ ခံႏိုင္ရည္အား၊ ပလပ္ရဲ႕ ခံႏိုင္ရည္အား စတာေတြက မ်ားေသာအားျဖင့္ ၁၃ အမ္ပီယာ ခံႏိုင္ေအာင္ လုပ္ထားေပမယ့္ အလြယ္တကူ နီးစစပ္ရာမွာ တပ္ဆင္ အသံုးျပဳၾကတာေၾကာင့္ ခံႏိုင္ရည္အားကို ေက်ာ္လြတ္ျပီးေတာ့ ဆြဲတတ္ပါတယ္။ ဥပမာဆိုရရင္ ပလပ္တစ္ေပါက္ထဲကေန ကြန္ျပဴတာရဲ႕ ေမာ္နီတာ၊ UPS၊ System၊ စတာေတြအျပင္ ပန္ကာတို႔ မီးပူတို႔ ယူအသံုးျပဳတာပါ။
ပလပ္ေတြ ပလပ္ေပါက္ေတြရဲ႕ အတြင္းမွာ ပါဝင္္တဲ့ ေၾကးေတြနဲ႔ အဆက္ျဖစ္တဲ့ မူလီ၊ စကူ (Screw) စတာေတြရဲ႕ လွ်ပ္စီးခံႏိုင္ရည္ထက္ ပိုသံုးတဲ့အခါ ဒီေနရာေတြက ပူလာတတ္ပါတယ္။ ပံုမွန္ ဒီပစၥည္းေတြကေန ထုတ္လႊတ္တဲ့ အပူခ်ိန္ဟာ ၃၅ ကေန ၄၀ ဒီဂရီ ဆဲလ္စီးယပ္ထက္ မပိုသင့္ပါဘူး။ ဒီခံႏိုင္အားဆိုတာက ပလပ္တစ္ခုရဲ႕ ခံႏိုင္အားပါ အကာအကြယ္ျဖစ္တဲ့ Breaker နဲ႔ ျဖဴစ္ေတြနဲ႔ မဆိုင္တာေၾကာင့္ အေပၚက ခံထားတဲ့ ဒီပစၥည္းေတြ မျဖတ္ခ်ပဲနဲ႔ ဒီပလပ္နဲ႔ ပလပ္ေပါက္မွာ မီးထေလာင္ႏိုင္ပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ ျဖဴစ္ေတြ Breaker ေတြက တစ္အိမ္လံုးစာ လိုင္းတစ္လိုင္းစာအတြက္ တြက္ခ်က္ထည့္သြင္းထားတာ ျဖစ္ျပီးေတာ့ ဒီပလပ္ေပါက္မွာ ဝန္ပိုေနေပမယ့္ သူ႔ရဲ႕ ခံႏိုင္ဝန္ထက္ မေက်ာ္ေသးတာေၾကာင့္လို႔ ေျပာလို႔ရပါတယ္။
ျပထားတဲ့ ပံုမွာဆိုရင္ အခ်ိန္ၾကာျမင့္စြာ ဝန္ပိုသံုးထားတဲ့အတြက္ ပူျပီးေတာ့ ေပ်ာ္လာတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ လွ်ပ္စစ္ပစၥည္းးေတြဟာ အပူခ်ိန္ကို ခံႏို္င္ရည္ရွိေအာင္ ထုတ္လုပ္ထားေပမယ့္ အခ်ိန္ၾကာျမင့္စြာ နည္းမွားတစ္ခုနဲ႔ အသံုးျပဳခဲ့ရင္ေတာ့ အပူလြန္ျပီး ဒီကေနပဲ မီးထေလာင္ႏိုင္ပါတယ္။
လုပ္ေဆာင္ရမွာကေတာ့။ ။ ပလပ္တစ္ေပါက္တည္းကေန အမ်ားၾကီး ခြဲသံုးဖိုိ႔ကို ေရွာင္ရပါမယ္။ မျဖစ္မေန အသံုးျပဳရရင္လဲ တတ္ကၽြမ္းနားလည္သူနဲ႔ တိုင္ပင္ျပီးေတာ့ ပံုေသ ပလပ္ေတြ တပ္ဆင္သင့္ပါတယ္။ အမ်ားၾကီး စုျပံဳ အသံုးျပဳမိရင္လဲ အပူလြန္ေနမေန စစ္ေဆးေနရပါမယ္။
(၂) လွ်ပ္စစ္ပစၥည္းမွွ ဝန္ပိုျဖစ္ျခင္း
အိမ္သံုး လွ်ပ္စစ္ပစၥည္းေတြ ဝန္ပိုဆြဲျခင္း (Short-Circuit) ျဖစ္တာေၾကာင့္လဲ ပလပ္နဲ႔ ပလပ္ေပါက္မွာ အလြန္အကၽြံ ဝန္ဆြဲျပီးေတာ့ ခုနင္ကလို မီးေလာက္ကၽြမ္းတာေတြလဲ ျဖစ္တတ္ပါတယ္။ မ်ားေသာအားျဖင့္ အခုေနာက္ပိုင္း ပလပ္နဲ႔ ပလပ္ေပါက္ေတြမွာ ဝန္ထိန္းေပးမယ့္ Fuse ေလးေတြ တပ္ဆင္ထားတာေတြ ရွိေနပါျပီ။ ဒါမ်ိဳးေတြကို ေရြးခ်ယ္ အသံုးျပဳသင့္ပါတယ္။ လွ်ပ္စစ္ပစၥည္းတစ္ခု ဝန္ပိုျဖစ္လို႔ ေရွာ့ျဖစ္ရင္ ဒိျဖဴးစ္ေလးက ျပတ္သြားျပီးေတာ့ အႏၱရယ္ကို ေရွာင္ႏိုင္ပါလိမ့္မယ္။
(၃) မထိိတထိျဖစ္ျခင္း၊ အံမဝင္ျခင္း
ပလပ္ေပါက္တစ္ခုတည္းကို ပလပ္ေပါင္းမ်ားစြာ စုျပံဳထိုးျပီးေတာ့ အသံုးျပဳတဲ့အခါ တစ္ခုနဲ႔တစ္ခု ေထာက္ေနတာ၊ အခုအခံျဖစ္ေနတာေတြေၾကာင့္ ထိထိမိမိ မျဖစ္တဲ့အခါေတြ ရွိတတ္ပါတယ္။ ဒီလိုအခါမွာ ပလပ္နဲ႔ ပလပ္ေပါက္ အတြင္းက ေၾကးသားေတြမွာ အပူလြန္ကဲလာျပီးေတာ့ မီးထေလာင္တတ္ပါတယ္။ ဒါမ်ိဳးဟာ ဝန္ပိုဆြဲတာ မဟုတ္ေတာ့ Breaker နဲ႔ Fuse ေတြကေန အကာအကြယ္ ေပးမွာ မဟုတ္ပါဘူး။ ေနာက္ဆံုး မီးေလာက္ျပီး အထိန္းေတြျဖစ္တဲ့ PVC ေတြ ေလာင္ကၽြမ္းမီးေလာင္ျပီးေတာ့ ဝါယာႏွစ္ခုပူးမွသာ ဒီအကာအကြယ္ေတြက အလုပ္လုပ္မွာပါ။ ဒိအခ်ိန္က အလြန္ေနာက္က်ေနေလာက္ပါျပီ။
ေနာက္တစ္ခုက ပလပ္ေတြ စုျပဳံထားတဲ့အတြက္ တစ္ခုနဲပတစ္ခု ျငိေနတာမ်ိဳး ခ်ိတ္ေနတာမ်ိဳးေတြေၾကာင့္လဲ ပလပ္ရဲ႕ အမာခံ ေခါင္းနဲ႔ ၾကိဳးအဆက္ေနရာေတြမွာ ဒဏ္ျဖစ္တတ္ပါတယ္။ အဲ့ဒိ ဒဏ္ျဖစ္တဲ့ေနရာထဲက ဝါယာႏွစ္ခု မထိတစ္ထိျဖစ္ရာကေနလဲ မီးေလာင္ႏိုင္ေစပါတယ္။
လုပ္ေဆာင္ရမွာက။ ။ ပလပ္တပ္တဲ့အခါ ထိထိမိိမိရွိပါေစ။ ဝါယာေတြကို ရႈပ္ေထြးမေနေစပဲနဲ႔ ရွင္းလင္းသပ္ရပ္ေအာင္ ဂရုစိုက္ေစလိုပါတယ္။
ျမန္မာျပည္မွာ အထူးသျဖင့္ အသံုးျပဳေနတာေတြက (2 Pin Plug) လို႔ေခၚတဲ့ ႏွစ္ငုတ္္ ေခါင္းေတြပါပဲ။ ေခါင္းလံုးနဲ႔ ေခါင္းျပားဆိုျပီးေတာင္ ကြဲပါေသးတယ္။ မ်ားေသာအားျဖင့္ ေခါင္းျပား ႏွစ္ငုတ္ေတြကို သံုၾကပါတယ္။ ဒါေတြက ပိုျပီးေတာ့ မမိတာေတြ မထိတထိျဖစ္တာေတြကို ပိုျဖစ္ေစပါတယ္။ ျမန္မာျပည္မယ္ ဘယ္လုိ ပလပ္ကိုပဲ သံုးရမယ္ဆိုတဲ့ စံမရွိတာေၾကာင့္ ဒီျပႆနာေတြ ျဖစ္ေနတာပါ။
ေနာက္ဆံုး ပလပ္ေတြအေၾကာင္း နိဂံုးခ်ဳပ္ရရင္ေတာ့ ကိုယ္တပ္္ထားတဲ့ ပလပ္က ထိထိမိမိျဖစ္ပါေစ၊ အပူခ်ိန္ လြန္ေနသလား အျမဲ ဂရုစိုက္ပါ၊ ျဖစ္ႏိုင္ရင္ (3 Pin Plug) ေတြ သံုးပါ။ ေနာက္ျပီးေတာ့ ကိုယ္အျမဲသံုးမယ့္ ပစၥည္းေတြအတြက္ ပံုေသ ပလပ္ေပါက္မ်ား တပ္ဆင္ အသံုးျပဳၾကပါလို႔ အၾကံျပဳခ်င္ပါတယ္။
Credit Writer

 =========================

ဝါယာရှော့ဖြစ်ရခြင်း အကြောင်းအရင််းနဲ့ မဖြစ််အောင် ကာကွယ်နည်း
[Unicode]ဖြင့်ဖတ်ရန် ဝါယာရှော့ ဖြစ်ပြီဆိုရင် လူတွေက မီးထတောက်မယ်၊ မီးပန်းတွေ ထဖြစ်မယ်၊ ဖြူးစ် (Fuse) လို ဘရိတ်ကာ (MCB, Over Current Breaker) လို အကာအကွယ် ဖြစ်စေမယ့် ပစ္စည်းတွေ မီးကို ဖြတ်ချပေးမယ်လို့ပဲ ထင်မြင်တတ်ကြပါတယ်။ ဝါယာရှော့ ဖြစ်ရတဲ့ အကြောင်းအရင်းတွေ အများကြီးပါ။ အကြောင်းအရင်း မတူတဲ့အခါမှာ ဖြစ်ပွားပုံနဲ့ ခုနင်က အကာအကွယ်တွေ အလုပ်လုပ်ပုံတွေ မတူညီသလို ဖြစ်လာနိုင်တဲ့ အန္တရယ်တွေလဲ မတူပါဘူး။
ပလပ်ပေါက် (Socket Outlet) တစ်ခုုမှာ ပလပ် (Plug) များစွာ တပ်ဆင််အသုံးပြုခြင်း။
ပုံမှန် အိမ်သုံး Socket Outlet တွေနဲ့ Plug တွေကို တပ်ဆင် အသုံးပြုရာမှာ အများဆုံး ခံနိုင်ဝန်အား ( ၁၃ အမ်ပီယာ – 13 A; Ampere) ကိုပဲ ခွင့်ပြုကြပါတယ်။ BS (British Standard) မှာတော့ 2, 5, 15, 30 A အထိ ခွင့်ပြုသတ်မှတ် သုံးစွဲတာကို တွေရပါတယ်။
#REF: CP-05; 553-01, Table 55A (L)
တပ်ဆင် အသုံးပြုမယ့် ပစ္စည်းကိရိိယာရဲ့ ဆွဲမယ့်ဝန်ကို မူတည်ပြီးတော့ Socket-Outlet နဲ့ Plug တွေကို ပုံသေ တွက်ချက် အသုံးပြုရပါတယ်။ Extension Cable အသုံးပြုတာ၊ Extension Socket လို့ခေါ်တဲ့ ပွားသုံးတာတွေကို ခဏတာ အသုံးပြုဖို့အတွက်ပဲ ခွင့်ပြုပါတယ်။ အမြဲတပ်ဆင် အသုံးပြုခွင့် မရှိပါဘူး။ ဒါပေမယ့် မြန်မာပြည်မှာ အသုံးပြုကြတဲ့ ပုံစံကတော့ ပလပ်ပေါက်တစ်ခုတွေ့ရင် စုပြုံထိုးကြတာပါပဲ။ ဒီကနေပြီးတော့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။
(၁) ဝန်ပိုအသုံးပြုခြင်း (Over Current)
ပလပ်ပေါက်တစ်ခုအတွက် သွယ်တန်းထားတဲ့ ဝါယာကြိုး၊ ပလပ်ပေါက််ရဲ့ ခံနိုင်ရည်အား၊ ပလပ်ရဲ့ ခံနိုင်ရည်အား စတာတွေက များသောအားဖြင့် ၁၃ အမ်ပီယာ ခံနိုင်အောင် လုပ်ထားပေမယ့် အလွယ်တကူ နီးစစပ်ရာမှာ တပ်ဆင် အသုံးပြုကြတာကြောင့် ခံနိုင်ရည်အားကို ကျော်လွတ်ပြီးတော့ ဆွဲတတ်ပါတယ်။ ဥပမာဆိုရရင် ပလပ်တစ်ပေါက်ထဲကနေ ကွန်ပြူတာရဲ့ မော်နီတာ၊ UPS၊ System၊ စတာတွေအပြင် ပန်ကာတို့ မီးပူတို့ ယူအသုံးပြုတာပါ။
ပလပ်တွေ ပလပ်ပေါက်တွေရဲ့ အတွင်းမှာ ပါဝင််တဲ့ ကြေးတွေနဲ့ အဆက်ဖြစ်တဲ့ မူလီ၊ စကူ (Screw) စတာတွေရဲ့ လျှပ်စီးခံနိုင်ရည်ထက် ပိုသုံးတဲ့အခါ ဒီနေရာတွေက ပူလာတတ်ပါတယ်။ ပုံမှန် ဒီပစ္စည်းတွေကနေ ထုတ်လွှတ်တဲ့ အပူချိန်ဟာ ၃၅ ကနေ ၄၀ ဒီဂရီ ဆဲလ်စီးယပ်ထက် မပိုသင့်ပါဘူး။ ဒီခံနိုင်အားဆိုတာက ပလပ်တစ်ခုရဲ့ ခံနိုင်အားပါ အကာအကွယ်ဖြစ်တဲ့ Breaker နဲ့ ဖြူစ်တွေနဲ့ မဆိုင်တာကြောင့် အပေါ်က ခံထားတဲ့ ဒီပစ္စည်းတွေ မဖြတ်ချပဲနဲ့ ဒီပလပ်နဲ့ ပလပ်ပေါက်မှာ မီးထလောင်နိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဖြူစ်တွေ Breaker တွေက တစ်အိမ်လုံးစာ လိုင်းတစ်လိုင်းစာအတွက် တွက်ချက်ထည့်သွင်းထားတာ ဖြစ်ပြီးတော့ ဒီပလပ်ပေါက်မှာ ဝန်ပိုနေပေမယ့် သူ့ရဲ့ ခံနိုင်ဝန်ထက် မကျော်သေးတာကြောင့်လို့ ပြောလို့ရပါတယ်။
ပြထားတဲ့ ပုံမှာဆိုရင် အချိန်ကြာမြင့်စွာ ဝန်ပိုသုံးထားတဲ့အတွက် ပူပြီးတော့ ပျော်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ များသောအားဖြင့် လျှပ်စစ်ပစ္စည်းးတွေဟာ အပူချိန်ကို ခံနို်င်ရည်ရှိအောင် ထုတ်လုပ်ထားပေမယ့် အချိန်ကြာမြင့်စွာ နည်းမှားတစ်ခုနဲ့ အသုံးပြုခဲ့ရင်တော့ အပူလွန်ပြီး ဒီကနေပဲ မီးထလောင်နိုင်ပါတယ်။
လုပ်ဆောင်ရမှာကတော့။ ။ ပလပ်တစ်ပေါက်တည်းကနေ အများကြီး ခွဲသုံးဖိို့ကို ရှောင်ရပါမယ်။ မဖြစ်မနေ အသုံးပြုရရင်လဲ တတ်ကျွမ်းနားလည်သူနဲ့ တိုင်ပင်ပြီးတော့ ပုံသေ ပလပ်တွေ တပ်ဆင်သင့်ပါတယ်။ အများကြီး စုပြံု အသုံးပြုမိရင်လဲ အပူလွန်နေမနေ စစ်ဆေးနေရပါမယ်။
(၂) လျှပ်စစ်ပစ္စည်းမှှ ဝန်ပိုဖြစ်ခြင်း
အိမ်သုံး လျှပ်စစ်ပစ္စည်းတွေ ဝန်ပိုဆွဲခြင်း (Short-Circuit) ဖြစ်တာကြောင့်လဲ ပလပ်နဲ့ ပလပ်ပေါက်မှာ အလွန်အကျွံ ဝန်ဆွဲပြီးတော့ ခုနင်ကလို မီးလောက်ကျွမ်းတာတွေလဲ ဖြစ်တတ်ပါတယ်။ များသောအားဖြင့် အခုနောက်ပိုင်း ပလပ်နဲ့ ပလပ်ပေါက်တွေမှာ ဝန်ထိန်းပေးမယ့် Fuse လေးတွေ တပ်ဆင်ထားတာတွေ ရှိနေပါပြီ။ ဒါမျိုးတွေကို ရွေးချယ် အသုံးပြုသင့်ပါတယ်။ လျှပ်စစ်ပစ္စည်းတစ်ခု ဝန်ပိုဖြစ်လို့ ရှော့ဖြစ်ရင် ဒိဖြူးစ်လေးက ပြတ်သွားပြီးတော့ အန္တရယ်ကို ရှောင်နိုင်ပါလိမ့်မယ်။
(၃) မထိိတထိဖြစ်ခြင်း၊ အံမဝင်ခြင်း
ပလပ်ပေါက်တစ်ခုတည်းကို ပလပ်ပေါင်းများစွာ စုပြံုထိုးပြီးတော့ အသုံးပြုတဲ့အခါ တစ်ခုနဲ့တစ်ခု ထောက်နေတာ၊ အခုအခံဖြစ်နေတာတွေကြောင့် ထိထိမိမိ မဖြစ်တဲ့အခါတွေ ရှိတတ်ပါတယ်။ ဒီလိုအခါမှာ ပလပ်နဲ့ ပလပ်ပေါက် အတွင်းက ကြေးသားတွေမှာ အပူလွန်ကဲလာပြီးတော့ မီးထလောင်တတ်ပါတယ်။ ဒါမျိုးဟာ ဝန်ပိုဆွဲတာ မဟုတ်တော့ Breaker နဲ့ Fuse တွေကနေ အကာအကွယ် ပေးမှာ မဟုတ်ပါဘူး။ နောက်ဆုံး မီးလောက်ပြီး အထိန်းတွေဖြစ်တဲ့ PVC တွေ လောင်ကျွမ်းမီးလောင်ပြီးတော့ ဝါယာနှစ်ခုပူးမှသာ ဒီအကာအကွယ်တွေက အလုပ်လုပ်မှာပါ။ ဒိအချိန်က အလွန်နောက်ကျနေလောက်ပါပြီ။
နောက်တစ်ခုက ပလပ်တွေ စုပြုံထားတဲ့အတွက် တစ်ခုနဲပတစ်ခု ငြိနေတာမျိုး ချိတ်နေတာမျိုးတွေကြောင့်လဲ ပလပ်ရဲ့ အမာခံ ခေါင်းနဲ့ ကြိုးအဆက်နေရာတွေမှာ ဒဏ်ဖြစ်တတ်ပါတယ်။ အဲ့ဒိ ဒဏ်ဖြစ်တဲ့နေရာထဲက ဝါယာနှစ်ခု မထိတစ်ထိဖြစ်ရာကနေလဲ မီးလောင်နိုင်စေပါတယ်။
လုပ်ဆောင်ရမှာက။ ။ ပလပ်တပ်တဲ့အခါ ထိထိမိိမိရှိပါစေ။ ဝါယာတွေကို ရှုပ်ထွေးမနေစေပဲနဲ့ ရှင်းလင်းသပ်ရပ်အောင် ဂရုစိုက်စေလိုပါတယ်။
မြန်မာပြည်မှာ အထူးသဖြင့် အသုံးပြုနေတာတွေက (2 Pin Plug) လို့ခေါ်တဲ့ နှစ်ငုတ်် ခေါင်းတွေပါပဲ။ ခေါင်းလုံးနဲ့ ခေါင်းပြားဆိုပြီးတောင် ကွဲပါသေးတယ်။ များသောအားဖြင့် ခေါင်းပြား နှစ်ငုတ်တွေကို သုံကြပါတယ်။ ဒါတွေက ပိုပြီးတော့ မမိတာတွေ မထိတထိဖြစ်တာတွေကို ပိုဖြစ်စေပါတယ်။ မြန်မာပြည်မယ် ဘယ်လို ပလပ်ကိုပဲ သုံးရမယ်ဆိုတဲ့ စံမရှိတာကြောင့် ဒီပြဿနာတွေ ဖြစ်နေတာပါ။
နောက်ဆုံး ပလပ်တွေအကြောင်း နိဂုံးချုပ်ရရင်တော့ ကိုယ်တပ််ထားတဲ့ ပလပ်က ထိထိမိမိဖြစ်ပါစေ၊ အပူချိန် လွန်နေသလား အမြဲ ဂရုစိုက်ပါ၊ ဖြစ်နိုင်ရင် (3 Pin Plug) တွေ သုံးပါ။ နောက်ပြီးတော့ ကိုယ်အမြဲသုံးမယ့် ပစ္စည်းတွေအတွက် ပုံသေ ပလပ်ပေါက်များ တပ်ဆင် အသုံးပြုကြပါလို့ အကြံပြုချင်ပါတယ်။
Credit Writer



အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

ဝါယာေ႐ွာ့ျဖစ္ရျခင္း အေၾကာင္းအရင္္းနဲ႔ မျဖစ္္ေအာင္ ကာကြယ္နည္း Reviewed by ညီလတ္ထြန္း(နည္းပညာ) on 7:06 AM Rating: 5 [Zawgyi] ၿဖင္႔ဖတ္ရန္ ဝါယာေရွာ့ ျဖစ္ျပီဆိုရင္ လူေတြက မီးထေတာက္မယ္၊ မီးပန္းေတြ ထျဖစ္မယ္၊ ျဖဴးစ္ (Fuse) လို ဘရိတ္ကာ (MCB, Over Current Brea...

No comments: