အိုင္တီဆိုတာဘာလဲ - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

အိုင္တီဆိုတာဘာလဲ

[ZawGyi]ၿဖင္႔ဖတ္ရန္ကၽြန္ေတာ္မွန္းတာ မမွားရင္ ခင္ဗ်ားအေနနဲ႔ အိုင္တီဆိုတဲ့ စကားလုံးကို ၾကားဖူး ျမင္ဖူးတာ မနည္းေလာက္ေတာ့ဘူး.. ျမင္ပါမ်ားလို႔ တစ္ေယာက္ေယာက္က ေျပာလိုက္ရင္ ေအာ္ အိုင္တီ မ်ားကြာလို႔ေတြးၿပီး ကြန္ပ်ဴတာေတြ၊ ဖုန္းေတြ ေခါင္းထဲေတာင္ ေပၚရင္ေပၚလာေလာက္တယ္..

ဒီေတာ့ ကၽြန္ေတာ္က ေမးခြန္းတစ္ခုေမးၾကည့္မယ္.. အိုင္တီဆိုတာ ဘာလဲ နည္းနည္းေလာက္ရွင္းျပပါလား.. ေဆးပညာဆိုတာ အနာေရာဂါေတြေပ်ာက္ကင္းဖို႔၊  Engineering ဆိုတာ တိုက္တာ အေဆာက္အဦေတြ၊ စက္ပစၥည္းအသစ္ေတြ တည္ထြင္ဖို႔ ဆိုတာလိုမ်ိဳး တိတိက်က် အေျဖကိုလိုခ်င္တာ..

အိုင္တီဆိုတာ ကြန္ပ်ဴတာေတြနဲ႔ လူေတြကိုခ်ိတ္ဆက္ အင္တာနက္သုံး YouTube ၾကည့္လို႔ရ၊ စာေတြပို႔လို႔ရဆိုတဲ့ မေရမရာ အေျဖမ်ိဳးမဟုတ္ဘူး..“ေဆးပညာဆိုတာ အနာေရာဂါေတြ ေပ်ာက္ကင္း သက္သာေအာင္ လုပ္တာ” ဆိုတာလိုမ်ိဳး တစ္ခြန္းထဲနဲ႔ တိက်တဲ့ အေျဖကိုလိုခ်င္တာ..

အကယ္လို႔ ခင္ဗ်ားအေနနဲ႔ ဘာေျပာရမွန္းမသိဘဲ သိသလိုလို မသိသလိုလိုပဲ ဆိုရင္ေတာ့ ဒီေဆာင္းပါးကို ဆုံးေအာင္ဖတ္ၾကည့္သင့္တယ္..

အမွန္ေတာ့ လူတစ္ရာမွာ ကိုးဆယ္ေက်ာ္ေလာက္က ဒီလိုပဲ IT ဆိုတာ ကို သိတယ္လို႔ထင္ေနေပတဲ့ တကယ္တမ္းေကာက္ေမးလိုက္ရင္မသိေတာ့ဘူး.. ေနာက္ဆက္တြဲကေတာ့ အိုင္တီဆိုတာ ဖုန္းျပင္တာလို႔ ထင္တဲ့လူကထင္၊ အသစ္ထြက္တဲ့ ကြန္ပ်ဴတာ၊ ဖုန္း Review ေတြကို အိုင္တီထင္တဲ့လူကထင္နဲ႔ “မ်က္ျမင္ပုဏၰား ေျခာက္ေယာက္” ရဲ့ ဆင္လို အိုင္တီဆိုသဟာႀကီးဟာ တစ္ေယာက္တမ်ိဳးစီ ေသာက္အိုးစည္ေတြျဖစ္ၿပီး ျဖစ္ခ်င္တိုင္းကို ျဖစ္ေနေတာ့တယ္..

အဘိဓါန္ေတြမွာေတာ့ IT ကို

    the study or use of systems (especially computers and telecommunications) for storing, retrieving, and sending information.

ဆိုတာလိုမ်ိး ဖြင့္ၾကတယ္.. ကြန္ပ်ဴတာမ်ားႏွင့္ ဆက္သြယ္ေရး နည္းပညာမ်ားကို အသုံးျပဳ၍ သတင္းအခ်က္အလက္မ်ား သိမ္းဆည္း၊ ရယူ၊ ျဖန္‌‌ေဝျခင္းကို ေလ့လာသည့္ ဘာသာရပ္ လို႔ပဲ အၾကမ္းဖ်င္းဆိုပါေတာ့.. ကၽြန္ေတာ့္ အျမင္ေတာ့ အဘိဓါန္ထဲ ပါတဲ့ ဖြင့္ဆိုခ်က္ဟာ လုံေလာက္တယ္.. အလို အပိုမရွိဘူး.. တိက်တယ္ေပါ့..

ဒါေပမဲ့ ျပႆနာက ကၽြန္ေတာ္ စာသင္ေပးဖူးတဲ့လူအမ်ားစုကို အဲ့ဒါႀကီးသြားျပရင္ နားမလည္ၾကဘူး.. ေသခ်ာေလ့လာၾကည့္ေတာ့ လူအမ်ားစု နားမလည္တာက Information ဆိုတာ ဘာႀကီးကို သိပ္မရွင္းၾကတာ.. တျခာမ်က္စိလည္စရာ Data ဆိုတဲ့စကားလုံးကလည္း ရွိေနေသးတာကိုး..

ကၽြန္ေတာ့္ အျမင္ေျပာရမယ္ဆို ကိုယ့္ Messenger ထဲစာရိုက္ၿပီး သူငယ္ခ်င္းဆီစာလွမ္းပို႔တာေလာက္ကစလို႔  ဟိုး Google ေလာက္အထိဟာ Data to Information Lifecycle ပဲ.. ေျပာရရင္ Data နဲ႔ Information သံသရာ လည္ေနတာပဲ.. ရွင္းကာမွ ေတာ္ေတာ္ရွုပ္ေနၿပီမဟုတ္လား 😂
Data & Information

ဒီေတာ့ ကၽြန္ေတာ္တို႔ အေျခခံေလးေတြကေန နည္းနည္းျပန္စၾကည့္ရေအာင္ .. IT နဲ႔ ပတ္သတ္လာရင္ အေျခခံမွာ မပါမျဖစ္ ႏွစ္ခုက Data နဲ႔ Information ပဲ. ဒီေတာ့ Data ဆိုတာဘာလဲ Information ဆိုတာဘာလဲ ကြဲကြဲျပားျပား မသိရင္ နားလည္ဖို႔ ခက္ေနမွာပဲ…

ဥပမာ ပုဂံမွာ ဟိုတယ္အလုံး တစ္ရာ ရွိတယ္.. ဒါက Data (အခ်က္အလက္) ပဲ.. အဲ့လို အခ်က္အလက္မ်ိဳးဟာ စီးပြားေရးသမားေတြနဲ႔ တျခား အခ်က္အလက္ေပၚမွာ အမီျပဳတဲ့ အခြန္ဌာနလိုမ်ိဳးအတြက္အသုံံးဝင္ေပမဲ့ ပုဂံဘုရားဖူး သြားရင္ တည္းဖို႔ ေနရာ ရွာေနသူေတြအတြက္ေတာ့ ဘာမွ အသုံးမဝင္ဘူး..

ဘုရားဖူးသြားရင္ တည္းဖို႔ ဟိုတယ္ရွာေနတဲ့လူက ပုဂံမွာ ဟိုတယ္ဘယ္ႏွလုံးရွိတယ္ဆိုတာထက္ ေစ်းအသင့္ဆုံးဟိုတယ္ေတြ၊ ၿမိဳထဲနဲ႔ အနီးဆုံံးဟိုတယ္ေတြ၊ အေကာင္းဆုံးဟိုတယ္ေတြ စတာလိုမ်ိဳး သုံးစားလို႔ရမယ့္ အခ်က္အလက္ (Information) ကိုပိုလိုခ်င္ၾကတယ္..

အေကာင္းဆုံး ဟိုတယ္ဆယ္လုံးဆိုတဲ့ သတင္းအခ်က္အလက္(Information) ကို ဘယ္ကရလဲဆိုေတာ့ ဟိုတယ္ အလုံးတစ္ရာ ရွိတဲ့ဆိုတဲ (Data) ေပၚက မွ အေျခခံၿပီးရတယ္..

ေနာက္ထပ္ သိထားစရာတစ္ခုကေတာ့ တခ်ိဳ႕လူေတြအတြက္ Data ဟာ တခ်ိဳ႕လူေတြအတြက္ Information ျဖစ္ေနနိုင္တယ္.. ပုံဂံမွာ ဟိုတယ္အလုံးတစ္ရာ ရွိတယ္ဆိုတဲ့ ကိစၥဟာ ဘုရားဖူးသြားမယ့္လူအတြက္ေတာ့ Data ပဲ .. သိပ္သုံးလို႔ မရဘူး.. ဒါေပမဲ့ အခြန္ဌာန အတြက္ေတာ့ ပုဂံမွာ ဟိုတယ္အလုံးတစ္ရာ ရွိတယ္ဆိုတာက Information ပဲ .. သူတို႔အတြက္ ဘယ္ဟိုတယ္အေကာင္းဆုံးလဲဆိုတာက အေရးမႀကီးဘူး.. သူတို႔အလုပ္က ဒီဟိုတယ္ အလုံးတစ္ရာလုံးဆီက ခြင္ဖန္ .. မွားလို႔ အခြန္ေကာက္ရမယ္..

ဒီေလာက္ဆိုရင္ Data နဲ႔ Information ကို အၾကမ္းသေဘာေလာက္ေတာ့ နားလည္ၿပီလို႔ ယူဆတယ္ (နားမလည္လည္း ထပ္မရွင္းျပေတာ့ဘူး.. စာရိုက္ရတာ လက္လည္း ေညာင္းလွၿပီ).. ဒီေတာ့ မူလ ျပႆနာ ျဖစ္တဲ့ IT ဆိုတာ ဘာလဲဆိုတာႀကီးကို တခ်က္ ျပန္သြားၾကည့္ရေအာင္..
Information Technology

ေျပာရရင္ Information Technology ဆိုတာႀကီး ေခတ္မစားခင္ ကတည္းက ပုဂံမွာ ဟိုတယ္ဘယ္ႏွစ္လုံးရွိသလဲ.. ဘယ္ဟိုတယ္ အေကာင္းဆုံးလည္းဆိုတဲ့ ေမးခြန္းေတြဟာ ရွိၿပီးျဖစ္တယ္.. အရင္ေခတ္ကေတာ့ သူ႔ေခတ္သူ႔ အခါအေလၽွာက္ ဟိုတယ္ဘယ္ႏွလုံး ရွိလဲ သိခ်င္ရင္ စာအုပ္ႀကီးေတြနဲ႔ စာရင္းမွတ္ထားရတယ္.. ဘယ္ဟိုတယ္ အေကာင္းဆုံးလဲ သိခ်င္ရင္ လမ္းညႊန္လိုမ်ိဳးကိုေမးရတယ္..

ဘာျဖစ္လဲဆိုေတာ့ ကိုယ္သိခ်င္တာ တစ္ခုသိရဖို႔ အခ်ိန္ၾကာတယ္ေပါ့.. ကြန္ပ်ဴတာေတြေပၚလာတယ္.. အိုင္တီဆိုသဟာႀကီးဟာ လူတိုင္းနီးပါး ပါးစပ္ဖ်ားေရာက္လာတယ္.. ခုေခတ္မွာ ပုဂံမွာ ဟိုတယ္ ဘယ္ႏွလုံးရွိလဲ သိဖို႔ .. ခုလက္ရွိ ႐ုံတင္ေနတဲ့ဇာတ္ကားေတြသိဖို႔ …. ဆယ္လီဗ်စ္တီေတြကေန လမ္းထိပ္က အေၾကာ္သည္ရဲ့ အတင္းအဖ်င္းကို သိဖို႔ Yellow Pages လွန္စရာမလို၊ ႐ုပ္ရွင္႐ုံတန္းကိုသြားစရာမလို၊ ဂ်ာနယ္ေတြ၊ မဂၢဇင္းေတြ လွန္ၾကည့္စရာမလိုသလို  ရပ္ကြက္ထဲ ဆင္းအတင္းတုပ္စရာလည္း မလိုေတာ့ဘူး..

အခ်ဳပ္ေျပာရရင္ေတာ့  IT ဆိုတာ လူေတြ လိုအပ္ေနတဲ့ သတင္းအခ်က္အလက္ေတြကို ပိုၿပီး ျမန္ျမန္ဆန္ဆန္ ရယူ ျဖန႔္ျဖဴးေပးနိုင္ေအာင္ လုပ္ေဆာင္ေပးတဲ့ ပညာရပ္ပါပဲ..

ထြက္သမၽွ ဖုန္းရီဗ်ဴးေတြဖတ္ၿပီး ကိုယ့္ဟာကိုယ္ အိုင္တီ စိတ္ဝင္စားသူႀကီးထင္ေနရင္ေတာ့ ေမာင္တို႔ မယ္တို႔ဟာ ဖုန္းႀကိဳးသြယ္ထားတဲ့ ဓါတ္တိုင္ကိုၾကည့္ၿပီး ကိုယ့္ကိုယ္ကို Graham Bell ျဖစ္လာမယ့္လူေတြလို႔ အထင္ေရာက္ေနတယ္လို႔ပဲ ေျပာခ်င္တယ္..
#activeitclass

==========================================

အိုင်တီဆိုတာဘာလဲ
[Unicode]ဖြင့်ဖတ်ရန် ကျွန်တော်မှန်းတာ မမှားရင် ခင်ဗျားအနေနဲ့ အိုင်တီဆိုတဲ့ စကားလုံးကို ကြားဖူး မြင်ဖူးတာ မနည်းလောက်တော့ဘူး.. မြင်ပါများလို့ တစ်ယောက်ယောက်က ပြောလိုက်ရင် အော် အိုင်တီ များကွာလို့တွေးပြီး ကွန်ပျူတာတွေ၊ ဖုန်းတွေ ခေါင်းထဲတောင် ပေါ်ရင်ပေါ်လာလောက်တယ်..

ဒီတော့ ကျွန်တော်က မေးခွန်းတစ်ခုမေးကြည့်မယ်.. အိုင်တီဆိုတာ ဘာလဲ နည်းနည်းလောက်ရှင်းပြပါလား.. ဆေးပညာဆိုတာ အနာရောဂါတွေပျောက်ကင်းဖို့၊  Engineering ဆိုတာ တိုက်တာ အဆောက်အဦတွေ၊ စက်ပစ္စည်းအသစ်တွေ တည်ထွင်ဖို့ ဆိုတာလိုမျိုး တိတိကျကျ အဖြေကိုလိုချင်တာ..

အိုင်တီဆိုတာ ကွန်ပျူတာတွေနဲ့ လူတွေကိုချိတ်ဆက် အင်တာနက်သုံး YouTube ကြည့်လို့ရ၊ စာတွေပို့လို့ရဆိုတဲ့ မရေမရာ အဖြေမျိုးမဟုတ်ဘူး..“ဆေးပညာဆိုတာ အနာရောဂါတွေ ပျောက်ကင်း သက်သာအောင် လုပ်တာ” ဆိုတာလိုမျိုး တစ်ခွန်းထဲနဲ့ တိကျတဲ့ အဖြေကိုလိုချင်တာ..

အကယ်လို့ ခင်ဗျားအနေနဲ့ ဘာပြောရမှန်းမသိဘဲ သိသလိုလို မသိသလိုလိုပဲ ဆိုရင်တော့ ဒီဆောင်းပါးကို ဆုံးအောင်ဖတ်ကြည့်သင့်တယ်..

အမှန်တော့ လူတစ်ရာမှာ ကိုးဆယ်ကျော်လောက်က ဒီလိုပဲ IT ဆိုတာ ကို သိတယ်လို့ထင်နေပေတဲ့ တကယ်တမ်းကောက်မေးလိုက်ရင်မသိတော့ဘူး.. နောက်ဆက်တွဲကတော့ အိုင်တီဆိုတာ ဖုန်းပြင်တာလို့ ထင်တဲ့လူကထင်၊ အသစ်ထွက်တဲ့ ကွန်ပျူတာ၊ ဖုန်း Review တွေကို အိုင်တီထင်တဲ့လူကထင်နဲ့ “မျက်မြင်ပုဏ္ဏား ခြောက်ယောက်” ရဲ့ ဆင်လို အိုင်တီဆိုသဟာကြီးဟာ တစ်ယောက်တမျိုးစီ သောက်အိုးစည်တွေဖြစ်ပြီး ဖြစ်ချင်တိုင်းကို ဖြစ်နေတော့တယ်..

အဘိဓါန်တွေမှာတော့ IT ကို

    the study or use of systems (especially computers and telecommunications) for storing, retrieving, and sending information.

ဆိုတာလိုမျိး ဖွင့်ကြတယ်.. ကွန်ပျူတာများနှင့် ဆက်သွယ်ရေး နည်းပညာများကို အသုံးပြု၍ သတင်းအချက်အလက်များ သိမ်းဆည်း၊ ရယူ၊ ဖြန်‌‌ဝေခြင်းကို လေ့လာသည့် ဘာသာရပ် လို့ပဲ အကြမ်းဖျင်းဆိုပါတော့.. ကျွန်တော့် အမြင်တော့ အဘိဓါန်ထဲ ပါတဲ့ ဖွင့်ဆိုချက်ဟာ လုံလောက်တယ်.. အလို အပိုမရှိဘူး.. တိကျတယ်ပေါ့..

ဒါပေမဲ့ ပြဿနာက ကျွန်တော် စာသင်ပေးဖူးတဲ့လူအများစုကို အဲ့ဒါကြီးသွားပြရင် နားမလည်ကြဘူး.. သေချာလေ့လာကြည့်တော့ လူအများစု နားမလည်တာက Information ဆိုတာ ဘာကြီးကို သိပ်မရှင်းကြတာ.. တခြာမျက်စိလည်စရာ Data ဆိုတဲ့စကားလုံးကလည်း ရှိနေသေးတာကိုး..

ကျွန်တော့် အမြင်ပြောရမယ်ဆို ကိုယ့် Messenger ထဲစာရိုက်ပြီး သူငယ်ချင်းဆီစာလှမ်းပို့တာလောက်ကစလို့  ဟိုး Google လောက်အထိဟာ Data to Information Lifecycle ပဲ.. ပြောရရင် Data နဲ့ Information သံသရာ လည်နေတာပဲ.. ရှင်းကာမှ တော်တော်ရှုပ်နေပြီမဟုတ်လား 😂
Data & Information

ဒီတော့ ကျွန်တော်တို့ အခြေခံလေးတွေကနေ နည်းနည်းပြန်စကြည့်ရအောင် .. IT နဲ့ ပတ်သတ်လာရင် အခြေခံမှာ မပါမဖြစ် နှစ်ခုက Data နဲ့ Information ပဲ. ဒီတော့ Data ဆိုတာဘာလဲ Information ဆိုတာဘာလဲ ကွဲကွဲပြားပြား မသိရင် နားလည်ဖို့ ခက်နေမှာပဲ…

ဥပမာ ပုဂံမှာ ဟိုတယ်အလုံး တစ်ရာ ရှိတယ်.. ဒါက Data (အချက်အလက်) ပဲ.. အဲ့လို အချက်အလက်မျိုးဟာ စီးပွားရေးသမားတွေနဲ့ တခြား အချက်အလက်ပေါ်မှာ အမီပြုတဲ့ အခွန်ဌာနလိုမျိုးအတွက်အသုံံးဝင်ပေမဲ့ ပုဂံဘုရားဖူး သွားရင် တည်းဖို့ နေရာ ရှာနေသူတွေအတွက်တော့ ဘာမှ အသုံးမဝင်ဘူး..

ဘုရားဖူးသွားရင် တည်းဖို့ ဟိုတယ်ရှာနေတဲ့လူက ပုဂံမှာ ဟိုတယ်ဘယ်နှလုံးရှိတယ်ဆိုတာထက် စျေးအသင့်ဆုံးဟိုတယ်တွေ၊ မြိုထဲနဲ့ အနီးဆုံံးဟိုတယ်တွေ၊ အကောင်းဆုံးဟိုတယ်တွေ စတာလိုမျိုး သုံးစားလို့ရမယ့် အချက်အလက် (Information) ကိုပိုလိုချင်ကြတယ်..

အကောင်းဆုံး ဟိုတယ်ဆယ်လုံးဆိုတဲ့ သတင်းအချက်အလက်(Information) ကို ဘယ်ကရလဲဆိုတော့ ဟိုတယ် အလုံးတစ်ရာ ရှိတဲ့ဆိုတဲ (Data) ပေါ်က မှ အခြေခံပြီးရတယ်..

နောက်ထပ် သိထားစရာတစ်ခုကတော့ တချို့လူတွေအတွက် Data ဟာ တချို့လူတွေအတွက် Information ဖြစ်နေနိုင်တယ်.. ပုံဂံမှာ ဟိုတယ်အလုံးတစ်ရာ ရှိတယ်ဆိုတဲ့ ကိစ္စဟာ ဘုရားဖူးသွားမယ့်လူအတွက်တော့ Data ပဲ .. သိပ်သုံးလို့ မရဘူး.. ဒါပေမဲ့ အခွန်ဌာန အတွက်တော့ ပုဂံမှာ ဟိုတယ်အလုံးတစ်ရာ ရှိတယ်ဆိုတာက Information ပဲ .. သူတို့အတွက် ဘယ်ဟိုတယ်အကောင်းဆုံးလဲဆိုတာက အရေးမကြီးဘူး.. သူတို့အလုပ်က ဒီဟိုတယ် အလုံးတစ်ရာလုံးဆီက ခွင်ဖန် .. မှားလို့ အခွန်ကောက်ရမယ်..

ဒီလောက်ဆိုရင် Data နဲ့ Information ကို အကြမ်းသဘောလောက်တော့ နားလည်ပြီလို့ ယူဆတယ် (နားမလည်လည်း ထပ်မရှင်းပြတော့ဘူး.. စာရိုက်ရတာ လက်လည်း ညောင်းလှပြီ).. ဒီတော့ မူလ ပြဿနာ ဖြစ်တဲ့ IT ဆိုတာ ဘာလဲဆိုတာကြီးကို တချက် ပြန်သွားကြည့်ရအောင်..
Information Technology

ပြောရရင် Information Technology ဆိုတာကြီး ခေတ်မစားခင် ကတည်းက ပုဂံမှာ ဟိုတယ်ဘယ်နှစ်လုံးရှိသလဲ.. ဘယ်ဟိုတယ် အကောင်းဆုံးလည်းဆိုတဲ့ မေးခွန်းတွေဟာ ရှိပြီးဖြစ်တယ်.. အရင်ခေတ်ကတော့ သူ့ခေတ်သူ့ အခါအလျှောက် ဟိုတယ်ဘယ်နှလုံး ရှိလဲ သိချင်ရင် စာအုပ်ကြီးတွေနဲ့ စာရင်းမှတ်ထားရတယ်.. ဘယ်ဟိုတယ် အကောင်းဆုံးလဲ သိချင်ရင် လမ်းညွှန်လိုမျိုးကိုမေးရတယ်..

ဘာဖြစ်လဲဆိုတော့ ကိုယ်သိချင်တာ တစ်ခုသိရဖို့ အချိန်ကြာတယ်ပေါ့.. ကွန်ပျူတာတွေပေါ်လာတယ်.. အိုင်တီဆိုသဟာကြီးဟာ လူတိုင်းနီးပါး ပါးစပ်ဖျားရောက်လာတယ်.. ခုခေတ်မှာ ပုဂံမှာ ဟိုတယ် ဘယ်နှလုံးရှိလဲ သိဖို့ .. ခုလက်ရှိ ရုံတင်နေတဲ့ဇာတ်ကားတွေသိဖို့ …. ဆယ်လီဗျစ်တီတွေကနေ လမ်းထိပ်က အကြော်သည်ရဲ့ အတင်းအဖျင်းကို သိဖို့ Yellow Pages လှန်စရာမလို၊ ရုပ်ရှင်ရုံတန်းကိုသွားစရာမလို၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ လှန်ကြည့်စရာမလိုသလို  ရပ်ကွက်ထဲ ဆင်းအတင်းတုပ်စရာလည်း မလိုတော့ဘူး..

အချုပ်ပြောရရင်တော့  IT ဆိုတာ လူတွေ လိုအပ်နေတဲ့ သတင်းအချက်အလက်တွေကို ပိုပြီး မြန်မြန်ဆန်ဆန် ရယူ ဖြန့်ဖြူးပေးနိုင်အောင် လုပ်ဆောင်ပေးတဲ့ ပညာရပ်ပါပဲ..

ထွက်သမျှ ဖုန်းရီဗျူးတွေဖတ်ပြီး ကိုယ့်ဟာကိုယ် အိုင်တီ စိတ်ဝင်စားသူကြီးထင်နေရင်တော့ မောင်တို့ မယ်တို့ဟာ ဖုန်းကြိုးသွယ်ထားတဲ့ ဓါတ်တိုင်ကိုကြည့်ပြီး ကိုယ့်ကိုယ်ကို Graham Bell ဖြစ်လာမယ့်လူတွေလို့ အထင်ရောက်နေတယ်လို့ပဲ ပြောချင်တယ်..
#activeitclass




အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

အိုင္တီဆိုတာဘာလဲ Reviewed by ညီလတ္ထြန္း(နည္းပညာ) on 7:19 AM Rating: 5 [ZawGyi]ၿဖင္႔ဖတ္ရန္ ကၽြန္ေတာ္မွန္းတာ မမွားရင္ ခင္ဗ်ားအေနနဲ႔ အိုင္တီဆိုတဲ့ စကားလုံးကို ၾကားဖူး ျမင္ဖူးတာ မနည္းေလာက္ေတာ့ဘူး.. ျမင္ပါမ်ားလို...

No comments: