မိမိရဲ့ စမတ်ဖုန်း ပူနွေးမှုလျော့နည်းအောင် ဘယ်လိုအသုံးပြုမလဲ - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

မိမိရဲ့ စမတ်ဖုန်း ပူနွေးမှုလျော့နည်းအောင် ဘယ်လိုအသုံးပြုမလဲ

စမတ်ဖုန်းတွေမှာ နောက်ဆုံးပေါ် မြန်ဆန်တဲ့အားသွင်းစနစ် ထောက်ပံ့ပါဝင်လာတဲ့အပြင် ဘက်ထရီကြီးကြီးနဲ့ processor စွမ်းဆောင်ရည် မြင့်မားလာတာနဲ့အမျှ ဖုန်းကို Multi-tasks အနေနဲ့ အွန်လိုင်းသုံးရင်း သီချင်းနားထောင်တာမျိုး၊ Download လုပ်ရင်း ဗီဒီယိုကြည့်တာမျိုး စတာတွေကို ကောင်းစွာလုပ်ဆောင် လာနိုင်ပါတယ်။ ဒါ့အပြင် 3D နဲ့ HD အမျိုးအစားဂိမ်းတွေနဲ့ တခြားသော App တွေ တစ်ပြိုင်နက် အသုံးပြုတဲ့ အခါမျိုးတွေမှာ ဖုန်းကိုယ်ထည် ပူနွေးလာနိုင်ပါတယ်။
နောက်တစ်ခုက ဖုန်းကို အားသွင်းရင်းနဲ့ အွန်လိုင်းသုံးတာ ဂိမ်းကစားတာ စတာတွေကလည်း ဖုန်းရဲ့ဘက်ထရီစနစ်ကို ထိခိုက်စေမှာဖြစ်ပြီး ဖုန်းပုံမှန်ထက် ပိုမိုပူနွေးလာမှုတွေအပြင် ပျက်စီးမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ အဲဒီလိုမျိုး ဖုန်းကိုယ်ထည် ပူနွေးလာမှုက Hardware ပိုင်းနဲ့ ဆိုင်တာဖြစ်တဲ့အတွက် ခုဖော်ပြပေးတဲ့ နည်းလမ်းတွေအသုံးပြုပြီး ဖုန်းကိုယ်ထည် အပူချိန်တိုးမြှင့်လာမှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။
အရင်ဆုံးအနေနဲ့ ဖုန်းသုံးရင်း ဖုန်းကိုယ်ထည် ပုံမှန်ထက် ပိုမို ပူနွေးလာတယ်ဆိုရင် ခုပြောတဲ့နည်းလမ်းကို စမ်းသပ်ကြည့်ပါ။
နည်းလမ်း (၁)
ကိုယ်က ဖုန်းကို ကာဗာတပ်ပြီး အသုံးပြုတာဆိုရင်တော့ ကာဗာကို အပူချိန်လျော့ကျတဲ့အထိ ဖြုတ်ထားလိုက်ပါ။ ဘာလို့လဲဆိုတော့ တချို့သော ကာဗာတွေက ဖုန်းကိုယ်ထည် ပူနွေးလာမှုကို မလျော့ကျစေတဲ့အပြင် ပိုမိုပူနွေးမှုကို ဖြစ်စေတာကြောင့် ဖြစ်ပါတယ်။

နည်းလမ်း (၂)
ဖုန်းကို အားသွင်းနေတဲ့ အခါမျိုးတွေမှာလည်း ဖုန်းကိုယ်ထည်က သာမန်ထက် ပိုမိုပူနွေးလာနိုင်ပါတယ်။ အဲဒါကြောင့် ဖုန်းကိုအားသွင်းတဲ့အခါမှာ ဆိုဖာ ဒါမှမဟုတ် မွေ့ရာ၊ ခေါင်းအုံးစတဲ့ အပူကို စုပ်ယူသိုလှောင်ထားနိုင်တဲ့ နေရာမျိုးတွေပေါ် တင်မထားဘဲ မာကျောမှုရှိတဲ့ မျက်နှာပြင်ဖြစ်တဲ့ စားပွဲ၊ သစ်သားခုံ စတာတွေပေါ်မှာ ထားရှိပြီး အားသွင်းပါ။ အဲလိုအားသွင်းမယ် ဆိုရင်တော့ ဖုန်းကိုယ်ထည်ပူနွေးမှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။

နည်းလမ်း (၃)
ဖုန်းကို တစ်ညတာလုံး အားသွင်းထားတာမျိုးကလည်း အသုံးပြုမှုကြာလာတဲ့အခါမျိုးမှာ ဖုန်းကိုယ်ထည် ပုံမှန်ထက် ပူနွေးမှုကို ဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် ဖုန်းကို တစ်ညတာလုံး အားသွင်းပြီး အိပ်စက်တာမျိုးတွေ ရှောင်ရှားပါ။

နည်းလမ်း (၄)
အချို့သော App တွေက ဖုန်းရဲ့ ဂရပ်ဖစ်ပိုင်းနဲ့ ပါဝါပိုင်းကို ပုံမှန်ထက် ပိုမိုအသုံးပြုပါတယ်။ အဲဒီလို App တွေက ဖုန်းရဲ့ကိုယ်ထည်ကို အသုံးပြုနေစဉ် အချိန်တိုတိုအတွင်းမှာ ပိုမိုပူနွေးလာစေ ပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ background မှာ အလုပ်လုပ်နေတဲ့ Battery App၊ အွန်လိုင်း Speed Tester, Task Killer စတဲ့ App တွေကလည်း ဖုန်းရဲ့ ပါဝါသုံးစွဲမှုကို မြင့်တက်စေတဲ့ပါတယ်။ အဲလိုမျိုး App တွေကို ပိတ်ထားပေးမယ် ဆိုရင်လည်း ဖုန်းကိုယ်ထည် ပူနွေးလာမှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။

နည်းလမ်း (၅)
နောက်ထပ်ဖုန်းကိုယ်ထည် ပူနွေးမှုကတော့ ဖုန်းကို နေရောင်တိုက်ရိုက်ကျတဲ့နေရာမှာ အသုံးပြုတာ ဖြစ်ပါတယ်။ ဖုန်းရဲ့ကိုယ်ထည်က ပလတ်စတစ်ကိုယ်ထည်၊ ပလတ်စတစ်နဲ့ သတ္တုစပ်ကိုယ်ထည် အမျိုးအစားတွေ ဖြစ်တဲ့အတွက် ပူပြင်းတဲ့နေရောင် တိုက်ရိုက်ဖုန်းပေါ်ကျတဲ့ အချိန်မျိုးမှာ ဖုန်းကိုအသုံးပြုခြင်းကလည်း ဖုန်းကိုယ်ထည်ကို သာမန်ထက်ပိုမို ပူနွေးလာနိုင်တဲ့အတွက် ရှောင်ရှားသင့်ပါတယ်။

နည်းလမ်း (၆)
နောက်ဆုံးတစ်ချက်ကတော့ ဖုန်းရဲ့အော်ရီဂျင်နယ် အားသွင်းကြိုး၊ ဘက်ထရီတွေအစား Third party လိုခေါ်တဲ့ အလွယ်တကူ ၀ယ်ယူအသုံးပြုနိုင်တဲ့ ဈေးနှုန်း သက်သာတဲ့ ဘက်ထရီနဲ့ အားသွင်းကြိုးတွေက ဖုန်းကိုယ်ထည်ပူ နွေးမှုကို ပုံမှန်ထက်ပိုမို ပူနွေးမှုကို ဖြစ်စေနိုင်ပါတယ်။ ဖုန်းမှာ ဘက်ထရီမကောင်းတော့တဲ့ အခါမျိုးမှာလည်း ဖုန်းကိုယ်ထည်ပူ နွေးနိုင်ပါတယ်။ အဲဒါကြောင့် ဖုန်းကို အားသွင်းတဲ့အခါမျိုးမှာ ၀ယ်ယူစဉ်က ပါဝင်တဲ့ အော်ရီဂျင် နယ် အားသွင်းကြိုးကိုသာ အသုံးပြုအားသွင်းသင့်ပါတယ်။ တွေ့ကရာ အားသွင်းကြိုးတွေ အသုံးပြုတာမျိုး ရှောင်ရှားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ တချို့သော အားသွင်းကြိုးတွေက ဖုန်းမော်ဒယ် တစ်မျိုးတည်းအတွက်သာ ဖန်တီးထုတ်လုပ်ထားတာဖြစ်တဲ့အတွက် ကိုယ့်ဖုန်းနဲ့ မကိုက်တာမျိုးမှာ ဖုန်းအားသွင်းခေါင်းနဲ့ ဘက်ထရီပျက်စီးတာမျိုးအပြင် သာမန်ထက် ဖုန်းကိုယ်ထည်ပိုမို ပူနွေးတာတွေ ဖြစ်နိုင်တာကြောင့် ဖြစ်ပါတယ်။

Credit : internetjournal

 



အားလုံးကိုခင်မင်လျှက်
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com

မိမိရဲ့ စမတ်ဖုန်း ပူနွေးမှုလျော့နည်းအောင် ဘယ်လိုအသုံးပြုမလဲ Reviewed by ညီလတ်ထွန်း(နည်းပညာ) on 1:11 PM Rating: 5 စမတ်ဖုန်းတွေမှာ နောက်ဆုံးပေါ် မြန်ဆန်တဲ့အားသွင်းစနစ် ထောက်ပံ့ပါဝင်လာတဲ့အပြင် ဘက်ထရီကြီးကြီးနဲ့ processor စွမ်းဆောင်ရည် မြင့်မားလာတာနဲ့အမ...

No comments: