GPS နေရာအသိပေးစနစ် - GPS Alarm v1.1 APK for Android [LATEST] - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

GPS နေရာအသိပေးစနစ် - GPS Alarm v1.1 APK for Android [LATEST]

GPS Alarm (ဂျီပီအက်စ် နေရာ အသိပေး စနစ်) App သည် မြေပုံပေါ်တွင် မိမိတို့ အသုံးပြုလိုသော နေရာများ၏ လတ္တီကျု လောင်ဂျီကျူ့များကို အလွယ်တကူမှတ်သားနိုင်ကာ ထိုနေရာများသို့ ရောက်ရှိပါက အသံဖြင့် အသိပေးသွားမှာဖြစ်သည်။ မိမိတို့ အလိုရှိသော နေရာရောက်ပါက ကိုယ်တိုင် ကြိုတင်အသံသွင်းထားခြင်း၊ သီချင်းဖိုင်ဖြင့် ဖွင့်ပေးခြင်းတို့ဖြင့် လုပ်ဆောင်နိုင်ပါသည်။

ထို့အပြင် အလိုအလျောက်စနစ် သို့မဟုတ် မိမိတို့ကိုယ်တိုင် ခလုပ်နှီပ်၍လည်း လုပ်ဆောင်နိုင်ပါသည်။ ယခု GPS Alarm ကို အသုံးပြု၍ မြို့ထဲမြို့ပြင်ပြေးဆွဲသွားလာနေသော အများသုံးကားများအတွက် အသံဖြင့် မှတ်တိုင်များ၊ သိလိုသည့်နေရာများကို ယာဉ်မောင်းဆရာများက အသိပေးနိုင်ရန် ပြုလုပ်ပေးထားသည့်အတွက် ခရီးသွားလာသူများ အဆင်ပြေလွယ်ကူလာမည်ဖြစ်သည်။ ထို့အပြင် အဝေးပြေးယာဉ်များတွင်လည်း ခရီးတစ်ထောက်နားသည့်နေရာရောက်တိုင်း သို့မဟုတ် ယာဉ်ရပ်နားစခန်းသို့ နီးကပ်လာတိုင်း ခရီးသွားများ ကျန်းမာရေးအတွက် အသိပေးပြောကြားနိုင်ပါက ပို၍ အဆင်ပြေလွယ်ကူမည်ဖြစ်သည်။

မိမိတို့ အလိုရှိသည့်အတိုင်း အသံဖိုင်များထည့်သွင်းခြင်း၊GPSနေရာများထည့်သွင်းခြင်းဖြင့် သုံးစွဲရလွယ်ကူသော အလွယ်တကူကြိုတင် အသိပေးနိုင်သော GPS Alarm App ဖြစ်ပါသည်။ မိမိတို့ သိမ်းဆည်းထားသော လမ်းကြောင်းများ သိရှိလိုသည့်နေရာများကို အခြားဖုန်းများတွင် အသုံးပြုလိုပါက အလွယ်တကူဝေမျှနိုင်ရန် စီစဉ်ပေးထားပါသည်။ထိုသို့ဝေမျှရာတွင်လည်း မိမိတို့အချိန်နှင့် ကြိုးပမ်းအားထုတ်မှူရှိသဖြင့် ထိုလမ်းကြောင်းများကို ထပ်ဆင့်ဝေမျှ၍ မရနိုင်အောင်လည်း သော့ခတ်(lock)လုပ်၍ လုပ်ဆောင်နိုင်ပါသေးသည်။

GPS Alarm App နှင့်ပတ်သက်သော အခက်အခဲများ၊ဆွေးနွေးတင်ပြလိုသည့် အကြံပေးချက်များ၊ညွှန်ကြားချက်များကို Emailမှ သော်လည်းကောင်း၊Google Play Store တွင်ရှိသော Comment မှသော်လည်းကောင်း မေးမြန်း အကြံပြု တင်ပြဆွေးနွေးနိုင်ပါသည်။







PhotoInstrument 7.6 Build 906 Multilingual Portable

solidfiles






အဆင်ပြေပါစေ
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com

GPS နေရာအသိပေးစနစ် - GPS Alarm v1.1 APK for Android [LATEST] Reviewed by ညီလတ်ထွန်း(နည်းပညာ) on 6:36 AM Rating: 5 GPS Alarm (ဂျီပီအက်စ် နေရာ အသိပေး စနစ်) App သည် မြေပုံပေါ်တွင် မိမိတို့ အသုံးပြုလိုသော နေရာများ၏ လတ္တီကျု လောင်ဂျီကျူ့များကို အလွယ်တကူမှတ...

No comments: