ဖုန်းဝယ်ပြီးသွားရင် ဆောင်ရွက်သင့်တဲ့ အရေးကြီးဆုံး အချက် ၁၀ ချက် - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending


Zawgyi ဖြင့်ဖတ်ရန်






Smartphone Charging









Setup Google Account






Setup Security System




9. Gmail Setup လုပ်ပါ


Setup Gmail



2B (Akhayar)
www.akhayar.com



Unicode ဖြင့်ဖတ်ရန်
ဖုန်းဝယ်ပြီးသွားရင် ဆောင်ရွက်သင့်တဲ့ အရေးကြီးဆုံးအချက် ၁၀ ချက်
ဖုန်းတစ်လုံးဝယ်တာ အပန်းမကြီးဘူးဆိုပေမယ့် ဝယ်ပြီးသွားရင် ပြုလုပ်ရမယ့်အချက်တွေကို သတိမထားဖြစ်တတ်ကြပါတယ်။ အထူးသဖြင့် Android Smartphone လူသုံးများတာဆိုတော့ ဝယ်ပြီးသွားတာနဲ့ ဆောင်ရွက်ရမယ့် အချက် ၁၀ ချက်ကို ဖော်ပြလိုက်ပါတယ်။

1. Smartphone နဲ့ ဘူးခွံတွင်းပစ္စည်းတွေကို ဆန်းစစ်ပါ

ပထမဦးဆုံး ဖုန်းနဲ့အတူပါဝင်လာမယ့် အားသွင်းကြိုး (Type-C ၊ USB 2.0) ၊ နားကြပ် ၊ SIM Ejector စသဖြင့် Accessories ပစ္စည်းတွေ ကောင်းမကောင်း၊ အနာပါမပါ ဆန်းစစ်ပါ။ ဒီအချက်က အတွင်းပစ္စည်းပျက်စီးနေခဲ့ရင် ချက်ချင်း လှဲလယ်နိုင်မှာဖြစ်ပြီး နောက်မှသိလို့ သွားပြောတာထက် ပိုအကျိုးရှိမှာမလို့ပါ။ နောက်ပြီး အားဝင်မဝင် Charger နဲ့ ကြိုးကောင်းမကောင်း ဆိုင်မှာ စစ်ဆေးဖို့ မမေ့ပါနဲ့ဦး။

Samsung Galaxy S9 and its Accessories

2. Battery အပြည့်အားသွင်းစမ်းသပ်ပါ

ဖုန်းဝယ်ပြီးတာနဲ့ Battery 100% ပြည့်တဲ့အထိ အားသွင်းဖို့က အရေးကြီးဆုံးပါပဲ။ ဒီအချက်က ဘက်ထရီကောင်းလား၊ မကောင်းသလား သိနိုင်သလို 100% အားသွင်းလိုက်တာက Battery Calibrate ပြန်လုပ်တာနဲ့ အတူတူပါပဲ။ ဒီအချက်ကို ဆောင်ရွက်ဖို့ Manufacturer တွေ တိုက်တွန်းသလို အိမ်ရောက်တာနဲ့ Full Capacity ရောက်တဲ့အထိ အားသွင်းဖို့ မမေ့ပါနဲ့။

Smartphone Charging

3. Wi-Fi ၊ Bluetooth စတဲ့ချိတ်ဆက်မှုအားလုံးစမ်းသပ်ပါ

Wi-Fi ချိတ်မရတဲ့ ပြဿနာမျိုးဖြစ်ခဲတယ်ဆိုပေမယ့်လို့ ဝယ်ပြီးတာနဲ့ ဆိုင်မှာစမ်းသပ်ကြည့်တာ အကောင်းဆုံးပါပဲ။

Wi-Fi and other Connectivities

4. ကြော်ငြာ Apps တွေနဲ့ Home Screen ပေါ်ကမလိုတဲ့ Apps တွေ ရှင်းထုတ်ပစ်ပါ

ဖုန်းဝယ်လိုက်ပြီဆိုတာနဲ့ အရင်ဆုံးမြင်ရမှာက Apps တွေ Widgets တွေနဲ့ ပြည့်နေတဲ့ Home Screen ပါပဲ။ တစ်ခုထက်မကပါဝင်နိုင်သေးသလို အသုံးမလိုတဲ့ Apps တွေ ဖယ်ရှားပစ်ပြီး Home Screen ကို တစ်ခု (သို့) နှစ်ခုလောက်ထားသုံးပါ။ နောက်ပြီး ဖုန်းမှာပါလာတဲ့ Bloatware လို ကြော်ငြာ App တွေ၊ အင်တာနက်ချိတ်တာနဲ့ Sign-in လုပ်ခိုင်းနေတဲ့ Apps တွေ Disabled (သို့) Uninstall လုပ် ဖြုတ်ချပစ်ပါ။

Bloatware Apps Example

5. Google Account ဖွင့်ပါ (သို့) Sign-in လုပ်ပါ

ဒီအချက်က ဒုတိယအရေးကြီးဆုံးဖြစ်ပြီး စမတ်ဖုန်းအပါ ကိုယ့်ဒေတာကို Google Account နဲ့ ကာကွယ်ထားနိုင်မှာမလို့ပါ။ လုံးဝကြီး Secure ဖြစ်တယ် မဆိုရပေမယ့် စိတ်ချရတဲ့ အနေထားရှိပါတယ်၊ နောက်ပြီး Play Store နဲ့ တခြား Google Apps တွေ အသုံးပြုရမှာဖြစ်လို့ Account Setup လုပ်၊ Sing-in ဝင်တာ အကောင်းဆုံးပါပဲ။

Setup Google Account

6. System Update လုပ်ပြီး Auto-Update ရွေးချယ်ထားပါ

ဒီအချက်ကိုလည်း ဖုန်းဆိုင်မှာတစ်ခါတည်း Update တင်တာ အကောင်းဆုံးပါပဲ၊ Wi-Fi နဲ့ဆိုတော့ ပိုမြန်ဆန်သလို Latest OS တင်ပြီးသွားရင်လည်း Auto-Update Setting ကို Wi-Fi နဲ့ ရွေးချယ်ထားဖို့ မမေ့ပါနဲ့ဦး။ လစဉ်ရရှိနိုင်မယ့် Security Patch ကိုလည်း Download ဆွဲ Install လုပ်ဖို့ အရေးကြီးသလို တိုက်ခိုက်ဖို့ 70% လောက်ပစ်မှတ်ထားခံနေရတဲ့ Android System အတွက် ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပါပဲ။

System Update Setup Setting

7. Device လုံခြုံရေးအတွက် ပြင်ဆင်ပါ

ဒုတိယအချက်အနေနဲ့ ဆောင်ရွက်သင့်တာက Device လုံခြုံရေးဖြစ်ပြီး Samsung Account ၊ Mi Acoount စသဖြင့် ဝယ်ယူလိုက်တဲ့ Device မော်ဒယ်အလိုက် Sign-in ဝင်ပါ။ ပြီးသွားရင် Biometric Log-in အတွက် Fingerprint Setup လုပ်ပါ၊ အဲ့အတွက် မှတ်မိလွယ်မယ့် Password ၊ Pin နံပတ်နဲ့ ပြုလုပ်ပါ။ ဒီအချက်က ကိုယ့် Smartphone Data ကို သက်ဆိုင်ရာ Website မှာ သိမ်းဆည်းထားမှာဖြစ်ပြီး အလွယ်တကူ ခိုးယူလို့ မရပါဘူး။

Setup Security System

8. မ့လျော့တတ်သူများအနေနဲ့ USB Debugging ဖွင့်ထားပေးပါ

ဒီအချက်ထည့်သွင်းထားတာက Password မေ့သွားလို့ဖြစ်ဖြစ်၊ တခြား Password နဲ့ ရောသွားလို့ မမှတ်မိတော့ဘူးဆိုရင် USB Debugging နဲ့ ကွန်ပျူတာမှာချိတ်ဆက်ပြီး Reset ချဖြေရှင်းနိုင်မှာမလို့ပါ။

USB Debugging Screenshot

9. Gmail Setup လုပ်ပါ

ဖုန်းနဲ့တကွ ပါဝင်လာတဲ့ Gmail Setting က အသုံးပြုဖို့အစဉ်ပြေပြီးသားဆိုပေမယ့် ပို့ထားတဲ့ e-mail အဝင်၊ အထွက် စစ်ကြည့်မယ့်။ Priority ထားချင်တဲ့ လိပ်စာ ရွေးချယ်ကြည့်မယ် စသဖြင့် Setting ထဲမှာ လိုအပ်သလို ပြင်ဆင်ပါ။

Setup Gmail

10. Find My Phone ဒါမှမဟုတ် Mobile Data ဖွင့်ပြီး သွားသွားလာလာ ဂရုစိုက်ပါ

ကိုယ့်အနေနဲ့ တန်ဖိုးကြီး စမတ်ဖုန်းကိုင်ထားရင်တော့ Device လုံခြုံရေး အပြည့်ဝအသုံးပြုသင့်ပြီး သွားလေရာ နေရာတကာ Location သိရဖို့ Mobile Data ဖွင့်ထားတာက စိတ်ချရပါတယ်။

Use Find My Device to help locate your phone
ဒီအချက်က မသက်ဆိုင်သလိုရှိပေမယ့် Find My Device ဆိုတဲ့ Google Service နဲ့ချိတ်ဆက်ထားနိုင်ပြီး တစ်နေရာရာမှ ဖုန်းကျန်ခဲ့တာ၊ အခိုးခံရတာမျိုးနဲ့ ကြုံရရင် အနီးစပ်ဆုံးနေရာကို သိရှိနိုင်ပါတယ်။
2B (Akhayar)
www.akhayar.com






အားလုံးကိုခင်မင်လျှက်
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com

ဖုန်းဝယ်ပြီးသွားရင် ဆောင်ရွက်သင့်တဲ့ အရေးကြီးဆုံး အချက် ၁၀ ချက် Reviewed by ညီလတ်ထွန်း(နည်းပညာ) on 1:20 AM Rating: 5 Zawgyi ဖြင့်ဖတ်ရန် ဖုန်းတစ်လုံးဝယ်တာ အပန်းမကြီးဘူးဆိုပေမယ့် ဝယ်ပြီးသွားရင် ပြုလုပ်ရမယ့်အချက်တွေကို သတိမထားဖြစ်တတ်ကြပါတယ်။ အထူးသဖြင့် An...

No comments: