ကမ္ဘာကျော်အဖွဲ့အစည်းကြီးတွေကို ဒုက္ခရောက်စေခဲ့တဲ့ ကမ္ဘာ့ အသက်အငယ်ဆုံး ဟက်ကာများ - ညီလတ်ထွန်း(နည်းပညာ)
728x90 AdSpace
Trending
[Zawgyi] ဖြင့်ဖတ်ရန်Christopher Vaughn Hassle 
Ryan နဲ့ Jack Davis
DJ Stolen
Team Poison
Cod Hacker
ဒါပေမယ့်လည်းမိုက်ခရိုဆော့ဖ်ဟာ ဒီကောင်လေးကို အပြစ်ပေးခြင်းမရှိပဲ သူတို့ကိုအံ့သြသွားအောင်လုပ်နိုင်ခဲ့တဲ့အတွက် သူ့ကို လုံခြုံရေးစနစ်ဖန်တီးမှုအဖွဲ့အစည်းတစ်ခုမှာ အလုပ်ခန့်အပ်ထားခဲ့ပါတယ်။
အမည်မသိ
Ferris Buller
Sci-fi
Aaron’s Bomb
Besty Davies
သူကတော့ အသက် ၇ နှစ်အရွယ်ကလေးမလေးတစ်ယောက်ဖြစ်ပြီး အခမဲ့ဝိုင်ဖိုင်ရတဲ့နေရာမှာ ထိုင်နေရင်း သာမန်ကွန်ပြူတာတစ်လုံး နဲ့ အဲ့ဒီ နက်ဝေါ့ထဲက အခြားသုံးစွဲသူတွေရဲ့ ဘဏ်အကောင့်တွေ အီးမေးအကောင့်တွေကို ရယူခဲ့တာပဲဖြစ်ပါတယ်။
 =================================
ကမ္ဘာကျော်အဖွဲ့အစည်းကြီးတွေကို ဒုက္ခရောက်စေခဲ့တဲ့ ကမ္ဘာ ့အသက်အငယ်ဆုံး ဟက်ကာများ
Christopher Vaughn Hassle
[Unicode] ဖြင့်ဖတ်ရန်ဆန်ဒီရေဂိုမှ အသက် ၅ နှစ်အရွယ်ဒီကလေးကတော့ သူ့အဖေရဲ့ XBox ထဲ့ ဂိမ်းတွေကို ယူဖို့အတွက် သူ့အဖေရဲ့အကောင့်ကို Forget Password နေရာမှဟက်ခဲ့တာပဲဖြစ်ပါတယ်။ ဒီအကြောင်းကို သူ့အဖေသိတဲ့အခါမှာ မိုက်ခရိုဆော့ဖ်ကိုအကြောင်းကြားပြီးတော့ လုံခြုံရေးယိုပေါက်ဖြစ်နေတဲ့အကြောင်း သတင်းပို့ခဲ့ပါတယ်။
မိုက်ခရိုဆော့ဖ်ဟာ ဒီယိုပေါက်ကို ပြန်လည်ပြုပြင်ခဲ့ပြီး Christopher ကိုတော့ မိုက်ခရိုဆော့ဖ်ရဲ့ ထုတ်ကုန်တွေကို ကူညီယိုပေါက်ရှာပေးခဲ့တဲ့သူစာရင်းထဲမှာထည့်သွင်းပြီး ဂုဏ်ပြုခဲ့ပါတယ်။
Ryan နဲ့ Jack Davis
အသက် ၂၇ နှစ်အရွယ်ကောင်လေးနှစ်ယောက်ဟာ ၂၀၁၂ ခုနှစ်မှာ ဗြိတိန်နိုင်ငံရဲ့ အစိုးရအေဂျင်စီဝက်ဆိုက်တွေအပြင် CIA ၊ ပင်တဂွန် နဲ့ ကျန်းမာရေးဗဟိုဌာနကိုပါ ဟက်ခဲ့ပြီးတော့ လျို့ဝှက်အချက်အလက်တွေပေါက်ကြားစေခဲ့ပါတယ်။
ထို့အပြင် The Sun သတင်းစာရဲ့ မူလစာမျက်နှာကိုလည်း သူတို့ရဲ့ Webpage တင်ကာပြောင်လှောင်ထားခဲ့ပါသေးတယ်။အခုချိန်မှာတော့ သူတို့နှစ်ယောက်ဟာ ဒီလုပ်ရပ်အတွက် အဖမ်းခံခဲ့ရပြီး ထောင်ထဲမှာ အချိန်ဖြုန်းနေရပါတယ်။
DJ Stolen
အသက် ၁၇ နှစ်အရွယ် အမေရိကန်ဟက်ကာတစ်ယောက်ဖြစ်တဲ့ DJ Stolen လို့လူသိများတဲ့ ဟက်ကာတစ်ယောက်ဟာ အနုပညာရှင်တွေရဲ့ကွန်ပြူတာတွေထဲဖောက်ဝင်ပြီး မထုတ်ရသေးတဲ့သီချင်းတွေကို ဖြန့်ဝေပစ်ခဲ့ပါတယ်။လေဒီဂါဂါ ၊ ကေးရှား ၊ ဂျက်စတင် တင်းဘားလိတ် ၊လီယိုနာလူးဝစ်တို့ရဲ့သီချင်းတွေကို ခိုးယူပြီး ဖြန့်ချိခဲ့တဲ့အပြင် ကေးရှားရဲ့ကွန်ပြူတာထဲက အဝတ်မပါတဲ့ပုံတွေကိုခိုးယူးခဲ့ပါတယ်။ DJ Stolen ဟာ ထောင်ဒဏ် တစ်နှစ်နဲ့ ၆ လကျခံစေခဲ့ပြီး အင်တာနက်စွဲလန်းမှုဖြတ် ကုထုံးကိုလည်းခံယူနေရပါတယ်။
Team Poison
ဗြိတိန်နိုင်ငံမှ အသက် ၁၆ နှစ်အရွယ် ဟက်ကာတစ်ယောက်ဟာ UK ရဲဌာနချုပ်ဖြစ်တဲ့ စကော့တလန်ယက် ကိုဖောက်ဝင်ပြီးတော့ ရဲဌာနမှာသိမ်းထားတဲ့ အသံသွင်းထားတဲ့ ဖုန်းကောတွေ ၊ အစိုးရ နည်းဗျူဟာတွေအပြင် အခြားကန့်သတ်ထားတဲ့အချက်အလက်တွေကိုပါခိုးယူခဲ့ပြီးတော့ အသံဖိုင်တစ်ချို့ကို ယူကျုပေါ်တင်ထားခဲ့ပါတယ်။ ဒီအသံဖိုင်တွေကို ယူကျုအသုံးပြုသူတစ်ယောက်ကတွေ့ရှိပြီး ရဲဌာနကိုအကြောင်းကြားခဲ့တဲ့နောက်မှာတော့ သူ့ကိုရှာဖွေဖမ်းဆီးခဲ့ကြပါတော့တယ်
Cod Hacker
အိုင်းရစ်ဂိမ်းမာ တစ်ယောက်ဖြစ်တဲ့အသက် ၁၄နှစ်အရွယ် ဒီကောင်လေးကတော့ Call of Duty ဆာဗာကို ဟက်ပြီးတော့ username နဲ့ Password တွေခိုးယူခဲ့တာပဲဖြစ်ပါတယ်။
ဒါပေမယ့်လည်းမိုက်ခရိုဆော့ဖ်ဟာ ဒီကောင်လေးကို အပြစ်ပေးခြင်းမရှိပဲ သူတို့ကိုအံ့သြသွားအောင်လုပ်နိုင်ခဲ့တဲ့အတွက် သူ့ကို လုံခြံုရေးစနစ်ဖန်တီးမှုအဖွဲ့အစည်းတစ်ခုမှာ အလုပ်ခန့်အပ်ထားခဲ့ပါတယ်။
အမည်မသိ
ဒီတစ်ယောက်ကိုတော့ နာမည်အတိအကျမသိထားရပါဘူး။သူကတော့ ၂၀၁၄ ခုနှစ် ကနေဒါ ကျောင်းသားသပိတ်မှောက်ပွဲကျင်းပနေတဲ့အချိန်မှာ ကွေးဘတ် က ဝက်ဘ်ဆိုက်တွေ၊ ရဲဌာနဲ့ ကျန်းမာရေးအဖွဲ့အစည်း ဝက်ဘ်ဆိုက်တွေကို DDos Attack နဲ့တိုက်ခိုက်ခဲ့တာပဲဖြစ်ပတယ်။သူ့လုပ်ရပ်ကြောင့် ကျန်းမာရေးဝက်ဘ်ဆိုက်ဟာ နှစ်ရက်ဆိုက်တိုက် ကျသွားတဲ့အတွက် ဒေါ်လာ ၂သိန်း၆သောင်းလောက်နစ်နာခဲ့ရတဲ့အတွက် ရှာဖွေဖမ်းဆီးခဲ့ပြီး ထောင် ၁၈ လကျခံစေခဲ့ပါတယ်။
Ferris Buller
၂၀၁၄ ခုနှစ်မှာ အသက် ၁၄ နှစ်အရွယ်ကျောင်းသား Ferris Buller ဟာ ကျောင်းမှာတပ်ဆင်ထားတဲ့ ကွန်ပြူတာကို အိမ်မှဖောက်ဝင်ပြီး သူ့အဆင့်ကို ပြောင်းလဲပစ်ခဲ့ပါတယ်။ ဒါတင်မကသေးပဲ ကျောင်းမှာအနိုင်ကျင့်တဲ့သူတွေရဲ့အဆင့်တွေကို အောက်ဆုံးရောက်အောင်ပြောင်းလဲထားတာကိုတွေ့ရတဲ့အတွက် ဆရာ ဆရာမတွေဟာ အလွန်ဒေါသထွက်လွန်းပေမယ့်လည်း သူ့ရဲ့အရည်အချင်းကိုအလွန်အံ့သြမိခဲ့ကြပါတယ်။
Sci-fi
ကယ်လီဖိုးနီးယားမှ အသက် ၁၀ နှစ်အရွယ်ကျောင်းသူတစ်ယောက်ကတော့ စိုက်ပျိုးရေးဂိမ်းလေးတွေကို ကစားရင်း စောင့်ရတာပျင်းတဲ့အတွက် အပင်တွေချက်ချင်းပေါက်အောင် ဟက်ခဲ့ပါတယ်။
ဒါတင်မကသေးပဲ သူ့ရဲ့ဟက်နည်းတွေကိုလည်း အခြားသူတွေနဲ့ဝေမျှခဲ့ပါသေးတယ်။ ဟက်ကာလို့ပဲပြောရမလား ဂိမ်းကစားတာတောင်ပျင်းနေတဲ့သူလို့ပဲပြောရမလားတော့မပြောတတ်တော့ပါဘူး။
Aaron’s Bomb
သူကတော့ ကွန်ပြူတာကို ၆ နှစ်အရွယ်ထဲက စတင်သုံးစွဲခဲ့တာဖြစ်ပြီး ပရိုဂရမ်တွေရေးရင်း ကွန်ပြူတာပိုင်းမှာထူးချွန်လာခဲ့ပေမယ့်လည်း ၁၄ နှစ်အရွယ်မှာတော့ သူဟာကျောင်းက ကွန်ပြူတာရဲ့ Admin Password ကိုခိုးယူပြီးတော့ ဆရာတွေနဲ့ဆရာမတွေရဲ့အကောင့်အားလုံးကို ဟက်ပစ်ခဲ့ပါတယ်။ဒီအတွက်ကြောင့်သူ့အမေကို ကျောင်းကိုခေါ်ခဲ့ပေမယ့်လည်း သူ့အမေကတော့ ဒါဟာ ကျောင်းရဲ့ ဆိုက်ဘာလုံခြံုရေးညံ့လို့ဖြစ်ရတာဖြစ်ကြောင်းကျောင်းကိုပဲအပြစ်တင်ခဲ့ပါတယ်။
Besty Davies
သူကတော့ အသက် ရ နှစ်အရွယ်ကလေးမလေးတစ်ယောက်ဖြစ်ပြီး အခမဲ့ဝိုင်ဖိုင်ရတဲ့နေရာမှာ ထိုင်နေရင်း သာမန်ကွန်ပြူတာတစ်လုံး နဲ့ အဲ့ဒီ နက်ဝေ့ါထဲက အခြားသုံးစွဲသူတွေရဲ့ ဘဏ်အကောင့်တွေ အီးမေးအကောင့်တွေကို ရယူခဲ့တာပဲဖြစ်ပါတယ်။
သူဟာအရမ်းတော်လွန်းတဲ့ဟက်ကာတစ်ယောက်လားဆိုတော့ မဟုတ်ပါဘူး…ဘာမှမသိတဲ့ကလေးတစ်ယောက်ပါ။ယူကျုပေါ်မှာတင်ထားတဲ့ ၁၀ မိနစ်စာဗီဒီယိုလေးအတိုင်းလိုက်လုပ်ကြည့်ရင်းနဲ့ အခုလိုအကောင့်တွေကို ရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။မကြာခင်အချိန်အတွင်းမှာပဲ ဒီကလေးမလေးကို VPN Website တစ်ခုက အလုပ်ကမ်းလှမ်းခဲ့ပါတယ်။
Writer – Min Thu (Daily Hot News)
အားလုံးကိုခင်မင်လျှက်
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com
ကမ္ဘာကျော်အဖွဲ့အစည်းကြီးတွေကို ဒုက္ခရောက်စေခဲ့တဲ့ ကမ္ဘာ့ အသက်အငယ်ဆုံး ဟက်ကာများ Reviewed by ညီလတ်ထွန်း(နည်းပညာ) on 6:19 PM Rating: 5 [Zawgyi] ဖြင့်ဖတ်ရန် Christopher Vaughn Hassle  ဆန်ဒီရေဂိုမှ အသက် ၅ နှစ်အရွယ်ဒီကလေးကတော့ သူ့အဖေရဲ့ XBox ထဲ့ ဂိမ်းတွေကို ယူဖို့အတွက...
No comments: