ဖုန္းေတြအခ်ိန္ၾကာလာတာနဲ႔အမွ်ေႏွးလာရျခင္းအေၾကာင္းရင္းမ်ား - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

ဖုန္းေတြအခ်ိန္ၾကာလာတာနဲ႔အမွ်ေႏွးလာရျခင္းအေၾကာင္းရင္းမ်ား

[Zawgyi]ၿဖင္႔ဖတ္ရန္ ခုတစ္ေလာပိုင္းကေတာ့ Apple က iPhone ေတြကို ေႏွးေအာင္လုပ္ထားတယ္ဆိုတဲ့သတင္းေတြနဲ႔ ပြက္ေလာရိုက္ေနခဲ့ပါတယ္။ ဒါေပမယ့္ Android ဖုန္းထုတ္သူေတြျဖစ္တဲ့ HTC, LG, Huawei နဲ႔ Samsung တုိ႔ကေတာ့ သူတို႔ဖုန္းေတြကို ေႏွးေအာင္လုပ္ထားျခင္းမရိွဘူးလို႔ ဆိုလိုက္ျပန္ပါတယ္။ ဒါဆို Android စမတ္ဖုန္းကုမၸဏီေတြက ေႏွးေအာင္လုပ္ထားတာမဟုတ္ဘူးဆိုရင္ Android ဖုန္းေတြ အခ်ိန္ၾကာလာတဲ့အမွ်ေႏွးလာရျခင္းအေၾကာင္းရင္းက ဘာမ်ားျဖစ္မလဲ??
စမတ္ဖုန္းေတြကို ၆လ တစ္ၾကိမ္ေလာက္လဲသံုးတဲ့သူမ်ိဳးဆို သိမွာမဟုတ္ေပမယ့္ ႏွစ္နဲ႔ခ်ီသံုးတဲ့သူေတြဆိုရင္ ၁ႏွစ္ေက်ာ္လာတာနဲ႔ app ေတြ load လုပ္ရတာၾကာလာတတ္ပါတယ္။ ဒါေပမယ့္ ဒါက Android ေတြအတြက္ ျပႆနာတစ္ခုလို႔ ေခါင္းစဥ္တပ္ရေလာက္တာမ်ိဳးမဟုတ္ဘဲ ပံုမွန္ျဖစ္ေနက်လိုပါပဲ။ တကယ္လို႔ Windows PC တစ္လံုးရိွေနတယ္ဆိုရင္လည္း ဒီလိုေႏွးလာမွာပါပဲ။
ဒီလို ေႏွးေကြးတာေတြကိုျဖစ္လာေစတဲ့ အေၾကာင္းရင္းအနည္းငယ္ရိွပါတယ္။ app ေတြအမ်ားၾကီး ထပ္ထပ္ထည့္လာတာက ဖုန္းတစ္လံုးကိုေႏွးလာေစတဲ့အေၾကာင္းဆိုတာေတာ့ လူတုိင္းသိပါတယ္။ ဒါမဟုတ္ဘဲ ဖုန္းတစ္လံုးကို ေႏွးေကြးလာေစတဲ့ အေၾကာင္းရင္းေတြက

OS Upgrades

Android ေတြမွာျဖစ္တတ္တာတစ္ခုက ကိုယ္ဝယ္လုိက္တဲ့ဖုန္းမွာ သြင္းထားတဲ့ OS version က အေကာင္းဆံုးစြမ္းေဆာင္ရည္ကိုေပးႏုိင္တာပါ။ ဖုန္းရဲ႕ update က ျမွင့္ဖို႔မေျပာခင္မွာပဲ  Android ဗားရွင္းအသစ္တစ္ခုကို ျမွင့္လိုက္ျပီဆိုရင္ ေသခ်ာတာက performance က်လာပါမယ္။

Apple န႔ဲမတူတာကေတာ့ Android စမတ္ဖုန္းထုတ္လုပ္သူေတြက ဖုန္းေတြကို တမင္သက္သက္ေႏွးေအာင္လုပ္စရာမလိုပါဘူး။ OS ဗားရွင္းအသစ္ေတြက ကိုယ့္အရင္ဖုန္းအေဟာင္းရဲ႕ specs ေတြနဲ႔ဆုိရင္ ေကာင္းလာစရာအေၾကာင္းလည္းမရိွပါဘူး။ အထူးသျဖင့္ ဗားရွင္းအသစ္ေတြကို ေနာက္ဆံုးထြက္ specification ေတြနဲ႔ကိုက္ေအာင္ပဲ ဖန္တီးထားတာေၾကာင့္ ဗားရွင္းအသစ္ကိုသံုးဖို႔အတြက္ဆိုရင္ processing power ေကာင္းဖို႔လိုအပ္ပါတယ္။

App updates

Android user ေတြအတြက္ေတာ့ OS upgrade ေလးရလိုက္ရင္ ေရငတ္တုန္းေရတြင္းထဲက်လုိက္သလိုပါပဲ။ ဒါေပမယ့္ ဒါေတာင္မွ ခုခ်ိန္ထိ OS ကို မျမွင့္တဲ့သူေတြအမ်ားၾကီးရိွေနပါေသးတယ္။ OS ကို မျမွင့္တာေတာင္မွ သူတို႔ရဲ႕ဖုန္းေတြေႏွးေႏွးလာရျခင္းအေၾကာင္းရင္းက app ေတြကို update လုပ္လုိ႔ပါ။ app တစ္ခုမွာ feature ေတြတုိးတိုးလာတာနဲ႔ လုပ္ေဆာင္ဖို႔ resource ေတြလညး္ လုိလာပါျပီ။ တကယ္လို႔ အရင္ ၂၀၁၄ ကတည္းက Facebook app ကုိ ခုထိသံုးေနေသးတယ္ဆိုရင္ ေနာက္ဆံုးဗားရွင္းေလာက္ေနရာသိပ္မယူလို႔ ေကာင္းေကာင္းၾကီးလုပ္ေဆာင္ႏုိင္ေနမွာပါ။ အရင္က Facebook app က RAM မွာ 60-70 MB ေလာက္ပဲေနရာယူခဲ့ေပမယ့္ အခုေတာ့ မရေတာ့ပါဘူး။

ေနာက္တစ္ခ်က္က ဖုန္းထဲမွာ app ေတြမ်ားေနတာပါ။ ဖုန္းထဲမွာ ဒါေတြစုေနတာက စြမ္းေဆာင္ရည္ကိုသြားထိခိုက္ေစႏုိင္ပါတယ္။

Memory

တကယ္လို႔ ဖုန္းကို အခ်ိန္မီကယ္တင္ခ်င္တယ္ဆိုရင္ေတာ့ OS upgrade ကိုရပ္ျပီး app update ေတြကို disable လုပ္လို႔ရပါတယ္။ Android ဖုန္းေတြ မိုဘိုင္းလ္ဖုန္းေတြက flash memory ေပၚမွာအလုပ္လုပ္ပါတယ္။ flash memory ဆိုတာကေတာ့ ၾကာၾကာမသိမ္းတဲ့ SSD ေခၚ solid-state-drive ျဖစ္ျပီး သူတို႔သံုးတဲ့ logic-gate ေတြကိုၾကည့္ျပီး NAND နဲ႔ NOR ဆုိျပီး ၂မ်ိဳးကြဲပါတယ္။  ေနရာတိုင္းမွာ အမ်ားဆံုးသံုးတာကေတာ့ NAND ျဖစ္ျပီး ေတာ္ေတာ္မ်ားမ်ားသံုးႏုိင္တဲ့အမ်ိုးအစားတစ္ခုပါ။

တတ္ႏုိင္တဲ့ သံုးႏုိင္တဲ့ ဆိုတဲ့ေနရာမွာ ဆိုးက်ိဳးေလးေတြကပ္ပါလာတတ္ပါတယ္။ NAND က ျမန္ေပမယ့္ ျပည့္လာတဲ့အခါက်ရင္ ေႏွးလာတတ္တ့ဲသဘာဝရိွပါတယ္။ အျမန္ႏႈန္းျမင့္ျမင့္နဲ႔လုပ္ေဆာင္ဖို႔အတြက္ဆိုရင္ NAND မွာ block အပိုေတြပါဖို႔လိုပါတယ္။ တကယ္လို႔ ကိုယ့္ဖုန္းရဲ႕ internal storage က ၂၅% ေလာက္လြတ္ေနေသးတာေတာင္မွ flash memory ေၾကာင့္ ေႏွးသြားတာမ်ိဳးေတြက မျဖစ္သင့္တာပါ။
NAND ေတြရဲ႕ အဓိက ျပႆနာက အသံုးျပဳမႈကိုလုိက္ျပိး memory က်ဆင္းသြားတာပါ။ NAND memory မွာ သတ္မွတ္ထားတဲ့ write cycle ရိွတဲ့အတြက္ ျပည့္သြားရင္ အလုပ္လုပ္မွာမဟုတ္ေတာ့ပါဘူး။ NAND မွာလည္း ၃မ်ိဳးခြဲထားျပီး တစ္ခုခ်င္းစီမွာ မွတ္ႏုိင္တဲ့ write cycle အေရအတြက္ အကန္႔အသတ္ေတြရိွပါတယ္။ ဒီ write cycle ေတြကေတာ့ လံုးဝေရွာင္လႊဲလို႔မရႏုိင္ပါဘူး။ အေၾကာင္းရင္းက ကုိယ္သံုးသံုး မသံုးသံုး ေဒတာေတြကို flash drive ေပၚမွာသြားမွတ္၊သြားေရးေနရတာေၾကာင့္ပါ။
Source: DroidView Credit:digitaltimes

========================================

ဖုန်းတွေအချိန်ကြာလာတာနဲ့အမျှနှေးလာရခြင်းအကြောင်းရင်းများ
[Unicode]ဖြင့်ဖတ်ရန်ခုတစ်လောပိုင်းကတော့ Apple က iPhone တွေကို နှေးအောင်လုပ်ထားတယ်ဆိုတဲ့သတင်းတွေနဲ့ ပွက်လောရိုက်နေခဲ့ပါတယ်။ ဒါပေမယ့် Android ဖုန်းထုတ်သူတွေဖြစ်တဲ့ HTC, LG, Huawei နဲ့ Samsung တို့ကတော့ သူတို့ဖုန်းတွေကို နှေးအောင်လုပ်ထားခြင်းမရှိဘူးလို့ ဆိုလိုက်ပြန်ပါတယ်။ ဒါဆို Android စမတ်ဖုန်းကုမ္ပဏီတွေက နှေးအောင်လုပ်ထားတာမဟုတ်ဘူးဆိုရင် Android ဖုန်းတွေ အချိန်ကြာလာတဲ့အမျှနှေးလာရခြင်းအကြောင်းရင်းက ဘာများဖြစ်မလဲ??
စမတ်ဖုန်းတွေကို ၆လ တစ်ကြိမ်လောက်လဲသုံးတဲ့သူမျိုးဆို သိမှာမဟုတ်ပေမယ့် နှစ်နဲ့ချီသုံးတဲ့သူတွေဆိုရင် ၁နှစ်ကျော်လာတာနဲ့ app တွေ load လုပ်ရတာကြာလာတတ်ပါတယ်။ ဒါပေမယ့် ဒါက Android တွေအတွက် ပြဿနာတစ်ခုလို့ ခေါင်းစဉ်တပ်ရလောက်တာမျိုးမဟုတ်ဘဲ ပုံမှန်ဖြစ်နေကျလိုပါပဲ။ တကယ်လို့ Windows PC တစ်လုံးရှိနေတယ်ဆိုရင်လည်း ဒီလိုနှေးလာမှာပါပဲ။
ဒီလို နှေးကွေးတာတွေကိုဖြစ်လာစေတဲ့ အကြောင်းရင်းအနည်းငယ်ရှိပါတယ်။ app တွေအများကြီး ထပ်ထပ်ထည့်လာတာက ဖုန်းတစ်လုံးကိုနှေးလာစေတဲ့အကြောင်းဆိုတာတော့ လူတိုင်းသိပါတယ်။ ဒါမဟုတ်ဘဲ ဖုန်းတစ်လုံးကို နှေးကွေးလာစေတဲ့ အကြောင်းရင်းတွေက

OS Upgrades

Android တွေမှာဖြစ်တတ်တာတစ်ခုက ကိုယ်ဝယ်လိုက်တဲ့ဖုန်းမှာ သွင်းထားတဲ့ OS version က အကောင်းဆုံးစွမ်းဆောင်ရည်ကိုပေးနိုင်တာပါ။ ဖုန်းရဲ့ update က မြှင့်ဖို့မပြောခင်မှာပဲ  Android ဗားရှင်းအသစ်တစ်ခုကို မြှင့်လိုက်ပြီဆိုရင် သေချာတာက performance ကျလာပါမယ်။
Apple နဲ့မတူတာကတော့ Android စမတ်ဖုန်းထုတ်လုပ်သူတွေက ဖုန်းတွေကို တမင်သက်သက်နှေးအောင်လုပ်စရာမလိုပါဘူး။ OS ဗားရှင်းအသစ်တွေက ကိုယ့်အရင်ဖုန်းအဟောင်းရဲ့ specs တွေနဲ့ဆိုရင် ကောင်းလာစရာအကြောင်းလည်းမရှိပါဘူး။ အထူးသဖြင့် ဗားရှင်းအသစ်တွေကို နောက်ဆုံးထွက် specification တွေနဲ့ကိုက်အောင်ပဲ ဖန်တီးထားတာကြောင့် ဗားရှင်းအသစ်ကိုသုံးဖို့အတွက်ဆိုရင် processing power ကောင်းဖို့လိုအပ်ပါတယ်။

App updates

Android user တွေအတွက်တော့ OS upgrade လေးရလိုက်ရင် ရေငတ်တုန်းရေတွင်းထဲကျလိုက်သလိုပါပဲ။ ဒါပေမယ့် ဒါတောင်မှ ခုချိန်ထိ OS ကို မမြှင့်တဲ့သူတွေအများကြီးရှိနေပါသေးတယ်။ OS ကို မမြှင့်တာတောင်မှ သူတို့ရဲ့ဖုန်းတွေနှေးနှေးလာရခြင်းအကြောင်းရင်းက app တွေကို update လုပ်လို့ပါ။ app တစ်ခုမှာ feature တွေတိုးတိုးလာတာနဲ့ လုပ်ဆောင်ဖို့ resource တွေလညး် လိုလာပါပြီ။ တကယ်လို့ အရင် ၂၀၁၄ ကတည်းက Facebook app ကို ခုထိသုံးနေသေးတယ်ဆိုရင် နောက်ဆုံးဗားရှင်းလောက်နေရာသိပ်မယူလို့ ကောင်းကောင်းကြီးလုပ်ဆောင်နိုင်နေမှာပါ။ အရင်က Facebook app က RAM မှာ 60-70 MB လောက်ပဲနေရာယူခဲ့ပေမယ့် အခုတော့ မရတော့ပါဘူး။
နောက်တစ်ချက်က ဖုန်းထဲမှာ app တွေများနေတာပါ။ ဖုန်းထဲမှာ ဒါတွေစုနေတာက စွမ်းဆောင်ရည်ကိုသွားထိခိုက်စေနိုင်ပါတယ်။

Memory

တကယ်လို့ ဖုန်းကို အချိန်မီကယ်တင်ချင်တယ်ဆိုရင်တော့ OS upgrade ကိုရပ်ပြီး app update တွေကို disable လုပ်လို့ရပါတယ်။ Android ဖုန်းတွေ မိုဘိုင်းလ်ဖုန်းတွေက flash memory ပေါ်မှာအလုပ်လုပ်ပါတယ်။ flash memory ဆိုတာကတော့ ကြာကြာမသိမ်းတဲ့ SSD ခေါ် solid-state-drive ဖြစ်ပြီး သူတို့သုံးတဲ့ logic-gate တွေကိုကြည့်ပြီး NAND နဲ့ NOR ဆိုပြီး ၂မျိုးကွဲပါတယ်။  နေရာတိုင်းမှာ အများဆုံးသုံးတာကတော့ NAND ဖြစ်ပြီး တော်တော်များများသုံးနိုင်တဲ့အမျိုးအစားတစ်ခုပါ။
တတ်နိုင်တဲ့ သုံးနိုင်တဲ့ ဆိုတဲ့နေရာမှာ ဆိုးကျိုးလေးတွေကပ်ပါလာတတ်ပါတယ်။ NAND က မြန်ပေမယ့် ပြည့်လာတဲ့အခါကျရင် နှေးလာတတ်တဲ့သဘာဝရှိပါတယ်။ အမြန်နှုန်းမြင့်မြင့်နဲ့လုပ်ဆောင်ဖို့အတွက်ဆိုရင် NAND မှာ block အပိုတွေပါဖို့လိုပါတယ်။ တကယ်လို့ ကိုယ့်ဖုန်းရဲ့ internal storage က ၂၅% လောက်လွတ်နေသေးတာတောင်မှ flash memory ကြောင့် နှေးသွားတာမျိုးတွေက မဖြစ်သင့်တာပါ။
NAND တွေရဲ့ အဓိက ပြဿနာက အသုံးပြုမှုကိုလိုက်ပြိး memory ကျဆင်းသွားတာပါ။ NAND memory မှာ သတ်မှတ်ထားတဲ့ write cycle ရှိတဲ့အတွက် ပြည့်သွားရင် အလုပ်လုပ်မှာမဟုတ်တော့ပါဘူး။ NAND မှာလည်း ၃မျိုးခွဲထားပြီး တစ်ခုချင်းစီမှာ မှတ်နိုင်တဲ့ write cycle အရေအတွက် အကန့်အသတ်တွေရှိပါတယ်။ ဒီ write cycle တွေကတော့ လုံးဝရှောင်လွှဲလို့မရနိုင်ပါဘူး။ အကြောင်းရင်းက ကိုယ်သုံးသုံး မသုံးသုံး ဒေတာတွေကို flash drive ပေါ်မှာသွားမှတ်၊သွားရေးနေရတာကြောင့်ပါ။
Source: DroidView Credit:digitaltimes


အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

ဖုန္းေတြအခ်ိန္ၾကာလာတာနဲ႔အမွ်ေႏွးလာရျခင္းအေၾကာင္းရင္းမ်ား Reviewed by ညီလတ္ထြန္း(နည္းပညာ) on 3:15 AM Rating: 5 [Zawgyi]ၿဖင္႔ဖတ္ရန္ ခုတစ္ေလာပိုင္းကေတာ့ Apple က iPhone ေတြကို ေႏွးေအာင္လုပ္ထားတယ္ဆိုတဲ့သတင္းေတြနဲ႔ ပြက္ေလာရိုက္ေနခဲ့ပါတယ္။ ဒါေပမယ့္ And...

No comments: