ဖုန္းမွန္ေပၚက အစင္းရာေတြကို လုံး၀ေဖ်ာက္ပစ္ႏိုင္မယ့္ နည္းလမ္းငါးသြယ္ - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

ဖုန္းမွန္ေပၚက အစင္းရာေတြကို လုံး၀ေဖ်ာက္ပစ္ႏိုင္မယ့္ နည္းလမ္းငါးသြယ္

[Zawgyi] ၿဖင့္ဖတ္ရန္ဖုန္းကို အိတ္ကပ္ထဲမွာ ေသာ့ေတြနဲ႔အတူ ေရာထားတာ၊ အမွတ္တမဲ့ 
ဖုန္းလြတ္က်တာေတြေၾကာင့္ ဖုန္းမွန္ ေပၚမွာ အစင္းရာေတြ ျဖစ္ေပၚတတ္ပါတယ္။
ဖုန္းက ဘယ္ေလာက္ပဲလုပ္ေဆာင္ခ်က္ေကာင္းမြန္ႏိုင္ပါေစ၊ ျခစ္ရာထင္းရာေတြ ျပည့္ႏွက္ေနတဲ့အခါ၊ သုံးရတာ စိတ္ခ်မ္းသာမွဳမရွိသလုိ၊ ဘယ္ေလာက္ပဲဒီဇိုင္းလွတဲ့ဖုန္းျဖစ္ျဖစ္၊ အစြန္းအထင္းေတြနဲ႔ဆုိ ရုပ္ဆုိးသြားတတ္ပါတယ္။
ဒါဆုိ ဖုန္းေပၚက အစင္းရာေတြကို ဘယ္လုိေဖ်ာက္ပစ္မလဲ။ ဟုတ္ကဲ့၊ ဖုန္းေပၚက အစြန္းအထင္းေတြကို အျမန္ဆုံးနဲ႔ အလြယ္ဆုံးေဖ်ာက္ပစ္ႏိုင္မယ့္ နည္းလမ္းေလးေတြရွိပါတယ္။ ပထမဦးဆုံး သတိထားရမွာက၊ ဖုန္းကို အရင္ဆုံးပါ၀ါပိတ္၊ ဘက္ထရီထုတ္ကာ၊ စပီကာအေပါက္ေတြကို တိပ္နဲ႔လုံေအာင္ပိတ္ျပီးမွ လုပ္တာက ဖုန္းထဲကို အရည္မ၀င္ႏိုင္ေတာ့ဘဲ ပုိမုိစိတ္ခ်ရမွဳရွိပါတယ္။
၁။ သြားတုိက္ေဆး
အစြန္းအထင္းေတြျပည့္ေနတဲ့ ကိုယ့္ဖုန္းေလးကိုၾကည့္ျပီး စိတ္ညစ္ေနရသလား။ သင့္ေ၀ဒနာကို ကုသေပးမယ့္ ေဆးက သင့္ေရခ်ိဳးခန္းထဲမွာတင္ ရွိပါတယ္။ အသုံးျပဳနည္းကေတာ့
သြားတိုက္ေဆးအနည္းငယ္ကို သန္႔ရွင္းတဲ့အ၀တ္စ (သို႔) ဂြမ္းစနဲ႔ ယူပါ။ 
(ဂ်ယ္ပါ၀င္တဲ့သြားတုိက္ေဆး မဟုတ္ဘဲ၊ သာမန္သြားတိုက္ေဆးျဖစ္ရပါမယ္။)
အစင္းရာထင္ေနတဲ့မွန္တစ္၀ိုက္မွာ၊ စက္၀ိုင္းပုံစံလမ္းေၾကာင္းအတုိင္း
 အစင္းရာေတြေပ်ာက္သြားတဲ့အထိ ျဖည္းညွင္းစြာပြတ္ေပးပါ။
ထို႔ေနာက္၊ ေရမဆုိစေလာက္ေလး စြတ္ထားတဲ့အ၀တ္စတစ္ခုနဲ႔ သြားတိုက္ေဆးပြတ္ထားတဲ့ 
မွန္ေနရာကို ေျပာင္သြားေအာင္ပြတ္ေပးလုိက္ရင္၊ ဖုန္းမွန္ေပၚက အစင္းရာေတြ 
မ်က္လွည့္ျပသလုိ ေပ်ာက္သြားမွာပါ။
၂။ မုန္႔ဖုတ္ဆုိဒါ (Baking Soda)
ခြက္ေသးတစ္ခြက္ထဲမွာ မုန္႔ဖုတ္ဆုိဒါ ႏွစ္ဆ၊ ေရတစ္ဆကို ထည့္ပါ။
ထူပ်စ္လာတဲ့အထိ ေမႊေပးပါ။
ေမႊလုိ႔ရလာတဲ့ မုန္႔ဖုတ္ဆုိဒါအႏွစ္ကို အ၀တ္သန္႔တစ္ခုနဲ႔ ယူျပီး၊ အစင္းရာရွိတဲ့ 
ဖုန္းမွန္ေပၚမွာ စက္၀ုိင္းပုံစံလမ္းေၾကာင္းအတုိင္း ျဖည္းညွင္းစြာပြတ္ေပးပါ။
ထုိ႔ေနာက္၊ ေရအနည္းငယ္စြတ္ထားတဲ့အ၀တ္သန္႔တစ္ခုနဲ႔ ဖုန္းမွန္ကို 
သန္႔ရွင္းေပးလုိက္ရင္ အစင္းရာေတြ ေပ်ာက္သြားတာကို ေတြ႔ျမင္ရပါမယ္။
၃။ ေဘဘီေပါင္ဒါ
သားသားမီးမီးတုိ႔အတြက္ သုံးတဲ့ေပါင္ဒါကိုလည္း အထက္ပါ Baking soda 
နည္းအတိုင္း ျပဳလုပ္ျပီး ဖုန္းမွန္ေပၚက အစြန္းအထင္းေတြကို ေဖ်ာက္ႏိုင္ပါတယ္။
၄။ ဟင္းသီးဟင္းရြက္ဆီ
ဟင္းသီးဟင္းရြက္ဆီကေတာ့ ခဏတာပဲ ဖုန္းေပၚက ျခစ္ရာ၊အစင္းရာေတြကို ေဖ်ာက္ေပးႏိုင္ပါတယ္။ တစ္စက္၊ ႏွစ္စက္ေလာက္ပဲ ဖုန္းမွန္ေပၚခ်ေပးျပီး၊ အ၀တ္သန္႔နဲ႔ စက္၀ိုင္းပုံလမ္းေၾကာင္းအတုိင္း ပြတ္တုိက္ေပးပါ။
၅။ Brasso ,Silvo စတဲ့ သတၱဳအေရာင္တင္ေဆး
ဒီနည္းလမ္းကေတာ့ နည္းနည္းသတိထားလုပ္ရပါမယ္။ Brasso တုိ႔ Silvo တုိ႔လုိ သတၱဳေၾကးခၽြတ္၊ အေရာင္တင္ေဆးနဲ႔ ျခစ္ရာေဖ်ာက္တဲ့အခါ၊ တခါတေလ ဖုန္းမွန္ကိုအေပၚကအုပ္ထားတဲ့ အလႊာကို ပ်က္စီးေစျပီး၊ ပုိၾကီးတဲ့ အစင္းရာေတြထင္ႏိုင္ပါတယ္။ ( မိမိဆႏၵအေလ်ာက္လုပ္လိုက လုပ္ႏိုင္ပါတယ္)
ခြက္ေသးတစ္ခုထဲ သတၱဳေၾကးခၽြတ္ေဆးကို ေလာင္းထည့္ပါ။ 
ခြက္ေအာက္မွာ အ၀တ္ေဟာင္းတစ္ခု ခံထားေပးရင္၊ ေအာက္ကိုအစြန္းအထင္းေတြ ေပမွာမဟုတ္ေတာ့ပါဘူး။
ႏူးညံ့သန္႔ရွင္းတဲ့အ၀တ္စတစ္ခုကို ခြက္ထဲ အနည္းငယ္ႏွစ္လုိက္ပါ။
ဖုန္းမွန္ေပၚက အစင္းရာ အထက္နဲ႔ေအာက္ကို စက္၀ုိင္းပုံစံလမ္းေၾကာင္းအတိုင္း ျဖည္းညွင္းစြာ ပြတ္ေပးပါ။
ထို႔ေနာက္၊ ေျခာက္ေသြ႔တဲ့အ၀တ္စတစ္ခုနဲ႔ သင့္ဖုန္းမွန္ကို ပြတ္ေပးလိုက္ရင္၊ မွန္ေပၚက အစင္းရာေတြ ေပ်ာက္ကြယ္သြားတာကို ေတြ႔ျမင္ႏိုင္ပါတယ္။ (ဒီနည္းလမ္းဟာ အႏၱရာယ္အနည္းငယ္ရွိတာေၾကာင့္၊ လႊဲမေရွာင္သာတဲ့အေျခအေနမ်ိဳးမွာမွ သုံးဖို႔အၾကံေပးခ်င္ပါတယ္။ ကၽြန္ေတာ္တုိ႔ စမ္းသပ္ၾကည့္သေလာက္၊ သြားတိုက္ေဆးနဲ႔ ဖ်က္တာကိုက ေတာ္ေတာ္အလုပ္ျဖစ္တာကို ေတြ႔ရပါတယ္။
Credit : digitaltimes

 =================================

ဖုန်းမှန်ပေါ်က အစင်းရာတွေကို လုံးဝဖျောက်ပစ်နိုင်မယ့် နည်းလမ်းငါးသွယ်
 [Unicode] ဖြင့်ဖတ်ရန်ဖုန်းကို အိတ်ကပ်ထဲမှာ သော့တွေနဲ့အတူ ရောထားတာ၊ အမှတ်တမဲ့
ဖုန်းလွတ်ကျတာတွေကြောင့် ဖုန်းမှန် ပေါ်မှာ အစင်းရာတွေ ဖြစ်ပေါ်တတ်ပါတယ်။
ဖုန်းက ဘယ်လောက်ပဲလုပ်ဆောင်ချက်ကောင်းမွန်နိုင်ပါစေ၊ ခြစ်ရာထင်းရာတွေ ပြည့်နှက်နေတဲ့အခါ၊ သုံးရတာ စိတ်ချမ်းသာမှုမရှိသလို၊ ဘယ်လောက်ပဲဒီဇိုင်းလှတဲ့ဖုန်းဖြစ်ဖြစ်၊ အစွန်းအထင်းတွေနဲ့ဆို ရုပ်ဆိုးသွားတတ်ပါတယ်။
ဒါဆို ဖုန်းပေါ်က အစင်းရာတွေကို ဘယ်လိုဖျောက်ပစ်မလဲ။ ဟုတ်ကဲ့၊ ဖုန်းပေါ်က အစွန်းအထင်းတွေကို အမြန်ဆုံးနဲ့ အလွယ်ဆုံးဖျောက်ပစ်နိုင်မယ့် နည်းလမ်းလေးတွေရှိပါတယ်။ ပထမဦးဆုံး သတိထားရမှာက၊ ဖုန်းကို အရင်ဆုံးပါ၀ါပိတ်၊ ဘက်ထရီထုတ်ကာ၊ စပီကာအပေါက်တွေကို တိပ်နဲ့လုံအောင်ပိတ်ပြီးမှ လုပ်တာက ဖုန်းထဲကို အရည်မဝင်နိုင်တော့ဘဲ ပိုမိုစိတ်ချရမှုရှိပါတယ်။
 ၁။ သွားတိုက်ဆေး
အစွန်းအထင်းတွေပြည့်နေတဲ့ ကိုယ့်ဖုန်းလေးကိုကြည့်ပြီး စိတ်ညစ်နေရသလား။ သင့်ဝေဒနာကို ကုသပေးမယ့် ဆေးက သင့်ရေချိုးခန်းထဲမှာတင် ရှိပါတယ်။ အသုံးပြုနည်းကတော့
သွားတိုက်ဆေးအနည်းငယ်ကို သန့်ရှင်းတဲ့အဝတ်စ (သို့) ဂွမ်းစနဲ့ ယူပါ။
(ဂျယ်ပါ၀င်တဲ့သွားတိုက်ဆေး မဟုတ်ဘဲ၊ သာမန်သွားတိုက်ဆေးဖြစ်ရပါမယ်။)
အစင်းရာထင်နေတဲ့မှန်တစ်ဝိုက်မှာ၊ စက်ဝိုင်းပုံစံလမ်းကြောင်းအတိုင်း
 အစင်းရာတွေပျောက်သွားတဲ့အထိ ဖြည်းညှင်းစွာပွတ်ပေးပါ။
ထို့နောက်၊ ရေမဆိုစလောက်လေး စွတ်ထားတဲ့အဝတ်စတစ်ခုနဲ့ သွားတိုက်ဆေးပွတ်ထားတဲ့
မှန်နေရာကို ပြောင်သွားအောင်ပွတ်ပေးလိုက်ရင်၊ ဖုန်းမှန်ပေါ်က အစင်းရာတွေ
မျက်လှည့်ပြသလို ပျောက်သွားမှာပါ။
 
  ၂။ မုန့်ဖုတ်ဆိုဒါ (Baking Soda)
ခွက်သေးတစ်ခွက်ထဲမှာ မုန့်ဖုတ်ဆိုဒါ နှစ်ဆ၊ ရေတစ်ဆကို ထည့်ပါ။
ထူပျစ်လာတဲ့အထိ မွှေပေးပါ။
မွှေလို့ရလာတဲ့ မုန့်ဖုတ်ဆိုဒါအနှစ်ကို အဝတ်သန့်တစ်ခုနဲ့ ယူပြီး၊ အစင်းရာရှိတဲ့
ဖုန်းမှန်ပေါ်မှာ စက်ဝိုင်းပုံစံလမ်းကြောင်းအတိုင်း ဖြည်းညှင်းစွာပွတ်ပေးပါ။
ထို့နောက်၊ ရေအနည်းငယ်စွတ်ထားတဲ့အဝတ်သန့်တစ်ခုနဲ့ ဖုန်းမှန်ကို
သန့်ရှင်းပေးလိုက်ရင် အစင်းရာတွေ ပျောက်သွားတာကို တွေ့မြင်ရပါမယ်။
 
၃။ ဘေဘီပေါင်ဒါ
သားသားမီးမီးတို့အတွက် သုံးတဲ့ပေါင်ဒါကိုလည်း အထက်ပါ Baking soda
နည်းအတိုင်း ပြုလုပ်ပြီး ဖုန်းမှန်ပေါ်က အစွန်းအထင်းတွေကို ဖျောက်နိုင်ပါတယ်။
၄။ ဟင်းသီးဟင်းရွက်ဆီ
ဟင်းသီးဟင်းရွက်ဆီကတော့ ခဏတာပဲ ဖုန်းပေါ်က ခြစ်ရာ၊အစင်းရာတွေကို ဖျောက်ပေးနိုင်ပါတယ်။ တစ်စက်၊ နှစ်စက်လောက်ပဲ ဖုန်းမှန်ပေါ်ချပေးပြီး၊ အဝတ်သန့်နဲ့ စက်ဝိုင်းပုံလမ်းကြောင်းအတိုင်း ပွတ်တိုက်ပေးပါ။
 
 ၅။ Brasso ,Silvo စတဲ့ သတ္တုအရောင်တင်ဆေး
ဒီနည်းလမ်းကတော့ နည်းနည်းသတိထားလုပ်ရပါမယ်။ Brasso တို့ Silvo တို့လို သတ္တုကြေးချွတ်၊ အရောင်တင်ဆေးနဲ့ ခြစ်ရာဖျောက်တဲ့အခါ၊ တခါတလေ ဖုန်းမှန်ကိုအပေါ်ကအုပ်ထားတဲ့ အလွှာကို ပျက်စီးစေပြီး၊ ပိုကြီးတဲ့ အစင်းရာတွေထင်နိုင်ပါတယ်။ ( မိမိဆန္ဒအလျောက်လုပ်လိုက လုပ်နိုင်ပါတယ်)
ခွက်သေးတစ်ခုထဲ သတ္တုကြေးချွတ်ဆေးကို လောင်းထည့်ပါ။
ခွက်အောက်မှာ အဝတ်ဟောင်းတစ်ခု ခံထားပေးရင်၊ အောက်ကိုအစွန်းအထင်းတွေ ပေမှာမဟုတ်တော့ပါဘူး။
နူးညံ့သန့်ရှင်းတဲ့အဝတ်စတစ်ခုကို ခွက်ထဲ အနည်းငယ်နှစ်လိုက်ပါ။
ဖုန်းမှန်ပေါ်က အစင်းရာ အထက်နဲ့အောက်ကို စက်ဝိုင်းပုံစံလမ်းကြောင်းအတိုင်း ဖြည်းညှင်းစွာ ပွတ်ပေးပါ။
ထို့နောက်၊ ခြောက်သွေ့တဲ့အဝတ်စတစ်ခုနဲ့ သင့်ဖုန်းမှန်ကို ပွတ်ပေးလိုက်ရင်၊ မှန်ပေါ်က အစင်းရာတွေ ပျောက်ကွယ်သွားတာကို တွေ့မြင်နိုင်ပါတယ်။ (ဒီနည်းလမ်းဟာ အန္တရာယ်အနည်းငယ်ရှိတာကြောင့်၊ လွှဲမရှောင်သာတဲ့အခြေအနေမျိုးမှာမှ သုံးဖို့အကြံပေးချင်ပါတယ်။ ကျွန်တော်တို့ စမ်းသပ်ကြည့်သလောက်၊ သွားတိုက်ဆေးနဲ့ ဖျက်တာကိုက တော်တော်အလုပ်ဖြစ်တာကို တွေ့ရပါတယ်။
 Credit : digitaltimes




 အဆင္ေၿပပါေစ
ညီလတ္ထြန္း(နည္းပညာ)

www.nyilattun.com

ဖုန္းမွန္ေပၚက အစင္းရာေတြကို လုံး၀ေဖ်ာက္ပစ္ႏိုင္မယ့္ နည္းလမ္းငါးသြယ္ Reviewed by ညီလတ္ထြန္း(နည္းပညာ) on 3:19 AM Rating: 5 [Zawgyi] ၿဖင့္ဖတ္ရန္ ဖုန္းကို အိတ္ကပ္ထဲမွာ ေသာ့ေတြနဲ႔အတူ ေရာထားတာ၊ အမွတ္တမဲ့  ဖုန္းလြတ္က်တာေတြေၾကာင့္ ဖုန္းမွန္ ေပၚမွာ အစင္းရာေတြ ျဖစ...

No comments: