စမတ်ဖုန်းကင်မရာအကြောင်း သိကောင်းစရာ - ညီလတ်ထွန်း(နည်းပညာ)
728x90 AdSpace
Trending
Megapixels
Sensor Size
CCD and CMOS
CCD
CMOS
အစောပိုင်းစမတ်ဖုန်းတွေမှာတော့ CCD sensors တွေကိုပဲသုံးခဲ့ကြပေမယ့် အခုခေတ်ပေါ်စမတ်ဖုန်းတွေ ပစ္စည်းတွေမှာတော့ ပိုပြီးဈေးကြီးတဲ့ ရှုပ်လည်းရှုပ်ထွေးတဲ့ CMOS sensor တွေကိုပဲ သုံးလာကြပါတယ်။
Aperture
ISO and Shutter Speed
Software
=================================
 စမတ်ဖုန်းကင်မရာအကြောင်း သိကောင်းစရာ
 [Unicode]ဖြင့်ဖတ်ရန်စမတ်ဖုန်းတွေရဲ့ကင်မရာတိုင်းကတော့မတူညီနိုင်ပေမယ့် ကင်မရာတစ်ခုမှာပါဝင်ရမယ့်အစိတ်အပိုင်းတွေကတော့ အကုန်လုံးတူတူပါပဲ။ ကင်မရာတိုင်းမှာ အရာဝတ္ထုတွေကိုမြင်နိုင်မယ့် မှန်ဘီလူး(lens), မှန်ဘီလူးကဒေတာတွေကိုယူရမယ့် image sensor(ဒေတာတွေကိုတော့ ဒီဂျစ်တယ်ဒေတာတွေအဖြစ်ပြောင်းလိုက်ရမှာပါ) နောက်တစ်ခုက ဒေတာတွေအကုန်လုံးကိုစုစည်းပြီး ပုံတစ်ပုံအဖြစ်ပြောင်းပေးမယ့် Software ဒါတွေအားလုံးက ဘယ်စမတ်ဖုန်းရဲ့ကင်မရာမှာမဆို ပါရမယ့်အစိတ်အပိုင်းတွေပါ။
အပေါ်ကအချက်တွေအပေါ်လိုက်ပြီး ပုံတစ်ပုံကောင်းတယ်မကောင်းဘူး ဆုံးဖြတ်လို့ရပါတယ်။
Megapixels
အားလုံးသိထားတဲ့အတိုင်းပဲ ပုံတစ်ပုံမှာပါဝင်တဲ့ pixel တွေကို Megapixel နဲ့တိုင်းတာပါတယ်။ 1 Megapixel ဆိုတာက 1000*1000 pixels နဲ့ညီမျှတဲ့အတွက် 12 Megapixel ပုံတစ်ပုံဆိုရင် pixel ပေါင်း ၁၂သန်းပါဝင်နေမှာဖြစ်ပါတယ်။
 ကိုယ့်ဖုန်းရဲ့ကင်မရာက pixel ပိုများလေလေ ပုံကောင်းကောင်းထွက်နိုင်လေလေပါပဲ။ ဒါပေမယ့် ဟိုတခေါက်ကပြောခဲ့သလိုပါပဲ pixel များတာတစ်ခုတည်းနဲ့တော့ ဆုံးဖြတ်လိုက်လို့မရပါဘူး။ အနည်းဆုံးတော့ pixel များတဲ့အခါ ပုံတွေကို ချဲ့ကြည့်တာဖြစ်ဖြစ် ဖြတ်လိုက်တာဖြစ်ဖြစ် ပုံရဲ့ quality လျော့မသွားပါဘူး။ 12 MP ကင်မရာက 16 MP ကင်မရာထက် ပိုကောင်းတဲ့ပုံတွေထွက်တာမျိုးလည်းရှိတဲ့အတွက် pixel များတာ နည်းတာနဲ့မဆိုင်ဘူးလို့ ကြိုပြောခဲ့တာပါ။
Sensor Size
Megapixel တွေလိုပဲ sensor ကြီးလေလေ ပုံကောင်းကောင်းထွက်လေလေပါပဲ။ ပုံမှန်ကတော့ ကင်မရာရဲ့ sensor အရွယ်အစားက ၁လက်မရဲ့ ၃ပုံ၁ပုံပဲရှိပါတယ်။ ဒါပေမယ့် ၁လက်မလောက်ရှိချင်လညး် ရှိလာနိုင်ပါတယ်။ sensor ပိုကြီးခြင်းရဲ့ နောက်ထပ်ကောင်းတဲ့တစ်ချက်က ကင်မရာမှာ pixel များများပိုထပ်ထည့်နိုင်တာပါပဲ။
Smartphone sensor ပုံစံများ
CCD and CMOS
CCD
CCD(charge-coupled device) ဆိုတာကတော့ လျှပ်စစ်ဓာတ်တွေရွှေ့ပြောင်းတဲ့ပစ္စည်းတစ်ခုပါ။ ပြောရရင်တော့ digital value တွေအဖြစ်ပြောင်းလိုက်တာပါ။ တစ်ဆင့်ပြီးတစ်ဆင့် ဒေတာ signal တွေကို ပြောင်းပြီးမှ digital value တွေရအောင် ပြောင်းပေးတဲ့ပစ္စည်းတစ်ခုပါ။
CMOS
Complementary meta-oxide-semiconductor ဆိုတာကတော့ စွမ်းဆောင်ရည်အရမ်းမြင့်တဲ့ အဆင့်မြင့် IC (Integrated Circuit) တွေဖြစ်စေဖို့အတွက် chip ပြားတွေကိုစွမ်းဆောင်ရည်မြှင့်ပေးတဲ့နည်းပညာပါ။ CMOS ပုံရိပ်တွေကတော့ CCD ပုံတွေထပ် feature ပိုသာပါတယ်။
အစောပိုင်းစမတ်ဖုန်းတွေမှာတော့ CCD sensors တွေကိုပဲသုံးခဲ့ကြပေမယ့် အခုခေတ်ပေါ်စမတ်ဖုန်းတွေ ပစ္စည်းတွေမှာတော့ ပိုပြီးစျေးကြီးတဲ့ ရှုပ်လည်းရှုပ်ထွေးတဲ့ CMOS sensor တွေကိုပဲ သုံးလာကြပါတယ်။
Aperture
Aperture ဆိုတာကတော့ အလင်းဝင်ပေါက်ပါ။ အလင်းပမာဏဘယ်လောက်များများဝင်နိုင်သလဲဆိုတာကို f/2.2, f/1.8, f/1.7 စသဖြင့်ပြတာကို တွေ့ကြမှာပါ။ ဂဏန်းပမာဏနည်းလေလေ အလင်းဝင်ပေါက်ပိုကျယ်လေလေ အလင်းများများဝင်နိုင်လေလေပါပဲ။
ISO and Shutter Speed
Shutter speed ဆိုတာကတော့ ကင်မရာတစ်လုံးရဲ့မှန်ဘီလူးက ပုံတစ်ပုံကိုရိုက်ဖို့ ကြာတဲ့အချိန်လို့ကျွန်တော်တို့သိထားကြပါတယ်။ ISO ကတော့ ကိုယ့်ကင်မရာက ဝင်လာတဲ့ အလင်းအပေါ် ဘယ်လို sensitive ဖြစ်သလဲဆိုတာပါ။ ဒီ၂ခုလုံးကတော့ ကင်မရာ app တွေကိုသုံးပြီး ပြောင်းလို့ရပါတယ်။
ISO ပမာဏများတာက အလင်းကို ပိုပြီး sensitive ဖြစ်ပါတယ်။ ဥပမာ ISO 200 နဲ့ရိုက်ရင် ကင်မရာက ပုံရိုက်ဖို့ စက္ကန့်ဝက်လောက်ပဲကြာပါမယ်။ ISO 800 ကင်မရာဆိုရင်တော့ 0.125 စက္ကန့်လောက်ပဲကြာပါတယ်။ ဒါပေမယ့် ISO ပမာဏကိုတိုးလာတာက noise ပိုများစေပါတယ်။ ISO မြင့်မြင့်နဲ့ရိုက်လိုက်ရင် effect က မချောမွေ့တော့ပါဘူး။ ဒါကြောင့် တတ်နိုင်သလောက် ISO အနည်းဆုံးနဲ့ရိုက်တာပိုကောင်းပါလိမ့်မယ်။
Shutter speed ကိုလည်း ပြောင်းလို့ရပါသေးတယ်။shutter speed ကြာလေလေ အလင်းများများဖမး်ယူနိုင်လေလေဖြစ်ပေမယ့် တစ်ခါတစ်ရံကျရင်တော့ လှုပ်သွားတဲ့ ဝါးသွားတဲ့ပုံတွေဖြစ်လာတတ်ပါတယ်။
Software
Software ကတော့ မှန်ဘီလူးကလာတဲ့ဒေတာတွေအကုန်လုံးကို ဒီဂျစ်တယ်ဒေတာတွေအဖြစ်ပြောင်းပေးပါတယ်။ sensor ဆိုဒ်, megapixel, Aperture, ISO နဲ့ Shutter speed တွေဘယ်လောက်ပဲကောင်းနေနေ ဆော့ဖ်ဝဲမကောင်းရင် မငြိမ်တဲ့၊ လှုပ်တဲ့၊ မချောမွေ့တဲ့ပုံတွေထွက်လာမှာပါ။ ဒါကြောင့် ဆော့ဖ်ဝဲကောင်းကောင်းသုံးရင် ပိုကောင်းတဲ့ပုံတွေထွက်လာမှာပါ။
များသောအားဖြင့်တော့ ပုံတွေကို JPED image format နဲ့သိမ်းတာများပေမယ့် တချို့သောဖုန်းတွေက RAW file တွေသိမ်းဖို့ ရွေးခွင့်ပေးပါတယ်။
Digital Image Stabilization (DIS)
သူကတော့ ရိုက်ကူးနေတဲ့အချိန်မှာ လှုပ်သွားတုန်သွားတာတွေကို ငြိမ်စေမယ့် Software ကိုသုံးပါတယ်။
Optical Image Stabilization (OIS)
သူကတော့ မှန်ဘီလူးကိုငြိမ်အောင်ထိန်းထားတဲ့ စက်ပိုင်းဆိုင်ရာနည်းလမ်းတစ်ခုပါပဲ။ OIS က DIS ထက်ပိုကောင်းပါတယ်။
ဒါကတော့ စမတ်ဖုန်းတစ်လုံးရဲ့ကင်မရာမှာပါဝင်နေတဲ့ သိထားသင့်တဲ့အစိတ်အပိုင်းလေးတွေကို ဖော်ပြပေးထားတာပဲဖြစ်ပါတယ်။Credit to digitaltimes
အဆင်ပြေပါစေ
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com
စမတ်ဖုန်းကင်မရာအကြောင်း သိကောင်းစရာ Reviewed by ညီလတ်ထွန်း(နည်းပညာ) on 3:19 AM Rating: 5 [Zawgyi]ဖြင့်ဖတ်ရန် စမတ်ဖုန်းတွေရဲ့ကင်မရာတိုင်းကတော့မတူညီနိုင်ပေမယ့် ကင်မရာတစ်ခုမှာပါဝင်ရမယ့်အစိတ်အပိုင်းတွေကတော့ အကုန်လုံးတူတူပါပဲ။ က...
No comments: