ဖုန်းအတု အစစ် ခွဲနည်း - ညီလတ်ထွန်း(နည်းပညာ)
728x90 AdSpace
Trending
ဖုန်းအတု အစစ် ခွဲနည်း
ဖုန်းဝယ်တော့မယ်ဆိုရင် ဖုန်းဟာ Brand အစစ်လား၊ Quality ကောင်းရဲ့လားဆိုတာကို ဖုန်းဆိုင်မှာပဲ အလွယ်ကူဆုံး ခွဲခြားနိုင်မယ့် အချက်လေးတွေပါ။
📱📱📱
Credit toTeacher
====================================
ဖုန်းအတု အစစ် ခွဲနည်း
 ဖုန်းဝယ်တော့မယ််ဆိုရင် ဖုန်းဟာ Brand အစစ်လား၊ Quality ကောင်းရဲ့လားဆိုတာကို ဖုန်းဆိုင်မှာပဲ အလွယ်ကူဆုံး ခွဲခြားနိုင်မယ့် အချက်လေးတွေပါ။
📱(၁) ဖုန်းရဲ့ ဘူးကို လောင်းထားတဲ့ ပလက်စတစ်ကို သေချာအကဲခတ်ကြည့်ပါ။ ပလက်စတစ်ဟာ ကျစ်ကျစ်လျစ်လျစ်နဲ့ ကွက်တိဖြစ်မနေဘဲ လျော့ရဲရဲ ဖြစ်နေရင်တော့ ဖောက်ထားတယ်ဆိုတာ သေချာပါပြီ။
📱(၂) ဖုန်းရဲ့ဘူးထဲမှာ ပါဝင်တဲ့ သုံးစွဲသူအတွက် အညွှန်းစာရွက်မှာ အင်္ဂလိပ်စာလုံးဝမပါဘဲ သင်နားမလည်တဲ့ စာတွေချည်းဖြစ်နေမယ်ဆိုရင်တော့ ပုံတူကူးချထားတဲ့ Brand သို့မဟုတ် အတုပဲ ဖြစ်ပါလိမ့်မယ်။
📱(၃) ပလက်စတစ်၊ ရာဘာ၊ အလူမီနီယံ ဘယ်လိုပစ္စည်းမျိုးကိုပဲ ဖြစ်ဖြစ် သေချာဂရုစိုက်ကြည့်ပါ။ Brand အစစ်တွေဟာ ပစ္စည်းတွေကို ထုပ်ပိုးပုံ သေသပ်လှပမှုကစ အလေးထားတာကြောင့် အပြစ်အနာအဆာ မရှိပဲ ချောမွေ့နေပါလိမ့်မယ်။ မချောမွေ့တဲ့ မျက်နှာပြင်၊ သေးငယ်တဲ့ အပြစ်အနာအဆာဟာ အတုရဲ့ လက္ခဏာ ဖြစ်ပါတယ်။
📱(၄) Logo ဟာ Brand တိုင်းအတွက် Image ဖြစ်တာကြောင့် Logo စာလုံးရဲ့ စာသားတွေကို အကဲခတ်ခြင်းအားဖြင့်လည်း အတုအစစ် ခွဲခြားနိုင်ပါသေးတယ်။ Logo စာလုံးတွေ ညီညာသေသပ်မှု မရှိဘဲ ကြည့်လိုက်ရုံနဲ့ စိတ်မကျေနပ်စရာ အမြင်တစ်ခုခု ရှိနေမယ် ဆိုရင်တော့ ဒါဟာ အတုဖြစ်ဖို့ ရာခိုင်နှုန်းများနေပါပြီ။
📱(၅) ဖုန်းနဲ့အတူ ပါလာတဲ့ အားသွင်းကြိုးဟာ ဖုန်းအားသွင်းတဲ့အပေါက်ထဲကို ထိုးထည့်လိုက်တာနဲ့ လုံးဝကွက်တိဖြစ်ပြီး ကျပ်နေရပါမယ်။ ဒီလို ကျပ်မနေပဲ ရှည်နေတာမျိုး၊ ချောင်နေတာမျိုး၊ အနည်းငယ်ပိုနေတာမျိုးဆိုရင်တော့ အဲဒါဟာ အတုပါ။
📱(၆) ဒီလိုမျက်လုံးနဲ့ကြည့်လည်း ဝေခွဲမရနိုင်ဘူးဆိုရင်တော့ ပထမဆုံးအနေနဲ့ *#06# ကို ရိုက်ပြီး Call နှိပ်ပါ။ အဲဒီမှာ နိုင်ငံတကာ မိုဘိုင်းဖုန်းတပ်ဆင်ခြင်းဆိုင်ရာ ခွင့်ပြုချက်အမှတ် IMEI ဂဏန်း ၁၅ လုံး ပေါ်ထွက်လာတာကို မြင်ရပါလိမ့်မယ်။ ဥပမာ 436888981236819 ဆိုပါစို့။ အဲဒီဂဏန်းထဲက ရ ကြိမ်မြောက်နဲ့ ၈ ကြိမ်မြောက် ဂဏန်းဟာ
👉02 သို့မဟုတ် 20 ဖြစ်နေခဲ့မယ်ဆိုရင် သင့်ရဲ့ ဖုန်းက တရုတ်နိုင်ငံထုတ် အနိမ့်ဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။
👉08 သို့မဟုတ် 80 ဆိုရင်တော့ သင့်ရဲ့ ဖုန်းဟာ ဂျာမဏီမှာ ထုတ်လုပ်ထားတာဖြစ်ပြီး Quality အသင့်အတင့်ရှိနေပါတယ်။
👉01 သို့မဟုတ် 10 ဆိုရင်တော့ ဖင်လန်နိုင်ငံမှာ ထုတ်လုပ်ထားပြီး Quality ကို စိတ်ချနိုင်ပါတယ်။
👉00 ဖြစ်မယ်ဆိုရင်တော့ မူရင်းစက်ရုံမှာ ထုတ်လုပ်ထားပြီး အကောင်းဆုံး Quality ရှိတဲ့ဖုန်းလို့ သတ်မှတ်နိုင်ပါတယ်။
👉05 သို့မဟုတ် 50 ဆိုရင်တော့ ကိုရီးယားနိုင်ငံထုတ်ဖြစ်ပြီး
👉03 သို့ 30၊ 04 သို့ 40၊ 06 သို့ 60 ဆိုရင်တော့ ဗီယက်နမ်၊ စင်္ကာပူ၊ ထိုင်ဝမ်တို့မှာ ထုတ်လုပ်ထားတာဖြစ်ပြီး Quality အတော်ကောင်းတဲ့ ဖုန်းတွေ ဖြစ်ပါတယ်။
👉13 သို့မဟုတ် 31 ဆိုရင်တော့ သင့်ရဲ့ဖုန်းဟာ အဆိုးရွားဆုံး Quality ရှိတဲ့ဖုန်းလို့ သတ်မှတ်နိုင်ပြီး သင့်ရဲ့ ကျန်းမာရေးအတွက် အန္တရာယ်အရှိဆုံး ဖုန်းတစ်လုံး ဖြစ်ပါတယ်။
အထက်မှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအပြင် အခြားနိုင်ငံတွေရဲ့ ကုဒ်နံပါတ်တွေရှိပါသေးတယ်။ ဖော်ပြထားတဲ့ ကုဒ်နံပါတ်တွေက ထင်ရှားတဲ့ နံပါတ်တွေကိုပဲ ဖော်ပြထားတာဖြစ်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ဖုန်းက Quality ပြည့်မပြည့် Original စစ်မစစ်ဆိုတာ လွယ်လွယ်ကူကူ စစ်ဆေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။
အထက်ပါ စစ်ဆေးခြင်းနည်းတွေက မိုလ်ဘိုင်းဖုန်းအားလုံးအတွက်ဖြစ်ပြီး ထပ်မံ ဖြည့်ဆွက်ချင်တာကတော့ Mi Device တွေကို အစစ်အတု အကြမ်းဖြင်း ခွဲနည်းလေးပါ။
📱📱📱
👉 *#*#64663#*#* ဆိုတဲ့ code ကို ရိုက်လိုက်လို့ hardware test ပေါ်ရင် အစစ်ဖြစ်ဖို့များပါတယ်။ cross-check အနေနဲ့ ဖုန်းနဲ့ ဘူးခွံ imei တိုက်စစ်ပြီးရင် www.order.mi.com/imei/service မှာ imei နဲ့ S/N ရိုက်ပီး စစ်နိုင်ပါသေးတယ်။ နောက်ဆုံးအနေနဲ့ firmware update လုပ်လို့ရရင် အစစ်ဆိုတာ ကျိန်းသေသလောက်ပါပဲနော်။ အားလုံး စစ်မှန်၊ အရည်သွေးမြင့်ဖုန်းကို ပိုင်ဆိုင်နိုင်ပါစေ။Credit toTeacher
အဆင်ပြေပါစေ
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com
ဖုန်းအတု အစစ် ခွဲနည်း Reviewed by ညီလတ်ထွန်း(နည်းပညာ) on 12:11 AM Rating: 5 ဖုန်းဝယ်တော့မယ်ဆိုရင် ဖုန်းဟာ Brand အစစ်လား၊ Quality ကောင်းရဲ့လားဆိုတာကို ဖုန်းဆိုင်မှာပဲ အလွယ်ကူဆုံး ခွဲခြားနိုင်မယ့် အချက်လေးတွေပါ။ ...
No comments: