ဖုန်းသုံးနေရင်း ပူလာရင် ဘယ်လိုလုပ်ကြမလဲ - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

ဖုန်းသုံးနေရင်း ပူလာရင် ဘယ်လိုလုပ်ကြမလဲ

[Zawgyi] ဖြင့်ဖတ်ရန်ဖုန်းပြောနေရင်း ဒါမှမဟုတ်





Myteach
=============================
ဖုန်းသုံးနေရင်း ပူလာရင် ဘယ်လိုလုပ်ကြမလဲ။

[Unicode] ဖြင့်ဖတ်ရန်ဖုန်းပြောနေရင်း ဒါမှမဟုတ်
Game ဆော့နေရင်း ရုပ်ရှင်ကြည့်နေရင်း ဖုန်းဘတ္ထရီပူလာတတ်တာ ကြုံဖူးကြပါမယ်။ ဖုန်းကို အသုံးများလို့ ပူလာတာထက် ဖုန်းရဲ့ဘတ္ထရီကို သာမန်အပူချိန်ထက် မပိုအောင် ထားပေးနိုင်ရင်လည်း ဖုန်းပူခြင်းကနေ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

ဖုန်းကာဗာကို ချွတ်လိုက်ပါ။
ဖုန်းက ထွက်လာတဲ့အပူဟာ ဖုန်းကာဗာကြောင့် အပြင်မထွက်နိုင်ဘဲ လှောင်ပိတ်မိနေပါတယ်။ ကာဗာတပ်ထားတဲ့ ဖုန်းနဲ့ ကာဗာ မတပ်တဲ့ ဖုန်းဆိုရင် မတပ်ထားတဲ့ဖုန်းက ပိုအေးနေတာ တွေ့ရမှာပါ။

အားသွင်းတဲ့အခါ စားပွဲပေါ်မှာ သွင်းပါ။
မွေ့ရာ/ဆိုဖာပေါ်မှာ ဖုန်းကို အားသွင်းရင် အပူတွေကို မစုပ်နိုင်ပါဘူး။ မာတဲ့မျက်နှာပြင်ရှိတဲ့ စာအုပ်/ စားပွဲ စတာတွေပေါ်မှာ အားသွင်းရင် ဖုန်းကို အပူသက်သာစေမှာပါ

ညအိပ်ရင်း အားမသွင်းပါနဲ့။
ညအိပ်တုန်း အားသွင်းထားပြီး မနက်ကျမှ ဖြုတ်သုံးတာဟာ ဖုန်းရဲ့ဘတ္ထရီကို ယိုယွင်းပျက်စီးစေပါတယ်။ ညအိပ်ရင်း အားသွင်းခြင်းကို ရှောင်ကျဉ်ပါ။

နေရောင်ခြည်နဲ့ တိုက်ရိုက်မထိမိပါစေနဲ့။
ဖုန်းကို နေရောင်နဲ့ ထိမိရင်လည်း ဖုန်းအပူချိန် ပိုတက်လာနိုင်ပါတယ်။
ဒါကြောင့် အခန်းအပူချိန်ထက်မပိုတဲ့နေရာမှာပဲ ဖုန်းကို ထားပေးပါ။

တခြားဘတ္ထရီနဲ့ အားသွင်းကြိုးတွေ မသုံးပါနဲ့။
မိမိဖုန်းက Samsung ဖြစ်နေရင် Samsung ကြိုးနဲ့ပဲ အားသွင်းပါ။ တခြားဖုန်းက အားသွင်းကြိုးနဲ့ သွင်းတာကလည်း ဘတ္ထရီသက်တမ်းကို လျော့ကျစေပါတယ်။
ယခုခေတ် စမတ်ဖုန်းများကတော့ Li-Ion Battery သုံးထားလို့ တခြားဖုန်းက ဘတ္ထရီဖြုတ်ပြီး ထည့်သုံးလို့မရတော့ပါဘူး။ ဖြစ်နိုင်လျှင် အမျိုးအစားတူတာ တစ်မျိုးတည်းပဲ ရွေးသုံးသင့်ပါတယ်။
Myteach



အားလုံးကိုခင်မင်လျက်
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com

ဖုန်းသုံးနေရင်း ပူလာရင် ဘယ်လိုလုပ်ကြမလဲ Reviewed by ညီလတ်ထွန်း(နည်းပညာ) on 7:01 AM Rating: 5 [Zawgyi] ဖြင့်ဖတ်ရန် ဖုန်းပြောနေရင်း ဒါမှမဟုတ် Game ဆော့နေရင်း ရုပ်ရှင်ကြည့်နေရင်း ဖုန်းဘတ္ထရီပူလာတတ်တာ ကြုံဖူးကြပါမယ်။ ဖုန်းကို အသံုးမ်...

No comments: