ပန္ကာႏွင့္အိပ္စက္ျခင္း၏ အႏၱရာယ္မ်ား - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

ပန္ကာႏွင့္အိပ္စက္ျခင္း၏ အႏၱရာယ္မ်ား

အိပ္မေပ်ာ္သူမ်ားအတြက္ ပန္ကာႏွင့္အိပ္စက္ျခင္းက ညင္သာစြာ လႈပ္သိပ္ေစသလိုျဖစ္သည္။ သို႔ေသာ္ ေဘးထြက္ဆိုးက်ိဳးမ်ားက လူတစ္ေယာက္၏ က်န္းမာေရးကို ထိခိုက္ေစသည္။
အိပ္စက္သူ၏အသက္အရြယ္ ေပၚမူတည္ၿပီး ကြဲျပားေသာ က်န္းမာေရးဆိုးက်ိဳးမ်ားကို ျဖစ္ေပၚေစသည္။ အခ်ိဳ႕ကလက္ကပ္ျခင္း၊ ႏွာေစးျခင္း၊ ေက်ာေအာင့္ျခင္း၊ အဆုတ္အေအးမိျခင္း၊ ေခါင္းကိုက္ ျခင္း၊ ဇက္ခိုင္ျခင္း၊ ေျခေထာက္မ်ား ေလးျခင္း စသည္ျဖင့္ အမ်ိဳးမ်ိဳးကြဲျပားတတ္သည္။ ထို႔အျပင္-
(၁) အသံ
ပန္ကာမွ ထြက္ေသာအသံေၾကာင့္ အိပ္ခ်ိန္တြင္ ေႏွာင္ယွက္မႈအေသးအမႊားကို ျဖစ္ေစသည္။ ပန္ကာအ ေသးမ်ားက ေႏွာင့္ယွက္မႈနည္းေသာ္လည္း၊ မ်က္ႏွာက်က္ပန္ကာမ်ိဳးက မိမိ၏အိပ္ခ်ိန္ကို အေနွာင့္အယွက္ ပို၍ ျဖစ္ေစသည္။

(၂) ႐ုတ္တရက္ကေလးမ်ားေသဆံုးမႈမ်ား
က်န္းမာေရးေစာင့္ေရွာက္ မႈကြပ္ကဲေရးအဖြဲ႕အစည္းတစ္ခု၏ ရွာေဖြေတြ႕ရွိခ်က္အရ ကေလးအိပ္ခန္းတြင္ ပန္ကာႏွင့္အိပ္စက္ျခင္းျဖင့္ ကေလးမ်ား ၇၀%ခန္႔ က်န္းမာ ေရးထိခိုက္ေစျခင္း ၊ ေသဆံုးျခင္းတို႔ကို ျဖစ္ေစ သည္ဟုသိရသည္။ အခန္းတြင္း ေလဝင္ေလထြက္ ေကာင္းၿပီး ကာဗြန္ဒိုင္ေအာက္ဆိုက္ဒ္မ်ားကို ျပင္ပသို႔ ထုတ္ပစ္ႏိုင္ျခင္းအား တားဆီးသလို ျဖစ္ရၿပီး ကေလးမ်ား အသက္ရွဴသြင္းျခင္းစနစ္ကို ထိခိုက္ေစသည္ဟု သိရသည္။
(၃) ေျခာက္ေသြ႕ေသာေလ
ပန္ကာမွေလကို ေျခာက္ေသြ႕ေစသျဖင့္ အိပ္စက္သူမ်ားသည္ ယင္းေလေၾကာင့္ပါးစပ္မွ ေလျပြန္ကိုေျခာက္ ေသြ႕ေစၿပီး ေရဆာေစသျဖင့္ အျပည့္အဝ အိပ္စက္ႏိုင္ျခင္းမရွိေခ်။
(၄) ဦးေခါင္းခြံအတြင္းရွိ ေလလမ္းေၾကာင္း
ေန႔အခ်ိန္ပန္ကာတြင္ ဖုန္မ်ားကပ္ညႇိေလ့ရွိသည္။ သို႔ျဖစ္၍ပန္ကာကို ဖြင့္လိုက္ေသာအခါ ဖုန္ကပ္ေနေသာ ပန္ကာမွေလမ်ားကို အိပ္စက္သူ၏ ဦးေခါင္းခြံတြင္ ႏွာေခါင္းေပါက္ႏွင့္ ဆက္သြယ္ထားေသာ ဦးေခါင္းအ တြင္း ေလလမ္းေၾကာင္းကို ပိတ္ေစသည္။ သို႔ျဖစ္၍ ပန္ကာမ်ားကို ပံုမွန္ေဆးေၾကာေပးသင့္သည္။
Credit to: Health Updates Journal
Unicode
ပန်ကာနှင့်အိပ်စက်ခြင်း၏ အန္တရာယ်များ
———————————————–
အိပ်မပျော်သူများအတွက် ပန်ကာနှင့်အိပ်စက်ခြင်းက ညင်သာစွာ လှုပ်သိပ်စေသလိုဖြစ်သည်။ သို့သော် ဘေးထွက်ဆိုးကျိုးများက လူတစ်ယောက်၏ ကျန်းမာရေးကို ထိခိုက်စေသည်။
အိပ်စက်သူ၏အသက်အရွယ် ပေါ်မူတည်ပြီး ကွဲပြားသော ကျန်းမာရေးဆိုးကျိုးများကို ဖြစ်ပေါ်စေသည်။ အချို့ကလက်ကပ်ခြင်း၊ နှာစေးခြင်း၊ ကျောအောင့်ခြင်း၊ အဆုတ်အအေးမိခြင်း၊ ခေါင်းကိုက် ခြင်း၊ ဇက်ခိုင်ခြင်း၊ ခြေထောက်များ လေးခြင်း စသည်ဖြင့် အမျိုးမျိုးကွဲပြားတတ်သည်။ ထို့အပြင်-
(၁) အသံ
ပန်ကာမှ ထွက်သောအသံကြောင့် အိပ်ချိန်တွင် နှောင်ယှက်မှုအသေးအမွှားကို ဖြစ်စေသည်။ ပန်ကာအ သေးများက နှောင့်ယှက်မှုနည်းသော်လည်း၊ မျက်နှာကျက်ပန်ကာမျိုးက မိမိ၏အိပ်ချိန်ကို အနှောင့်အယှက် ပို၍ ဖြစ်စေသည်။
(၂) ရုတ်တရက်ကလေးများသေဆုံးမှုများ
ကျန်းမာရေးစောင့်ရှောက် မှုကွပ်ကဲရေးအဖွဲ့အစည်းတစ်ခု၏ ရှာဖွေတွေ့ရှိချက်အရ ကလေးအိပ်ခန်းတွင် ပန်ကာနှင့်အိပ်စက်ခြင်းဖြင့် ကလေးများ ရ၀%ခန့် ကျန်းမာ ရေးထိခိုက်စေခြင်း ၊ သေဆုံးခြင်းတို့ကို ဖြစ်စေ သည်ဟုသိရသည်။ အခန်းတွင်း လေဝင်လေထွက် ကောင်းပြီး ကာဗွန်ဒိုင်အောက်ဆိုက်ဒ်များကို ပြင်ပသို့ ထုတ်ပစ်နိုင်ခြင်းအား တားဆီးသလို ဖြစ်ရပြီး ကလေးများ အသက်ရှူသွင်းခြင်းစနစ်ကို ထိခိုက်စေသည်ဟု သိရသည်။
(၃) ခြောက်သွေ့သောလေ
ပန်ကာမှလေကို ခြောက်သွေ့စေသဖြင့် အိပ်စက်သူများသည် ယင်းလေကြောင့်ပါးစပ်မှ လေပြွန်ကိုခြောက် သွေ့စေပြီး ရေဆာစေသဖြင့် အပြည့်အဝ အိပ်စက်နိုင်ခြင်းမရှိချေ။
(၄) ဦးခေါင်းခွံအတွင်းရှိ လေလမ်းကြောင်း
နေ့အချိန်ပန်ကာတွင် ဖုန်များကပ်ညှိလေ့ရှိသည်။ သို့ဖြစ်၍ပန်ကာကို ဖွင့်လိုက်သောအခါ ဖုန်ကပ်နေသော ပန်ကာမှလေများကို အိပ်စက်သူ၏ ဦးခေါင်းခွံတွင် နှာခေါင်းပေါက်နှင့် ဆက်သွယ်ထားသော ဦးခေါင်းအ တွင်း လေလမ်းကြောင်းကို ပိတ်စေသည်။ သို့ဖြစ်၍ ပန်ကာများကို ပုံမှန်ဆေးကြောပေးသင့်သည်။
Credit to: Health Updates Journal





အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

ပန္ကာႏွင့္အိပ္စက္ျခင္း၏ အႏၱရာယ္မ်ား Reviewed by ညီလတ္ထြန္း(နည္းပညာ) on 6:36 AM Rating: 5 အိပ္မေပ်ာ္သူမ်ားအတြက္ ပန္ကာႏွင့္အိပ္စက္ျခင္းက ညင္သာစြာ လႈပ္သိပ္ေစသလိုျဖစ္သည္။ သို႔ေသာ္ ေဘးထြက္ဆိုးက်ိဳးမ်ားက လူတစ္ေယာက္၏ က်န္းမာေရးကို ...

No comments: