သင့်ရဲ့ ဖုန်းနဲ့ ကွန်ပြူတာတွေကို အသစ်အတိုင်း သန့် ရှင်းသွားစေမယ့် နည်းလမ်း ( ၆ ) ခု - ညီလတ်ထွန်း(နည်းပညာ)
728x90 AdSpace
Trending
သင့်ရဲ့ ဖုန်းနဲ့ ကွန်ပြူတာတွေကို အသစ်အတိုင်း သန့် ရှင်းသွားစေမယ့် နည်းလမ်း ( ၆ ) ခု
၁-screenကိုသုတ်ပါ။
-အခြောက်ခံထားပြီးနောက်မှာ နည်းနည်းလေးစိုနေတဲ့အဝတ်နဲ့ သန့်သွားအောင်သုတ်လိုက်ပါ။
၎-ဖုန်ကိုမှုတ်ထုတ်လိုက်ပါ။
ကီးဘုတ်နဲ့ မောက်စ်ခလုတ်တွေကိုဖြုတ်စရာမလိုပဲ သန့်ရှင်းရေးလုပ်ဖို့အတွက်နည်းလမ်းကောင်းရှိပါတယ်။
-ကီးဘုတ်အောက်က ဖုန်တွေကိုသုတ်လိုက်ပါ။
Writer -Min Thu (Daily Hot News )
=============================================
[Unicode] ဖြင့်ဖတ်ရန်ဖုန်တွေက သင့်ကွန်ပြူတာအတွက်အဓိကရန်သူတွေထဲက တစ်ခုဖြစ်ပါတယ်။ဘယ်လောက်ပဲသန့်သန့်ရှင်းရှင်းဖြစ်အောင်ထားလည်းပဲ လေထဲက ဖုန်တွေက ကွန်ပြူတာထဲကိုကျလာပြီးတော့ သင်အလုပ်ကောင်းကောင်းမလုပ်ရမည့်အပြင်ကို သင့်ကိုခဏခဏနှာချေစေမှာပါ။အနီးအနားကပစ္စည်းလေးတွေအကူအညီနဲ့ သင့်ကွန်ပြူတာကိုဖုန်တွေအမှိုက်တွေကနေအလွယ်တကူသန့်စင်စေနိုင်မည့်နည်းလမ်းတွေကိုပြောသွားမှာဖြစ်ပါတယ္။
၁-screenကိုသုတ်ပါ။
အိမ်ကကွန်ပြူတာမော်နီတာပေါ်ကဖုန်တွေသန့်စင်စေဖို့အတွက် လူတွေကပုဝါကြမ်းတွေ ဒါမှမဟုတ်စက္ကူတွေနဲ့သုတ်တတ်ကြပါတယ်။ဒါပေမယ့်လည်း ပုဝါတွေရဲ့အမွေးတွေက screenပေါ်မှာကပ်နေပြီး ခဏနေပြန်ကျလာပြီးတော့ ကီးဘုတ်ထဲဝင်သွားနိုင်ပါတယ်။အဲ့အပြင်ကိုပုဝါတွေနဲ့ အထည်ကြမ်းတွေက အစွန်းကွက်တွေတင်ကျန်နေခဲ့ပြီး ပိုဆိုးတာကတော့ screenပေါ်မှာခြစ်ရာထင်နေတတ်ပါတယ်။မိုက်ခရိုဖိုင်ဘာအဝတ်သားတွေကသာ မော်နီတာကိုသုတ်ဖို့သင့်တော်တာပါ။ အဲ့လိုအထည်သားတွေက screenပေါ်မှာအမွှေးတွေလည်းကျန်မနေတတ်သလို အသားကနူးညံ့တဲ့အတွက်ကြောင့် screenပေါ်က်ိုခြစ်ရာထင်ကျန်ခဲ့မှာမဟုတ်ပါဘူး။
၂-ကွန်ပြူတာပေါ်က အညစ်အကြေးတွေကိုဖယ်ရှားလိုက်ပါ။
သန့်ရှင်းရေးလုပ်တဲ့အချိန်မှာ alcohol၊ ammonia နဲ့ acetone ဓာတ်ပါတဲ့ ထုတ်ကုန်တွေကိုမသုံးပါနဲ့။အဲ့လိုပြင်းထန်တဲ့အရည်တွေက ခလုတ်ပေါ်မှာရေးထားတဲ့စာတွေကိုဖျက်စေနိုင်ပြီးတော့ မော်နီတာကိုလည်းအလွယ်တကူထိခိုက်စေပါတယ်။တကယ်လို့မော်နီတာကို အလင်းရောင်ပြန်တာကိုကာကွယ်ပေးနိုင်တဲ့အကာအကွယ်နဲ့စွတ်ထားရင်ပိုပြီးဆိုးလာစေနိုင်ပါတယ်။ အိမ်မှာပဲအန္တရာယ်ကင်းတဲ့သန့်စင်ရည်လုပ်ဖို့ဆိုရင် ရေနဲ့ အဖြူရောင်ဗီနီကာကို တူညီတဲ့ပမာဏနဲ့ ရောစပ်လိုက်ပါ။ပြီးတော့မှအဝတ်ကိုအဲ့အရည်နဲ့စွတ်ပြီးသန့်ရှင်းရေးလုပ်ပါ။လုံးဝမနှစ်လိုက်ပါနဲ့နော်။
၃-ခြစ်ရာတွေကိုဖယ်ရှားလိုက်ပါ။
ခြစ်ရာတွေကိုအရောင်တင်ဖို့ သွားတိုက်ဆေးနည်းနည်းသုံးပါ။ သွားတိုက်ဆေးပျစ်ပျစ်သုံးရင်အလုပ်မဖြစ်လို့ မသုံးပါနဲ့။ဖြူထင်းစေတဲ့ပစ္စည်းပါတာတွေ တိုက်ချွတ်ဆေးတွေအများကြီးပါတဲ့သွားတိုက်ဆေးကိုမသုံးဖို့လည်းအကြံပေးချင်ပါတယ်။
-မိုက်ခရိုဖိုင်ဘာအဝတ် ဒါမှမဟုတ် နူးညံ့တဲ့တစ်ရူးစလေးကိုသုံးပြီးတော့ ခြစ်ရာပေါ်မှာ သွားတိုက်ဆေးတင်လိုက်ပါ။
-အခြောက်ခံထားပြီးနောက်မှာ နည်းနညး်လေးစိုနေတဲ့အဝတ်နဲ့ သန့်သွားအောင်သုတ်လို်က်ပါ။
၄-ဖုန်ကိုမှုတ်ထုတ်လိုက်ပါ။
ဖုန်နဲ့အညစ်အကြေးတွေကို ကီးဘုတ်ပေါ်ကနေ သာမန်ဆံပင်ခြောက်စက်နဲ့ အလွယ်လေးဖယ်ထုတ်ပေးလို့ရပါတယ်။အောက်ကပြောတဲ့နည်းလမ်းအတိုင်းသုံးပြီးတော့လည်း သင့်ကွန်ပြူတာအတွင်းထဲကဖုန်တွေကိုရှင်းပစ်လိုက်လို့ရပါတယ်။
-သင့်လက်ပ်တော့ကို အားသွင်းတာဖြုတ်ပြီးတော့ အားသွင်းကြိုးတွေဖြုတ်လိုက်ပါ။
-လက်ပ်တော့ရဲ့ဘေးအသားအခွံတွေကို ဝက်အူရစ်နဲ့ဖြုတ်လိုက်ပါ။
-အတွင်းကိုဖုန်သန့်ဖို့အတွက်ဆိုရင်တော့ လေအေးကိုပဲသုံးပါ။
၅-လက်သိပ်လှမ်းမမီတဲ့နေရာတွေကဖုန်တွေကိုရှင်းပါ။
လက်လှမ်းမမီတဲ့နေရာကဖုန်တွေရှင်းထုတ်ဖို့ဆိုရင်တော့ bulb syringeကိုသုံးနိုင်ပါတယ်။ ကွန်ပြူတာရဲ့ အတွင်းက လေအေးပေးစနစ်နဲ့ပန်ကာကဖုန်ကိုမှုတ်ထုတ်ဖို့ အဆင်ပြေပါလိမ့်မယ် ။ အနည်းဆုံးတော့ 0.4L syringeလိုမျိုးကိုသုံးပါ။အရမ်းသေးတဲ့ဟာကိုသုံးရင်တော့ လုံလောက်တဲ့လေတိုက်နှုန်းကိုပေးနိုင်မှာမဟုတ်ပါဘူး။ကွန်ပြူတာကနေဖုန်ကိုမှုတ်ဖို့အတွက်ဖုန်စုပ်စက်ကိုသုံးရင်တော့ လုံးဝဖယ်ရှားပေးသွားမှာဖြစ်ပါတယ်။နောက်တစ်ကြိမ်သင့်အိမ်ကိုသန့်ရှင်းရေးလုပ်တဲ့အခါ ကီးဘုတ်၊ ကွန်ပြူတာရဲ့ system unitနဲ့ စပီကာကိုပါ ဖုန်စုပ်စက်နဲ့သန့်ရှင်းရေးလုပ်လိုက်ပါ။ ဒါပေမယ့်အဲ့လိုသန့်ရှင်းရေးမလုပ်ခင်မှာတော့ဖုန်စုပ်စက်က ဘရက်ရ်(brush)ကိုတော့ဖယ်ရပါမယ်နော်။
၆-ကီးဘုတ်နဲ့ မောက်စ်ခလုတ်တွေကိုသန့်ရှင်းရေးလုပ်ပါ။
ကီးဘုတ်နဲ့ မောက်စ်ခလုတ်တွေကိုဖြုတ်စရာမလိုပဲ သန့်ရှင်းရေးလုပ်ဖို့အတွက်နည်းလမ်းကောငး်ရှိပါတယ်။
-ရှာလကာရည်အဖြူနဲ့ ရေကို တူညီတဲ့ပမာဏနဲ့ရောပြီးတော့ မိုက်ခရိုဖိုင်ဘာအဝတ်နဲ့ အဲ့အရည်ကိုစွတ်ပြီး အရည်ညှစ်လိုက်ပါ။
-ထောပတ်သုတ်တဲ့ဓားလို ပေတံလိုမျိုး ပါးပါးလျလျရှိတဲ့ ကိရိယာကိုယူပြီးတော့ အဲ့အဝတ်နဲ့ ထိပ်ကိုစွပ်လိုက်ပါ
-ကီးဘုတ်အောက်က ဖုန်တွေကိုသုတ်လိုက်ပါ။
Writer -Min Thu (Daily Hot News )
အဆင်ပြေပါစေ
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com
No comments: