စမတ်ဖုန်းနဲ့ပုံလှလှလေးတွေရိုက်နိုင်ဖို့ ပရိုကျတဲ့နည်းလမ်းကောင်းလေးများ - ညီလတ်ထွန်း(နည်းပညာ)
728x90 AdSpace
Trending
၎။ကမ္ဘာလုံးပုံစံ
၅။ရေအောက်ဓာတ်ပုံ
၇။HDR အသုံးပြုပါ။
စမတ်ဖုန်းနဲ့ပုံလှလှလေးတွေရိုက်နိုင်ဖို့ ပရိုကျတဲ့နည်းလမ်းကောင်းလေးများ
=====================================
Unicodeဖြင့်ဖတ်ရန် ၁။ဖုန်းနားကြပ်ကြိုးကိုအသုံးပြုပါ။
သင့်ဖုန်းနားကြပ်ကြိုးကို စမတ်ဖုန်းနဲ့ချိတ်ပါ။ ပီးရင် ကင်မရာကိုဖွင့်ပီး ဓာတ်ပုံရိုက်ဖို့အတွက် နားကြပ်ကြိုးမှာပါတဲ့ခလုတ်ကနေ အပေါင်းလက္ခဏာလေးကိုနှိပ်ပါ။
၂။ဖုန်းကိုလက်နဲ့မကိုင်ပဲဆဲဖီလ်ဆွဲမယ်။
သင်မလိုအပ်တဲ့ပလတ်စတစ်ကဒ် တစ်ခုကိုယူလိုက်ပါ။ ပီးရင် ကဒ်ကို ၂ ခါချိုးပါ။ အဲ့တော့မှ အချိုးရာတစ်ခုကြားထဲကိုသင့်ဖုန်းကိုထည့်နိုင်မှာဖြစ်ပါတယ်။ ပီးရင် ဓာတ်ပုံရိုက်ဖို့အတွက် နားကြပ်ကြိုးကိုပဲဖြစ်ဖြစ်၊ အချိန်မှတ်ပီးတော့ဖြစ်ဖြစ် အသုံးပြုလုပ်ဆောင်ပါ။
၃။မြင်ကွင်းကျယ် ၂ ကိုယ်ခွဲဓာတ်ပုံရိုက်မယ်။
ကင်မရာမှာ မြင်ကွင်းကျယ်ကိုရွေးလိုက်ပါ။လူကိုနေရာချပါ။ ပီးရင်ဖုန်းကိုဦးတည်ရာမရွေးလိုက်ရွှေ့ပေးပါ။ လူကိုမြင်ကွင်းထဲမှာမမြင်ရတော့ဘူးဆိုရင် ရပ်ရင်ရပ် မဟုတ်ရင် နှေးလိုက်ပါ။ သင်ကကင်မရာကိုရပ်နေစဉ်မှာ သင့်မော်ဒယ်ကို သင့်အနောက်ကနေ အခြားမြင်ကွင်းမှာမတ်တပ်ရပ်ခိုင်းပါ။
၄။ကမ္ဘာလုံးပုံစံ
Rollworld app ကိုဒေါင်းလုတ်ဆွဲလိုက်ပါ။ ပီးရင် မြင်ကွင်းကျယ်ဓာတ်ပုံတစ်ခုရိုက်တာပဲဖြစ်ဖြစ်၊ သင်နှစ်သက်တဲ့ပုံတစ်ခုကို upload လုပ်လိုက်ပါ။setting နဲနဲကစားပီးရင်တော့ တကယ့်ကိုစိတ်ကျေနပ်စရာကောင်းပီးလှပတဲ့ဓာတ်ပုံလေးတစ်ပုံရရှိမှာဖြစ်ပါတယ်။
၅။ရေအောက်ဓာတ်ပုံ
သင့်ဖုန်းကိုဖန်ခွက်အလွတ်တစ်ခုထဲထည့်ပါ။ ပီးရင် ဓာတ်ပုံရိုက်ဖို့ ဖန်ခွက်ကိုရေထဲကိုနိမ့်ချလိုက်ပါ။ ဓာတ်ပုံရိုက်ဖို့အတွက်တော့ ဖုန်းနားကြပ်ကိုအသုံးပြုပါ။ ပိုပီး နက်တဲ့ရေအောက်ဓာတ်ပုံရိုက်ချင်တယ်ဆိုရင်တော့ သင့်ဖုန်းကိုကွန်ဒုံးထဲထည့်ပီးရိုက်ပါ။
၆။ရောင်ပြန်ကိုအသုံးပြုပါ။
ဆိုလာရောင်ပြန်ပဲဖြစ်ဖြစ်၊ ရောင်ပြန်စေတဲ့ပစ္စည်းတစ်ခုခုကိုယူလိုက်ပါ။ ဒါဆိုရင်သင့်ကိုပုံထွက်လှစေမှာဖြစ်ပါတယ်။
၇။HDR အသုံးပြုပါ။
ကင်မရာကိုဖွင့်ပီး HDR ကိုဖွင့်လိုက်ပါ။ ပီးရင်ဓာတ်ပုံရိုက်ကြည့်လိုက်ပါ။ သာမန်ရိုက်ချက်နဲ့အတော်ကြီးကွာခြားနေတာကိုတွေ့ရပါလိမ့်မယ်။
၈။ဖုန်းကိုပူဖောင်းမှာကပ်ချည်ထားလိုက်ပါ။
ဟီလီယံနဲ့ပူဖောင်းကြီးတစ်ခုကိုပြုလုပ်လိုက်ပါ။ ပီးရင် သင့်ဖုန်းကိုအဲ့ဒီ့ပူဖောင်းမှာကပ်ချည်လိုက်ပါ။ ပီးရင်ပူဖောင်းကိုလွှတ်လိုက်ပီး အချိန်သတ်မှတ်ပီးဓာတ်ပုံရိုက်ယူပါ။ ဒါဆိုရင်သင် အပေါ်စီးကနေ မြင်ကွင်းကောင်းကောင်းလေးကိုရိုက်ယူနိုင်မှာဖြစ်ပါတယ်။
Writer -Min Thu (Daily Hot News )
အားလုံးကိုခင်မင်လျှက်
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com
No comments: