စမတ်ဖုန်းနဲ့ပတ်သတ်လို့ သုံးစွဲသူတွေ မသိကြသေးတဲ့ အချက် ( ၉ ) ချက် - ညီလတ်ထွန်း(နည်းပညာ)
728x90 AdSpace
Trending
[Zawgyi] ဖြင့်ဖတ်ရန်စမတ်ဖုန်းတွေဟာ ကျွန်တော်တို့ဘ၀ထဲက အလွန်လျင်မြန်စွာ ၀င်ရောက်လာတဲ့အတွက် ကျွန်တော်တို့မှာ သူတို့တွေက ဘာလုပ်နိုင်တယ်ဆိုတာ ကောင်းကောင်းစမ်းသပ်ဖို့ အချိန်မရှိလိုက်ပါဘူး။
Screen ကို ပြောင်းနေစရာမလိုဘဲ e-book ဖတ်ရင်း အဘိဓာန်ကြည့်ချင်ပါသလား ? ဒါဆို Multi-window mode ကို ပြောင်းလိုက်တာထက် ဘာကမှ ပိုမလွယ်နိုင်ပါဘူး။ ဒါကို သုံးဖို့ဆိုရင် Application ကိုဖွင့်ပြီး Home key ရဲ့ ညာဘက်က Task list key ကို ဖိထားလိုက်ရုံပါပဲ။ ဒါပေမယ့် ကံဆိုးစွာပဲ ဒီ feature ဟာလည်း စမတ်ဖုန်းတိုင်းမရပါဘူး။
 စမတ်ဖုန်းနဲ့ပတ်သတ်လို့ သုံးစွဲသူတွေ မသိကြသေးတဲ့ အချက် ( ၉ ) ချက်
[Unicode] ဖြင့်ဖတ်ရန်စမတ်ဖုန်းတွေဟာ ကျွန်တော်တို့ဘဝထဲက အလွန်လျင်မြန်စွာ ၀င်ရောက်လာတဲ့အတွက် ကျွန်တော်တို့မှာ သူတို့တွေက ဘာလုပ်နိုင်တယ်ဆိုတာ ကောင်းကောင်းစမ်းသပ်ဖို့ အချိန်မရှိလိုက်ပါဘူး။
ဒီစာကို ဖတ်ပြီးရင်တော့ သင်ရဲ့ နေ့စဉ်လုပ်ငန်းတွေထဲမှာ တစ်မျိုးမဟုတ် တစ်မျိုး အသုံးကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
1. Applications များကို ပွားခြင်း
ခုနောက်ပိုင်းထွက်တဲ့ Android ဖုန်းတွေမှာ သင်တစ်ချက်နှိပ်လိုက်ရုံနဲ့ Application တွေကို ပွားယူလို့ ရတဲ့ ” App Cloner ” ပါလာပါပြီ။ ဒါဟာ လူမှုကွန်ယက်တွေကို အကောင့်များစွာနဲ့ အသုံးပြုနေတဲ့သူတွေ အတွက် အများကြီးအဆင်ပြေပါတယ်။ ဒီ feature ကို မရတဲ့ ဖုန်းကို သုံးနေတဲ့သူတွေ အတွက်ကတော့ သက်သက် ဒေါင်းလုပ် လုပ်ရမှာဖြစ်ပါတယ်။
2. Youtubeမှ ဗီဒီယိုများကို တိုက်ရိုက် ဒေါင်းလုပ် ဆွဲခြင်း
သာမန်အားဖြင့် Google က Youtube က ဗီဒီယိုတွေကို တိုက်ရိုက်ဒေါင်းလုပ် လုပ်နိုင်တဲ့ Application တွေ ၀ှက်ထားတတ်ပါတယ်။ ဒါပေမယ့် အခုခေတ်မှာ Youtube က ဗီဒီယိုတွေကို တိုက်ရိုက် ဒေါင်းလုပ် နိုင်တဲ့ Applications တွေ ရှိနေပြီ ဖြစ်ပါတယ်။ တချို့ကတော့ တွင်ကျယ်ပြီးသား ဖြစ်ပေမယ့် အသစ်တွေလည်း ရှိနေပါတယ်။ ဘယ်လို Application ပဲ ဖြစ်ဖြစ် လင့်ခ် ကို ကူးယူပြီး တိုက်ရိုက်ဒေါင်းလုပ်နိုင်ပါတယ်။
3. သင့်စမတ်ဖုန်းကို ဒီဂျစ်တယ် ကတ္တားတစ်ခု အဖြစ်ပြောင်းခြင်း
သင်ဟာ ယနေ့ခေတ်မှာ ဟင်းသီးဟင်းရွက်လိုမျိုး ပစ္စည်းအသေးလေးတွေကို သင့်ဖုန်းပေါ်တင်ပြီး ချိန်လို့ရနေတဲ့ အဲ့ဒီ အထူး application ကို ကျေးဇူးတင်ရမှာပါ။ လုပ်ရမှာကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ အဲ့ဒီ Application ကို install လုပ်ပြီး ဖုန်းပေါ်ကို သင်ချိန်လိုတဲ့ ပစ္စည်းတင်လိုက်ရုံပါပဲ။
4. Two-window Mode အသုံးပြုနည်း
Screen ကိုျေပာင်းနေစရာမလိုဘဲ e-book ဖတ်ရင်း အဘိဓာန်ကြည့်ခ်င္ပါသလား ? ဒါဆို Multi-window mode ကိုျေပာင်းလိုက္တာထက် ဘာကမွ ပိုမလြယ်နိုင္ပါဘူး။ ဒါကို သုံးဖို့ဆိုရင် Application ကိုဖြင့်ပြီး Home key ရဲ့ ညာဘက္က Task list key ကို ဖိထားလိုက်ရုံပါပဲ။ ဒါပေမယ့် ကံဆိုးစြာပဲ ဒီ feature ဟာလည်း စမတ္ဖုန်းတိုင်းမရပါဘူး။
5. Safe mode ပြောင်းခြင်း
ဒီအခြေအနေကတော့ သင့်ဖုန်းမှာ error တွေ ရှင်းချင်တဲ့အခါ ဒါမှမဟုတ် ထပ်မံထည့်သွင်းထားတဲ့ application တွေ ၀င်ရောက်နှောင့်ယှက်တာကို ကာကွယ်ချင်တဲ့အခါ လိုအပ်ပါတယ်။ Safe mode ကို ပြောင်းဖို့အတွက် သင့်ဖုန်း သို့မဟုတ် တက်ဘလက် ကို ဖွင့်ပြီး ပါ၀ါခလုတ်ကို ဖိထားပါ။ Safe mode ဆိုတဲ့ ရွေးချယ်မှုပေါ်လာရင် Ok ကို နှိပ်နိုင်ပါပြီ။6. အင်တာနက်မဖွင့်ဘဲ မြေပုံများ သုံးခြင်း
အင်တာနက်ကို ဖွင့်ထားရတာ တကယ်ပဲ စျေးကြီးပါတယ်။ ဒါပေမယ့် သင် လမ်းပျောက်ပြီး မြေပုံသုံးဖို့ လိုလာတဲ့အခါ ဘယ်လိုလုပ်မလဲ? အရှင်းဆုံးအဖြေကတော့ သင့်ဖုန်းက online map တွေကို download လုပ်ထားလိုက်ပါ။ ဒါဆိုရင် ဂြိုလ်တုတွေက သင့်တည်နေရာကို မှတ်သားထားပြီး GPS ဖွင့်ထားရုံနဲ့ သင့်လမ်းကြောင်းကို သိနိုင်ပါလိမ့်မယ်။
7. Credit Card အစား ဖုန်းနှင့် ငွေပေးချေခြင်း
စမတ်ဖုန်းတွေမှာပါ၀င်တဲ့ NFC modules တွေရဲ့ အကူအညီနဲ့ သင့်ရဲ့ ဘဏ်အကောင့်ကို ဖုန်းနဲ့ ချိတ်ဆက်နိုင်နေပြီ ဖြစ်ပါတယ်။ ဒါဟာ သင့်ကို ဆိုင်ပေါင်းများစွာမှာ ဖုန်းတစ်လုံးတည်းနှင့် ၀ယ်ယူနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။
8. လက်ထဲမှာ အမြဲရှိနေမယ့် Scanner
သင့်ရဲ့ စမတ်ဖုန်းဟာ ဘယ် ဓာတ်ပုံ သို့မဟုတ် စာရွက်စာတမ်းကို မဆို scan ဖတ်နိုင်တာ သင်သိပါသလား ? ဒီကောင်းကျိုးကို အပြည့်အဝ အသုံးချဖို့ အဲ့ဒီ application ကို Download လုပ်ထားဖို့တော့ လိုအပ်ပါတယ်။ အဲ့ဒီ application က သင့်ရဲ့ စာရွက်စာတမ်းတွေကို scan ဖတ်ပြီး သိမ်းထားရုံမျှမက ကော်ပီတစ်ခုပွားပြီးလည်း ပို့ပေးထားမှာပါ။9. အဆုံးမသတ်နိုင်တဲ့ ရှာဖွေမှု
Google goggles ဆိုတဲ့ Applicationနဲ့ဆိုရင် သင်ဟာ ဘယ်ပစ္စည်းကို မဆို Search box မှာ စာရိုက်စရာမလိုဘဲ ဓာတ်ပုံနဲ့ scan ဖတ်ပြီး ရှာဖွေနိုင်မှာပါ။ ဒါဟာ အိမ်သုံးပစ္စည်း အစားအစာတွေနဲ့ ဘားကုဒ်တွေ ရှာဖွေတဲ့အခါ တကယ်ပဲ အသုံးတည့်ပါတယ်။Writer – Min Thu (Daily Hot News )
အားလုံးကိုခင်မင်လျှက်
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com
စမတ်ဖုန်းနဲ့ပတ်သတ်လို့ သုံးစွဲသူတွေ မသိကြသေးတဲ့ အချက် ( ၉ ) ချက် Reviewed by ညီလတ်ထွန်း(နည်းပညာ) on 5:17 AM Rating: 5 [Zawgyi] ဖြင့်ဖတ်ရန် စမတ်ဖုန်းတွေဟာ ကျွန်တော်တို့ဘ၀ထဲက အလွန်လျင်မြန်စွာ ၀င်ရောက်လာတဲ့အတွက် ကျွန်တော်တို့မှာ သူတို့တွေက ဘာလုပ်နိုင်တယ်ဆို...
No comments: