ယေန ့ေခတ္ က်ေနာ္တုိ ့ရဲ ့ဘ၀မွာမရွိမျဖစ္အသုံးျပဳေနရတဲ့ တယ္လီဖုန္းေတြရဲ ့စိတ္၀င္စားဖြယ္ သမုိင္းေျကာင္း - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

ယေန ့ေခတ္ က်ေနာ္တုိ ့ရဲ ့ဘ၀မွာမရွိမျဖစ္အသုံးျပဳေနရတဲ့ တယ္လီဖုန္းေတြရဲ ့စိတ္၀င္စားဖြယ္ သမုိင္းေျကာင္း

[Zawgyi] ၿဖင့္ဖတ္ရန္တယ္လီဖုန္းေတြဆိုတာ ၂၀ ရာစုႏွစ္ရဲ႕ အေရးပါတဲ့ လ်ပ္စစ္ပစၥည္းေတြျဖစ္ျပီး ဒီေန႕ေခတ္အထိ ေနရာအယူႏုိင္ဆံုး ပစၥည္းေတြျဖစ္ပါတယ္ ။တယ္လီဖုန္းဆိုတာဟာ တီထြင္မႈ နည္းလမ္းေပါင္းမ်ားစြာ ၊ ျငင္းခံုမႈေပါင္းမ်ားစြာ နဲ႕ ေရွ႕ေနေပါင္းမ်ားစြာကုိ ျဖတ္သန္းလာခဲ့ျပီးမွ ျဖစ္ေပၚလာခဲ့တဲ့ ပစၥည္းတစ္ခုပါ ။အခု တယ္လီဖုန္းဆိုတာ ဘယ္လိုျဖစ္ေပၚလာခဲ့လဲဆိုတာကုိေျပာျပသြားမွာ ။
၁- တယ္လီဖုန္းဆိုတာ ေၾကးနန္းစနစ္ရဲ႕အသြင္ကူးေျပာင္းမႈတစ္မ်ိဳးပါ ။၁၈၃၅ ခုႏွစ္ နယူးေရာ့ တကၠသိုလ္မွ ပေရာ္ဖက္ဆာ Samuel Morse ဟာ ေၾကးနန္းၾကိဳးမွတစ္ဆင့္ အခ်က္ျပစနစ္ေတြပို႕ႏုိင္ေၾကာင္းသက္ေသျပခဲ့ပါတယ္။ သူဟာ လ်ပ္စစ္သံလုိက္စနစ္ကုိအသံုးျပဳျပီးေတာ့ ေမာ့စ္ကုဒ္ေတြကိုတီထြင္ခဲ့တဲ့သူတစ္ဦးပါ ။ပထမဆံုး ေၾကးနန္းၾကိဳးလိုင္းကိုေတာ့ ၁၈၃၈ ခုႏွစ္ နဲ႕ ၁၈၄၃ ခုႏွစ္အတြင္းမွာ ဝါရွင္တန္နဲ႕ ဘယ္တီမုိးကုိျဖတ္ျပီး တည္ေဆာက္ႏုိင္ခဲ့ပါတယ္ ။ဒီေၾကးနန္းၾကိဳးလုိင္းအတြက္ေတာ့ အေမရိကန္လႊတ္ေတာ္မွ ရန္ပံုေငြ ေဒၚလာ ၃၀ ၀၀၀ ေထာက္ပံ့ေပးခဲ့ပါတယ္ ။သူတီထြင္ခဲ့တဲ့ ေၾကးနန္းစနစ္ဟာ ဆက္သြယ္ေရးနည္းပညာေတာ္လွန္ေရးရဲ႕ အစတစ္ခုျဖစ္လာခဲ့တယ္ ။

၂- Graham Bell ဟာ ကနဦးမွာ ေၾကးနန္းစနစ္ကုိ ပိုမိုေကာင္းမြန္ေစဖုိ႕ ရည္ရြယ္ခဲ့တာပါ ။ေၾကးနန္းစနစ္ဟာ ေအာင္ျမင္တဲ့ဆက္သြယ္ေရးနည္းစနစ္တစ္ခုဆုိေပမယ့္ တစ္ၾကိမ္မွာ စာတစ္လံုးသာပုိ႕လို႕ရတဲ့ စနစ္တစ္ခုျဖစ္ပါတယ္ ။ဒါေၾကာင့္ Bell ဟာ ၾကိဳးတစ္ၾကိဳးထဲနဲ႕ ႏွစ္ဖက္အျပန္အလွန္ဆက္သြယ္ႏုိင္မယ့္ နည္းစနစ္တစ္ခုကိုတီထြင္ဖုိက ၾကံဆခဲ့ပါတယ္ ။သူ႕ရဲ႕ Harmonic Telegraph ဟာဆိုရင္ ၾကိဳးတစ္ေခ်ာင္းထဲမွာ Pitch မတူတဲ့ Signals ေတြအျပန္အလွန္ သြားလာႏုိင္ေစမယ့္ နည္းလမ္းတစ္ခုကုိ ျပသထားတဲ့အရာတစ္ခုပဲျဖစ္ပါတယ္ ။

၃- အုိဟုိင္းရိုးမွ သိပၸံပညာရွင္တစ္ဦးျဖစ္တဲ့ Elisha Gray ဟာလည္း ေၾကးနန္းစနစ္ကုိ တယ္လီဖုန္းလုိ စနစ္တစ္ခုျဖစ္ေအာင္ တီထြင္ဖန္တီးေနတဲ့သူတစ္ေယာက္ပါ ။၁၈၇၆ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႕မွာ Graham Bell ဟာ တယ္လီဖုန္းအတြက္ မူပုိင္ခြင့္ကို ေလ်ာက္လႊာတင္ခဲ့ေပမယ့္ Gray ရဲ႕ေရွ႕ေနကကန္႕ကြက္ခဲ့ျပီး သူတို႕အတြက္ ရက္ ၉၀ ေတာင္းဆိုခဲ့ပါတယ္ ။ဒါေပမယ့္ Bell ရဲ႕မူပိုင္ခြင့္ေတာင္းခံလႊာတင္ထားတဲ့အၾကိမ္ေရဟာ ၅ ၾကိမ္ပဲရွိျပီး Gray ေတာင္းခံခဲ့တဲ့တီထြင္ခြင့္ေတာင္းခံခ်ိန္က အၾကိမ္ ၃၀ ေလာက္ရွိခဲ့တာေၾကာင့္ မူပိုင္ခြင့္ရံုးက တယ္လီဖုန္းမူပုိင္ခြင့္ကုိ Graham Bell ကုိေပးအပ္ခဲ့ပါတယ္ ။ ဒီေနာက္ ၁၈၇၈ ခုႏွစ္မွာ Gray က Bell ကုိတရားစြဲခဲ့ေသးေပမယ့္ သူပဲရွံဳးနိမ့္သြားခဲ့ရပါတယ္ ။

၄- ၁၈၇၁ ခုႏွစ္ ဒီဇင္ဘာလမွာတုန္းက အီတလီ သိပၸံပညာရွင္တစ္ဦးျဖစ္တဲ့ antonio Meucci ကလည္း တယ္လီဖုန္းမူပုိင္ခြင့္အတြက္ေလ်ာက္လႊာတင္ခဲ့ဖူးပါေသးတယ္ ။၁၈၇၄ ခုႏွစ္ေနာက္ပုိင္းမွာ သူ႕ရဲ႕ တီထြင္ခဲ့ေတာင္းခံခ်ိန္ကုိ ထပ္မတင္ခဲ့ေတာ့တာေၾကာင့္ ၁၈၇၆ ခုႏွစ္ မတ္လမွာ Graham Bell ကုိ တယ္လီဖုန္းမူပုိင္ခြင့္ ေပးအပ္ခဲ့ပါတယ္ ။ဒါေပမယ့္ တစ္ခ်ိဳ႕ ပညာရွင္ေတြကေတာ့ Meucci ကုိ မူလတယ္လီဖုန္းတီထြင္သူအျဖစ္သတ္မွတ္ထားၾကတုန္းပါပဲ ။

၅- Bell ဟာ နားမၾကားသူေတြအတြက္ ေက်ာင္းေလးေက်ာင္းဖြင့္ေပးခဲ့ဖူးပါတယ္ ။ထုိ႕အျပင္ နားၾကားသူေရာ မၾကားသူပါတက္ေရာက္ႏုိင္တဲ့ ေက်ာင္းတစ္ေက်ာင္းဖြင့္ေပးခဲ့ေပမယ့္ အဲ့ဒီေက်ာင္းကေတာ့ ႏွစ္ႏွစ္အၾကာမွာ ပိတ္သိမ္းခဲ့ရပါတယ္ ။ Bell ဟာ သူ႕ရဲ႕ တပည့္ေတြထဲကတစ္ေယာက္ျဖစ္တဲ့ Mabel Hubbard နဲ႕လက္ထပ္ခဲ့ပါတယ္ ။Bell ရဲ႕အေမကလည္း အၾကားအာရံုမသန္စြမ္းသူတစ္ေယာက္ျဖစ္ပါတယ္ ။၁၉၅၀ ျပည့္ႏွစ္မွာ နားမၾကားတဲ့ သိပၸံပညာရွင္တစ္ေယာက္ဟာ TTY လုိ႕ေခၚတဲ့ Telephone Typewrite စနစ္ကိုတီထြင္ႏုိင္ခဲ့ပါတယ္ ။ဒီစနစ္ဟာ နားမၾကားသူေတြအတြက္ အဓိကအားထားရတဲ့ ဆက္သြယ္ေရးစနစ္တစ္ခုပါ ။

၆- ၁၈၇၆ ခုႏွစ္မွာေတာ့ Alexander Graham Bell ဟာ သူ႕ရဲ႕တယ္လီဖုန္းမူပုိင္ခြင့္ကုိ Western Union ဆီသုိ႕ေဒၚလာ ၁ သိန္းနဲ႕တင္ေရာင္းခဲ့ေပမယ့္ သူတုိ႕ကျငင္းဆန္ခဲ့ဖူးပါတယ္ ။
၇- ၁၈၈၀ ျပည့္ႏွစ္ ဂြ်န္လ ၃ ရက္ေန႕မွာေတာ့ Alexander Graham Bell ဟာ သူ႕ရဲ႕ ပထမဆံုး ၾကိဳးမဲ့ဖုန္းကုိ တီထြင္ႏိုင္ခဲ့ပါတယ္ ။ဒီစနစ္ဟာဆုိရင္ အသံကို ၾကိဳးကတစ္ဆင့္မဟုတ္ပဲ အလင္းတန္းေတြေပၚမွာထပ္ျပီးေတာ့ ပို႕လႊတ္တဲ့နည္းစနစ္ပဲျဖစ္ပါတယ္ ။သူသံုးစြဲခဲ့တဲ့ နည္းစနစ္ကုိ အနီးစပ္ဆံုးျပပါဆုိရင္ေတာ့ ယေန႕ေခတ္မွာအသံုးျပဳေနတဲ့ Fiber Optics နည္းလမ္းပဲျဖစ္ပါတယ္ ။

၈- Bell နဲ႕ Gray ရဲ႕ သားစဥ္ေျမးဆက္ ကုမၸဏီေတြဟာ ယခုေခတ္အထိ ရွိေနတုန္းပါ ။၁၈၈၅ ခုႏွစ္မွာ American Telephone and Telegraph (AT&T) ဟာ Bell ရဲ႕ဖုန္းကိုအသံုးျပဳျပီး နယ္ေဝးဖုန္းေခၚဆိုမႈေတြကုိ ျပဳလုပ္ေပးခဲ့တဲ့ ကုမၸဏီတစ္ခုပဲျဖစ္ပါတယ္ ။၁၉၈၀ ျပည့္ႏွစ္တစ္ဝိုက္မွာ AT&T ကုမၸဏီ ျပိဳလဲသြားခဲ့ေပမယ့္ ၂၀၀၀ ျပည့္ႏွစ္မွာ စီးပြားေရးေလာကထဲျပန္လည္ဝင္ေရာက္လာျပီး လက္ရွိအခ်ိန္အထိ နာမည္တစ္ခုနဲ႕ရပ္တည္ေနဆဲ ကုမၸဏီတစ္ခုပဲျဖစ္ပါတယ္ ။Gray ကလည္း ၁၈၇၂ ခုႏွစ္မွာ The Western Electric Manufacturing Company ကုိတည္ေထာင္ခဲ့ပါတယ္။ ဒီကုမၸဏီဟာ ယေန႕ေခတ္ ရဲ႕ နာမည္ေက်ာ္ ကုမၸဏီတစ္ခုျဖစ္တဲ့ Lucent Technologies ကုမၸဏီရဲ႕ ဘုိးေဘးကုမၸဏီတစ္ခုပဲျဖစ္ပါတယ္ ။
Writer – Min Thu (Daily Hot News)




[Unicode] ဖြင့်ဖတ်ရန်တယ်လီဖုန်းတွေဆိုတာ ၂၀ ရာစုနှစ်ရဲ့ အရေးပါတဲ့ လျပ်စစ်ပစ္စည်းတွေဖြစ်ပြီး ဒီနေ့ခေတ်အထိ နေရာအယူနိုင်ဆုံး ပစ္စည်းတွေဖြစ်ပါတယ် ။တယ်လီဖုန်းဆိုတာဟာ တီထွင်မှု နည်းလမ်းပေါင်းများစွာ ၊ ငြင်းခုံမှုပေါင်းများစွာ နဲ့ ရှေ့နေပေါင်းများစွာကို ဖြတ်သန်းလာခဲ့ပြီးမှ ဖြစ်ပေါ်လာခဲ့တဲ့ ပစ္စည်းတစ်ခုပါ ။အခု တယ်လီဖုန်းဆိုတာ ဘယ်လိုဖြစ်ပေါ်လာခဲ့လဲဆိုတာကိုပြောပြသွားမှာ ။
၁- တယ်လီဖုန်းဆိုတာ ကြေးနန်းစနစ်ရဲ့အသွင်ကူးပြောင်းမှုတစ်မျိုးပါ ။၁၈၃၅ ခုနှစ် နယူးရော့ တက္ကသိုလ်မှ ပရော်ဖက်ဆာ Samuel Morse ဟာ ကြေးနန်းကြိုးမှတစ်ဆင့် အချက်ပြစနစ်တွေပို့နိုင်ကြောင်းသက်သေပြခဲ့ပါတယ်။ သူဟာ လျပ်စစ်သံလိုက်စနစ်ကိုအသုံးပြုပြီးတော့ မော့စ်ကုဒ်တွေကိုတီထွင်ခဲ့တဲ့သူတစ်ဦးပါ ။ပထမဆုံး ကြေးနန်းကြိုးလိုင်းကိုတော့ ၁၈၃၈ ခုနှစ် နဲ့ ၁၈၄၃ ခုနှစ်အတွင်းမှာ ဝါရှင်တန်နဲ့ ဘယ်တီမိုးကိုဖြတ်ပြီး တည်ဆောက်နိုင်ခဲ့ပါတယ် ။ဒီကြေးနန်းကြိုးလိုင်းအတွက်တော့ အမေရိကန်လွှတ်တော်မှ ရန်ပုံငွေ ဒေါ်လာ ၃၀ ၀၀၀ ထောက်ပံ့ပေးခဲ့ပါတယ် ။သူတီထွင်ခဲ့တဲ့ ကြေးနန်းစနစ်ဟာ ဆက်သွယ်ရေးနည်းပညာတော်လှန်ရေးရဲ့ အစတစ်ခုဖြစ်လာခဲ့တယ် ။
 
၂- Graham Bell ဟာ ကနဦးမှာ ကြေးနန်းစနစ်ကို ပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်ခဲ့တာပါ ။ကြေးနန်းစနစ်ဟာ အောင်မြင်တဲ့ဆက်သွယ်ရေးနည်းစနစ်တစ်ခုဆိုပေမယ့် တစ်ကြိမ်မှာ စာတစ်လုံးသာပို့လို့ရတဲ့ စနစ်တစ်ခုဖြစ်ပါတယ် ။ဒါကြောင့် Bell ဟာ ကြိုးတစ်ကြိုးထဲနဲ့ နှစ်ဖက်အပြန်အလှန်ဆက်သွယ်နိုင်မယ့် နည်းစနစ်တစ်ခုကိုတီထွင်ဖိုက ကြံဆခဲ့ပါတယ် ။သူ့ရဲ့ Harmonic Telegraph ဟာဆိုရင် ကြိုးတစ်ချောင်းထဲမှာ Pitch မတူတဲ့ Signals တွေအပြန်အလှန် သွားလာနိုင်စေမယ့် နည်းလမ်းတစ်ခုကို ပြသထားတဲ့အရာတစ်ခုပဲဖြစ်ပါတယ် ။
၃- အိုဟိုင်းရိုးမှ သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ Elisha Gray ဟာလည်း ကြေးနန်းစနစ်ကို တယ်လီဖုန်းလို စနစ်တစ်ခုဖြစ်အောင် တီထွင်ဖန်တီးနေတဲ့သူတစ်ယောက်ပါ ။၁၈၇၆ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ Graham Bell ဟာ တယ်လီဖုန်းအတွက် မူပိုင်ခွင့်ကို လျောက်လွှာတင်ခဲ့ပေမယ့် Gray ရဲ့ရှေ့နေကကန့်ကွက်ခဲ့ပြီး သူတို့အတွက် ရက် ၉၀ တောင်းဆိုခဲ့ပါတယ် ။ဒါပေမယ့် Bell ရဲ့မူပိုင်ခွင့်တောင်းခံလွှာတင်ထားတဲ့အကြိမ်ရေဟာ ၅ ကြိမ်ပဲရှိပြီး Gray တောင်းခံခဲ့တဲ့တီထွင်ခွင့်တောင်းခံချိန်က အကြိမ် ၃၀ လောက်ရှိခဲ့တာကြောင့် မူပိုင်ခွင့်ရုံးက တယ်လီဖုန်းမူပိုင်ခွင့်ကို Graham Bell ကိုပေးအပ်ခဲ့ပါတယ် ။ ဒီနောက် ၁၈၇၈ ခုနှစ်မှာ Gray က Bell ကိုတရားစွဲခဲ့သေးပေမယ့် သူပဲရှုံးနိမ့်သွားခဲ့ရပါတယ် ။

၄- ၁၈၇၁ ခုနှစ် ဒီဇင်ဘာလမှာတုန်းက အီတလီ သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ antonio Meucci ကလည်း တယ်လီဖုန်းမူပိုင်ခွင့်အတွက်လျောက်လွှာတင်ခဲ့ဖူးပါသေးတယ် ။၁၈၇၄ ခုနှစ်နောက်ပိုင်းမှာ သူ့ရဲ့ တီထွင်ခဲ့တောင်းခံချိန်ကို ထပ်မတင်ခဲ့တော့တာကြောင့် ၁၈၇၆ ခုနှစ် မတ်လမှာ Graham Bell ကို တယ်လီဖုန်းမူပိုင်ခွင့် ပေးအပ်ခဲ့ပါတယ် ။ဒါပေမယ့် တစ်ချို့ ပညာရှင်တွေကတော့ Meucci ကို မူလတယ်လီဖုန်းတီထွင်သူအဖြစ်သတ်မှတ်ထားကြတုန်းပါပဲ ။

၅- Bell ဟာ နားမကြားသူတွေအတွက် ကျောင်းလေးကျောင်းဖွင့်ပေးခဲ့ဖူးပါတယ် ။ထို့အပြင် နားကြားသူရော မကြားသူပါတက်ရောက်နိုင်တဲ့ ကျောင်းတစ်ကျောင်းဖွင့်ပေးခဲ့ပေမယ့် အဲ့ဒီကျောင်းကတော့ နှစ်နှစ်အကြာမှာ ပိတ်သိမ်းခဲ့ရပါတယ် ။ Bell ဟာ သူ့ရဲ့ တပည့်တွေထဲကတစ်ယောက်ဖြစ်တဲ့ Mabel Hubbard နဲ့လက်ထပ်ခဲ့ပါတယ် ။Bell ရဲ့အမေကလည်း အကြားအာရုံမသန်စွမ်းသူတစ်ယောက်ဖြစ်ပါတယ် ။၁၉၅၀ ပြည့်နှစ်မှာ နားမကြားတဲ့ သိပ္ပံပညာရှင်တစ်ယောက်ဟာ TTY လို့ခေါ်တဲ့ Telephone Typewrite စနစ်ကိုတီထွင်နိုင်ခဲ့ပါတယ် ။ဒီစနစ်ဟာ နားမကြားသူတွေအတွက် အဓိကအားထားရတဲ့ ဆက်သွယ်ရေးစနစ်တစ်ခုပါ ။

၆- ၁၈၇၆ ခုနှစ်မှာတော့ Alexander Graham Bell ဟာ သူ့ရဲ့တယ်လီဖုန်းမူပိုင်ခွင့်ကို Western Union ဆီသို့ဒေါ်လာ ၁ သိန်းနဲ့တင်ရောင်းခဲ့ပေမယ့် သူတို့ကငြင်းဆန်ခဲ့ဖူးပါတယ် ။

၇- ၁၈၈၀ ပြည့်နှစ် ဂျွန်လ ၃ ရက်နေ့မှာတော့ Alexander Graham Bell ဟာ သူ့ရဲ့ ပထမဆုံး ကြိုးမဲ့ဖုန်းကို တီထွင်နိုင်ခဲ့ပါတယ် ။ဒီစနစ်ဟာဆိုရင် အသံကို ကြိုးကတစ်ဆင့်မဟုတ်ပဲ အလင်းတန်းတွေပေါ်မှာထပ်ပြီးတော့ ပို့လွှတ်တဲ့နည်းစနစ်ပဲဖြစ်ပါတယ် ။သူသုံးစွဲခဲ့တဲ့ နည်းစနစ်ကို အနီးစပ်ဆုံးပြပါဆိုရင်တော့ ယနေ့ခေတ်မှာအသုံးပြုနေတဲ့ Fiber Optics နည်းလမ်းပဲဖြစ်ပါတယ် ။

၈- Bell နဲ့ Gray ရဲ့ သားစဉ်မြေးဆက် ကုမ္ပဏီတွေဟာ ယခုခေတ်အထိ ရှိနေတုန်းပါ ။၁၈၈၅ ခုနှစ်မှာ American Telephone and Telegraph (AT&T) ဟာ Bell ရဲ့ဖုန်းကိုအသုံးပြုပြီး နယ်ဝေးဖုန်းခေါ်ဆိုမှုတွေကို ပြုလုပ်ပေးခဲ့တဲ့ ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ် ။၁၉၈၀ ပြည့်နှစ်တစ်ဝိုက်မှာ AT&T ကုမ္ပဏီ ပြိုလဲသွားခဲ့ပေမယ့် ၂၀၀၀ ပြည့်နှစ်မှာ စီးပွားရေးလောကထဲပြန်လည်ဝင်ရောက်လာပြီး လက်ရှိအချိန်အထိ နာမည်တစ်ခုနဲ့ရပ်တည်နေဆဲ ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ် ။Gray ကလည်း ၁၈၇၂ ခုနှစ်မှာ The Western Electric Manufacturing Company ကိုတည်ထောင်ခဲ့ပါတယ်။ ဒီကုမ္ပဏီဟာ ယနေ့ခေတ် ရဲ့ နာမည်ကျော် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Lucent Technologies ကုမ္ပဏီရဲ့ ဘိုးဘေးကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ် ။
Writer – Min Thu (Daily Hot News)







အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

ယေန ့ေခတ္ က်ေနာ္တုိ ့ရဲ ့ဘ၀မွာမရွိမျဖစ္အသုံးျပဳေနရတဲ့ တယ္လီဖုန္းေတြရဲ ့စိတ္၀င္စားဖြယ္ သမုိင္းေျကာင္း Reviewed by ညီလတ္ထြန္း(နည္းပညာ) on 5:32 AM Rating: 5 [Zawgyi] ၿဖင့္ဖတ္ရန္ တယ္လီဖုန္းေတြဆိုတာ ၂၀ ရာစုႏွစ္ရဲ႕ အေရးပါတဲ့ လ်ပ္စစ္ပစၥည္းေတြျဖစ္ျပီး ဒီေန႕ေခတ္အထိ ေနရာအယူႏုိင္ဆံုး ပစၥည္းေတြျဖစ္ပါတ...

No comments: