သင့်လုပ်ငန်းကို ပိုလွယ်ကူစေမယ့် ကီးဘုတ်ခလုတ် ( ၅ ) ခု - ညီလတ်ထွန်း(နည်းပညာ)
728x90 AdSpace
Trending
သင့်လုပ်ငန်းကို ပိုလွယ်ကူစေမယ့် ကီးဘုတ်ခလုတ် ( ၅ ) ခု
၁။ Redo
၃။ Snipping Tool
၎။ Creating a new folder
၅။ Emoji Keyboard
[Unicode] ဖြင့်ဖတ်ရန်မောက်စ်နှိပ်မယ့်အစား ကီးဘုတ်ကခလုတ်တွေကိုပဲ ရိုးရိုးလေးနှိပ်ကာ သင့်ရဲ့အလုပ်ပိုမိုမြန်ဆန်ပီးမြောက်အောင်လုပ်နိုင်ပါတယ်။ လူတစ်ယောက်ဟာနေ့စဉ် ၈နာရီလောက်ကွန်ပျူတာကိုအသုံးချနေပြီး မောက်စ်ကိုပဲအသုံးပြုနေတာကြောင့် နှစ်စဉ် ၆၄ နာရီလောက် အလဟာဿဖြစ်ရတယ်လို့ Brainscape မှာ တွက်ချက်ထားပါတယ်။
Copy လုပ်ဖို့အတွက် Ctrl+C နဲ့ Paste လုပ်ဖို့အတွက် Ctrl+V ကိုလူတိုင်းလိုသိကြပေမယ့်မသိသေးတဲ့ တခြား Shortcuts တွေများစွာရှိပါတယ်။
၁။ Redo
Ctrl+Z ဟာ Undo လုပ်မှန်းသိကြပေမယ့် Redo လုပ်နည်းကိုတော့မသိကြပါဘူး။ Ctrl+Y ဟာ ၀င်းဒိုးအသုံးပြုသူများအတွက် Redo Shortcuts ဖြစ်ပါတယ်။ မက်စ်အသုံးပြုသူများအတွက်ကတော့ Command+Shift+Z ပါ။
၂။ Screen Shot of active window
၀င်ဒိုးအသုံးပြုသူတွေအတွက် ကီးဘုတ်မှာ PrtSc ဆိုတဲ့ခလုတ်ကိုအသုံးပြုကာ Screen Shot လုပ်နိုင်ပါတယ်။ ဒါပေမယ့်ပိုမိုမြန်ဆန်စေဖို့အတွက် Alt+PrtSc ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် Active Window ကို Screen Shot ရိုက်သွားမှာဖြစ်ပြီး Crop လုပ်နိုင်မှာလည်းဖြစ်ပါတယ်။မက်စ်အသုံးပြုသူများအတွက်တော့ Command+Shift+4 ကိုနှိပ်ကာ Space ကိုထပ်နှိပ်ပါ။ ဒါဆိုရင် Cursor က ပုံစံပြောင်းသွားပြီး လိုချင်တဲ့ Window မှာ Click နှိပ်ခြင်းဖြင့် Screen Shot ရိုက်နိုင်ပါတယ်။
၃။ Snipping Tool
Window 10 အတွက်ဆိုရင် Active Screen ရဲ့အပိုင်းတစ်ချို့ကိုရိုက်ကူးနိုင်ဖို့အတွက် Window logo key+Shift+S ကိုတွဲနှိပ်ပြီး လိုချင်တဲ့အပိုင်းကို Select မှတ်ပါ။ Select မှတ်ထားတဲ့အပိုင်းကို Save သွားမှာဖြစ်ပါတယ်။မက်စ်အတွက်ကတော့ Command+Shift+4 ကိုနှိပ်ပါ။ ဒါဆို Cursor က ပုံစံပြောင်းသွားပြီး ရိုက်ချင်တဲ့ Window မှာ နှိပ်ပြီး ဆွဲချပါ။
၄။ Creating a new folder
Windows အတွက်ကတော့ အလွန်လွယ်ကူတဲ့နည်းကတော့ Ctrl-Shift+N ကိုတွဲနှိပ်ပါ။
Mac အတွက်ကတော့ Shift+Command+N ကိုနှိပ်နိုင်ပါတယ်။
၅။ Emoji Keyboard
Window 10 အတွက်ကတော့ Window Key နဲ့ Full Stop ကိုနှိပ်မယ်ဆိုရင် Emoji Keyboard ပေါ်လာမှာပါ။ အရင် Windows အဟောင်းတွေမှာတော့ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။Mac အတွက်ကတော့ Emoji ရိုက်ချင်တဲ့နေရာမှာ Cursor ကိုထားပြီး Command+Control+Spacebar ကိုပေါင်းနှိပ်နိုင်ပါတယ်။
Writer – Min Thu (Daily Hot News )
အားလုံးကိုခင်မင်လျှက်
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com
သင့်လုပ်ငန်းကို ပိုလွယ်ကူစေမယ့် ကီးဘုတ်ခလုတ် ( ၅ ) ခု Reviewed by ညီလတ်ထွန်း(နည်းပညာ) on 4:59 AM Rating: 5 [Zawgyi] ဖြင့်ဖတ်ရန် မောက်စ်နှိပ်မယ့်အစား ကီးဘုတ်ကခလုတ်တွေကိုပဲ ရိုးရိုးလေးနှိပ်ကာ သင့်ရဲ့အလုပ်ပိုမိုမြန်ဆန်ပီးမြောက်အောင်လုပ်နိုင်ပါတယ်...
No comments: