“သုံးမိနစ်​” လျှပ်​စစ်​ ​ရေ​နွေး အိုး ပျက်​ရင်​ ပစ်​မထားနဲ့အခုလိုပြင်​သုံးရင်​ အများကြီးသုံးလို့ရတယ် - ညီလတ်ထွန်း(နည်းပညာ)
728x90 AdSpace
Trending
[Zawgyi] ဖြင့်ဖတ်ရန်“သုံးမိနစ်​” လျှပ်​စစ်​ ​ရေ​နွေး အိုး ပျက်​ရင်​ ပစ်​မထားနဲ့အခုလိုပြင်​သုံးရင်​ အများကြီးသုံးလို့ရတယ်​။
“ပြုပြင်​ပုံက”
၎. ​အောက်​​ခြေ အ​ပေါက်​​ဖောက်​ရာတွင်​ ​ဖောက်​စက်​ မရှိပါက ​ဖော်​ပြထားသလို သံချွန်​ /စ​ကေဘာ ကို မီးအပူ​ပေးပြီး ​​ရေ​နွေးဘူး​အောက်​ခံ ​ကော်​သားကို အ​ပေါက်​​ဖောက်​ ​ယူပါ။ ပုံ (၃)
Credit:တင်​​လေး​ဇော်
လျှပ်​စစ်​ကျွမ်းကျင်​ အဆင့်​ ၂
#Unicode Version#
[Unicode] ဖြင့်ဖတ်ရန်“သုံးမိနစ်” လျှပ်စစ် ရေနွေး အိုး ပျက်ရင် ပစ်မထားနဲ့အခုလိုပြင်သုံးရင် အများကြီးသုံးလို့ရတယ်။
လူသုံးများနေတဲ့ ဖော်ပြပါ သုံးမိနစ် လျှပ်စစ်ရေနွေးအိုးတွေဟာ လပိုင်းနဲ့ ပျက်စီး ပြီး စက္ကူ အဟောင်းရောင်းတဲ့ဆိုင်တွေမှာ အချိန်ဈေးနဲ့ လာရောင်းထားတာအများကြီးတွေ.နေရလို့ ပြုပြင် အသုံးချတဲ့နည်းကို ရေးပြလိုက်ပါတယ်။
အခုလို ပြုပြင်ပြီး ကျနော်ကိုယ်တိုင် လက်တွေ့ သုံးနေတာ ၂ နှစ်နီးပါရှိနေပြီး ဖြစ်တယ် ၊မူလ အသစ်ထက် စိတ်ချစွာ အသုံပြုနိုင်တဲ့နည်းပါ။
ရေနွေးအိုး အများစု ဟာ power supply. ခေါ် လျှပ်စစ် ကို အောက်ဖက် အဝိုင်းနေရာက ကြွေးပါတယ် ၊ အဲ့ဒီနေရာ မှာတပ်ဆင်ထားတဲ့ terminal ကြေးပြားလေးတွေဟာ အလွန်ပါးပြီးအသုံးပြု တာ ကြာလာရင် အပူဒဏ်ကြောင့် ပျက်စီး ကာ ငုတ် နှစ်ခုမထိ တော့ဘဲ လျှပ်စစ်ဓာတ်မစီးနိုင်ကာ ရေနွေး ကျိုမရဖြစ်တဲ့ဘဝကိုရောက်ရပါတယ်။
အဲသည်တော့ power supply ပေးတဲ့လမ်းကြောင်းအသစ်ထွင်ပြီး တပ်ပေးလိုက်ရင် အကောင်းဖြစ်သွားပါတယ်။(အိုးအများစုက အောက်ဖက် မီးအဝင်နေရာပျက်ကြလို့ပါ)၊ပိုပြီးသေချာခြင်ရင် AVO မီတာနဲ့ အောက်ဖက်က အပူပေးကွိုင်ကို ထောက်တိုင်းလို့ အချက်ပြရင် ကွိုင် ကောင်း တာပါဘဲ။
“ပြုပြင်ပုံက”
၁.ယိုးဒယား ကလာတဲ့ ဟင်းကြော်အိုး အနီတွေမှာ သုံးတဲ့ အခံဆော့ကက်ဂေါင်း (ကြွေခံဖြစ်ရပါမယ်)ကို လျှပ်စစ်ဆိုင်တွေမှာ 500/- နဲ့ ဝယ်ပါ။ ပုံ(၁)
“သုံးမိနစ်” လျှပ်စစ် ရေနွေး အိုး ပျက်ရင် ပစ်မထားနဲ့အခုလိုပြင်သုံးရင် အများကြီးသုံးလို့ရတယ် 3
၂.ရေနွေးအိုး အောက်ဖက် screw သုံးလုံးဖြုတ်ပြီးဖွင့်ပါ။ အလည် အဝိုင်းသို့ power supply ပေး သည့် ဝါယာစ နှစ်စ တွေ့ရပါမည် ။(အပြာနှင့် အနီ) ၊၎င်းအစ နှစ်ခုအား ဘဲနှုတ်သီး ပလာယာဖြင့် အသာဖြုတ်ပါ။ ပုံ (၂)
“သုံးမိနစ်” လျှပ်စစ် ရေနွေး အိုး ပျက်ရင် ပစ်မထားနဲ့အခုလိုပြင်သုံးရင် အများကြီးသုံးလို့ရတယ် 4
၃.ဝယ်လာသည့် ဆော့ကက်အထိုင် မှ ကြွေသား ပါသည့်အပိုင်းကို ယူပြီး ရေနွေးဘူး၏ အောက်ခြေတဖက်ခြမ်း ဝါယာကြိုး အလှမ်းမှီရာ နေရာတွင် နေရာချပါ။(အခြားဘက်တွင် အချက်ပြ မီး/pilot lamp)ရှိသည်။
၄. အောက်ခြေ အပေါက်ဖောက်ရာတွင် ဖောက်စက် မရှိပါက ဖော်ပြထားသလို သံချွန် /စကေဘာ ကို မီးအပူပေးပြီး ရေနွေးဘူးအောက်ခံ ကော်သားကို အပေါက်ဖောက် ယူပါ။ ပုံ (၃)
“သုံးမိနစ်” လျှပ်စစ် ရေနွေး အိုး ပျက်ရင် ပစ်မထားနဲ့အခုလိုပြင်သုံးရင် အများကြီးသုံးလို့ရတယ် 5
၅. ဆော့ကက်အထိုင် ကြွေခေါင်း တပ်ဆင်နေရာချရာတွင် လျှပ်စစ် ဝင်မည့်ငုတ် နှစ်ခု မထိအောင် စံနစ်တကျ နတ်ကြပ် ပေးပါ။(တဖက်ဖက်ကို ရာဘာ ပိုက်သေး စွပ်ပေးလျှင် ပိုပြီးစိတ်ချရပါသည်။ပုံ (၄)
“သုံးမိနစ်” လျှပ်စစ် ရေနွေး အိုး ပျက်ရင် ပစ်မထားနဲ့အခုလိုပြင်သုံးရင် အများကြီးသုံးလို့ရတယ် 6
၆.၎င်းနောက် ပထမ ဖြုတ်ထားခဲ့သည့် ဝါယာ ၂ စကို အသစ်ထိုင်ထားသည့် ကြွေ ဆော့ကက်တွင် တပ်ဆင်ပေးပြီး အောက်ဘက်မှ screw သုံးလုံးကို စံနစ်တကျ ပြန်တပ် ပေးလျှင် ရေနွေးကြိုနိုင်သည့် အိုးအကောင်းတခု ရလာမည်ဖြစ်ပါသည်။ပုံ(၅)
“သုံးမိနစ်” လျှပ်စစ် ရေနွေး အိုး ပျက်ရင် ပစ်မထားနဲ့အခုလိုပြင်သုံးရင် အများကြီးသုံးလို့ရတယ် 7
၇.အသုံးပြု မည့် မီးကြိုးမှာ ယိုးဒယား ဟင်းကြော်အိုး အနီ တွင် အသုံပြုသည့် ကြိုးဖြစ်ပြီး အိမ်တွင် ရှိပါက ထပ်မံဝယ်ယူရန်မလိုအပ်ပါ။ ဝယ်လျှင် 1500/- ကျပ် ဝန်းကျင်ပေးရပါသည်။
အိုးအထိုင် အဟောင်း မှ ဝါယာများဖြုတ်ကာ အထိုင်ကို ပြန်ပြီး အသုံပြုနိုင်ပါသည်။ ဆော့ကက်အထိုင် မှာ ကြွေ ဖြစ်ရပါမည် ။ရေနွေး အိုးမှာ ဝပ် watt-900 ခန့်ဖြစ်လို့ အထိုင်တွေကို့ စံနစ်တကျ နတ်ကြပ် ရပါမည်။ မထိတထိ ဖြစ်ပါက လျှပ်စစ်spark များဖြစ်ကာ အန္တရာယ် ဖြစ်နိုင်ကြောင်းပါခမျာ။
ရေနွေးအိုး က ဈေးပေါပါတယ်။4500/-ဘဲ ပေးရတာပါ။ ပြင်သုံး ရင် ၂ နှစ် လှည့်မကြည့်ရပါဘူးဗျာ။
“သုံးမိနစ်” လျှပ်စစ် ရေနွေး အိုး ပျက်ရင် ပစ်မထားနဲ့အခုလိုပြင်သုံးရင် အများကြီးသုံးလို့ရတယ် 8
(ယမန်နေ့က ကျနော် ပြုပြင်ပေးခဲ့သော အမျိုးတယောက်ရဲ့ ရေနွေးအိုး ပါ)
ဗဟုသုတ နှင့် ငွေကိုခြွေတာနိုင်စေရန် ရေးသားတင်ပြသည်။
“သုံးမိနစ်” လျှပ်စစ် ရေနွေး အိုး ပျက်ရင် ပစ်မထားနဲ့အခုလိုပြင်သုံးရင် အများကြီးသုံးလို့ရတယ် 9
Credit:တင်လေးဇော်
အားလုံးကိုခင်မင်လျှက်
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com
“သုံးမိနစ်​” လျှပ်​စစ်​ ​ရေ​နွေး အိုး ပျက်​ရင်​ ပစ်​မထားနဲ့အခုလိုပြင်​သုံးရင်​ အများကြီးသုံးလို့ရတယ် Reviewed by ညီလတ်ထွန်း(နည်းပညာ) on 4:19 AM Rating: 5 [Zawgyi] ဖြင့်ဖတ်ရန် “သုံးမိနစ်​” လျှပ်​စစ်​ ​ရေ​နွေး အိုး ပျက်​ရင်​ ပစ်​မထားနဲ့အခုလိုပြင်​သုံးရင်​ အများကြီးသုံးလို့ရတယ်​။ လူသုံးများ​...
No comments: