Facebook ကုိ တည္ေထာင္ခဲ့တာ (၁၅) ႏွစ္တင္းတင္း ျပည့္ခဲ့ၿပီ - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

Facebook ကုိ တည္ေထာင္ခဲ့တာ (၁၅) ႏွစ္တင္းတင္း ျပည့္ခဲ့ၿပီ

[Zawgyi] ၿဖင့္ဖတ္ရန္Mark Zuckerberg ဟာ အသက္ (၁ဝ) ႏွစ္ေလာက္မွာ ကြန္ပ်ဴတာနဲ႔ စတင္ရင္းႏွီးခဲ့ပါတယ္။ သြားဆရာဝန္ျဖစ္တဲ့ သူ႕ဖခင္ဟာ အေျခခံပရုိဂရမ္ေရးနည္း (Atari Basic Programming) ကုိ သင္ေပးလုိက္ပါတယ္။ ဒါ့ေၾကာင့္  (၁၂) ႏွစ္အရြယ္ကတည္းက ကြန္ပ်ဴတာအခ်င္းခ်င္း မက္ေဆ့ပုိ႔ႏုိင္တဲ့ “ZuckNet” ေဆာ့ဖ္ဝဲကုိ တီထြင္ႏုိင္ခဲ့ပါတယ္။ အဲဒီေနာက္မွာ အင္တာနက္က သီခ်င္းေတြကုိ ေဒါင္းလုဒ္ဆြဲႏုိင္တဲ့ “Synapse” ေဆာ့ဖ္ဝဲကုိ တီထြင္ခဲ့ေသးတယ္။

၂ဝဝ၂ခုႏွစ္မွာ စိတ္ပညာ၊ ကြန္ပ်ဴတာအထူးျပဳနဲ႔ ဟားဗတ္တကၠသုိလ္ (University of Harvard) ကုိ တက္ေရာက္ခဲ့ပါတယ္။ ဒုတိယႏွစ္ေက်ာင္းသားဘဝမွာ နာမည္သိရုံနဲ႔ အတန္းနဲ႔ ေမဂ်ာေတြကုိ သိႏုိင္တဲ့ “CourseMatch” ေဆာ့ဖ္ဝဲကုိ တီထြင္ခဲ့ျပန္တယ္။ ပထမႏွစ္ေတြထဲကမွ ရုပ္အေခ်ာဆုံး ေက်ာင္းသားနဲ႔ ေက်ာင္းသူကုိ ေရြးခ်ယ္ဖုိ႔ “Facemash” ကုိ တီထြင္ခဲ့ပါတယ္။

ဓာတ္ပုံေတြကုိ ဘယ္ကရခဲ့သလဲဆုိေတာ့ တကၠသုိလ္ဆာဗာထဲကုိ ေဖာက္ဝင္ၿပီး ဓာတ္ပုံေတြကုိ ခုိးယူခဲ့တာပါ။ ေက်ာင္းသူ၊ ေက်ာင္းသားေတြရဲ႕နာမည္စာရင္းနဲ႔ ဓာတ္ပုံေတြကုိ ခြင့္ျပဳခ်က္မရွိဘဲ ခုိးယူခဲ့တဲ့အတြက္ ေက်ာင္းစည္းကမ္းထိန္းသိမ္းေရးေကာ္မတီက Mark Zuckerberg ကုိ ျပင္းျပင္းထန္ထန္ သတိေပးလုိက္ပါတယ္။ ဘယ္လုိပဲျဖစ္ျဖစ္ သူဟာ ဟားဗတ္တကၠသုိလ္ရဲ႕ေက်ာင္းသားေတြၾကားမွာ နာမည္ႀကီးသြားခဲ့ပါတယ္။ ၂ဝဝ၄ခုႏွစ္ ေဖေဖာ္ဝါရီ (၄) ရက္ေန႔မွာ “Facemash” ကုိ နာမည္ေျပာင္းၿပီး “TheFacebook” ဝက္ဘ္ဆုိက္ကုိ တည္ေထာင္ခဲ့တာပါ။

အတန္းေဖာ္ေတြျဖစ္တဲ့ Eduardo Saverin ၊ Andrew McCollum ၊ Dustin Moskovitz နဲ႔ Chris Hughes တုိ႔ပါ။ Brown University ၊ Columbia University ၊ Cornell University ၊ Dartmouth College ၊ Harvard University ၊ University of Pennsylvania ၊ Princeton University နဲ႔ Yale University တုိ႔လုိ Ivy League အဖြဲ႕ ဝင္တကၠသုိလ္ႀကီးေတြမွာ ေရာက္သြားတယ္။ ေက်ာင္းသားေတြဟာ  Facebook သုံးလာၾကတယ္။ ေနာက္ပုိင္းမွာ သုံးစြဲသူမ်ားလာၿပီး တျခားႏုိင္ငံေတြမွာပါ ပ်ံ႔ႏွံ႔သြားတယ္။

၂ဝဝ၅ခုႏွစ္မွာ “TheFacebook” ကေန “Facebook” ဆုိၿပီး လိပ္စာေျပာင္းခဲ့ပါတယ္။ Facebook ကုမၸဏီရဲ႕ကာလတန္ေၾကးဟာ ျမင့္တက္လာရုံမက ၂ဝဝ၆ခုႏွစ္မွာ Mark Zuckerberg ဟာ မီလ်ံနာျဖစ္လာၿပီး ၂ဝဝ၇ခုႏွစ္မွာ ဘီလ်ံနာျဖစ္လာခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ Facebook  အသုံးျပဳသူေပါင္းဟာ ၂.၃၂ ဘီလီယံေက်ာ္ရွိလာၿပီး တည္ေထာင္ခဲ့တဲ့ သက္တမ္းကလည္း (၁၅) ႏွစ္တင္းတင္းျပည့္ခဲ့ပါၿပီ။
Photo Credit – Business Insider ၊ Fortune
ေက်ာ္စုိးေအာင္ (အခရာ)

Facebook ကုိ တည္ေထာင္ခဲ့တာ (၁၅) ႏွစ္တင္းတင္း ျပည့္ခဲ့ၿပီ
[Unicode] ဖြင့်ဖတ်ရန်Mark Zuckerberg ဟာ အသက် (၁ဝ) နှစ်လောက်မှာ ကွန်ပျူတာနဲ့ စတင်ရင်းနှီးခဲ့ပါတယ်။ သွားဆရာဝန်ဖြစ်တဲ့ သူ့ဖခင်ဟာ အခြေခံပရိုဂရမ်ရေးနည်း (Atari Basic Programming) ကို သင်ပေးလိုက်ပါတယ်။ ဒါ့ကြောင့်  (၁၂) နှစ်အရွယ်ကတည်းက ကွန်ပျူတာအချင်းချင်း မက်ဆေ့ပို့နိုင်တဲ့ “ZuckNet” ဆော့ဖ်ဝဲကို တီထွင်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ အင်တာနက်က သီချင်းတွေကို ဒေါင်းလုဒ်ဆွဲနိုင်တဲ့ “Synapse” ဆော့ဖ်ဝဲကို တီထွင်ခဲ့သေးတယ်။
၂ဝဝ၂ခုနှစ်မှာ စိတ်ပညာ၊ ကွန်ပျူတာအထူးပြုနဲ့ ဟားဗတ်တက္ကသိုလ် (University of Harvard) ကို တက်ရောက်ခဲ့ပါတယ်။ ဒုတိယနှစ်ကျောင်းသားဘဝမှာ နာမည်သိရုံနဲ့ အတန်းနဲ့ မေဂျာတွေကို သိနိုင်တဲ့ “CourseMatch” ဆော့ဖ်ဝဲကို တီထွင်ခဲ့ပြန်တယ်။ ပထမနှစ်တွေထဲကမှ ရုပ်အချောဆုံး ကျောင်းသားနဲ့ ကျောင်းသူကို ရွေးချယ်ဖို့ “Facemash” ကို တီထွင်ခဲ့ပါတယ်။
ဓာတ်ပုံတွေကို ဘယ်ကရခဲ့သလဲဆိုတော့ တက္ကသိုလ်ဆာဗာထဲကို ဖောက်ဝင်ပြီး ဓာတ်ပုံတွေကို ခိုးယူခဲ့တာပါ။ ကျောင်းသူ၊ ကျောင်းသားတွေရဲ့နာမည်စာရင်းနဲ့ ဓာတ်ပုံတွေကို ခွင့်ပြုချက်မရှိဘဲ ခိုးယူခဲ့တဲ့အတွက် ကျောင်းစည်းကမ်းထိန်းသိမ်းရေးကော်မတီက Mark Zuckerberg ကို ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူဟာ ဟားဗတ်တက္ကသိုလ်ရဲ့ကျောင်းသားတွေကြားမှာ နာမည်ကြီးသွားခဲ့ပါတယ်။ ၂ဝဝ၄ခုနှစ် ဖေဖော်ဝါရီ (၄) ရက်နေ့မှာ “Facemash” ကို နာမည်ပြောင်းပြီး “TheFacebook” ဝက်ဘ်ဆိုက်ကို တည်ထောင်ခဲ့တာပါ။
အတန်းဖော်တွေဖြစ်တဲ့ Eduardo Saverin ၊ Andrew McCollum ၊ Dustin Moskovitz နဲ့ Chris Hughes တို့ပါ။ Brown University ၊ Columbia University ၊ Cornell University ၊ Dartmouth College ၊ Harvard University ၊ University of Pennsylvania ၊ Princeton University နဲ့ Yale University တို့လို Ivy League အဖွဲ့ ဝင်တက္ကသိုလ်ကြီးတွေမှာ ရောက်သွားတယ်။ ကျောင်းသားတွေဟာ  Facebook သုံးလာကြတယ်။ နောက်ပိုင်းမှာ သုံးစွဲသူများလာပြီး တခြားနိုင်ငံတွေမှာပါ ပျံ့နှံ့သွားတယ်။
၂ဝဝ၅ခုနှစ်မှာ “TheFacebook” ကနေ “Facebook” ဆိုပြီး လိပ်စာပြောင်းခဲ့ပါတယ်။ Facebook ကုမ္ပဏီရဲ့ကာလတန်ကြေးဟာ မြင့်တက်လာရုံမက ၂ဝဝ၆ခုနှစ်မှာ Mark Zuckerberg ဟာ မီလျံနာဖြစ်လာပြီး ၂ဝဝ၇ခုနှစ်မှာ ဘီလျံနာဖြစ်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာ Facebook  အသုံးပြုသူပေါင်းဟာ ၂.၃၂ ဘီလီယံကျော်ရှိလာပြီး တည်ထောင်ခဲ့တဲ့ သက်တမ်းကလည်း (၁၅) နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။
Photo Credit – Business Insider ၊ Fortune
ကျော်စိုးအောင် (အခရာ)



အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

Facebook ကုိ တည္ေထာင္ခဲ့တာ (၁၅) ႏွစ္တင္းတင္း ျပည့္ခဲ့ၿပီ Reviewed by mintharbomin on 6:27 AM Rating: 5 [Zawgyi] ၿဖင့္ဖတ္ရန္ Mark Zuckerberg ဟာ အသက္ (၁ဝ) ႏွစ္ေလာက္မွာ ကြန္ပ်ဴတာနဲ႔ စတင္ရင္းႏွီးခဲ့ပါတယ္။ သြားဆရာဝန္ျဖစ္တဲ့ သူ႕ဖခင္ဟာ အေျခခံပရုိ...

No comments: